မိုးမခကို ပေးတဲ့စာ

Maurk U – အေဒီ ၁၄ ရာစုခေတ်က ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော် ဘယ်လဲ ဘာလဲ

မိုးမခစာဖတ်သူတဦး (ကမာရွတ်) (မူရင်းဆောင်းပါး – ခိုင်လင်း(မေဃ၀တီ)ကို ဖတ်ရှုပြီး ပြန်လည်ကောက်နုတ်ကိုးကား ရေးသားသည်)

မေ ၁၂၊ ၂၀၁၂

 (ကိုးသောင်းဘုရား၊ မြောက်ဦး၊ ဓာတ်ပုံ – အင်တာနက်)

(ထုပ်ခံသိမ်၊ မြောက်ဦး၊ ဓာတ်ပုံ – အင်တာနက်)

၂၀၁၂ မေလ ၃ ရက်နေ့ က Global Heritage Fund ( ကမ္ဘာ့အမွေအနှစ်များရန်ပုံငွေအဖွဲ့ ) က အာရှတိုက်ထဲမှာ ရှေးဟောင်းယဉ်ကျေးမှု ဆယ်ခုဟာ ပျက်စီးပျောက်ကွယ်ရမယ့် ဘေးနဲ့  ရင်ဆိုင်နေရတဲ့အကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ် ။ အဲဒီဆယ်ခုထဲမှာ မြန်မာနိုင်ငံထဲက ရခိုင်အမျိုးသားတွေရဲ့ ရှေ့ ဟောင်းမြို့ တော် မြောက်ဦးမြို့ တော်လည်းပါဝင်ခဲ့ပါတယ် ။ နိုင်ငံတော်ပိုင် ကြေးမုံသတင်းစာမှာ အဲဒီကြေငြာချက်ကို သတင်းအဖြစ်ရေးသားခဲ့ပါတယ်။

နိုင်ငံတော်ပိုင် ကြေးမုံသတင်းစာမှာ ကမ္ဘာ့အမွေအနှစ်များရန်ပုံငွေအဖွဲ့ ရဲ့ ထုတ်ပြန်ကြေငြာချက်ကို သတင်းအဖြစ် မေလ(၄)ရက်ထုတ်မှာ ပါလာပါတယ် ဆိုသော်လည်း ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော်ကို မဖော်ပြဘဲ ထိန်ချန်ခဲ့တာတွေ့ ရတယ် ။ နိုင်ငံတော်ပိုင် မီဒီယာတခုဖြစ်တဲ့ ကြေးမုံသတင်းစာက ကိုယ့်နိုင်ငံရဲ့ ရှေးဟောင်းမြို့ တော်တခုကို ဘာကြောင့်ထိန်ချန်ခဲ့ရသလဲလို့ မေးရပါလိမ့်မယ် ။

အဲဒီသတင်းရေးသားချက်ကို မပြောခင် ဒီနေရာမှာ ပြောချင်တာက အဲဒီ ကမ္ဘာ့အမွေအနှစ်များရန်ပုံငွေအဖွဲ့က ပြောသလို တကယ်ဘဲ ခေတ်သစ်မြန်မာနိုင်ငံတော်ထဲက ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော်ဟာ ပျက်စီး ပျောက်ကွယ်ရမယ့် ဘေးနဲ့  ရင်ဆိုင်တွေ့ ကြုံနေပြီလား ။အဲဒီ အန္တရာယ်တွေက ဘာတွေလဲ စသဖြင့် သုတေသနလုပ်ရပါလိမ့်မယ်။

အဲဒီ သုတေသနစစ်တမ်းတွေရဲ့ အဖြေတွေအတိုင်း ထိမ်းသိမ်းကာကွယ် စောင့်ရှောက်ရမယ့် တာဝန်ဟာ လက်ရှိ အစိုးရသစ်ရဲ့တာဝန်ဖြစ်တယ် ။ တဖက်မှာလည်း နိုင်ငံတော်ပိုင် မီဒီယာဘဲဖြစ်ဖြစ် တသီးပုဂ္ဂလမီဒီယာဘဲဖြစ်ဖြစ် ဒီကိစ္စကို အရှိကို အရှိအတိုင်း သတင်းကို သတင်းအတိုင်း ဖော်ပြသင့်တယ် ။ ထို့ အတူ ထိမ်းသိမ်းကာကွယ်သင့်တဲ့အကြောင်းတွေကို ဆော်သြသင့်တယ် ။

ကိုယ့်ပြည်ထောင်စု နိုင်ငံတော်ထဲက ရှေးဟောင်းအမွေအနှစ်တခုဖြစ်တဲ့ ပြည်ထော်စုတိုင်းရင်းသားတစုရဲ့ ရှေးဟောင်းမြို့ တော်ကို ဖျောက်ဖျက်ဖို့ ကြိုးစားမှုတခုလား။  ဒီလိုမျိုး ဖျောက်ဖျက် ဖုံးကွယ်မယ်ဆိုရင်
ဒီကြိုးစားမှုဟာ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး” တနည်းအားဖြင့် “ငြိမ်းချမ်းတည်ငြိမ်တဲ့ စစ်မှန်တဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး” ကို အဟန့်အတားဖြစ်စေတယ်ဆိုတာကိုတော့ ရဲရဲကြီး ပြောရဲပါတယ် ။

ရခိုင်မဟုတ်တဲ့ ရှမ်း ၊ ကချင် ၊ ကရင် ၊ မွန် ၊ ချင်းစတဲ့ အခြားအမျိုးသားတွေအတွက် နဂိုရှိပြီးသား မယုံကြည်မှုတွေကို ပိုလို သံသယဖြစ်အောင်တွန်းပေးသလိုဖြစ်စေပါလိမ့်မယ် ။  ကာယကံရှင် ကိုယ်တိုင်ဖြစ်တဲ့ ရခိုင်အမျိုးသားတွေ အတွက်ကတော့ ကျားနာကို ဆွပေးလိုက်သလိုမျိုး တနည်းအားဖြင့် လှုပ်နိုးလိုက်သလိုမျိုးဖြစ်စေတာ အမှန်ပါဘဲ ။

ဗမာအမျိုးသားတွေရဲ့ ရှေးဟောင်းမြို့ တော်ဖြစ်တဲ့ ပုဂံနဲ့ နှိုင်းစာရင် ရခိုင်အမျိုးသားတွေရဲ့ ရှေးဟောင်းမြို့ တော်ဖြစ်တဲ့ မြောက်ဦးမြို့တော်ဟာ ခေတ်သစ်မြန်မာနိုင်ငံတော် အုပ်စိုးသူအဆက်ဆက်ရဲ့ ကျဉ်ဖယ်ခြင်း(ဂရုမစိုက်ခြင်း) ခံခဲ့ရပါတယ် ။

ပုဂံကို စာတတန် ပေတဖွဲ့  ဂုဏ်ပြုထောပနာပြုနေကြပြီး ပုဂံကို မပျက်စီးရအောင် အစွမ်းကုန် ထောင့်စုံအောင် မွမ်းမံခြယ်သ ထိမ်းသိမ်း စောင့်ရှောက်နေကြချိန်မှာ ရခိုင်ပြည်က ရှေးဟောင်းမြို့ တော်မြောက်ဦးကိုတော့ ဘယ်လို ဖျက်ဆီးပစ်ရမလဲလို့  မဟာဗျူဟာတွေ ၊ နည်းဗျူးဟာတွေ ရေးဆွဲနေသလားလို့ မေးခွန်းထုတ်ရပါလိမ့်မယ်။

နောက်တချက် မန္တလေးနန်းတော်နဲ့ မြောက်ဦးနန်းတော်ကို နှိုင်းယှဉ်ကြည့်ပါ ။ မန္တလေးနန်းတော်ဟာ သမိုင်းအမွေအနှစ်အဖြစ် ကျန်ခဲ့ပေမယ့် မြောက်ဦးနန်းတော်ကတော့ မရှိတော့ဘူး ။ နောက်ဆုံး နန်းတော်ရဲ့ အုတ်မြစ်တွေကိုပါ တူးဖြိုပစ်မယ့် မဟာဗျူဟာရဲ့ လုပ်ဆောင်ချက်တွေဟာ ကျားနာကို လှုပ်နိုးသလိုဖြစ်ပါလိမ့်မယ် ။

ဘာပဲပြောပြော အဲဒီအဖွဲ့ ရဲ့ အစီရင်ခံစာထဲက ပျက်စီးပျောက်ကွယ်ရမယ့်ဘေးတွေကတော့

(၁)စီးပွားရေးလုပ်ငန်းများ ကျယ်ပြန့် လာခြင်း

(၂)လုံလောက်သော ပြုပြင်ထိမ်းသိမ်းမှု မရှိခြင်း

(၃)လုယက်ခြင်း

(၄)စစ်မက်ဖြစ်ပွားခြင်း

(၅)ခရီးသွားလုပ်ငန်းတွေကြောင့်လို နားလည်ပါတယ် ။

အာရှတိုက်ထဲက ရှေးဟောင်းအမွေအနှစ်ဆယ်ခုစလုံးကို ယေဘုယျအားဖြင့် ဖျက်ဆီးနိုင်မယ့်ဘေးအန္တရာယ်တွေလို့ သဘောပေါက်ပါတယ် ။

ဒါပေမယ့် မြောက်ဦးမြို့ တော်အနေနဲ့ ကတော့

စီးပွားရေးလုပ်ငန်းများ တိုးတက်လာမှု၊

လုံလောက်သော ပြုပြင်ထိမ်းသိမ်းမှုနဲ့

ခရီးသွားလုပ်ငန်းစတဲ့ သုံးခုနဲ့သာ ပတ်သက်ပါလိမ့်မယ်။

 အထူးသဖြင့်ကတော့ ပြုပြင်ထိမ်းသိမ်းမှုကို မစို့ မပို့ပြုလုပ်ပေးပြီး ခရီးသွားလုပ်ငန်းဆိုတဲ့ ကိစ္စကိုတော့ လက်ရှိကာလမှာ ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်အောက်က တရားဝင်ဖျက်ဆီးပစ်မယ့်စီမံကိန်းလို့ မြင်ပါတယ် ။ ဒီအမြင်အပေါ်မှာ ကမ္ဘာ့အမွေအနှစ်ရန်ပုံငွေအဖွဲ့  ထောက်ပြတာဖြစ်ပါလိမ့်မယ် ။

စစ်အစိုးရလက်ထက်ကရော လက်ရှိ ဦးသိန်းစိန်အစိုးရသစ်လက်ထက်မှာပါ ဒေသဖွံ့ ဖြိုးရေးအတွက် ကားလမ်း ရထားလမ်းများဟာ ရခိုင့်ယဉ်ကျေးမှုများ တိမ်ကော ပျက်စီးသွားမယ့် နေရာများကိုသာ ရွေးချယ်ခဲ့ကြတာတွေ့ ရတယ် ။

ကမ္ဘာအမွေအနှစ်များရန်ပုံငွေအဖွဲ့ ရဲ့  အာရှတိုက်ထဲက စိုးရိမ်စရာဆယ်ခုထဲမှာ ပါဝင်တဲ့ ခေတ်သစ်မြန်မာနိုင်ငံတော်ထဲက ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော်ဟာ ပျက်စီးဆုံးရှုံးရမယ့် ဘေးအန္တရာယ်တွေနဲ့  ကြုံတွေ့ နေရခြင်းဟာ သဘာဝဘေးအန္တရာယ်မျိုးမဟုတ်ဘဲ စီမံကိန်းရှိရှိလုပ် ဆောင်နေခြင်းဖြစ်တဲ့အတွက် အဲဒီလုပ်ရပ်တွေကို ယဉ်ကျေးတဲ့လူ့ အဖွဲ့ အစည်းတွေအနေနဲ့ ဝိုင်းဝန်းဆန့် ကျင်သင့်တယ်လို့ပြောချင်တယ် ။

 မြောက်ဦးမြို့တော်ရဲ့ စိုးရိမ်စရာအခြေအနေတွေအထဲမှာ ယဉ်ကျေးမှုလက်ရာတွေဖြစ်တဲ့ ကျောက်ဆစ်လက်ရာတွေအပါအ၀င် မြောက်ဦးမြို့တော်ထက် ရှေးကျတဲ့ ဓည၀တီမြို့တော် ဟောင်းနဲ့ ဝေသာလီမြို့တော်ဟောင်းတွေဟာလည်း အသက်ငင်လျက်ရှိပါတယ် ။

 ပြည်ထောင်စုသားအသီးသီးစီရဲ့ ယဉ်ကျေးမှုတွေကို စနစ်တကျ ဖျက်ဆီးခံနေရတာကြောင့်  ရခိုင်အမျိုးသားတွေအပါအ၀င် ပြည်ထောင်စုတိုင်းရင်းသားတွေ အားလုံးကလည်း အမျိုးသားရေးအမြင်အနေနဲ့   ရှေးဟောင်းယဉ်ကျေးမှုတွေကို ဘယ်လို ထိမ်းသိမ်း ကာကွယ်ကြမလဲဆိုတာကတော့ စိန်ခေါ်မှုတရပ်ဖြစ်နေမှာကတော့ သေချာပါလိမ့်မယ် ။  ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “Maurk U – အေဒီ ၁၄ ရာစုခေတ်က ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော် ဘယ်လဲ ဘာလဲ
  1. န၀တ အစိုးရခေတ်က ပုဂံကို ပြုပြင်ထာထက်၊ ဖျက်ဆီးတာပိုများပါတယ်။
    မျှော်စဉ်အသစ်ကြီးတွေဆောက် ပြီးကမ္ဘာလှည့်ခရီးသည်တွေဆီက ဒေါ်လာတွေကောက်ယူတာ ပုဂံကိုပြုပြင်ထိန်းသိမ်းတာ မဟုတ်ပါဘူး။
    ရှေးနှစ်ပေါင်း ၉၀၀ ~ ၈၀၀ရာကျော်ကတရုတ်ခရီးသွားမှတ်တမ်းတွေမှာရေးထားတဲ့ ရွှေမြို့တော်ကြီးပုဂံ
    ရဲ့ Sky-line ဟာ အခုတော့ပျက်စီးသွားခဲ့ပါပြီ။ ဒေါ်ကြိုင်ကြိုင်နဲ့ နတ်ကတော်တွေအခါပေးပြီး
    ပြုပြင်လိုက်တဲ့ ပုဂံဘုရားတွေ မူလလက်ရာပြက်ပြီး၊ အမယ်အိုကြီး သင်ဇာဝင့်ကျော်ရဲ့ ရင်ခွဲဇာဘော်လိကြီး ၀တ်ထားသလို ခံစားမိပါတယ်။ ရခိုင်သားများ န၀တ ရဲ့ပြုပြင်ထိန်းသိမ်းရေးကို နမူနာယူသင့်ပါတယ်။ ဆရာကြီးဒေါက်တာ သန်းထွန်းက ပြောဘူးပါတယ်။ ပြုပြင်ထိန်းသိမ်းရေး မလုပ်တပ်ရင် မြန်မာ့ရှေးဟောင်းအမွေအနှစ်တွေဟာ သူ့ ဟာသူ မြေကြီးအောက်မှာနေတာ
    ကောင်းတယ်တဲ့ (တခါက ပျူသင်ချိုင်းကို ချင်းအမျိုးသားရွာဆိုပြီး ရှေးပုတီးလယ်ဆွဲတွေတူးဖေါ်ပြီး လမ်းဘေးမှာ ရောင်းစားဘူးတာကို ဆရာ သန်းထွန်း ရင်ထုမနာသံနဲ့ ပြောခဲ့ဘူးတဲ့စကားပါ)။

  2. ကြေးမုံသတင်စာကပြောတဲ့ ဗမာစစ်အစိုးရရဲ့ ပြည်ထောင်စုစိတ်ဓါတ်–

  3. We will not never forget burma goverment so long as the world exist. we have deeply feeling.we want to be free under the burma goverment colony. we love our ancient city and adore. Don’t destroy again anymore. we are always refusing over and over again that we will not never surrender.Rakhine is King Tharkyi generation.Nobel people in the world.

  4. ဗမဖက်ဆစ်အစိုးရတွေဟာ ရခိုင်လူမျိုးတို့၏ ရှေးဟောင်းအမွေအနှစ်အားလုံးကို မဟာဗျူဟာစီမံကိန်း
    ချပြီး ဖျက်ဆီးလာတာဟာ ခုဆိုရင် ရခိုင်ရှေးဟောင်းမြို့တွေ၊ရှေးဟောင်းအမွေအနှစ်တွေဟာ
    မရှိတော့သလောက် ပျက်စီးသွားခဲ့ပါပြီ။လူမျိုးတမျိုး၏ သမိုင်းကို အခိုင်အမာသက်သေပြနှိင်တာက
    ဒီလို ရှေးဟောင်းဗိသုကာလက်ရာတွေပါ။ဒီဟာတွေမရှိတော့ရင် ရခိုင်သမိုင်းသည်လည်း
    အထောက်အထားတွေမပြနိုင်တော့ဘဲ စာပေသမိုင်းသက်သက်သာဖြစ်သွားပါလိမ့်မည်။ရခိုင်လူမျိုး၏
    ယဉ်ကျေးမှုတွေပျောက်ကွယ်သွားရင် ရခိုင်လူမျိုးသည်လည်း မကြာခင်ပျောက်ကွယ်သွား
    နှိုင်သည်။ဒီဗမာဖက်ဆစ်တွေဟာ ရခိုင်လူမျိုးကို မျိုးတုန်းသွားစေရန်အတွက် လူမျိုးရေးအရသွေးနှောခြင်း၊
    ယဉ်ကျေးမှုအရ၀ါးမျိုခြင်း၊ရခိုင်သမိုင်းအမွေတွေကိုဖျက်ဆီးခြင်းစသည့် လူမဆန်သောလုပ်ရပ်တွေကို
    လုပ်နေသည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ။ဗမာလူမျိုးတွေဟာပုဂံအကြောင်းတွေကို စာတပေါင်
    ပေတဖွဲ့နဲ့ ၀ါကြွားကာရေးသားနေကြပေမယ့် ရခိုင်လူမျိုးတို့၏သမိုင်းအမွေတွေကို ပြိုင်ဖက်လို
    သဘောထားကာလိုက်ဖျက်ဆီးနေတာသည် အလွန်တရာမှ အောက်တန်းကျသောလူမဆန်သော
    လုပ်ရပ်ဖြစ်သည်။ဘုရားချင်းတူတာတောင် သူတို့ဘုရားသာဘုရား။ရခိုင်ပြည်ကဘုရားကဘုရားမဟုတ်သလို မြေတူးစက်တွေဖြင့်ဖြိုဖျက်လိုက်ကြသည်။ဒေသဖွံ့ဖြိုးရေးကို မလုပ်နဲ့မဟုတ်ပါ။လုပ်ကြပါ။သို့သောဒေသဖွံ့ဖြိုးရေးကို လုပ်တဲ့အခါ ရခိုင်မြို့ဟောင်းတွေ ပျက်စီးသွားမည့်နေရာတွေကိုမှ ကွက်ပြီးရွေးဖောက်တာကတော့ တော်တော်
    မိုက်ရိုင်းတာပဲ။ရခိုင်လူမျိုးတွေကို ကိုလိုနီလိုသဘောထားပြီး သမိုင်းအမွေတွေကို တခုမကျန်
    ဖျက်ဆီးပစ်နေတာဟာ ဂျပန်ဖက်ဆစ်ဝါဒထက်တောင်ဆိုးလွန်းပါသည်။တဖက်က ပုဂံဘုရားတွေကို
    တန်ဖိုးထားသလောက် ရခိုင်ရှေးဟောင်းတွေကို အဆင့်မရှိသော ရထားလမ်းကို ဗန်းပြကာ
    ဖျက်ဆီးပစ်နေတာဟာ ရခိုင်လူမျိုးတွေကို တိုက်ရိုက်စော်ကားနေခြင်းသာဖြစ်သည်။
    ရခိုင်အမျိုးသားတွေအနေနဲ့ ခုချိန်မှာ ပိုပြီးညီညွတ်သင့်ပြီ။နယ်ချဲ့တွေကို တော်လှန်ဖို့ ရခိုင်ပြည်သူတရပ်လုံး ပါဝင်သင့်ပြီ။ရထားလမ်းကြောင့် ပျက်စီးသွားခဲ့ရတဲ့ ရခိုင်ရှေးဟောင်းတွေက
    ခံတပ်၊စင်းကြန်၊မြို့ရိုး၊တံတိုင်း၊စေတီပုထိုး၊ပိဋကတိုက်စသည်ဖြင့် အစားထိုးမရသော ရခိုင့်ရှေးဟောင်း
    အမွေအနှစ်တွေ ပါသွားခဲ့ပြီးပြီ။နောက်ထပ် ဘာထပ်ဖျက်ဦးမလဲမသိ။ရခိုင်သားတိုင်း ရခိုင်ပြည်ကိုချစ်ရင်
    နယ်ချဲ့ဗမာတွေကို ရခိုင်နိုင်ငံ၊ရခိုင်ပြည်ကနေ မောင်းထုတ်သင့်ပြီ။

Comments are closed.