ဓာတ်ပုံသတင်း

Tayar Waiyan – အလုပ်အကိုင်အခွင့်အလမ်းနှင့် အနာဂတ်မြန်မာနိုင်ငံဟောပြောပွဲ

ရန်ကုန်၊ တာရာဝေယံ။  မေ ၁၄၊ ၂၀၁၂။

နိုင်ငံရေးအကျဉ်းသားဟောင်းများ (နိုင်/ကျဉ်း )ကဦးစီးကျင်းပတဲ့ အလုပ်အကိုင်အခွင့်အလမ်းနှင့် အနာဂတ်မြန်မာနိုင်ငံ ဟောပြောဆွေးနွေး ပွဲကို ဒီနေ့နံနက် ၉း၀၀ နာရီက ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီစားသောက်ဆိုင် သီရိခန်းမမှာကျင်းပခဲ့ပါတယ်။ အခမ်း အနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းတင်၊ ဦးဝင်းထိန်၊ ရခိုင်တိုင်းရင်းသားအဖွဲ့မှ ဦးအေးသာအောင်၊ ဆရာမောင်ဝံသ၊ သံဃာ တော်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ ဖိတ်ကြားထားတဲ့ဧည့်သည်တော်များ၊ စိတ်ပါဝင်စားသူများ စုစုပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။


ဆရာဦးဖေသိန်းနှင့် ဦးမြင့်အောင်တို့မှ ပြောကြားနေစဉ်
ဦးကျော်ထွေး၊ ဦးအေးသာအောင်နှင့် ဟံသာဝတီဦးဝင်းတင်

မနိုနို၊ မခင်မိုးအေးနှင့် ဒေါ်အေးယုနွယ်

ပထမဦးစွာ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမြင့်အောင်က အခမ်းအနားကျင်းပရတဲ့ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပါတယ်။ အဲဒီ နောက် M H R ကျောင်းအုပ်ကြီးဆရာ ဦးအေးကျော်က အလုပ်လက်မဲ့နှင့် အလုပ်အကိုင်အခွင့်အလမ်းခေါင်းစဉ်နဲ့ ဟောပြောဆွေးနွေးရာမှာ မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ အလုပ်လက်မဲ့ပြဿနာအကြောင်းကို အကျင်တ၀င့်ဟောပြောဆွေးနွေးခဲ့ပါတယ်။

ဆရာကြီး ဦးဖေသိန်း (ဘောင်ဒရီ စက်မှုလက်မှု အထက်တန်းကျောင်းအုပ်ကြီးဟောင်း) က ကျွမ်းကျင်လုပ်သား လိုအပ်ချက်နှင့် ဖြည့်ဆည်း မှုများအကြောင်းကို သူ့အတွေ့အကြုံများနဲ့ ယှဉ်ပြီး ဟောပြောခဲ့ပါတယ်။

ဆရာကြီးနှစ်ဦးဟောပြောပြီးတဲ့နောက်မှာ ဒေါ်အေးယုနွယ် (ရွှေသစ္စာကုပ္မဏီ)၊ ဦးကျော်ထွေး(Crane Co,ltd) တို့ကလည်း သူတို့ရဲ့လုပ်ငန်း အတွေ့အကြုံများကို ရှင်းလင်းတင်ပြကြပါတယ်။

၁၂း၀၀ နာရီမှာ နေ့လည်စာဖြင့် တည်ခင်းဧည့်ခံပြီးနောက် အခမ်းအနားဒုတိယပိုင်းအစီအစဉ် ကိုစတင်ရာမှာ တောင်ဥက္ကလာပမြို့နယ်မှ နိုင်ငံရေးအကျဉ်းသား မိသားစုနှစ်စုကို အမှတ်တရ ပစ္စည်းများပေးအပ်ခဲ့ပါတယ်။ အဲဒီနောက် တက်ရောက်လာတဲ့ဧည့်ပရိသတ်ရဲ့ မေးခွန်းများကို ဆရာကြီးဦးဖေသိန်းနဲ့ ဆရာဦးအေးကျော်တို့က ဖြေကြားပေးကြပါတယ်။ မေးခွန်းများကို ဖြေကြားပြီးတဲ့နောက် (နိုင်/ကျဉ်း) လိုဂို ကျောက်စီပန်းချီကားများကို ဆရာကြီးနှစ်ဦးနဲ့ တော်ဝင်နှင်းဆီ ဦးစိုးညွန့်တို့အား ဂုဏ်ပြုပေးအပ်ကာ ညနေ ၃း၀၀ နာရီမှာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts