ရသဆောင်းပါးစုံ

ကျနော် မြည်းသတ္တ၀ါ

ဖိုးထက်
မေ ၅၊ ၂၀၁၂
ကျနော်တို့ မြန်မာနိုင်ငံသားများအကြားတွင် အခုတစ်လော အရမ်း Hot နေသည့် သတင်းရှိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ် တော် တက်ရေး၊ မတက်ရေးအတွက် အငြင်းပွားနေသော လေးစားလိုက်နာပါ့မည်နှင့် ကာကွယ်စောင့်ရှောက် ပါမည်ဆိုသည့် ဘောင်းဘီကျပ် သတင်းဖြစ်သည်။ ပညာရှင်များ၊ သုခမိန်ဆိုသူများ၊ ပတ်ဝန်းကျင်ရှိ ဘော်ဒါဘော်ချွတ်များ ငြင်းကြခုံကြလုပ်ကြသည်ကို အားရပါးရနား ထောင်သည်။ ၀င်ရောက်မဆွေးနွေးဖြစ်။ NLD မှန် တယ်ဟု ပြောသူများလဲမရှား။ ဒေါ်စုမှားတယ်ဟု ဆရာကြီးဝင်လုပ်နေသူများလဲရှိသည်။ ဒေါ်စုဘာလုပ်လုပ် မှန်တယ်ချည်းလုပ်နေတာလားဟု အသားလွတ်တွယ်သူတွေလဲမနည်းလှ။ သူများတွေ ဘယ်လိုပြောပြော ကျနော့်အ တွက်ကတော့ “မလေး စားနိုင်တာကြီးကို ဘယ်လိုကာကွယ်မှာတုံး။ ကျုပ်သိဘူး” ဟုပြောတော့ ဘုတောတယ်ဟု အပြောခံရသည်။

ငါ့စကားနွားရ၊ ဗလောင်းဗလဲ၊ ဗြောင်လိမ်၊ ဗြောင်စား ၊ မိမိပြောသောစကား ဘယ်ရောက်လို့ရောက်မှန်းမသိ ပြောခဲ့ကြသော သနားစရာ ခေတ်ကြီးထဲမှာ စကားလုံးလေးတစ်လုံးကို လေးလေးစားစား အငြင်းပွားပြ၊ တန်ဖိုးထားပြတာ ရွှေပြည်ကြီးအတွက် အမြတ်အစွန်းအတော်ကြီး သည်လို့ဘဲ မြင်သည်။ ကျမ်းကျိန်ရင်း တရားခွင်ပေါ်က တရားသူကြီးတွေကို ညနေသွားတွေ့ရအုံးမယ်ဟု တွေးနေသော ရှေ့နေများ၊ တရား ခံများ၊ တရားလိုများ ဖောချင်းသောချင်းများခဲ့သောခေတ်ကြီးထဲမှာ ကျမ်းကျိန်တာ ပေါ့သေးသေးကိစ္စလို့ မမြင်ကြအောင်၊ အလေးအနက် ထားကြအောင် နမူနာကောင်းကြီးတစ်ခုဖြစ်သွားသည်ဟု မြင်သည်။ လွှတ်တော်ထဲဝင်ပြီးပြင်ပါဟု သဘောရိုးနှင့်ပြောသည့်ခေါင်းဆောင်များကို ချစ်မိသည်။ ထွက်ပေါက်တွေကို ချပြ၊ စဉ်းစားပြသည့် ဆရာကြီးများကို လေးစားရသည်။ စကားတစ်လုံးအတွက် အငြင်းပွားမလား၊ ပြည်သူလူထုအတွက် အလုပ်လုပ်မှာလားဟု ရွှေနိုင်ငံကြီးအတွက် မေးခွန်းထုတ်စရာ လူကြီးတချို့ပြောစကားကိုတော့ အူကြားထဲက ကျ လိ ကျလိဖြစ်ရသည်။ စာရွက်ကြီး ကိုင်၊ အင်္ဂလိပ်စာတွေ ရွတ်ဖတ်သရဇ္ဇယ်ပြပြီး စာရွက်နှင့် သတင်းထောက် အကြားတွင် ဗျာများနေရရှာသည့် ဒေါက်တာအတုကြီးကို တခွီးခွီး သဘောကျသည်။

သူများတွေအတွက် ထိုသတင်းကြီးက ဘယ်လိုအရေးကြီးကြီး ကျနော့်အတွက်ကတော့ သာမန်အဖြစ်သာရှိနေခဲ့သည်။ မပူရေးချ မပူ။ အချိန်တန်ရင် အဆင်ပြေသွားမှာပါဟုသာ တွေးထင်ခဲ့သည်။ တနိုင်ငံလုံးကို မျက်ကန်းမျိုးချစ်စိတ်ဖြင့် သိမ်းသွင်းရင်း လျှမ်းလျှမ်းတောက် အာဏာရှင်ဖြစ်ခဲ့သော ဟစ်တလာသည်ပင်လျှင် ကျဆုံးရသေးသည်မဟုတ်ပါလား။ ကမ္ဘာ့သမိုင်းမှာ အာဏာရှင်တွေ၊ အကျင့်ပျက် ချစား သောအစိုးရတွေ တချိန်မဟုတ် တချိန်မှာ ကျဆုံးရ၊ ပြောင်းလဲပေးရတာဘဲ မဟုတ်လား။ အချိန်ကြာတာနဲ့ မြန်တာ၊ အကျအဆုံးများတာနဲ့ နည်းတာဘဲ ကွာမည်။ မကောင်းတာလုပ်တဲ့သူတွေသာ နေရာတစ်နေရာ အကြာကြီး နေရကြေးသာဆိုလျှင် သတင်းနည်းပညာခေတ်ကြီး ထဲကို ရောက်လာစရာမရှိ။ လူအချင်းချင်း ရောင်းစား၊ ခိုင်းစားနေကြသော ကျွန်ခေတ်မှာသာ ကမ္ဘာကြီးက ပျော်မွေ့နေလိမ့်မည်။

ယခု ရွှေနိုင်ငံကြီး၏ စကားလုံးအငြင်းပွားမှုသည် သမိုင်းတွင်သွားခဲ့ပြီ။ NLD သည်လည်း လွှတ်တော်ထဲသို့ ရောက်သွားပြီ။ ပူးပေါင်းသည် ဖြစ်စေ၊ ပေကတ်ကတ် ကန့်လန့်တိုက်သည်ဖြစ်စေ ထိုစကားရပ်အတွက် ဘယ်လိုမှထောက်ပြလို့မရနိုင်တော့။ ဒီအချိန်ကာလအတွင်းမှာ အားလုံး အသက်ရှူမ၀အောင် ဖြစ်ခဲ့ရသည့် အငြင်းပွားရသောစကားလုံးကြီးကို ထောက်ပြခဲ့သည့်သမိုင်းမှတ်တိုင် ကျန်ခဲ့ပြီ။ ပြုပြင်ပြောင်း လဲရေးကို ဘဲ့တိုက်ချင်သော လူ၊ အဖွဲ့အစည်းပေါ်လာခဲ့သည်ဆိုအုံးတော့ ပြည်သူတရပ်လုံးက အမှန်တရားအတွက် ရပ်တည်ကြမှာ သေ ချာလွန်းလှသည်။ ဒင်းတို့ကို ဒါကြောင့် မယုံကြည်တာဟု ပြောတာကိုခံနိုင်အောင် ကြိုစားမှဖြစ်မည်။

တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီးက သူ၏စာသင်တိုက်ကြီးအတွက် စည်းကမ်းများ ၁၀ ချက်သတ်မှတ်ရာတွင် နံပါတ်တစ်အချက်ကို “ စိတ်ကောင်းရှိဖို့ ပထမ” ဟု သတ်မှတ်ခဲ့သည်။ စာမတတ်ချင်နေ စိတ်ကောင်းရှိရင်ဘဲ ဖြစ်ပြီ။ ငါကျေနပ်တယ်။ ငါ့ကျောင်းမှာ နေလို့ရမယ်ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ဆရာတော်ကြီး၏ စည်းကမ်းချက်နံပါတ်တစ်ကို ဖြန့်ထွက်တွေးမိသည်။ အာဏာရှင်အစိုးရတည်မြဲရေး၊ ကောင်း စားရေး၊ ခိုးဝှက်ရရေးအတွက် ပညာတတ်ကြီးများ စွမ်းစွမ်းတမံလုပ်ပေးခဲ့ကြသည်ကို တွေ့မိတော့ ဆရာတော်ပြောတာ ဒါပြောတာနေမှာဟု တွေးမိသည်။ ဖွတ်ဖွတ်ညက်ညက်ကြေနေသော ပြည်သူ၊ ပြည်သားများမျက်နှာကိုမထောက်ထားဘဲ သူခိုး၊ ဓားပြအစိုးရများကို ကာကွယ်ပေး ခဲ့ကြသော စိတ်ကောင်းမရှိသည့် ပညာရှိကြီးများရှိခဲ့ကြသည်။

လူတစ်ယောက် စိတ်ကောင်းရှိ မရှိ ဘယ်လိုပေတံနဲ့တိုင်းတာကြည့်လို့ရမလဲဆိုတာ အတိအကျမရှိနိုင်။ အများအကျိုးအတွက် ကိုယ်ကျိုးမငဲ့ ဘဲ သယ်ပိုးထမ်းဆောင်သောလူများသည် စိတ်ကောင်းရှိကြသည်ဟု ယေဘုယျ သတ်မှတ်လို့ရမည်ထင်သည်။ သို့သော် စိတ်ကောင်းရှိသူ တိုင်း ပေါင်းသင်းဆက်ဆံရေး ကောင်းချင်မှ ကောင်းလိမ့်မည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အထ္ထုပ္ပတ္ထိစာအုပ်များကိုဖတ်မိသောသူတိုင်း ဗိုလ် ချုပ်၏ ဂွကျကျအပြုအမူများကို သတိထားမိကြမည်။ အများအကျိုးအတွက် အသက်စွန့်သွားသော သန့်ရှင်းဖြူစင်သည့်လူကြီးမို့လို့သာ ချစ် ရသည်။ လမ်းတွေ့လို့ ကိုယ်ကနှုတ်ဆက်လို့မှ ပြန်မနှုတ်ဆက်။ စကားပြောလို့မှ ပြန်ပြောချင်မှပြော။ အိပ်ယာကို နံစော်နေအောင် ပြစ်ထား သော နိုင်ငံရေးလုပ်နေသည့်လူတယောက်နှင့် အခုအချိန်များ အခန်းတစ်ခုတည်းအတူနေရလျှင် စိတ်လက်ကြည်သာနိုင်မည်မထင်။ စား၊ သွား၊ လာတိုင်း နိုင်ငံရေးလွမ်းမိုးနေပြီး မှုန်ကုပ်ကုပ်ဗိုလ်ချုပ်သည် အနုပညာခံစားမှုမြင့်သော ဆရာကြီးဒဂုန်တာရာအတွက် “အောင် ဆန်းသည် အရိုင်း” ဖြစ်ခဲ့သည် မဟုတ်ပါလော။ သို့သော် အများအတွက်၊ နိုင်ငံအတွက် ပေပေတေတေနေသည့်ဗိုလ်ချုပ်ကို လူဆိုး လူမိုက် များက နာမည်မကြားချင်လောက်အောင်ဖြစ်ပေမယ့် ကျနော်တို့အတွက်ကတော့ စိတ်ကောင်းရှိသည့်သူရဲကောင်းကြီးဖြစ်သည်။

လွန်ခဲ့သော သုံး၊ လေးနှစ်ခန့်က နယူးယောက်မှာ ကားကိုဖိနပ်နှင့် မိုက်မိုက်ရိုင်းရိုင်းအထုခံရပေမယ့် အခုအချိန်မှာ အများအကျိုးအတွက် စကားတွေပြော၊ အလုပ်တွေအများကြီးလုပ်နေသော ဦးသိန်းစိန်ကြီးသည် ကျနော်တို့အတွက် အဘဖြစ်သွားပြီ။ ရွှေပြည်ကြီးအတွက် အား ထားစရာလူကြီးတစ်ယောက်အဖြစ် ပြောင်းလဲပြီးမြင်ကြရပြီ။ စိတ်ထားဖြူစင်သော လူကြီးအဖြစ် မြင်ကြရပြီ။

ဒါဆိုလျှင် ပညာတွေဘယ်လောက်တတ်တတ်၊ ဘယ်လောက်သင်ခဲ့ သင်ခဲ့ အများအကျိုးအတွက် အလုပ်မလုပ်သောလူသတ္တ၀ါများသည် စိတ်ကောင်းမရှိသောသူများဖြစ်သည်ဟု သတ်မှတ်ရမည်ထင်သည်။ ထီးထီး၊ မမ လူတစ်ယောက်သည် ပညာလဲတတ်၊ အများအကျိုးအတွက် လဲ ထမ်းဆောင်၊ ကိုယ်ကျင့်တရား အမဲစက်မရှိဖြစ်ပါက ကျနော်လိုသာမန်ပြည်သူအတွက် မျက်စိမှိတ်ယုံတာ အပြစ်ဟု ပြောချင်ပြောကြစမ်း ပါစေ။ ထိုသို့သော လူအမျိုးအစားများ ဦးဆောင်ရာနောက်သို့ မလိုက်နိုင်စရာ အကြောင်းမရှိ။ ကန့်လိုက်တိုက်စရာ အကြောင်းမရှိ။ ဝေဖန် စရာ အကြောင်းမရှိ။ ဆရာကြီးဝင်လုပ်စရာ အကြောင်းမရှိ။

မိမိကိုယ်မိမိ ထိုသူများထက် ပညာပိုရှိသည်။ ပိုမိုပြီးစိတ်ကောင်းရှိသည်။ အများအကျိုးကို ပိုမိုဆောင်ရွက်နိုင်သည်။ အမှားကို အမှားလို့ ပြောရဲသည်ဟု ထင်သောသူများ ဝေဖန်ချင်သလို ဝေဖန်။ ပြောချင်သလိုပြော။ ရှေ့ဆုံးမြည်း ချောက်ထဲခုန်ချတာမစဉ်းစားဘဲ နောက်က လိုက်ခုန်ချတဲ့ မျည်းတွေလိုဘဲဟု ရင့်ရင့်သီးသီး ဆိုချင် ဆို။ ကျနော့်အတွက်ကတော့ ထို စိတ်ကောင်းရှိသော ပညာတတ် အများအကျိုးဆောင် လူကြီးများသည် မြည်းလို ခပ်တုံးတုံးမဟုတ်မဟုတ်မှန်းသိသည်။ ထိုလူကြီးတွေက ချောက်ထဲခုန်ချသွားလျှင်လဲ သမိုင်းမှာ အမဲစက် အစွန်း ထင်းမခံနိုင်သောကြောင့် ခုန်ချသွားသော မြည်းများပင် ဖြစ်လိမ့်မည်။ ထိုမြည်းများနောက်မှ ဒူးတုန်တုန်၊ အသက်ရှူမ၀ဖြစ်ကာ လိုက်ခုန်ချဖို့ ၀န်မလေးသော မြည်းသည် ကျနော်ဖြစ်မည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

8 thoughts on “ကျနော် မြည်းသတ္တ၀ါ
  1. Facebook ပေါ်တွင်သတင်းမျိုးစုံဖတ်ရပါသည်။ ဂျာနယ်မျိုးစုံတွင်လည်း သတင်းစုံဖတ်ရသည်။ မိတ်ဆွေအပေါင်းအသင်း နီးစပ်ရာအသိုင်းအ၀ိုင်းများထံကလည်း သတင်းအမျိုးမျိုး ဝေဖန်မှုအမျိုးအမျိုးတွေကြားနေရပါတယ်။ ဒါကြောင့်လည်းစိတ်ထဲရှိတာလေးတွေရေးလိုက်မိရပါတယ်။ ကျွန်တော့်ရဲ့ အတွေးအမြင်လို့ဘဲ ပြောရင်ပြောလို့ရမှာပါဘဲ။
    မြန်မာနိုင်ငံ၏ကံကြမ္မာသာဖြစ်သည်ဟုဆိုရမည်လား. . .
    ကျွန်တော် နိုင်ငံရေးသမားမဟုတ်ပါ၊ ဘယ်ပါတီဝင်မှလည်းမဟုတ်ပါ၊ သမိုင်းပညာရှင်၊ ဝေဖန်ရေးသမား၊ ဂျာနယ်လစ်၊ စာရေးဆရာ လည်းမဟုတ်ပါ၊ ဒါပေမယ့် မြန်မာနိုင်ငံသားတစ်ဦးဖြစ်တာမို့ မြန်မာနိုင်ငံ၊ မြန်မာလူမျိုး တိုင်းရင်းသားများအပါအ၀င် အကြောင်းတို့ကိုအတော်အတန်လေ့လာလိုက်စားခဲ့ပါတယ်။
    မြန်မာနိုင်ငံနှင့် ပတ်သက်လို့ စိတ်ဝင်စားပါတယ်လို့ ၀န်ခံရပါမယ်။
    မြန်မာနိုင်ငံဟာ ခေတ်အဆက်ဆက် ကံကြမ္မာမကောင်းခဲ့တာကတော့ သေချာပါတယ်။ ရှေးခေတ် အဆက်ဆက် ဘုရင်တွေအကြောင်းလေ့လာရင် “ထီးနန်းရဖို့ ညီအကိုချင်း သတ်၊ အဖေကိုသားကသတ်. . .”
    စသည့်ဖြစ်ရပ်များစွာရှိပြီး ဖိဖုရားများစွာ၊ မောင်းမမိဿန်များစွာ၊ ကိုယ်လုပ်တော်ဆိုတာတောင်ရှိသေးရဲ့ . .
    အနောက်နဲ့ အရှေ့များစွာတိုးတက်မှုကွာဟခဲ့တာအမှန်ပါဘဲ. . .
    အတွေးအခေါ်၊ နည်းပညာ၊ စသည်ဖြင့်
    များစွာကွာဟပါတယ်ဆိုတာ ၀န်ခံကြရမှာပါ. . .
    မြန်မာနိုင်ငံဟာသဘာဝသယံဇာတပေါကြွယ်ဝပြီးအုပ်ချုပ်မင်းလုပ်သူတွေရဲ့
    ခေါင်းဆောင်မှုညံ့ဖျင်းခဲ့တာကြောင့် ခုချိန်ထိမတိုးတက်သေးဘူးဆိုတာ
    အားလုံးအသိပါဘဲ . . .
    ခေါင်းဆောင်သည် ခေါင်းဆောင်အရည်အချင်းရှိရပါမည်။ ခေတ်တွေ စနစ်တွေလည်းတစ်မျိုးပြီးတစ်မျိုးပြောင်းခဲ့ကြပြီးပြီ။ သက်ဦးဆံပိုင၊် ပဒေသရာဇ်. . . အာဏာရှင်စနစ်၊ တစ်ပါတီစနစ်၊ ပါတီစုံစသည် စနစ်မျိုးစုံဖြတ်သန်းခဲ့ကြတယ်၊ နောက်ဆုံးပြည်သူလူထုတွေဘဲ စနစ်ဆိုးအောက်မှာနှစ်ပေါင်းများစွာ နေခဲ့ကြရတယ်၊ လူတန်းစားကွာဟမှုအများကြီးရှိပါတယ်၊ ဆင်းရဲသားနဲ့ ချမ်းသာတဲ့သူ အချိုးအစားအရမ်းကွာပါတယ်။ ပညာတတ်နဲ့ ပညာမဲ့ လူတန်းစားအချိုးအစားအရမ်းကွာပါတယ်။
    တိုင်းပြည်အတွက် အမှန်တကယ် ကိုယ်ကျိုးစွန့် အနစ်နာခံအသက်ပေးခဲ့ကြသူတွေလည်းများစွာရှိခဲ့ကြတယ်။
    ထိုသူတို့ ကိုကျွန်တော်အထူးလေးစားဂုဏ်ယူပါတယ်။ အများစုမှာ အတ္တသမားများ၊ကိုယ်ကျိုးသမားများ၊ အမြင်မတူကွဲပြားမှုများ၊ အာဏာမက်မောမှု၊ လူသားချင်းမစာနာမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ သစ္စာမဲ့မှု၊ ကျေးဇူးမသိတတ်မှု၊ ဗိုလ်ကျချယ်လှယ်မှု၊ ဘက်လိုက်မှု၊ ရေသာခိုအချောင်လိုက်၊ ဗျောင်လိမ်ဗျောင်စား . . .
    ကလိမ်ကကျစ်၊ မနာလိုမှု၊ စသည်ဖြင့် ပြောမဆုံးပေါင် တောသုံးထောင် . . . သုံးထောင်နဲသေးပါသည်။
    တောသုံးသောင်း၊ သုံးသိန်း . . . ဒါတွေဟာလူတွေရဲ့သဘောသဘာဝအကျင့်စရိုက်များသာဖြစ်သည်ဟူ၍ သဘောပေါက်မိပါတယ် . . . လူရဲ့ nature ဘဲဖြစ်တယ်။
    ဆိုးသောသူ၊ မကောင်းသောသူများရှိသလို၊ ကောင်းသောသူ၊ ရိုးသားသူ၊ သမာသမတ်ရှိသူ၊ သီလသမာဓိရှိသူ များလည်း ဒီလောကမှာရှိကြတာကိုလည်း လက်ခံပါသည်။
    ၈၈အရေးအခင်းမှာ ခေါင်းဖြတ်၊လုယက်၊ မင်းမဲ့စရိုက်များအမှန်ဖြစ်ခဲ့တယ် ။
    မီးလောင်တာဟာ ဘာကြောင့်လောင်တာလည်း. . . အကြောင်းရင်းကိုလည်းသိဖို့လိုတယ် . . တို့မီးလား . . . ရှို့မီးလား? ဒါကြောင့် အကြောင်းမသိဘဲ ဝေဖန်ပြောဆိုမိရင် တစ်ဖက်သတ်ပြောရာကြမယ်ဆိုတာကို သတိပြုကြရမှာဖြစ်တယ်။
    We should be consistent between what we say and what we do.
    “ ကြက်ဥအရောင်တိမ်ရောင်သဖွယ် မင်းရေးကြွယ်၏” စာဆိုရှိခဲ့တယ် . . . တိုင်းရေးပြည်ရေး ကိစ္စ အလွန်ကျယ်ဝန်းလှပါတယ်။ ဒီလို သဘောပေါက်မိရပါတယ်။
    “I don’t know what I don’t know” အဆင့်သာ ရှိနေသေးသောထိုလူတန်းစားသည် Grow မဖြစ်ပါ Progress မဖြစ်၊ I know what I don’t know အဆင့်ရှိရန်လိုသေးသည်။ ပညာရှိတစ်ယောက်ကပြောဘူးသည် “ သိမှသိမသိ ငါသိ” တဲ့ ၊ လူတွေကသူ့ကိုအရူးလို့ သတ်မှတ်ကြသည်။ Dr. Stephen R. Covey ၏ Principle တစ်ခုဖြစ်သော “Seek first to understand then to be understand” အတိုင်းလိုက်နာကျင့်ဆောင်သင့်ပေသည်။ ရိုးရိုးသားသားဝန်ခံရလျှင်ဒေါ်အောင်ဆန်းစုကြည်၏စိတ်စေတနာနှင့်စိတ်ဓါတ်ကိုလေးစားပါသည်။သူမ၏ရင့်ကျက်သောအသိပညာအတွေး အခေါ်များကိုအားကျဂုဏ်ယူမိပါသည်။
    She has an Inspiration to us all အရည်အချင်းရှိသော ခေတ်ပညာတတ်အမျိုးသမီးတစ်ဦးအဖြစ်လေးစားချစ်ခင်ပါသည်။
    ကတိသစ္စာကိုတန်ဖိုးထားတတ်သူတစ်ယောက်အဖြစ်ယုံကြည်အားကိုးပါသည်။ လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ ဖအေတူသမီးအဖြစ်သဘောကျပါသည်။

    ထားတော့ . . . လူတိုင်းတစ်နေ့သေကြရမည်ဖြစ်သည်။ ဒါကိုအမြဲနှလုံးသွင်းထားကြရမယ်မဟုတ်ပါလား . . .
    မသေခင်မှာ စိတ်ကောင်းစေတနာကောင်းထားရှိကြပြီး တစ်ဦးနဲ့တစ်ဦး ချစ်ခြင်းမေတ္တာနဲ့ဆက်ဆံကြရင်း အသက်တာကို ကုန်ဆုံးကြရမယ် မဟုတ်ပါလား၊ တန်ဖိုးရှိတဲ့လူသားတစ်ယောက်အနေနဲ့ အသက်ရှင်သွားရန်လိုတယ်လို့ ခံယူမိပါတယ်
    ဒါကြောင့် ခွင့်လွှတ်သီးခံခြင်း၊ ကိုယ်ချင်းစာနာခြင်း၊ မေတ္တာအရင်းခံခြင်း၊ နားလည်မှုရှိခြင်း တို့သာလျှင်ကောင်းသော ကံကြမ္မာကိုဖန်တီးနိုင်ပေလိမ့်မည်။
    လူတိုင်းသူ့တန်ဖိုး နှင့်သူရှိကြသည် ကို နားလည်ကြရမယ်မဟုတ်ပါလား. . ငယ်စဉ်ကကျောင်းမှာမြန်မာစာထဲမှာသင်ခဲ့ရဘူးသည်။ “ဖိုးလမင်းလည်းသူ့ အဆင်းနှင့်အချင်းနှင့် ဖယောင်းတိုင်လည်း သူ့အစွယ်နှင့် အရွယ်နှင့်” “ ငါသိတယ် ငါတတ်တယ်. . . ဆိုသူများသည် အမှန်ကိုမရောက်နိုင်ကြပါ” “ငါမသိတာတွေအများကြီးပါလားဆိုမှ မှန်ပေလိမ့်မည်ထင်သည်”
    ကျွန်တော်တို့ မြန်မာနိုင်ငံသားအားလုံး စည်းလုံးညီညွတ်ဖို့ အရေးကြီးပါသည်၊ နားလည်မှုရှိကြဖို့လိုသည်၊သဘောထားကြီးကြဖို့လိုသည်၊ စည်းကမ်းရှိကြဖို့လည်းလိုသည်၊ ရိုးသားကြိုးစားဖို့လိုသည်။ နားလည်တတ်ကျွမ်းသူများကို ဆရာလုပ်ခြင်းမဟုတ်ပါ။ ဆုံးမသြ၀ါဒပေးခြင်းမဟုတ်ပါ။ မေတ္တာဖြင့်ရင်ဖွင့်လိုက်ခြင်းသာဖြစ်ပါသည်။ မြန်မာနိုင်ငံသူ နိုင်ငံသားများ မျှော်လင့်နေတောင့်တနေသော ခေတ်သစ်စနစ်သစ်သို့ရောက်ရှိနိုင်ပါစေလို့
    ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။

    ချိုလေး
    May 5, 2012

    1. ABSOLUTELY RIGHT. I WOULD LIKE TO ADD AS BELOW.
      ONE STUDENT ASKED DR. THAN HTUN “WHO IS THE BEST KING IN OUR HISTORY?”
      DR. THAN HTUN REPLIED ” NONE OF THEM”.

      1. That is right. Beacause kings are human being too.
        And anybody/student ask Dr Than Htun about “who are the best people in our history?” and what is his reply or answer?
        And what is the duty of a king and a people?

        Thanks in advance for your comment and very pleased to read the article.

    2. ချိုလေး ၇ဲ့စာက မျှတပါတယ်ဗျာဒေါ် အောင်ဆန်းစုကြည်ကိုမနာလို လို့ မောဟမီးတွေ ဟုန်းဟုန်းတောက်လောက်နေတဲ့ စားေ၇းသူ တချို့ ကတော့မနာလိုမီးတွေကတောက်လောက်နေတော့ ကိုယ်ဘာေ၇းလို့ေ၇းမှန်းတောင်သိကြ၇ဲ့လားမသိဘူးသူများလိုလဲမလုပ်နိင် တကယ့်မစား၇တဲ့အမဲသဲနဲ့ပက်ဖို့အတင်းကြိုးစားနေတာပဲ အင်းလောက လောက မနာလိုမီးတွေလောင်ကျွမ်းနေတဲ့လူတွေ အမြန်ဆုံးငြိမ်းအေးပါစေသားဗျာ

  2. ဖိနှိပ်သူတွေကိုသာ အရင် မေတ္တာတရား ရှိအောင် ပြောပေးပါ။

    1. ဖိနှိပ်သူတွေမေတ္တာတရား ရှိအောင်ပြဖို့သိပ်တော့မလွယ်ဘူးထင်တယ်
      ဖိနှိပ်ခံလူအချင်းချင်းမေတ္တာမပျက်ကြဖို့နဲ့အယူအဆရေးရာကွဲပြားမှုကိုအလးမပေးဘဲညီညွှတ်ကြဖို့
      မကောင်းဘူးလား

  3. I am vary sorry for your letter in some sentent.You try to know for 8888 problen.We are country independent day from today.YOU WAITING one day I prove to you.I am waiting for that day since 1988.Thank friend.We love democracy and human right. I believe one day Our country coming under LAW.That day every body know for under fifty year problen and real history in all part of Burma.Nobody know who live himsalf out of our mother land.

Comments are closed.