မိုးမခကို ပေးတဲ့စာ

လမ်းတွေအလွန်ပျက်စီးနေတာ ဘာကြောင့်မပြုပြင်တာလဲ

မိုးမခပေးစာ
မေ ၂၁၊ ၂၀၁၂

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြို့လယ်ခေါင်ရှိလမ်းများမှာ မိုးရာသီမတိုင်းခင် အလွန်ပင်ပျက်စီးနေပြီး၊ တချို့လမ်းများမှာ ချိုင့်ကြီးလွန်း သဖြင့် ယာဉ်မောင်းသူများနှင့် လမ်းသွားလမ်းလာများအတွက် အလွန်ပင်ဒုက္ခရောက်နေပါသည်။ ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားနေပါသည်။ တိုင်းဒေသကြီးဝန်ကြီးချုပ် မြိတ်ရောက်စဉ်က လမ်းကိုဟန်ပြအဖြစ် အနည်းငယ်ပြင်ပြလိုက်သည်။

၎င်းလမ်းများကို ဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီမှပြုပြင်ရန် တာဝန်ယူထားကြောင်းကြားသိရသော်လည်း ယခုထိတိုင်ပြုပြင်ခြင်းမရှိ။ ကျောက် နှင့်သဲများကို ဟန်ရေးပြအဖြစ် ပုံထားသည်။ ၎င်းဦးဌေးမြင့်သည် ရွေးကောက်ပွဲကာလအတွင်း လမ်းများကိုကောင်းအောင်ပြုပြင်ပေးမည်။လျှပ်စစ်မီးများကို တယူနစ် (၂၀၀) ကျပ်ဖြင့်ရအောင်လုပ်ပေးမည်ဟု အတုအယောင်ကတိများ အမျိုးမျိုးပေးကာ စည်းရုံးခဲ့သည်။ မြိတ်မြို့၏ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေကလည်း ၎င်းလမ်းကိစ္စများကို မိမိနှင့်မဆိုင်သလို ယခင် (မဆလခေတ်၊ စစ်အစိုးရခေတ်) ကအတိုင်း ရေငုံနှုတ်ပိတ်နေခဲ့သည်။ သို့ဖြစ်ပါ၍ ၎င်းလမ်းများ အမြန်ဆုံးပြုပြင်နိုင်ရန်အတွက် တင်ပြလိုက်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “လမ်းတွေအလွန်ပျက်စီးနေတာ ဘာကြောင့်မပြုပြင်တာလဲ
  1. Not only in Beik but all over Burma, the roads are in very poor condition, compared to neighbor countries where we can see even a small lane in a village thick nylon paved. That’s how the gov uses the public money to develop the real infrastructure. No cheating! No corruption!

    Guys there need to be ‘ucking serious working for the public. Just giving sweet promises they can’t keep ever and stealing the positions which they actually don’t deserve.

    Let the public make more noise freely and you’ll then see who are doing evil things, regardless of SB. 🙂

  2. လမ်းမပြင်တာကြံ့ဖွတ်မဲမရလို့ ဟေ့… သိသိကြီးနဲ့ကို

  3. By the way,if you know,please mention,after,the notorious Khin Zaw,who is the Tanintharyee Division Prime Minister now ? Is it the Director General from Former Htway Oat,department, Colonel (Retd.) U Myat Ko,???? If,he is,this will be very good,comparing with U Khin Zaw.

Comments are closed.