ကဗျာ

အာဏာသစ်

နိုင်ဦးညို (ဖိုးဇီးရိုး)
မေလ ၁၊ ၂၀၁၂

အာဏာပလ္လင်ပေါ်ထိုင်မိလို့
အာဏာရလာသူတွေ
အာဏာရှင်တွေဖြစ်ပြီး
အာဏာမက်လာလို့
အာဏာရူးတာ
မနေ့က ကမ္ဘာ။

အာဏာရှင်တွေ
အာဏာရှိတာကို
ဓနရှိသူတွေ
အားကျလာလို့
ဓနရှင်က ဓနနဲ့ပေါက်
ဓနရှင်က ပညာနဲ့ပေါင်း
အာဏာရှင်ရဲ့အာဏာကို
အကြမ်းမဖက် အနုနည်းနဲ့
အာဏာသိမ်းနေတာ
ဒီနေ့ကမ္ဘာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts