ဓာတ်ပုံသတင်း

Kyaw Home – ဆီယက်တဲလ်မှာ ကိုကျော်သူ၊ မရွှေဇီးကွက်နဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားများ

ရဲ့ယှက်ဖြာမေတ္တာတွေ့ဆုံပွဲ

ကျော်ဟုန်း
မေ ၁၄၊ ၂၀၁၂

ပြည်သူ့ဂုဏ်ရည် ၂၀၁၀ ဆုရှင် အကယ်ဒမီရုပ်ရှင်မင်းသား ဒါရိုက်တာ ကိုကျော်သူနဲ့ ဇနီးဖြစ်သူ မရွှေဇီးကွက် (ခေါ်) (မမြင့်မြင့်ခင်ဖေ) တို့ ဟာ အမေရိးကားပြည်တွင်းခရီးစဉ် တတိယမြောက်နေရာဖြစ်တဲ့ ဆီယက်တဲလ်မြို့ ဝါရှင်တန်ပြည်နယ်သို့  (၀၅၊ ၁၁၊ ၂၀၁၂) နေ့ ညနေ ၄ နာရီ ၄၀ မိနစ်ကျော်မှာ ရောက်ရှိခဲ့ပါတယ်။ ပြည်သူ့ဂုဏ်ရည်မှ ကိုမူးသာမိသားစု၊ ကိုဇေယျာကျော်၊ ထွေးကိုကို၊ မမာလာသိန်း၊ ကိုထက်ကြံနဲ့ ဇနီး၊ ကိုဇင်မောင်နဲ့  မြို့ခံများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်။ (၅) နှစ်ကျော်ဝေးကွာနေရတဲ့ သားဖြစ်သူ ကိုပြည်သိန်းကျော်လည်း မိ ဘနှစ်ပါးကို လာရောက်ကြိုနေတာတွေ့ရပါတယ်။


 

 

 

 

 

(၀၅၊ ၁၂၊ ၂၀၁၂) နေ့မှာ ကိုကျော်သူ၊ မရွှေဇီးကွက်တို့နဲ့  ပြည်ပရောက်မြန်မာပြည်သားများတွေ့ဆုံပွဲကို North Seattle Community college ရဲ့ Center cafeteria မှာ ညနေ (၃) နာရီမှ ည (၈း၃၀) ထိ ကျင်းပခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲမှာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ် ဆ်ီယက်တဲလ်၊ အော်ရီဂွန်ပြည်နယ် ပို့လန်း၊ ကာလီဖိုးနီးယားပြည်နယ် အို့ ကလန်းနဲ့ ကနေဒါနိုင်ငံ ဗန်ကူးဗားဒီစီမြို့မှ မြန်မာပြည်သားများလဲ စုဝေးရောက်ရှိလာပါတယ်။ ပထမအစီအစဉ်မှာ မြန်မာအစားအစာများနဲ့ ရံပုံငွေရှာရောင်းချနေသူများကို ကိုကျော်သူ၊ မရွှေဇီးကွက်တို့က နွေးထွေးစွာလိုက်လံနှုတ်ဆက်ပါတယ်။ ဆီယက်တဲလ် ကရင်စာပေနှင့်ယဉ် ကျေးမှုအသင်းမှ ကရင်ဒုံးယိမ်း၊ သမီးငယ် မစုသန္တာထွန်းရဲ့ မြန်မာရိုးရာအက၊ မြို့ခံလူငယ်များက ခေတ်ပေါ်တေးများအပြင် ပို့လန်းမှ မင်္ဂလာ ဒိုးအဖွဲ့၊ သမီးပျိုလေးများရဲ့ယိမ်း၊ တိုင်းရင်းသူလေးများရဲ့ ကရင်ဒုံးများနဲ့  လာရောက်လှူဒါန်းကြတဲ့ဧည့်သည်များကို ဖြေဖျော်ခဲ့ကြပါတယ်။ သီချင်းသီဆိုမှုများအတွက် ကိုခင်စိုး (အော်ရိုလာ) မှ မေတ္တာဖြင့် ကူညီတီးခတ်ပေးခဲ့ပါတယ်။

ဒုတိယအစီအစဉ်မှာ ကိုကျော်သူ၊ မရွှေဇီးကွက်တို့ရဲ့ အထ္ထုပ္ပတ္တိအကျဉ်းကို မလာသိန်းက မြန်မာလိုဖတ်ကြားပြီး မမိုနာဟန်မှ အင်္ဂလိတ်ဘာ သာပြန်ဖတ်ကြားပေးခဲ့ပါတယ်။ မရွှေဇီးကွက်မှ နာရေးကူညီမူအသင်းရဲ့လုပ်ဆောင်မှုများအကြောင်း၊ လုပ်ငန်းအခက်အခဲများ ကျော်ဖြတ်ရ ပုံအကြောင်း၊ မြန်မာတို့ရဲ့အယူသည်းမှုများကို အစွဲချွတ်ရပုံအကြောင်း၊ သင်္ဂြိုလ်မှုများအပြင် ကျန်းမာရေးလုပ်ငန်းများ မဖြစ်မနေချဲ့ထွင်လာ ရပုံများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ကိုကျော်သူက အသင်းဖြစ်ပေါ်လာပုံ၊ အသင်းဆောင်ရွက်ချက်များ လက်ကမ်းပေးနိုင်ရန် မျိုး ဆက်သစ်များကို ပြုစုပျိုးထောင်ရပုံအကြောင်း၊ လှူဒါန်းငွေများကို စည်းစနစ်ကျသုံးစွဲပုံ၊ သူတို့အသင်းအနေနဲ့  နိုင်ငံ့အရေးသာလုပ်ဆောင်ပြီး နိုင်ငံရေးမလုပ်ကြောင်းနဲ့ ပြည်သူတွေရဲ့လိုအပ်ချက်များကို လုပ်ဆောင်နိုင်သမျှ ကိုယ်ကျိုးစွန့်လုပ်သွားမည်ဖြစ်ကြောင်း ကတိပေးကြေညာ သွားပါတယ်။

နာရေးကူညီမှုအသင်းရဲ့ လှုပ်ရှားမှုမှတ်တမ်းတင်ရုပ်ရှင်နဲ့ ကိုကျော်သူရဲ့ဘဝဖြတ်သန်းမှု သတင်းတိုရုပ်ရှင်ကိုလည်း ပြသခဲ့ပြီး ပရိတ်သတ် များမှမေးမြန်းချက်များကို ကိုကျော်သူမှ တိုက်ရိုက်ဖြေကြားပေးပါတယ်။ မြို့ခံမိတ်ဆွေများမှလဲ ‘ကြိုးကြာသံ’ သီချင်းဖြင့် ပြန်လည်ဂုဏ်ပြုသီ ဆိုခဲ့ကြပါတယ်။ ဒါ့အပြင် နယူးယောက်မှာ ပန်းချီပြပွဲလုပ်ဖို့ရှိကြောင်း ကိုကျော်သူကပြောပါတယ်။

အစားအစာရောင်းချခြင်းမှရသော အမေရိကန်ဒေါ်လာ (၃၇၀၀)၊ နာရေးကူညီမှုအသင်းဖြတ်ပိုင်းဖြင့် လှူငွေ (၈၇၄၂) ဒေါ်လာ၊ တက္ကဆက်မှ ကိုမျိုးအောင် Burmese classic Media က လှူငွေ (၁၀၀၀) ဒေါ်လာ၊ စုစုပေါင်း အမေရိကန် (၁၃,၄၄၂) ဒေါ်လာအပြင် ကနေဒါငွေ (၂၁၀)လည်းရရှိခဲ့ကြောင်းကြေညာပြီး ကိုကျော်သူ၊ မရွှေဇီးကွက်ထံ ပေးအပ်လှူဒါန်းနိုင်ခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ တိုင်းရင်းသားများဖြစ်ကြတဲ့ ကရင်၊ ကချင်၊ ချင်း၊ ကယားများလည်း လာရောက်အားပေးခဲ့ကြပြီး ပြည်ပရောက်မြန်မာနိုင်ငံသား မျာရဲ့တိုင်းပြည်နဲ့လူမျိုးအပေါ်ထားတဲ့ မေတ္တာစေတနာပြပွဲလေးမြင်တွေ့ ခဲ့ရတာက ဝမ်းသာသာဓုခေါ်စရာ မြင်ကွင်းအလှများပဲဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts