မိုးမခကို ပေးတဲ့စာ

ကျားပါးစပ်တောင် ရွှေတူးဖော်ရေးလုပ်ငန်းအား အာရှကမ္ဘာမြေ (တရုတ်) ကုမ္ပဏီက လက်ဝါးကြီးအုပ် ဗိုလ်ကျခြင်း

မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်
၂၀၁၂ ခုနှစ်၊ မေလ (၂၄) ရက်

ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ရွှေမင်းဘုန်းဒေသ ကျားပါးစပ်တောင် ရွှေတူးဖော်ရေး လုပ်ကွက်သည် ကလောမြို့နယ် ဒေသခံတိုင်းရင်းသားများဖြစ်သော ပလောင်း ဓနု စသည့် တိုင်းရင်းသားများနှင့် ရေဝေရေလဲ ဒေသဖြစ်သော မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် လယ်ပြင် ၊ ရေပူ ၊ လွန်းထိုးကျေးရွာမှ ဒေသခံကျေးရွာသူ ကျေးရွာသားများသည် နှစ်ပေါင်းများစွာ၎င်းတို့မိသားစုများ ဘဝ ရပ်တည်ရေးအတွက် မိရိုးဖလာ အသက်မွေးဝမ်းကျောင်းပြုသည့် လုပ်ငန်းဖြစ်ပါသည်။

ကျားပါးစပ်တောင်နှင့် အနီးဆုံးလယ်ပြင်ကျေးရွာသည် ၎င်း လုပ်ငန်းပေါ်တွင် မှီခိုအားထားပြုလုပ်နေရပါသည်။ ထိုကျေးရွာ၌ စားဝတ်နေရေးအတွက် ထွန်ယက်ပြုလုပ်၍ ရသောလယ်ဧကမှာ (၄၆) ဧကခန့်သာရှိပါသည်။ ယခုအချိန်အခါ၌ အာရှကမ္ဘာမြေ(တရုတ်တို့ ပိုင်ဆိုင်သော)က အကျယ်အဝန်းဧရိယာ (၇၆၀၀) ဧက နှစ်၂၀ ခန့်ထိ လုပ်ခွင့်ရထားကြောင်း ၁ရက်လျှင် ၁ပိဿာ သွင်းရမည်ဖြစ်ကြောင်း တစ်နှစ်လျှင် ၂.၂၅ တန်သွင်းရန်စာချုပ် ချုပ်ဆိုပြီးကြောင်းသိရှိရသည်။

ထို့အပြင် ယန္တရားများဖြင့် မြေပြုန်း တူးမည်ဖြစ်၍ လက်ရှိတစ်ပိုင်တစ်နိုင်
လုပ်ငန်းများ အနေဖြင့် နေရာရွှေ့ပြောင်းပေးရမည်ဖြစ်သည်။ ၎င်းဒေသကို ပြည်ထောင်စုအစိုးရ ၏သတ္တုတွင်း ဝန်ကြီးဌာနနှင့် ဖက်စပ်ပူးပေါင်းသည်ဟု ဆိုကာ ၎င်းရွှေတူးဖော်ရေးလုပ်ငန်းကို သိမ်းယူပြီး ဒေသခံတိုင်းရင်းသား လုပ်ငန်းရှင်ငယ်များကို မောင်းထုတ်ခဲ့ပါသည်။ ၎င်း လုပ်ငန်းရှင်ငယ်များ မထွက်ခွာပါက ဖမ်းဆီးမည်ဟုကြေငြာထားပါသည်။

ဒေသခံတိုင်းရင်းသား လုပ်ငန်းရှင်ငယ်များသည် နိုင်ငံတော်နှင့် ဖက်စပ်လုပ်ကိုင်သည် ဟု ဆိုသော အထက်ဖော်ပြပါ ကုမ္ပဏီနှင့် ပဋိပက္ခ မဖြစ်လိုသဖြင့်၎င်းတို့၏ ငွေကြေးများစွာကိုအဆုံးရှုံးခံ၍ ထွက်ခွာကာ နိုင်ငံတော်အစိုးရသို့တင်ပြရန်ပြင်ဆင်နေကြောင်း ဒေသခံတိုင်းရင်းသား လုပ်ငန်းရှင်ငယ်များထံမှသိရှိရပါသည်။
          ၎င်းကုမ္ပဏီက သိမ်းယူခဲ့သဖြင့် လုပ်ကိုင်စားသောက်ရန် လယ်ယာမြေဧကနည်းပါးသော ဒေသခံကျေးရွာသူ ကျေးရွာသားများ အနေဖြင့်မိသားစုစားဝတ်နေရေး အခက်ခဲများဖြစ်နေပါသည်။
နိုင်ငံတော်အစိုးရ၏လမ်းညွှန်ချက်ဖြစ်သော တိုင်းရင်းသားလုပ်ငန်းရှင် ငယ်/လတ် များထွက်ပေါ်လာရေး ဆိုသောလမ်းညွှန်ချက်များနှင့်လည်း ဆန့်ကျင်လျှက်ရှိနေပါသည်။

အာရှကမ္ဘာမြေဆိုသောကုမ္ပဏီသည် နိုင်ငံခြားသားတရုတ်လူမျိုးများပိုင်သော ကုမ္ပဏီဖြစ်သဖြင့် တိုင်းရင်းသားဒေသခံ ကျေးရွာသူ ကျေးရွာသားများအပေါ် လက်ဝါးကြီးအုပ်မှုကို နိုင်ငံတော်အစိုးရအနေဖြင့် စဉ်းစားစေလိုကြောင်းတင်ပြပေးလိုက်ရပါသည်။

အင်တာဗျုးထားသော ဗွီဒီယိုဖိုင် လင့်ခ်များ

အပိုင်း (၁) http://youtu.be/tQJuciVO7Co

<http://youtu.be/tQJuciVO7Co>

အပိုင်း (၂) http://youtu.be/8IPzVrYFCzU

အပိုင်း (၃) http://youtu.be/6xsbKxdrcHs


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts