ဓာတ်ပုံသတင်း

Yangon – လျှပ်စစ်မီး ၂၄ နာရီရရှိရေး လူထုဆန္ဒဖော်ထုတ်ပွဲ စတုတ္ထမြောက်နေ့

တာရာဝေယံ။ ရန်ကုန်။  မေ ၂၆၊ ၂၀၁၂

            လျှပ်စစ်မီး ၂၄ နာရီရရှိရေး လူထုဆန္ဒဖော်ထုတ်ပွဲ စတုတ္ထမြောက်နေ့အဖြစ် ယမန်နေ့ည ၇း၀၀ နာရီအချိန်က ရန်ကုန်မြို့၊ ဆူးလေဘုရားမှာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ ဆန္ဒပြပွဲမှာ  လူထုပရိသတ် ငါးရာခန့်က ဖယောင်းတိုင်မီးများထွန်းညှိကာ ဆူးလေဘုရားကို သုံးပတ် ပတ်ပြီးနောက် ဘုရားရင်ပြင်တော်ပေါ်မှာ မီးပူဇော်ခဲ့ကြပါတယ်။ 

လုံခြုံရေးတာဝန်ယူထား တဲ့ပုဂ္ဂိုလ်တွေက ဆန္ဒပြသူများအား ကူညီပြီး လမ်းရှင်းပေးကြတာကိုလည်း တွေ့ရပါတယ်။

ဆန္ဒပြပွဲဦးဆောင်သူ ကိုဟန်ဝင်းအောင်က ပရိတ်သတ်သို့ ပြောကြားရာမှာ သမ္မတ အကြံပေး ဦးကိုကိုလှိုင်အနေဖြင့ို လျှပ်စစ်မီးနှင့်ပတ်သက်သည့် သူ၏ပြောကြားချက်များ အတွက် နှုတ်ထွက်ပေးရန်လိုကြောင်း၊ မိမိတို့မှာ ပြည်သူများ၏ အမှန်တကယ် လိုအပ်ချက် အတွက် တောင်းဆိုခြင်းသာဖြစ်ပြီး မည်သည့်ဘေးပယောဂမျှ မပါကြောင်း၊ အမှန်တကယ် လိုအပ်သောနေရာများတွင် မီးမရဘဲ နေပြည်တော်တွင် ရှိသမျှဓါတ်အားကို ပုံအောသုံး ထားခြင်းမှာ တရားမျှတမှုမရှိကြောင်း၊ သမ္မတအနေဖြင့် ပြည်သူ့အသံကို နားထောင်ဖို့လို ကြောင်း၊ အစိုးရနှင့်ပြည်သူကြား စိတ်ဝမ်းကွဲပြားပြီး နောက်ကြောင်းပြန်မလှည့်စေလို ကြောင်း ပြောကြားခဲ့ပါတယ်။

ဖယောင်းတိုင်မီးဆက်ထွန်းဖို့ ဆန္ဒရှိကြသူများအနေနဲ့ နောက်နေ့ည ၇း၀၀ နာရီ အရောက်လာကြဖို့နဲ့ မလာနိုင်သူများကလည်း မိမိတို့အိမ်ရှေ့ တွင် ဖယောင်းတိုင်ထွန်းခြင်းအားဖြင့် ဆန္ဒဖော်ထုတ်နိုင်ကြကြောင်း ကိုဟန်ဝင်းအောင်က ဆက်လက်ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts