သတင်းပဒေသာ

ကျေးဇူးတော်ရှင် ဝါဆိုဆရာတော်ဘုရားကြီး သက်တော် (၉၅) နှစ်ပြည့်မွေးနေ့ ဝိဇာတမင်္ဂလာအထိမ်းအမှတ် ကုသိုလ်တော်ပွဲကျင်းပ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မိုးမခမိတ်ဆွေ (မန္တလေး)၊ မေ ၁၀၊ ၂၀၁၂

နိုင်ငံတော်သြဝါဒါစရိယ ရွှေကျင်နိကာယာဓိပတိဥက္ကဋ္ဌ၊ မဟာနာယက၊ ဓမ္မသေနာပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓဇော တိက ကျေးဇူးတော်ရှင် ရွှေကျင်သာသနာပိုင် သက်တော်ရှည် ဝါဆိုဆရာတော်ဘုရားကြီး ဘဒ္ဒန္တအဂ္ဃိယ မဟာထေရ်မြတ်ကြီး၏ သက်တော် (၉၅) နှစ်ပြည့် မွေးနေ့ဝိဇာတမင်္ဂလာပွဲကို မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓါရုံ တိုက်သစ်၌ ခြိမ့်ခြိမ့်သဲ ကျင်းပလျက်ရှိကြောင်း သိရပါသည်။

မွေးနေ့မင်္ဂလာ ရက်မြတ်ရတနာကို သုံးရက်တိုင်ကျင်းပမှာဖြစ်ပြီး ဧည့်ခံပွဲများ၊ အထူးတရားပွဲများဖြင့် ထူးခြားစွာကျင်းပ မှာဖြစ်ကြောင်း၊ သံဃာ့ပရိသတ် လူပရိသတ်အား တစ်နေ့တာ အာဟာရ ဆက်ကပ်လှူဒါန်း ကျွေးမွေးဧည့်ခံခြင်းကို ၈ – ၅ – ၂၀၁၂ မှ ၁၀ – ၅- ၂၀၁၂ ထိ သုံးရက်တိုင်တိုင် ကျင်းပမှာဖြစ်ကြောင်း၊ ၁၀ – ၅- ၂၀၁၂ ရက်နေ့တွင် တိပိဋကဓရ ယောဆရာတော်ကိုယ်တိုင် ကြွရောက်ချီးမြှောက်မှာ ဖြစ် ကြောင်း သိရပါသည်။

အဆိုပါမွေးနေ့ပွဲသို့ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်း နာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ (မစိုးရိမ်) လည်း တက် ရောက်ခဲ့ကြောင်း၊ မွေးနေ့ပွဲ ဒုတိယနေ့နှင့် တတိယနေ့များတွင် အရှင်ဝီရသူ (မစိုးရိမ်) ဟောကြားသော အမျိုးသားရေး၊ နိုင်ငံရေး၊ သာသနာ ရေး၊ ဘာသာယဉ်ကျေးမှုနှင့်ပတ်သက်သည့် တရားတော် စီဒီအချပ် နှစ်ထောင်ကို သက်တော်ရှည် ဝါဆိုဆရာတော်ဘုရားကြီးအား ပူဇော် သည့်အနေဖြင့် ကြွရောက်လာသည့် သံဃာ့ပရိသတ် လူပရိသတ်အား လှူဒါန်းမှာဖြစ်ကြောင်း သိရပါသည်။

သက်တော်ရှည် ဝါဆိုဆရာတော်ဘုရားကြီးသည် အရှင်ဝီရသူတို့ အကျဉ်းကျနေစဉ် အရှင်ဝီရသူနှင့် အရှင်ဝီရသူ၏ ဆရာ ဦးဇနိတာဘိဝံသတို့ အဖွဲ့သားအားလုံး လွတ်မြောက်ရာလွတ်မြောက်ကြောင်း အမြဲတမ်းကြိုးပမ်းအားထုတ်ခဲ့သူဖြစ်ကြောင်း၊ ထောင်ထဲထိကြွရောက်ပြီး တရား ဟောခြင်း၊ သြဝါဒပေးခြင်း၊ အားပေးခြင်း၊ ထောက်ပံ့ခြင်း၊ ထောင်အာဏာပိုင်များထံ အပ်နှံခြင်းများပြုလုပ်ကာ လွန်စွာဂရုစိုက်သူဖြစ်ကြောင်း ထောင်သို့ကြွ၍ တရားဟောစဉ် အရှင်ဝီရသူတို့ ဆရာတပည့်ကို မကြည့်ရက်၍ မျက်ရည်ဖြိုင်ဖြိုင်ကျကာ စကားမပြောနိုင်တော့သည့်အထိ ခံစားခဲ့ရဖူးသူဖြစ်ကြောင်း၊ ဆရာတော်ကြီး မျက်ရည် ကျပုံကို တွေ့မြင်ရသော ဝန်ထမ်းများနှင့် အကျဉ်းသားအားလုံး စိတ်ထိခိုက်ကြရကြောင်း “သာသနာပိုင်လည်း သာသနာကိုမပိုင်တော့ပါဘူးကွာ” ဟူသော ဆရာတော်ကြီးစကားနှင့် “သာသနာပိုင်ကျသည့်မျက်ရည်”ဟူသော ဆောင်းပါးတို့ လွန်စွာထင်ရှားခဲ့ကြောင်းလည်း သိရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts