ကဗျာ

မဲဆောက်မှာ

ဆွေကို (နိုင်/ကျဉ်း)
ဇွန် ၅၊ ၂၀၁၂

အမေတွေ့ချင်တယ်…
သားအချစ်
မြေးအနှစ်တဲ့ …၊၊

အချစ်ကို မတွေ့ချင်ဘူး …
အနှစ်ကိုပဲ တွေ့ချင်တယ်၊၊

အချစ်က ပူလောင်တယ်
အနှစ်က အေးမြတယ်၊၊

အချစ်က ဆိုးတယ်
အနှစ်က ရိုးတယ်၊၊

အနှစ်တောင်းတာ
ပေးချင်ပေမယ့်

အချစ်တောင်းတာ
မပေးနိုင်ခဲ့လို့ …

စိတ်မကောင်းစွာ
ပြန်ခဲ့တယ် … ၊၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts