သတင်းပဒေသာ
YPI – သတင်းထောက်အား ကိုယ်ထိလက်ရောက် စော်ကား၍ Weekly Express Time ဂျာနယ်က ဒီချုပ်ဆီစာပို့
by Yangon Press International on Thursday, 10 May 2012 at 04:39 ·
မေလ ၁၀ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ (YPI )
ယခုလ ၈ ရက်နေ့က Weekly Express Time ဂျာနယ်မှ သတင်းထောက်တဦးအား ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေးက ကိုယ်ထိလက်ရောက် စော်ကားခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဂျာနယ်မှ တာဝန်ရှိသူများက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သို့ ယနေ့စာပို့လိုက်ကြောင်း ယင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။
 “အန်တီစုကို တစောင်၊ဦးညဏ်ဝင်းကိုတစောင် ဦးအုန်းကြိုင်ကိုတစောင် ဦးတင်ဦးကို တစောင်ပို့လိုက်တာပါ ၊အန်တီနဲ့ ဦးညဏ်ဝင်းအတွက် NLD ပြန်ကြားရေးဌာနက အမျိုးသမီးတဦးကို ပေးလိုက်တာပါ၊ ဦးညဏ်ဝင်း ကိုတော့ ကြုံသွားလို့ သူ့လက်ထဲပဲတိုက်ရိုက်ထည့်လိုက်တာပါ ။ ဦးတင်ဦကိုလည်း ဒီလှိုင်း ဂျာနယ် ကတဆင့်ပေးလိုက်ပါတယ်” ဟု Weekly Express Time အယ်ဒီတာ ကိုကျော်ဇေယျာထွန်းက YPI သို့ ပြောသည်။
စာကို ယနေ့နံနက် ၁၁ နာရီတွင် ပေးပို့ခြင်းဖြစ်ပြီး NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)မှလုံခြုံရေးတာဝန် ရှိသူက Weekly Express Time မှသတင်းထောက်အား ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းနှင့်မီဒီယာအား စော်ကားပြောဆိုခြင်းကိစ္စအား လိုအပ်သလိုညှိုနှိုင်း ဆောင်ရွက်ပေးပါရန် တင်ပြခြင်းဖြစ်ကြောင်း စာတွင် ဖေါ်ပြထားသည်။
စော်ကားခံရသည့် သတင်းထောက်မှာ ရွှေမင်းသားဖောင်ဒေးရှင်းမှ ပြုလုပ်သည့် အခမ်းအနားတွင် ယင်းဂျာနယ်မှ သတင်းထောက် ကိုဟိန်းကိုစိုးက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်အား ဓါတ်ပုံရိုက်ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး တာဝန်ယူသူ ကိုကျော်စိုးနိုင် ခေါ် ကိုဘောကြီးက ကိုယ်ထိလက်ရောက် ပြုမူခြင်း၊ စော်ကားသည့် စကားအသုံးအနှုန်းပြောဆိုခဲ့၍ ဂျာနယ်တာဝန်ရှိသူများက ကန့်ကွက်စာပေးပို့ခြင်း ဖြစ်သည်။
“သူကကျွန်တော်ကင်မရာချိန်ထားတဲ့လက်ကိုပုတ်ထုတ်တယ် ကျွန်တော်ကလည်း ဦးလေးဘာဖြစ်တာလဲဗျာ ဆိုပြီးပြန်ပြီးပြန်ပြောလိုက်တော့ သူပေါက်သွားတယ်ထင်တယ် ကျွန်တော်လည်း မရိုက်တော့ဘဲ ပြန်လာတော့သူကဟေ့ကောင် မင်းလိုက်ခဲ့ဆိုပြီး အိမ်သာဘက်ကို သူရယ် နောက်တယောက် ရယ်ခေါ်သွားတယ် နောက် မင်းဘယ်ကဘယ်လဲဘာညာဆိုပြီးမေးပြီး စော်ကား ပြောဆိုတာပါ ”ဟု ကိုဟိန်းကိုစိုးက YPI သို့ပြောသည်။
Weekly Express Time အဖွဲ့ချုပ် မှပေးပို့သည့် စာထဲတွင် တွင် ဦးကျော်စိုးနိုင်က သတင်းထောက် ကိုဟိန်းကိုစိုး အား စော်ကားပြောဆိုခဲ့သော စကားလုံးမှာ “မင်းတို့ မီဒီယာသမားတွေက ဗိုက်ဆံ ရလို့ အလုပ်လုပ်နေတာ ငါတို့က ဘာစောက်တပြားမှမရဘဲ ထောင်အကျခံပြီးနိုင်ငံရေး လုပ်နေတာကွ ဘယ်ကောင်ကိုမှ စောက်ဂရုမစိုက်ဘူးလို့ မင်းတို့ အယ်ဒီတာကိုပြောလိုက်” ဟု ပါရှိသည်။ ၎င်းကပြောဆိုစဉ် သတင်းထောက်ဧ။် အကျီရင်ဘတ်ကို အကြိမ်ကြိမ်ဆွဲ၍ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းလည်း စာတွင် ဖေါ်ပြထားသည်။
ဦးဟိန်းကိုစိုး၏ ပြောကြားချက်အရ ဓာတ်ပုံရိုက်ယူစဉ်၎င်းတဦးတည်းသီးသန့်သတင်းဓာတ်ပုံ ရိုက်ယူ ရန်ကြိုးစားခြင်းမဟုတ်ဘဲ မီဒီယာ အများအပြားသတင်းဓာတ်ပုံရိုက်ယူနေစဉ်အချိန်တွင် ရိုက်ယူခြင်းဖြစ်ပြီး ၎င်းက ဦးကျော်စိုးနိုင်၏ ဘေးတွင် နီးကပ်စွာရှိနေသောကြောင့် ၎င်းကိုသာခေါ်ယူ ပြောဆိုခြင်းဖြစ်သည် ဟုဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သတ်၍ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်ကို ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့ အနေဖြင့် ပေးပို့သည့်စာများကို သေချာစိစစ်လေ့လာပြီးမှ ဆွေးနွေးဆုံးဖြတ်သွားမည်ဟုဆိုသည်။
“အကယ်၍ ကျွန်တော်တို့ဘက်က ကလေးကလည်းပြောမိရင် နောင်ဒီလိုမဖြစ်အောင်ဆုံးမရမှာပေါ့ နိုင်ငံရေးသမားဆိုတာ မီဒီယာတွေနဲ့ ပြသာနာမဖြစ်ချင်ပါဘူး ။ ဒါမျိုးမဖြစ်ချင်ပါဘူး နောင်မီဒီယာတွေ နဲ့ဒီလိုမဖြစ်အောင်လည်း ဘယ်လိုလုပ်ရမလဲဆိုတာ စီစဉ်ဆောင်ရွက်သွားမှာပါ ” ဟုဆိုသည်။
ဂျာနယ်မှ အယ်ဒီတာ ဦးကျော်ဇေယျာထွန်း ကလည်း “ဒါမျိုးကလုံးဝမဖြစ်သင့်တဲ့ကိစ္စပါ မီဒီယာနဲ့ ပါတီဆိုတာ ရေရှည်လက်တွဲသွားရမှာပါ ပါတီကိုမီဒီယာသမားတွေကို ဘယ်လိုမျိုးကိုင်တွယ်ရမလဲဆိုတဲ့ Plan (အစီအစဉ်) တခုရှိစေချင်တယ် အခုလိုနင်ပဲငဆ ဆက်ဆံတာကို  Action (အရေးယူမှု) တခုခု ယူစေချင်တယ် မီဒီယာသမားတွေနဲ့ ဆက်ဆံတဲ့အခါဘယ်လိုမျိုး လုပ်သင့်လည်း ဆိုတာ သူတို့ကိုအသိပေး စေချင်တာပါ”ဟုဆိုသည်။
ယခုဖြစ်ရပ်အပေါ် မြန်မာနိုင်ငံမှ ဂျာနယ်လစ်များဧ။်အခွင့်အရေးနှင့် နစ်နာမှုများ ကာကွယ်ရန်ရည်ရွယ် ဖွဲ့စည်းထားသည့် ကွန်ယက်ဖြစ်သည့် MJN  (Myanmar Journalist Network) မှလည်း ယနေ့ညနေပိုင်းတွင် အစည်းအဝေးခေါ်ယူ၍ ဆုံးဖြတ်ချက်တခုခု ချမှတ်ရန် သို့မဟုတ်ထုတ်ပြန်ချက်တခုခု ထုတ်ပြန်ရန်ဆောင်ရွက်သွားမည်ဟု အလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်သူ ဒေါ်တင်ဇာဇော်ကပြောသည်။
အခြားသတင်းစာဆရာ အဖွဲ့အစည်းတခုဖြစ်သည့် မြန်မာနိုင်ငံသတင်းစာဆရာများအသင်း ဖြစ်ထွန်းရေး ကော်မတီမှ လည်းအစည်းအဝေး တရပ်လုပ်ဆောင်သွား၍ ယင်းကိစ္စနှင့်ပတ်သတ်၍ ဆုံးဖြတ်မည်ဟု ဖြစ်ထွန်းရေးကော်မတီအဖွဲ့ဝင်  ဦးသီဟစောကပြောသည်။        ။
Weekly Express Time ဂျာနယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ပေးပို့သည့် စာ
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts
21 thoughts on “YPI – သတင်းထောက်အား ကိုယ်ထိလက်ရောက် စော်ကား၍ Weekly Express Time ဂျာနယ်က ဒီချုပ်ဆီစာပို့
  1. အဲဒီ အပြင်က သတင်းထောက်တွေဆိုတာ သူတို့ လိုချင်တာရချင်ရင် ဒေါ်စုနားကလူတွေကိုအချိုသတ်တယ်။ မရရင် ဒီလိုပဲ အပုတ်ချပြောတတ်တယ် ဆိုတာသိနေပြီးသား။ ဘာဖြစ်လို့ လည်းဆိုတော့ ဒေါ်စုတို့ ပါတီအနိုင်ရတာ မနာလိုတာပေါ့။ ဒေါ်စုကို ဘယ်လိုမှဝေဖန်လို့ မရတော့ တနည်းနည်းနဲ့ ပါတီသိက္ခာကျအောင်လုပ်တာလို့ ပဲထင်တယ်။ မီဒီယာတွေ စောက်ချိုးပြင်ကြတော့နော်။
    1. ဟုတ်တယ်ဗျာ မီဒီယာသမားတွေကလဲ လွန်လွန်းပါတယ် ငါသတင်းထောက်ဘဲ ဆိုပြီး မာန်တွေတက်နေကြတယ် စောက်ချိုးကိုမပြေဘူး..
      1. မီဒီယာကျီကန်းတွေ ၀ိုင်းအာဖို့ဘဲသိတယ်
        သတင်းရဖို့ သတင်းဖြစ်ဖို့ လူဖတ်များဖို့အတွက်ကလွဲပြီး ဘာမှမစဉ်းစားဘဲ
        ရေးချင်တာရေး၊ မေးချင်တာမေးတယ်
        တစ်ယောက်ဖြစ်ရင် မှားသည်/မှန်သည်မသိ ၀ိုင်းအာကြတယ်။
        1. မီဒီယာတွေက သူတို.ဒီလိုလေး ပြောခွင်.ဆိုခွင်.ရလာတာ ဘယ်သူ.ကြောင်.ဆိုတာ မေ.နေကြတယ်
          ထမင်းကျွေးတဲ.လက်ကို ကိုက်ဖို.ကြိုးစားတယ်
          ပြသနာမဟုတ်တာကို ပြသနာလုပ်ချင်တယ်
          ဂျာနယ်ရောင်းကောင်းတာ သတင်းထောက်နာမည်လေး နဲနဲရလာတာ
          ဘယ်သူ.သတင်းကြောင်.လဲ မသိတော.ဘူး
          ကိုယ်တော်လို.ပဲ ထင်နေကြတယ်
          ကင်မရာလေးကိုင် အသံလေးဖမ်း ဟုတ်လှပြီပေါ.
          ဘာကျင်.ဝတ်မှ မသိဘူး
  2. ကောင်းပါတယ်။ဒီမိုကရေစီခေတ်မှာဘယ်သူမှားမှားတရားစွဲဆိုတိုင်ကြားခွင့်ရှိပါတယ်။ဒီအဖြစ်ကတစ်ကယ်
    ဖြစ်တယ်လို့ယုံကြည်ပါတယ်။ပြည်သူတွေစံပြထားချင်တဲ့ပါတီမှာဒီလိုဖြစ်ရင်လည်းအရေးယူဆောင်ရွက်သင့်
    ပါတယ်။ဒီကိစ္စဦးဥာဏ်ဝင်းတို့ဘယ်လိုကိုင်တွယ်မလဲဆိုတာစိတ်ဝင်စားပါတယ်။ကိုယ့်လူဘက်ကိုရပ်တာမျိုး
    ဆိုရင်တော့ ကြံ့ဖွတ်နဲ့ထူးမခြားနားဖြစ်သွားပါလိမ့်မယ်။
  3. ..ဒေါ်စုနဲ့ဦးသိန်းစိန်ကိုကို ဖိုက်တဲ့သတင်း၊ဆောင်းပါးတွေကတော့ လူဖတ်များမှာသေချာကြောင်းပါ .. စီးပွားရေးသမား၊ ပြုတ်သွားတဲ့ အထည်ကြီးပျက်တွေ နိုင်ငံရေး၊လူမှုရေးနယ်မှာ မ၀င်နိုင်တော့ပဲ .. မီဒီယာလုပ်ငန်းထဲ အစုလိုက်အပြုံလိုက်ဝင်လာကြတာ သတိထားမိပါတယ်…
    အောက်က ချေပချက်ကို ကြည့်ပါဦး..
    လင်းဇော်ထက်
    View profile
    More options May 11, 3:16 pm
    နာမည်ကြီးချင်သူ ကိုမောပြေနှင့်
    နားလည်မှုလွဲမှားနေသူအားလုံးသို့မှုလွဲမှားနေသူအားလုံးသို့
    (ဖိုက်ကုန်တော့မယ်ထင်တယ်:P)
    ကိုမောပြေခင်ဗျား
    ကိုမောပြေ The Voice Weekly ကို အလုပ်သင် သတင်းထောက်အဖြစ် စရောက်လာစဉ်ကတည်းက
    အချိန်တွေကို ကျွန်တော် သတိရမိပါသေးတယ်။ သတင်းဆိုရင် လောဘအလွန်ကြီးတတ်တဲ့
    သတင်းထောက်ပေါက်စအဖြစ်လည်း အဲဒီအချိန်ကတည်းက ရာထူး အဆင့်အတန်းတွေရယ်၊
    အကြီးရယ်၊ အငယ်ရယ် မခွဲခြားဘဲ သူငယ်ချင်းတစ်ယောက်လို ယနေ့အထိ
    ဆက်ဆံခဲ့ပါသေးတယ်။ ခင်ဗျားသိမှာပါ ပြောမနာ၊ ဆိုမနာပုံစံမျိုးနဲ့ ဆက်ဆံဖူးတာ။
    ကိုမောပြေရဲ့ သတင်းထောက်သက်တမ်း သမိုင်းတစ်လျှောက်၊ ဘာတွေလုပ်ပြီး
    ဘာတွေဖြစ်ခဲ့တယ်ဆိုတာက အစ ကျွန်တော်သိတယ်ဆိုတာ ခင်ဗျားလဲ သိမှာပါ။ အခု
    ခင်ဗျားက အဖြစ်မှန်ကို တကယ်ကြုံတွေ့ခဲ့တယ်လို့ ဆိုတယ်နော်။ မနေ့က
    အစည်းအဝေးတစ်ခုမှာတုန်းက အခြားသက်သေတွေ ဖော်ပြတော့ ခင်ဗျား တိတိပပ ဘာမှ
    မချေပနိုင်ခဲ့ဘူး။ အခုမနက်လည်းကျရော ခင်ဗျားက ကိုယ်တွေ့ဆိုပြီး
    စာတစ်စောင်ရေးခဲ့တယ်။ ခင်ဗျားမှာ သက်သေတွေများရှိမလား လို့တော့ သိချင်မိတယ်။
    ပေါင်းလာခဲ့တာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းပီပီ ခင်ဗျားတော့ အကွက်ထွင်ပြီလို့
    ကျွန်တော်တွေးမိတယ်။ စိတ်တော့မဆိုးနဲ့ဦးနော် အတွင်းသိ၊ အစင်းသိချင်း
    ဖော်ကောင်လုပ်မိတာကို။ တစ်ချို့ကိစ္စတွေကိုတော့ ခင်ဗျားကို ထောက်ထားပြီး
    ဖွင့်မချတော့ပါဘူး။ ခင်ဗျားလိုမှ မလုပ်ရက်ပဲကိုး။ ခင်ဗျား ပို့စ်နဲ့
    အခြားပို့စ်တွေမှာတွေ့တဲ့ ကွန့်မန့်တွေကို ဖြေရှင်းချင်လို့သာ ဒီစာကို
    ကိုယ့်ဝေါမှာ တက်ရေးရတာတော့ နားလည်ပေးစေချင်ပါတယ်။
    နံပါတ် ၁ က ခင်ဗျားလည်း သိမှာပဲ ကျွန်တော်က ပါတီလက်ကိုင်တုတ်၊
    အစိုးရလက်ကိုင်တုတ်၊ အဖွဲ့အစည်းလက်ကိုင်တုတ်လို့ သံသယရှိရင်ပဲ
    အဲဒီအဖွဲ့အစည်းမျိုးမှာ၊ လုပ်ငန်းမျိုးမှာ အလုပ်လုပ်ဖို့မဆိုထားနဲ့၊
    အလုပ်လုပ်ဖို့ စဉ်းစားမယ်ဆိုတာမျိုးတောင် မရှိခဲ့ဘူးဆိုတာ။
    နံပါတ် ၂ က ကြံဖွံ့ဂျာနယ်လို့ လူတွေထင်နေကြတယ်။ ခင်ဗျားအနေနဲ့
    ခင်ဗျားပို့စ်ကို တာဝန်ယူတဲ့ အနေနဲ့ အဲဒီကွန့်မန့်မျိုးတွေကို
    ခင်ဗျားခြေဖျက်ပေးသင့်တယ်။
    နံပါတ် ၃ က အခု ဒီဂျာနယ်ကို ဘယ်လုပ်ငန်းရှင်ကမှ ပိုင်တာမဟုတ်ဘူး။
    ဘယ်သူကမှလည်း ကြိုးဆွဲနေတာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ Weekly Express Times
    ဆိုတဲ့ သတင်းဂျာနယ်ကို ထမင်းအငတ်ခံနိုင်တဲ့ ကျွန်တော်တို့ အယ်ဒီတာအဖွဲ့က
    ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ထုတ်နေတယ်။ ကိုယ့်ထမင်းကိုယ်စားပြီး အကျိုးအမြတ်ဆိုတာ
    ဘာမှန်းမသိသေးတဲ့ ကျွန်တော်တို့ အယ်ဒီတာအဖွဲ့က ထုတ်နေတာ။
    နံပါတ် ၄ က တစ်ချိန်က ဦးအောင်ဇော်မြင့် ပိုင်ခဲ့ဖူးတာ ဟုတ်ပါတယ်။ ဒါပေမယ့်
    အခု ထုတ်ဝေသူက ကျွန်တော် ကိုယ်တိုင်ပါ ကိုမောပြေ။ ဘယ်သူ့ဆီက ပိုက်ဆံမှ
    မရပါဘူး။ ပွင့်ပွင့်လင်းပြောရရင် ခင်ဗျားနိုင်ငံရပ်ခြားကရတဲ့ စာမူခလောက်တောင်
    ကျွန်တော့် အကျိုးအမြတ် မရှိပါဘူ။
    နံပါတ် ၅ က ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို ထောက်ခံရင် နိုင်ငံရပ်ခြားက
    စပွန်ဆာကောင်းကောင်းရမှာပဲ ဆိုတာမျိုး မျှော်လင့်နေရင်တော့ ခင်ဗျား
    မီဒီယာသမားမလုပ်နဲ့တော့လို့ အကြံပေးပါရစေ။
    နံပါတ် ၆ က တစ်ဖက်သက်ကြေညာချက်ထုတ်တယ်ဆိုတာထက် တရားဝင်ကန့်ကွက်စာပို့တယ်
    ဆိုတာ ကျွန်တော့်စာမှာ အရှင်းကြီးပါနေတာပဲ။ မှန်တယ်။ မှားတယ်
    နှစ်ဖက်စုံစမ်းပြီးရင် အမှန်တရားက ဘယ်မှ မပြေးပါဘူး။ အခွင့်ကောင်းယူ
    နာမည်ကြီးချင်ရင် သူငယ်ချင်းပေါ်မှာတော့ အမြတ်မထုတ်ပါနဲ့လို့ တောင်းပန်ပါရစေ။
    နံပါတ် ၇ န၊ အ၊ ဖ အရေခွံလဲ ကြိုးကိုင်တဲ့ သတင်းဌာနလို့ အချို့က
    စွပ်စွဲကြတယ်။ ကျွန်တော့်နာမည်ကို ထပ်ကြေညာပါရစေ။ ကျော်ကျော်မင်းပါ။
    ဘယ်တုန်းကမှ။ ဘယ်တုန်းကမှ တစ်စုံတစ်ခုရဲ့ ကြိုးကိုင်ချယ်လှယ်တာမျိုး
    မခံခဲ့ဘူးဖူး။ ခုလဲမလုပ်ဖူး။ နောင်လဲမလုပ်ဖူးဘူး။ ကြိုက်သလို စုံစမ်းပါ။
    ကိုမောပြေလဲ သိမှာပါ။ ကျော်ကျော်မင်းဆိုတဲ့ ကျွန်တော် ဘယ်လိုခံယူချက်နဲ့
    အလုပ်လုပ်နေတယ်။ ဘာတွေလုပ်ခဲ့ဖူးတယ်ဆိုတာ ကိုမောပြေ သိပါတယ်။
    နံပါတ် ၈ ခင်ဗျားအမြတ်ထုတ်တာ အရေးမကြီးပါဘူး။ ကိုမောပြေ ခင်ဗျားကြောင့်
    မီဒီယာတွေအပေါ် ပြည်သူတွေ အထင်လွဲရင် ခင်ဗျားမှာ တာဝန်ရှိတယ်ဆိုတာလေး
    ခင်ဗျားကို သတိပေးချင်တယ်။ ငခုံးမတစ်ကောင်ကြောင့်
    တစ်လှေလုံးမပုတ်စေချင်ဘူးဗျာ။
    နံပါတ် ၉ က ဦးခင်ရွှေဆို ခင်ဗျားတို့ ဘာမှ ပြောမှာမဟုတ်ပါဘူး။ ထက်ထက်မိုးဦး
    တုန်းက ဘာလို့ ပါးစပ်ပိတ်နေလည်းဆိုတဲ့ ကွန့်မန့်တွေ တွေ့တယ်ဗျာ။
    ခင်ဗျားသိပါတယ်။ ထက်ထက်မိုးဦးနဲ့ ပြသနာတက်နေတုန်းက ကျွန်တော်တို့ The Voice
    Weekly မှာရှိစဉ်မှာပါ။ ကျွန်တော်တို့ The Voice Weekly နှစ်ပတ်တောင်
    အပိတ်ခံခဲ့ရသေးတယ်။ ဦးခင်ရွှေရဲ့ မီဒီယာသမားတွေကို ဝေဖန်မှု နဲ့ ပတ်သက်ပြီး
    ကန့်ကွက်တော့ရော ကျွန်တော်တို့ လူနှစ်ရာကျော် လက်မှတ်ထိုးခဲ့တယ်။ ခင်ဗျားပါ၊
    မပါ မသိဘူးနော်။ ကျွန်တော်တို့ လုပ်ခဲ့တာလေးကို ပြောတာ။
    နံပတ် ၁၀ က ခင်ဗျားအပါအ၀င် တစ်ချို့က အန်တီစုကို ထိခိုက်မှာစိုးလို့၊
    အန်အယ်လ်ဒီရဲ့ ရှေ့ရေးကို ထိခိုက်မှာစိုးလို့ဆိုပြီး ကျွန်တော့်
    ဆီဖုန်းဆက်ကြတယ်။ ကျိတ်ပြီး ဖြေရှင်းလိုက်ပါလားလို့လည်း အကြံပေးတယ်။
    ခင်ဗျားစဉ်းစားကြည့်ပါဦး အန်အယ်လ်ဒီက နောက်ဆို အာဏာရပါတီ
    ဖြစ်လာမယ့်အခြေအနေရှိတယ်။ ကျိန်းသေတယ်လို့ လူတိုင်းယုံကြည်နေတာပဲ။ ခုကတည်းက
    ကိစ္စသေးသေးလေးတွေဆိုပြီး ကျွန်တော်တို့ မီဒီယာပီပီမရပ်ဘဲ
    ကျိတ်ဖြေရှင်းရမယ်ဆိုရင် နောင်ရော —— မီဒီယာဆိုတာက
    အမှန်တရားအတွက်ရပ်ရမယ်လို့ ခင်ဗျား သင်ကြားဖူးတာပဲ။ အမှန်တရားအတွက်ရပ်မှာလား။
    ဟိုလူ့ဆိုရင် ကြိတ်ဖြေရှင်း၊ ဒီလူ့ဆိုရင် အော်ချက်လုပ်၊ ဟိုအဖွဲ့အစည်းဆို
    တိုးတိုးတိတ်တိတ်ညှိနှိုင်း၊ ဒီအဖွဲ့အစည်းဆိုရင်
    တရားစွဲဆိုတာမျိုးလုပ်သင့်ပါသလား။ နံပါတ် ၁၁ မီဒီယာတွေက ခုမှ အမေစုက
    တူတူတန်တန် ဆက်ဆံလို့ လူပါးဝတယ်ဆိုတာမျိုး တွေ့မိပါတယ်။ မီဒီယာ ဆိုတာက
    နှိပ်ကွပ်ခံရစဉ်မှာလည်း မီဒီယာအလုပ်လုပ်ခဲ့တာပါပဲ။ တူတူတန်တန် ဆက်ဆံခံရတော့
    မီဒီယာအလုပ်တွေကို ပီပီသသလုပ်ခဲ့ဖူးတာပဲ။ ထောင်ထဲရောက်သွားခဲ့တဲ့ သတင်းသမားတွေ
    အများကြီး ရှိခဲ့ဖူးတာ ခင်ဗျားသိပါတယ်။ ခင်ဗျားကိုယ်တိုင်တောင်
    အချုပ်ခန်းထဲရောက်နေတဲ့ အချိန် ဘယ်သူလာထုတ်ပေးတာတုန်း။ ကျွန်တော့်အကိုပဲ
    မဟုတ်ဖူးလား။ ခင်ဗျားမှတ်မိပါတယ်။ ညကြီးသန်းခေါင် ဘယ်သူက လာပြီးခင်ဗျားကို
    ကူညီကဲ့သတုန်း ကိုမောပြေ။ ဇာတ်တူသားမစားကောင်းပါဘူးဗျာ။
    ခင်ဗျားရေးထားတာမဆိုးပါဘူး။ ခင်ဗျားရဲ့ ဖန်တီးနိုင်စွမ်းအနုပညာလည်း
    တကယ်မြောက်တယ်။ ဒါလည်း ခင်ဗျား ကျွမ်းကျင်တဲ့ ပညာဆိုတာ ကျွန်တော်သိပါတယ်။
    ပြောချင်တာတစ်ခုက အမှန်တရားကတော့ ပေါ်ထွက်လာဦးမှာပါ။ အဲဒီတော့ အဖြစ်အပျက်က
    ဘယ်ဟာမှန်တယ်။ ဘယ်ဟာမှားတယ် ဆိုတာအခု အငြင်းမပွားချင်ဘူး။ ကိစ္စပြီးရင်တော့
    မှားတဲ့သူဘက်က တောင်းပန်ကြေးပေါ့။ ခင်ဗျားကြောင့် နစ်နာသွားသမျှကိုလည်း
    ခင်ဗျားတာဝန်ယူဖြေရှင်းပေးလိမ့်မယ်လို့
    ယုံကြည်ပါတယ်။by(kyawmin
    )
    2012/5/11 ANDREW @
    > အမှန်ကိုပြောပြပေးတာ ကျေးဇူး(အထူး) ပါ ခင်ဗျာ။
    > 2012/5/11 လင်းဇော်ထက်
    >> NLD လုံခြုံရေး တာဝန်ရှိသူအပေါ် Express Times ဂျာနယ်၏ စွပ်စွဲချက် မမှန်ကန်
    >> ၈ ရက်နေ့ကပြုလုပ်တဲ့ ရွှေမင်းသားဖောင်ဒေးရှင်းးးရဲ့ လေးနှစ်ပြည့်အခမ်းအနားကို
    >> ကျတော်လဲတက်ရောက်
    >> သတင်းယူပါတယ်… ဒါကြောင့် ကိုကျော်စိုးနိုင် နဲ့ သတင်းထောက်တို့ဖြစ်တဲ့
    >> ပြသနာကို အစအဆုံး သိရှိမြင်တွေ့လိုက်ရသ
    >> လို ပြသနာကြီးးးမလာအောင် ကိုကျော်စိုးနိုင် နဲ့ သတင်းထောက်တို့ကြားမှာ
    >> တောက်လျှောက်မတ်တပ် ရပ်နေခဲ့ပါတယ်…
    >> Express Times ဂျာနယ်၏ စွပ်စွဲချက် တွေဖြစ်တဲ့
    >> ကိုကျော်စိုးနိုင် မှ ” ဟေ့ကောင် ဓါတ်ပုံမရိုက်နဲ့” တားမြစ်တာ
    >> မဟုတ်ပါ။။။ တခြားပွဲလာသူများရှေ့မှာ မီဒီယာပေါင်း များစွာက
    >> ပိတ်ကွယ်နေတာကြောင့် တော်ပါတော့ တော်ပါတော့ … ပြီး
    >> မှ ဆက်ရိုက်ပါဆိုပြီးးး ပြောခြင်းးးပါ… ကျန်တဲ့ သတင်းထောက်တွေ
    >> နောက်ဆုတ်ပေးပေမယ့် Express Times ဂျာနယ် သ
    >> တင်းထောက်ကတော့ နောက်မဆုတ်တာကြောင့် အခုတော့တော်သင့်ပြီညီလေး ပြီးမှ
    >> ဆက်ရိုက်လို့ပြောတာကြားလိုက်တယ်…
    >> တစ်ဆက်တည်း မြင်လိုက်ရတာက သတင်းထောက်က ကိုကျော်စိုးနိုင် မျက်နှာကို
    >> တံတောင်နဲ့ နောက်ပြန်ထိုးလိုက်ပြီး ကျုပ်
    >> က သတင်းထောက်.. ဓါတ်ပုံ ရိုက်ရမှာပဲလို့ ပြန်ပြောခဲ့တယ်… Express Times
    >> ဂျာနယ်၏ ကိုယ့်ဘက်ကိုယ်ကာထားတဲ့ “ဟုတ်
    >> ကဲ့ပါ…ကျတော် ဒီတစ်ပုံလောက် ရိုက်ပါရစေ ” ဆိုတဲ့ စကားကို သတင်းထောက်က
    >> လုံးဝမပြောခဲ့ပါ။။။
    >> အမှန်က ကျတော်လဲသတင်းထောက် အနေနဲ့ သတင်းယူနေရင်းပဲ
    >> တွေးကြည့်ပါတယ်… သတင်းထောက်တွေ
    >> က အမေစု ရဲ့ လက်တစ်ကမ်းးးမှာပါ… သတင်းထောက်ဆိုတာကို ထင်ရှားစွာ သိနိုင်တဲ့
    >> အမှတ်အသား ဂျို မပါပါဘူး… ဒီတော့
    >> သတင်းထောက်ယောင်ဆောင်ပြီး အမေစု ကို လုပ်ကြံမယ်ဆိုရင်တောင် အင်မတန် လွယ်တဲ့
    >> ကိစ္စဖြစ်နေတယ်… မဖြစ်နိုင်ဘူးး
    >> လို့ ဘယ်သူပြောမလဲ… ဗိုလ်ချုပ် ကိုတောင် လူယုတ်မာတွေက ဒီလိုပဲ
    >> သတ်ခဲ့တာပဲ…
    >> အဲ့ဒီနောက် ပြသနာက ပြီးမသွားတာက Express Times ဂျာနယ်၏
    >> သတင်းထောက်က NLD လုံခြုံရေးတွေ ရွေး
    >> ပြီး ဓါတ်ပုံလိုက်ရိုက်ပါတယ်… ဒီလိုမျိုးတော့ သတင်းထောက်အလုပ်ကို
    >> မာန်တက်ပြီး အညိုးထားတာမျိုး မလုပ်သင့်ပါဘူး…
    >> ကျတော်မြင်တာကတော့ အမှုတစ်ခုဖြစ်ရင်တောင် တရားရုံးမှာ သူဘက် ၊ ကိုယ့်ဘက်
    >> လျှောက်လဲချက်တွေနဲ့ အမှားအမှန်
    >> ဆုံးဖြတ်တာပါ… Express Times ဂျာနယ်၏ အယ်ဒီတာချုပ်က NLD ရုံးကို တရားဝင်
    >> စာရေးတိုင်ကြားတာကို ကြိုဆိုပါတယ်..
    >> . ဒါပေမယ့် ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် အဖြေမစစ်ရသေးဘဲ
    >> ကိုယ့်သတင်းထောက်ပြောတာကိုပဲ အမှန်လုပ်ပြီး ဦး
    >> ကျော်စိုးနိုင် ကို စုန်းပြူး လို့ သုံးနှုန်းခြင်း ၊ မှန်၏ မမှန်၏ သေချာစွာ
    >> အဖြေမထွက်ခင် လူတစ်ယောက် ရဲ့ဓါတ်ပုံ ကို ကြေညာ
    >> ချက်မှာ ကပ်ပြီး လူသိရှင်ကြား သတင်းဖြန့်ဝေပြောဆိုခြင်း တို့ကတော့
    >> မသင့်တော်ပါဘူး… မီဒီယာ လက်နက်ကို အလွဲသုံး
    >> ရာရောက်ပါတယ်…
    >> လေးစားပါတယ်ဗျာ
    >> မှားတာရှိလဲ ထုံးစံအတိုင်း ဆုံးမကြပါ
    >> မောပြေ (ဖေ့စ်ဘုတ်)
    >> အဂ္ဂမဟာ ဒီမိုဖက်တီး
    >> ကျော်စိုးနိုင် (ခ) ကိုဘောကြီးဆိုတာ ဘယ်သူလဲ …….. အားလုံးက
    >> လေးစားဂုဏ်ပြုကျတဲ့ ၈၈ ခေါင်းဆောင် စာရင်းထဲ မှာတော့ သူ့နာမည် မပါပါဘူး ….
    >> ဒါပေမယ့် အဲသည် ရွှေတိဂုံဘုရား ဟောပြောပွဲ ကနေ စလို့ ယုံကြည်ရတဲ့ ကိုယ်ရံတော်
    >> တစ်ယောက် ၊ အနာခံ အကြိမ်ကြိမ် အဖမ်းခံခဲ့ရတဲ့ ဒေါ်စုရဲ့ တပည့်ရင်း တစ်ယောက်ပါ
    >> ……
  4. လူရှေ့ထွက်မရပ်ဘဲ ခံယူချက်အပြည့်နဲ့ ရပ်တည်၊ လုပ်ဆောင်နေကြတဲ့ အများမသိတဲ့ ကလကာ နောက်ကွယ်က ၈၈ အညတရ သူရဲကောင်းတွေ၊ သူတော်ကောင်းတွေ အများကြီးရှိပါသေးတယ်။
    အခုချိန်မှာ နေ့မအား ညမနား ဖိစီးမှုအပြည့်နဲ့ အလုပ်လုပ်နေကြရတဲ့ ဒေါ်စုရဲ့ အနီးက ဘာလက်နက်မှ မကိုင်ဘဲ အသက်နဲ့ရင်းပြီး လုံခြုံရေး တာဝန်ယူပေးနေသူတွေကို မီဒီယာသမားတွေအနေနဲ့ ကိုယ်ချင်းစာစိတ် မွေးသင့်တယ်။
    အခုဖြစ်စဉ်မှာ သတင်းထောက်ကလည်း နဂိုဓာတ်ခံကိုက အစွယ်တ၀င့်ဝင့် လုပ်ချင်နေတာကို မြင်နေရတယ်။ အတွေ့အကြုံနဲ့ စိတ်ဓာတ်တွေ မရင့်ကျက်သေးသရွေ့တော့ ဒီလိုမျိုးတွေ ရှိနေမှာပဲ။ ကောင်းတဲ့ လက္ခဏာမဟုတ်ပါဘူး။ အာလုံးဟာ ညီညွတ်နေသင့်ပါတယ်။
  5. တစ်ဦးနှင့်တစ်အပြန်လှန်လေးစါးပါ၊၊
  6. တစ်ဦးနှင့်တစ်ဦးအပြန်လှန်လေးစါးပါ၊၊ I do,nt believe on journal list of Express time journal.
  7. NLD လုံခြုံရေးကို အကြုံတစ်ခု ပြုပါရစေ။ နောက်ဆို သတင်းထောက်တွေကို၊အတီစုနဲ့၊အနီးကပ်အောင်၊ဓါတ်ပုံတွေရိုက်ခွင့်၊မပေးကြပါနဲ့လို့.။အခုလိုမျိုးကြေးစားသတင်းထောက်တွေရှိလာရင်၊အန်တီစုရဲ့၊အသက်အန္တာရာယ်အတွက်၊စိုးရိမ်နေရတယ်။ဒီလို လူပါးဝတဲ့၊သတင်းထောက်ကို၊ဘယ်သူက၊ဓါတ်ပုံလာရိုက်ပါလို့ ခေါ်တာလဲ၊မဟုတ်ဘူး။တို့ မြန်မာပြည်က၊သတင်းထောက်တွေ၊ဒီလူ့ ကို၊ဘယ်လို ဆုံးမရမလဲ။နောက်ဆို NL က သတိထားကြပေတော့။လူအုပ်တောထဲမှာတော့၊အန်တီစုရဲ့ အသက်ကို အန္တရာယ် ကကွယ်တဲ့ အနေနဲ့။ ပေ ၅၀၀ လောက်နဲ့ပဲ၊ သတင်းထောက်တွေကို၊နေရာ ပေးကြပါ။ကျနော်က ပုလဲမြို့၊ကလေးမြို့၊တပ်စွယ် ၁၉ ကပါ။
  8. Daw Saw life is priceless for Myanmar. NLD should lay down a protocol for movement of Daw Su. For the sake of the country, Daw Su should attend only the selected occasion. She should cut do down the personal contact with the strangers even the reporters. Arrange in some ways like cordons so that reporters/strangers cannot physically reach Daw Su.NLD youth team should keep a photo Database in PC of Reporters for rapid ID on the spot and allow them to approach near Daw Su. NLD can hire a security advisory who can train the youth for tactful handling.Use modern technology appropriately for Daw Su’s safety eg TV monitoring, recording of the close perimeters, analyzing the videos hand phones, plan for escape route etc..
    Journals should cooperate by giving NLD the IDs and Photos of reporters and update them.
    Both side should respect each other, and adopt a systemic ways. We need to prevent the hooliganism of some NLD youth and also Paparazzi habit of reporters.I always have great respect for NLD youth who sacrifice their lives for Daw Su at Depayin but the youth and reporters need a little discipline from their organizations.
  9. Why don’t they resolve this issue face to face!
    It is just a small matter and shouldn’t explode as such. Both are doing their jobs.
    Frankly, media in burma (now a day) are taking so much advantage. They are like having free license to criticize others. They should work as a professional.
  10. သောက်တုံးမကျတယ့်ဟာတွေပဲ ။ တလွဲဆံပင် သူရဲကောင်းလုပ်ချင်နေကြတယ် ။
    အမှန်အတွက်တိုက်ပွဲဆိုတာ ဒါကိုပြောတာလား ၊ မြန်မာပြည်အတွက် အမေစုကို သိက္ခာကျစေမယ့် ၊ လုပ်ရပ်ကိုလုပ်တယ့်ကောင်တွေ အားလုံး လီးဘဲ ။
    အခုအချိန်အထိ ဘာအရေးကြီးမှန်းမသိဘူး ။ ကိုယ့်အတွက်ပဲကိုယ်တိုက်နေကြတယ် ။
    အများအရေးနဲ့ ကိုယ့်အရေး ဘယ်ဟာအရေးကြီးလဲ ၊
    ဒီပိုစ်ကိုရေးတယ့်ကောင်တွေ တင်တယ့်ကောင်တွေ သတင်းပြန့်အောင်လုပ်တယ့် ကောင်တွေ အားလုံး
    အောကားသွားရိုက် ။ မကျေနပ်တဲ့ကောင်လိပ်စာသာပြော ။
    တောက်တောက်တောက်တောက်တောက်
  11. သတင်းသမားဆိုတာ မရှိမဖြစ်လိုအပ်တာတော့မှန်တယ် ။လုံခြုံရေးဆိုတာလဲမရှိမဖြစ်လိုတာပါပဲ သူနေရာနဲ့ သူ့ စည်းကိုယ်စည်းထားရင် အဆင်ပြေသွားမှာပါ/
  12. သတင်းထောက်တွေက ငါတို့အချိန်ရောက်ပြီဆိုပြီး သိပ်နာမည်လိုချင်နေကြလား။
  13. Use camera or video with zoom functions .
    Will solve both sides problems.
    Security >>>>> news…
    Have insight..
  14. သတင်းသမားတွေအနေနဲ. ဆင်ခြင်သင့်ပါတယ် ဗိုလ်ချုပ်အောင်ဆန်းတုံးက အကာအကွယ်မဲ.ခဲ.လို. တိုင်းပြည်နစ်နာခဲ့၇တယ် ယခုလည်းအမေစုက တိုင်းပြည်နဲ.လူထုအတွက်လုပ်ဆောင်နေတာပါ အမေစု၇ဲ.လုံခြုံမှုအ၇ဖြစ်သွားတယ်လို.မြင်တယ် ကိုယ့်အတွက်မကြည့်ဘဲ ပြသနာရှာစ၇ာမလိုပါ တိုင်းပြည်ကိုကောင်းအောင်လုပ်နေသူရှိသလို မကောင်းဘက်ေ၇ှ့ဂှုနေသူတွေရှိနေပါတယ် ဒါကိုသတင်းသမားတွေအနေနဲ. နားလည်ပေးဖို.လိုအပ်ပါတယ်။
  15. မကြည့်ရသေးသူများအတွက်
    – NLD နာယက ဘဘဦးတင်ဦး က Express Times ဂျာနယ်၏ စွပ်စွဲချက် အပေါ် မိန့်ခွန်းအတွင်း ထည့်သွင်းဖြေရှင်း(ရုပ်/သံ)
    http://www.thithtoolwin.com/2012/05/nld-express-times_12.html?m=1
    – ကိုကျော်စိုးနိုင် နှင့် အင်တာဗျူး (ရုပ်/သံ)
    http://www.thithtoolwin.com/2012/05/blog-post_7456.html?m=1
Comments are closed.