မိုးမခကို ပေးတဲ့စာ

MoeMaKa Reader – ကွယ်လွန်သူ ဒေါက်တာနေ၀င်းမောင်သာသိရင် ၀မ်းသာရှာမယ်

ကွယ်လွန်သူ ဒေါက်တာနေ၀င်းမောင်သာသိရင် ၀မ်းသာရှာမယ်

မိုးမခစာဖတ်သူတဦး (မြက်ခင်းစိမ်း)။ မေ ၃၊ ၂၀၁၂

မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီအမတ်များ ရွေးကောက်ပွဲကိုဖြတ်ပြီး လွှတ်တော်ထဲ ၀င်ရောက်သွားပြီ။ ၂၀၀၈ အခြေခံဥပဒေကို ပဏာမအားဖြင့် လက်ခံပြီး လွှတ်တော်တွင်းမှာ ပြုပြင်ပြင်ဆင်ရေး၊ နိုင်ငံတော် တည်ဆောက်ရေးတွေ ဆောင်ရွက်တော့မယ့် လမ်းကို စတင် လျှောက်လမ်းလိုက်ပြီ။ ဒီမြင်ကွင်းကို ကြည့်ရှုရင်းနဲ့ ၂၀၁၂ နှစ်သစ်ကူးမှာ အကြွေစောခဲ့ရှာတဲ့ မြန်မာအီးဂရက်စ် ထူထောင်သူ၊ ဒေါက်တာနေ၀င်းမောင်သာ သက်ရှိထင်ရှားသာ ရှိနေသေးရင် သူမျှော်မှန်းခဲ့သလို အိပ်မက်မက်ခဲ့တဲ့မြင်ကွင်းကို ကြည့်ပြီး ၀မ်းသားအားရဖြစ်ရှာမယ်လို့ တွေးနေမိတယ်ဗျာ။

အခု မိုးမခက အမြင်ချင်း မတူသူတွေ၊ အခြားတဖက်က တွေးသူတွေ၊ ခင်ဗျားတို့တတွေ ပြန်ကြည့်ချင်ကြည့်ဖို့ ဆိုပြီး ကိုနေ၀င်းမောင်ရဲ့ ပထမဆုံးနဲ့
နောက်ဆုံး ဟောပြောခဲ့တဲ့ စာပေဟောပြောပွဲ ရုပ်သံကို ဝေမျှ ပေးပို့လိုက်တယ်။ သူ မကွယ်လွန်ခဲ့ ရက်ပိုင်းအလို ဒီဇင်ဘာ ၁၇၊ ၂၀၁၁ တုန်းက မော်လမြိုင်၊ သံဖြူဇရပ်စာပေဟောပြောပွဲမှာ  ဟောပြောခဲ့တာ ဖြစ်တယ်။ နောက် ၂ ပတ်မပြည့်ခင် ဇန်န၀ါရီ ၁ နှစ်ဆန်းမှာ သူ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်ခဲ့တယ်။

(ယူကျပေါ်မှာ တင်ဆက်ထားတဲ့ ဒေါက်တာနေ၀င်းမောင်ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး စာပေဟောပြောပွဲ၊ မကွယ်လွန်မီ ၂ ပတ်ခန့်အလို)

၂၀၀၈ အခြေခံဥပဒေအကြောင်းကို လက်တမ်း ဝေဖန်ထောက်ပြသွားတယ်။ တိုင်းပြည်ကို ဘယ်လို ပြုပြင်တည်ဆောက်ကြဖို့ ပြည်သူတွေ ဘယ်လို ပါဝင်ပတ်သက်နိုင်မယ်ဆိုတာကို ပြောဆို ရှင်းပြသွားတယ်။ ဆရာဝန် ကျောင်းဆရာတယောက်ဖြစ်တဲ့ ကိုနေ၀င်းမောင်ရဲ့ အီးဂရပ်စ်သင်တန်းမြင်ကွင်းနဲ့  တသွင်ထူးတဲ့ သာမန်စာဖတ်ပရိသတ်ကို ပြောသွားတာတွေကို အခု ဖြစ်စဉ်တွေနဲ့ ချိန်ထိုး စဉ်းစားကြဖို့ အခု ပြန်လည်မျှဝေပေးပါတယ်။ (သည်စာမူကို ခင်ဗျားတို့ မတင်လည်း တခြားဆိုက်ဒ်တွေ၊ ကျနော့်ဖေ့စ်ဘွတ်မှာ တင်မှာပါခင်ဗျာ)

ကိုနေ၀င်းမောင် ကွယ်လွန်ချိန်မှာ ယခုငြိမ်းချမ်းရေးကော်မတီကို ဦးဆောင်နေသူ ရထားဝန်ကြီး ဦးအောင်မင်းရဲ့ ၀မ်းနည်းစာသားလေးကို သတိရမိသေးတယ်ဗျာ။ သူက
ဘာရေးခဲ့သလဲ ဆိုတော့ …

            “တိုင်းပြည်နဲ့ လူမျိုးအတွက် ဆရာတာဝန်ကျေခဲ့ပြါ့ပီ။ …. ကျန်ရစ်သူ ကျနော်တို့ ဆက်လုပ်ရန်သာ ရှိတော့သည် …” စသည်ဖြင့် ရေးခဲ့တာကို တွေ့မှာပါ။

(http://www.facebook.com/media/set/?set=a.254533404614637.60019.252743051460339&type=3 )

            ကိုနေ၀င်းမောင်ဟာ ၂၀၁၀ ရွေးကောက်ပွဲကို အပြည့်အ၀ထောက်ခံသူဖြစ်ပါတယ်။ အားလုံးကို လွှတ်တော်ထဲကို ရောက်စေချင်သူဖြစ်ပါတယ်။ အဲသည်တုန်းက “I Vote” ဆိုတဲ့ လိုဂိုဒီဇိုင်းနဲ့ တီရှပ်တွေ ပိုစတာလှုပ်ရှားမှုတွေ လုပ်ခဲ့တာကို ၂၀၁၀ တုန်းမှာ တွေ့ခဲ့ရပါတယ်။

            အခုချိန်မှာ သူ သက်ရှိထင်ရှားရှိသေးရင် အခုနိုင်ငံရေးမြင်ကွင်းကို ကြည့်ပြီး ၀မ်းသားရှာမယ်လို့ တွေးမိတယ်။ ဘယ်လိုလဲ ဟောဒီပေးစာကို မိုးမခမှာ ထည့်ပေးနိုင်ပါ့မလားဗျာ။

            (မိုးမခ၏ ဆင်ခြေ – ထည့်ပေးနိုင်ပါတယ်။ အဖြတ်အတောက်မရှိ ထည့်ပေးလိုက်ပါတယ်။ ပညာရှိများ၊ ဗေဒင်ဆရာများ မည်သို့ပင် တွက်ချက်ဟောပြောစေကာမူ
တကယ်တန်း လက်တွေ့ ၂ ဖက်သော ဦးဆောင်သူ ခေါင်းဆောင်သူနဲ့ ၀ိုင်းဝန်းဆောင်ရွက်သူ ပြည်သူနဲ့ ဒီမိုကရေစီအရေးတော်ပုံ ရဲဘော်များရဲ့ ကံ ၃ပါးနဲ့ စိုက်ထုတ် လုပ်ဆောင်မှုများကြောင့်သာ ရွေ့လာရတာဖြစ်တယ်လို့တော့ ပြန်ပြောလိုက်ချင်ပါသေးရဲ့)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

9 thoughts on “MoeMaKa Reader – ကွယ်လွန်သူ ဒေါက်တာနေ၀င်းမောင်သာသိရင် ၀မ်းသာရှာမယ်
  1. မိုးမခစာဖတ်သူတဦး (မြက်ခင်းစိမ်း) ……
    မိုးမခစာတွေကို ဖတ်သူတစ်ဦးထက်
    မိုးမခကို မျက်မုန်းကျိုးနေသူတစ်ဦး
    မိုးမခကို မကျေနပ်နေသူတစ်ဦး
    ဖြစ်ဖို့များပါတယ် ….

  2. မိုးမခစာဖတ်သူတစ်ဦး ( မြက်ခင်းစိမ်း ) ခင်ဗျား, ဆရာနေ၀င်းမောင်၏ ဟောပြောချက်နားထောင်ရလို့ ကျေးဇူးအထူးတင်ပါတယ်၊ ခင်ဗျားရဲ့ ဖေ့စ်ဘုတ် ကိုလည်း လာလည်လိုပါတယ်၊ ပေးနိုင်ရင် ကျွန်တော့် gmail acc; ကို ပေးပို့စေလိုပါတယ်။ မိုးမခကို ပြောလိုတာကတော့ သေဆုံးပြီးဖြစ်တဲ့ တိုင်းပြည်အပေါ် စေတနာထားသူတစ်ဦး၊ သူတတ်တဲ့ ပညာကို မျှဝေပေးနေသူတစ်ဦးရဲ့ အုတ်ဂူကို တံတွေးထွေးလိုတဲ့ လေသံမျိုးနဲ့တော့ အောက်ကလိကာ မပြောစေလိုပါ။ လေးစားစွာဖြင့် ရွှေဥာဏ်တော်

    1. ရွှေဥာဏ်တော်ပြောတာ ကျွန်တော်ထောက်ခံတယ်…
      နိုင်ငံရေးဆိုတာ လက်ခံသည်လည်းရှိမယ် လက်မခံသည်လည်း ရှိမယ်ပေါ့ဗျာ..
      မှန်တယ် မှားတယ်ဆိုတာ သဲသဲကွဲကွဲရှိတာမျိုးမှ မဟုတ်တာ
      သူလုပ်ခဲ့တာတွေကို မိုးမခအနေနဲ့ မုဒိတာ မပွားနိုင်ရင်တောင် ဆုံးသွားပြီးတဲ့သူတစ်ယောက်ကို တော့ ဒီလိုလေသံမျိုးနဲ့ မပုတ်ခတ်သင့်ဘူး

  3. Every person especially young person should listen and follow his advices. We lost a good person for our country.

  4. “Politic is a kind of prediction”, whatsoever accept or not, present scenarios appear as hinge line of Guru : Nay Win Mg, Kyaw Win, Mg Suu Sun, Kyaw Yin Hlaing & et al.
    They cited bitterness truth to accept real politics and portrait the office smart rather than street smart.
    In Dr.Nay video clip shown gently criticized to military regime and paved way for new MPs’ and parliament practice.
    A considerable thing for changes is Geopolitic on economic interest of West and China (i.e.gas pipe line crossing the Myanmar to China).

  5. ၂၀၁၀ တုန်းက i vote တီရုပ်တွေ သူရဲ့ အီးဂ၇ပ် သင်တန်းမှာဝေတယ်ကြားလို့  သတင်းငှာန(ဧရာဝတီထင်တယ်) တုန်းက မဟုတ်ဘူး ဘယ်သူပြောတာလဲလို့ သူ၇ုံးခန်းက တာဝန်ခံ အမျိုးသမီးက မေးတယ် ငြင်းတယ် အခုကြတော့ နေ၀င်းမောင်းလူပ်ရှားခဲ့လို့ ပြောတယ် ဟီးဟီးးးး

  6. မိုးမခစာဖတ်သူ( မြက်ခင်းစိမ်း ) သို့
    ကိုနေ၀င်းမောင်က ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံခဲ့ပေမဲ့ ရွေးကောက်ပွဲပြီးသွားတဲ့အချိန်မှာ ချောတိုင်တက်သူများ ဆောင်းပါးကို ရေးသွားတာ ဘယ်ပညာရှိလဲ ဖြေပေးပါ။ သူယုံကြည်တဲ့လမ်းစဉ်ကို အကောင်အထည်ဖေါ်ပေးရမဲ့ လူတွေက သူထင်တာထက်ပိုပြီး ယုတ်မာစဉ်းလဲတယ်ဆိုတာကို အတိအလင်း ၀န်ခံသွားရတာ ဘယ်သူပါလဲ ။ ကွယ်လွန်သွားတဲ့လူကို ငြိမ်းငြိမ်းချမ်းချမ်းနေပါစေ၊ ပွဲဆူအောင်လာမဆွပါနဲ့၊ စာများများဖတ်ပါ ။ ဒီစာကို ကြိုက်တဲ့နေရာမှာ တင်လည်း ဘာမှမဖြစ်ပါဘူး ။

  7. မလှရွာလည်ပြ၊ လူတာသေတာ ချီးပန်းမရပ်ဘူး။

  8. ဆရာနေဝင်းမောင်အကြောင်း ကြားပဲကြားဖူးတယ် ၊ ခုမှ လူကိုယ်တိုင်ပြောတာ နားထောင်ဖူးတော့တယ် ။
    ယေဘုယျအားဖြင့် ပြောရရင် သဘောကျတယ် ။

    ဒီလိုပြောနိုင်အောင် ဆယ်စုနှစ်နဲ့ချီပြီး တည်ဆောက်ခဲ့ရတယ်လို့ ယုံတယ် ။
    လက်တွေ့ကျကျ တကယ်လုပ်ခဲ့ပြီးတော့ ဒီဟောပြောပွဲမှာလည်း လူတွေကို မျက်စေ့ဖွင့်သွားပေးခဲ့တယ် ။
    သူလုပ်ခဲ့တာတွေထဲမှာ အမှားတွေ ရှိကောင်းရှိမယ် ၊ ဒါပေမယ့် အကျိုးက ပိုများတယ်လို့ ယုံတယ် ။

    ခုကတည်းက စကြိုးစားတဲ့သူတောင် နောက်ဆယ်နှစ်မှာ သူ့ကို မှီပါ့မလားလို့ စဉ်းစားမိတယ် ။
    မလွယ်ပါဘူး ။ သူ့ဝိရိယနဲ့ ဥာဏ်ကိုတောင် မမီနိုင်တာ ၊ ကံကလည်း လိုက်ဖို့လိုပါသေးတယ် ။
    ဘယ်လိုပဲဖြစ်ဖြစ် ဆရာနေဝင်းမောင် ကောင်းရာသုဂတိ လားပါစေ ။

Comments are closed.