မိုးမခကို ပေးတဲ့စာ

မိတ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ သတင်းထုတ်ပြန်ခဲ့သည့် ကောင်းကင်ကုမ္ပဏီ၏ အနိုင်ကျင့်ဗိုလ်ကျမှုအကြောင်း (ပေးစာ)

မေ ၇၊ ၂၀၁၂

မိတ္ထီလာမြို့

ပြည်သူ့အကျိုးဆောင်ကွန်ယက်
သတင်းထုတ်ပြန်ကြေငြာချက်
၁၃၇၄ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်နေ့
(၂၀၁၂ ခုနှစ်၊ မေလ ၃ရက်)
………………………

လူသားချင်းစာနာမှုကင်းမဲ့စွာ အနိုင်ကျင့်ဗိုလ်ကျနေသော ကောင်းကင်ကုမ္ပဏီ
မိတ္ထီလာ၊ မလှိုင်၊ ၀မ်းတွင်း ဆုံ (၃) ဆုံဒေသအတွင်းရှိ (၃၈ ၁၊ ၃၈၂) ကွင်းအမှတ်ရှိ မြေ (၂၆၈) ဧကကို အစိုးရအဖွဲ့၏လုပ်ကိုင်ခွင့်အာဏာကိုရရှိထားသော ကောင်းကင်ကုမ္ပဏီ (ဦးခင်မောင်ဌေး + ဒေါ်ခင်မာကြူ) မှ အဓမ္မသိမ်းယူခဲ့ပါသည်။ လယ်ယာမြေကိုအမှီပြု၍ နိုင်ငံ၏စားနပ်ရိက္ခာပြတ်လပ်မှုမရှိစေရန်အတွက် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း ၊ နေကြာစိုက်ပျိုးနေသော တောင်သူလယ်သမားများမှာ လယ်မဲ့၊ ယာမဲ့၊ အလုပ်အကိုင်မဲ့ဘ၀ကိုရောက်ရှိနေရပါသည်။ ဒေသခံတောင်သူများမှ မန္တလေးဒေသကြီး ၀န်ကြီးချုပ် ၂၀၁၀ အနိုင်ရပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်အသီးသီးဆီသို့တင်ပြခဲ့သော်လည်း ၂၀၁၀ အနိုင်ရပါတီ လွှတ်တော်ကိုယ်စားလှယ်အသီးသီးမှ အနှိမ်ခံတောင်သူလယ်သမားများ၏ဘ၀ကိုလျစ်လျှူရှုပြီး ကုမ္ပဏီအကျိုးအတွက်သာ အသီးသီးတာ ၀န်ယူဖုံးဖိခဲ့သည်။

ကောင်းကင်ကုမ္ပဏီမှလည်း တောင်သူများစိုက်ပျိုးဆဲသီးနှံများကို လူအင်အား၊ လုပ်ပိုင်ခွင့်အာဏာများဖြင့် ဖျက်ဆီးခဲ့ပြီး ကုမ္ပဏီမှ သနပ်ခါး နှင့် သရက်ပင်များကိုဝင်ရောက်စိုက်ခဲ့ကြသည်။ တောင်သူများမှာ နစ်နာပျက်စီးဆုံးရှုံးခဲ့မှုများအတွက် တစ်စုံတစ်ရာမှ ပြန်လည်မရရှိ
မခံစားခဲ့ရပါ။ တောင်သူများ၏ဘ၀ကို ကမ္ဘာမှသိရှိရအောင်တင်ပြရခြင်းဖြစ်ပါသည်။

ကောင်းကင်ကုမ္ပဏီမှ အတင်းဝင်ရောက်စိုက်ပျိုးလုပ်ကိုင်နေသော သတင်းဓါတ်ပုံများ


သရက် ၊ သနပ်ခါးပင်တို့ အတင်းအဓမ္မ၀င်ရောက်စိုက်ပျိုးပြီး သတ်မှတ်ထားခဲ့သောနေရာများ
မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံသို့ ဆုံးရှုံးနစ်နာသွားသောတောင်သူများမှ တင်ပြထားသောတိုင်ကြားလွှာ

မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
(၃.၅.၂၀၁၂)
ဆက်သွယ်ရန်လိပ်စာ
maythanmyint@gmail.com
4u.jokerman@gmail.com
freedom.of.kaungmyatlay@gmail.com
dhrmp.22@gmail.com
09-2059904
09-43155796


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts