ကဗျာ

၈၈ (၂၃ မှ၂၄)

နိုင်ဦးညို (ဖိုးဇီးရိုး)
မေ ၂၁၊ ၂၀၁၂

အော် ရှစ်ဆယ့်ရှစ်
ဒီလိုနဲ့ဘဲ ဘဝတွေဖြတ်သန်း
တချို့တွေလဲ ဝေစဲ
တချို့တွေလဲ နေမြဲ
တချို့တွေလဲ ကြေကွဲ
တချို့တွေလဲ ပြိုလဲ
နှစ်ဆယ့်သုံးနှစ်မှာ
ပထမ ဘဝ
ဒုတိယ ဘဝ
တတိယ ဘဝ
ဘဝတွေကိုဖြတ်
စတုတ္ထ ဘဝကိုမျှော်
မျှော်လေတိုင်း မှိုင်းရည်
အော်… နှစ်ဆယ့်လေးနှစ်
မကြာမီရောက်တော့မည် …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts