ဓာတ်ပုံသတင်း မျက်မှောက်ရေးရာ

ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်သို့ ရောက်ရှိ၊ မြန်မာပြည်သားတို့နှင့် တွေ့မည် – Daw Suu in Bangkok Airport

 

ဓာတ်ပုံသတင်း
မေ ၂၉၊ ၂၀၁၂

(ဓာတ်ပုံ – AP)

ထိုင်းနိုင်ငံတွင် ရက်အနည်းငယ်ကြာနေထိုင်မည့် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ည ဘန်ကောက်လေဆိပ်သို့ ရောက်ရှိလာသည်။
ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ ကမ္ဘာ့စီးပွားရေးညီလာခံ တက်ရောက်ရန် ဖြစ်သည်ဟု အများက နားလည်ထားကြသည်။
ထိုင်းတွင် ရောက်ရှိစဉ် မြန်မာပြည်သား ဒုက္ခသည်များ၊ အလုပ်သမားများနှင့် တွေ့ဆုံရန်လည်း ပြင်ဆင်ထားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိနေသည့် ထိုင်းနိုင်ငံသည် အင်္ကျီအနီရောင်ဝတ် နှင့် အ၀ါရောင်ဝတ် သူများဟူ၍ အင်အားစု နှစ်ခု ကွဲနေပြီး ယခင်နှစ်များက နိုင်ငံရေးမတည်ငြိမ်မှု များစွာ ပေါ်ပေါက်ခဲ့သည်။

ယနေ့ည ဘန်ကောက်လေဆိပ်သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်သည် အနီ နှင့် အ၀ါကို ရှောင်ပြီး ၀တ်ဆင်ထားသည်ကို တွေ့ရသည်။

ယနေ့ညနေပိုင်း ၀တ်ဆင်လာသော အင်္ကျီအရောင်သည် အနီနှင့် အ၀ါ ရောစပ်ထားသောအရောင်ဖြစ်သည်ဟု တချို့က ပြောဆိုနေကြသည်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၂၄ နှစ်အတွင်း ပထမအကြိမ် ပြည်ပခရီးကို အများက စိတ်ဝင်စားနေကြပြီး သူ လေဆိပ်သို့ ရောက်ရှိလာသည့် သတင်းသည် နိုင်ငံတကာ ထိပ်တန်းသတင်းတခု ဖြစ်နေသည်။

သူနှင့်အတူ လက်ထောက်တချို့၊ NLD လုံခြုံရေးအရာရှိတချို့၊ မြန်မာသတင်းထောက်တချို့ ရန်ကုန်မှ လိုက်ပါလာသည်ကို ရုပ်သံသတင်းများတွင် တွေ့ရသည်။

ဘန်ကောက်လေဆိပ် (ဓာတ်ပုံ – Getty Reuters)

ရန်ကုန်လေဆိပ် (ဓာတ်ပုံ – Getty Reuters)
ဘန်ကောက်လေဆိပ် (ဓာတ်ပုံ – AP)
ရန်ကုန်လေဆိပ် (ဓာတ်ပုံ – Getty Reuters)
ဘန်ကောက်လေဆိပ် (ဓာတ်ပုံ – Getty Images)
ဘန်ကောက် (ဓာတ်ပုံ – Getty Images)
ဘန်ကောက် (ဓာတ်ပုံ – Getty Images)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts