ဓာတ်ပုံသတင်း

ကင်တက်ကီပြည်နယ် ဗုဒ္ဓေါ၀ါဒကျောင်း ဘာသာပေါင်းစုံစုံတဲ့ ဗုဒ္ဓနေ့ပွဲတော်ကျင်းပ


မိုးမခမိတ်ဆွေ (ကင်တက်ကီပြည်နယ်)
မေ ၉၊ ၂၀၁၂

ကင်တက်ကီပြည်နယ် ဘိုးလင်းဂရင်းမြို့ ဗုဒ္ဓေါဝါဒကျောင်း စတုတ္ထအကြိမ်မြောက် နှစ်သစ်ကူးနှင့် ကဆုန်လပြည့်ဗုဒ္ဓနေ့ မေလ (၅) ရက် ၂၀၁၂ စနေနေ့တွင် ကင်တက်ကီပြည်နယ်နှင့် ထင်နက်စီပြည်နယ်ရှိ ဒကာဒကာမများစုပေါင်း၍ ဗုဒ္ဓေါဝါဒကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်၊၊

မနက်ပိုင်း (၉) နာရီတွင် သံဃာတော်များက ဘုရားအနေကဇာတင်ခြင်းနှင့် ဒကာ ဒကာမများကလည်း ဆင်းတုတော်များအား ရေသပ္ပါယ် ပူဇော်ကြပါတယ်၊၊

အထူးအစီအစဉ်အနေနဲ့ မြန်မာ့ပိုက်ကျော်ခြင်းလုံး အသင်း (၆) သင်းပြိုင်ကြရာ ပထမဆုရရှိသောအသင်းအား ဆရာတော်မှဆုများချီးမြင့်ခဲ့ ပါတယ်။ ပိုက်ကျော်ခြင်းနှင့် နှစ်သစ်ကူးသင်္ကြန်ကပွဲ ကျောင်းတိုက်အတွင်းမှာ ဆူဆူညံညံ ဖြစ်နေမို့ ဒီတခါတော့ ကျောင်းနားက အိမ်တွေက နားလည်မှုယူထားတော့ အဆင်ပြေပါတယ်။ ပျော်ပွဲရွင်ပွဲအချိန်ဆိုရင်တော့ ခရစ်ယာန်ရော မူစလင်ပါမကျန် အားလုံးလာကြပါတယ်။ ဘာ သာမတူပေမဲ့ လူမူရေးကိစ္စတွေမှာ ကျောင်းထိုင်ဘုန်းကြီးက ကူညီလိုက်ပါဆောင်ရွက်တာကြောင့်လည်း ကျောင်းပွဲတိုင်းမှာ ဘာသာခြားတွေ လည်း ဆွမ်းတအုပ် ဒံပေါက်တအိုး ချောက်ဆွဲကြော်တပန်း လူမျိုးစုံး ဘာသာစုံဆင်နွှဲတဲ့ပွဲတော်တခု ဖြစ်သွားခဲ့တယ်၊၊

ညနေပိုင်း (၃) နာရီမှာ လှူဒါန်းခဲ့သောကုသိုလ်များကို ၀မ်းမြောက်ဖွယ်ရာ ဗုဒ္ဓေါဝါဒဆရာတော်မှ တရားချီးမြင့်၍ ရေစက်ချအမျှပေးဝေခဲ့ပါတယ်။

အခမ်းအနား မှတ်တမ်းဓာတ်ပုံများ

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts