သတင်းပဒေသာ

ကိုးကိုးကျွန်းပြန် ဦးခင်ညို ဈာပန ကျင်းပပြီးစီး

မိုးမခအထောက်တော်၊ ရန်ကုန်။
ဧပြီ ၂၈ ၊ ၂၀၁၂
နိုင်ငံရေး အကျဉ်းသူဟောင်း မသန္တာ၏ ဖခင်ဖြစ်သူ ကိုးကိုးကျွန်းပြန် ဦးခင်ညို ၏ ဈာပနအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရေဝေးသုဿန်၌ ကျင်းပပြီးစီးသွားပြီဖြစ်သည်။

အခမ်းအနားကို အလုံ နှင့် ကြည့်မြင်တိုင်မြို့နယ်တို့မှ အန်အယ်လ်ဒီ အဖွဲ့ဝင်များက အဓိက တာဝန်ယူစီစဉ်ဆောင်ရွက်ပေးခဲ့ကြပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ ဦးခင်ညို၏ ဆွေမျိုး မိတ်ဆွေများ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

ရေဝေး သုဿန်တွင် ပထမဦးစွာ ဦးခင်ညို၏ ကိုယ်ရေး အကျဉ်း၊ နိုင်ငံရေး လှုပ်ရှားမှုတို့ကို ဖတ်ကြားပြီး နောက် အလုံမြို့နယ် အန်အယ်လ်ဒီ စည်းရုံးရေး ကော်မတီဝင်အဖြစ် ၎င်း၏ ကျန်းမာရေးက ခွင့်ပြုသည့်အချိန်ထိ လုပ်ဆောင်ခဲ့သည်ကို အသိအမှတ်ပြု ဖတ်ကြားခဲ့သည်။ ယင်းနောက် အလုံမြို့နယ် အန်အယ်လ်ဒီပါတီဝင်များက အန်အယ်လ်ဒီအလံကို ရှေ့မှ ကိုင်ဆောင်၍ နောက်ဆုံးခရီးကို ပို့ဆောင်ခဲ့ကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

8 thoughts on “ကိုးကိုးကျွန်းပြန် ဦးခင်ညို ဈာပန ကျင်းပပြီးစီး
  1. It is not a good idea to publish dead body on line.
    I noted a lot of incidence in Moemaka.

    Please review your ideas.
    this is not appropriate.
    That is why ‘ media ‘ should be monitored.
    do not waste and abuse the media freedom by showing ‘ dead body ‘ of own people.
    Not helpful.
    You can show dead body in coffin and or some other ways.

    don’t just show just to ‘ make news ‘ and show a photo . Very disgusting idea.

    1. ဦးခင်ညိုဆိုတာ သမိုင်းကြောင်းရှိခဲ့တဲ့ လူတစ်ယောက်ပဲ။ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ အရှေ့ဆုံးက ရပ်တည်ခဲ့လို့ ကိုကိုးကျွန်းလိုနေရာမျိုးကိုတောင် ရောက်ခဲ့ရတယ်။ သူ့မျိုးဆက်ကိုလည်း သွေးမနည်းအောင် ဆောင်ကျဉ်းနိုင်ခဲ့တယ်။ ကျန်းမာရေးလက်ခံသလောက် ဒီမိုကရေစီအရေးမှာ လှုပ်ရှားခဲ့တယ်။ ဒါ အခုသိရသလောက်ပါ။ ကျွန်တော်တို့ မသိသေးတဲ့ နောက်ခံ သမိုင်းဝင်ဖြစ်စဉ်တွေ ရှိနေနိုင်ပါသေးတယ်။ ဒီလို လူတစ်ယောက်ကို ကွယ်လွန်ချိန်မှာ နောက်ဆုံးအားဖြင့် ဂုဏ်ယူ အသိမှတ်ပြု ဖော်ပြပေးတဲ့ မိုးမခကိုလည်း လေးစားမိတယ်။
      မြန်မာနိုင်ငံမှာ ရှေးကာလများက တိုင်းပြည်အတွက် များစွာအနစ်နာခံခဲ့တဲသူတွေ မှတ်တမ်းမှတ်ရာ မရှိ၊ လူမသိ သူမသိပျောက်ကွယ်ခဲ့တာတွေ အများကြီးရှိခဲ့တယ်။ ဒီလို စာမတင် မှတ်တမ်းမ၀င်ခဲ့ပေမယ့် တိုင်းပြည်အတွက် ဘ၀နဲ့ရင်းပြီး ပေးဆပ်ခဲ့သူတွေကို ပြန်လည်ရှာဖွေ ဖေါ်ထုတ် မှတ်တမ်းတင် သင့်သလို လက်ရှိ ကွယ်လွန်အနိစ္စရောက်သူတွေကိုလည်း ဖော်ထုတ် ဂုဏ်ပြုတာဟာ ဓာတ်ပုံများနှင့်တကွ သမိုင်းမှတ်တမ်း ပြုစုနေခြင်း ဖြစ်သလို နောက်လူတွေအတွက် လူသားအရင်းအမြစ် တန်ဖိုး သိနားလည်ရေးအတွက် မဖြစ်မနေ လုပ်ရမယ့်၊ လုပ်သင့်တဲ့အလုပ်ကို လုပ်နေခြင်းဖြစ်တယ်လို့ မှတ်ယူပါတယ်။
      ဒီလုပ်ရပ်တွေကို ကန့်ကွက်နေသူတွေဟာ လူသားစိတ်မရှိသူ၊ အတ္တကြီးသူ၊ ထမင်းကျွေးသော လက်ကို ပြန်ကိုက်သော သတ္တ၀ါထက်မိုက်သည့် လူ့အန်ဓ များဖြစ်သည်ဟု ပြတ်သားစွာ ဆိုချင်ပါတယ်။
      မှတ်ချက်-
      ကျွန်တော် နိုင်ငံရေးသမား လုံးဝ၊ လုံးဝမဟုတ်ပါ။ ဦးခင်ညိုကိုလည်း အခုမှ ကြားသိဖူးခြင်းဖြစ်သည်။ ဖြစ်သင့်သည် အသိအမှတ်ပြုခြင်းနှင့် အခမ်းအနား ဓာတ်ပုံဖော်ပြခြင်းကို ရင့်သီးစွာ ကန့်ကွက်နေခြင်းအတွက် အမြင်မတော်သဖြင့် ၀င်ရောက် ရေးသားခြင်းသာဖြစ်သည်။

      1. Look!!! You don’t understand what we mean. We are not against to the posting of hero’s affairs.. We are just talking about expressing some dead bodies on the webpage which is personal thing for the remaining family through the point of view of culture of democratic countries…It’s beyond the freedom of press…We meant the previous funerals, not this one, and we are not criticizing about any political matters. Most importantly, I am not politician, either. I always admire all the people who sacrificed their life for our beloved country, Burma. I am the one who translated the story of Ma Thanda and her father for an organization. And, I am very familiar with their story and felt very sad. That’s why I wrote that comment, but the facts you pointed out are incorrect as we didn’t say anything against the expressing of the news of democratic people.
        I AM THE SUPPORTER OF DEMOCRATIC MOVEMENT AND I HAVE BEEN SINCE 1988, AND I WILL ALWAYS BE!!! NEXT TIME, READ CAREFULLY BEFORE YOU SAY SOMETHING!!! YOU INSULT ME BY SAYING THESE THINGS!!!

      2. Hayt Kaung Maung Htin

        Moe Ma Kha can u confess that you posted the ‘ dead body ‘ photo initially.

        Why didn’t you post my message i sent a few hours ago?

        Tell all the readers, you removed it, so that that guy Maung Htin will know.

        Do not try to trick people. Do not try to insult the readers by concealing.

        This is not gentleman ethic.

        Tell them the truth that u removed it and they will know the why I said that message. Otherwise people will misunderstand my message.

        You created this blog spot for feedback . Do you? Do you?
        So be honest. Honesty is the best policy. You have to be a good web site to do that.

  2. hey.. where is dead body. I can’t see any thing that you mean dead body..
    I think, this is just a ceremony photo of a dead person who is a former democratic politician.

  3. မိုးမခက စာပြန်လိုက်ပါတယ်။
    ဟုတ်တယ်။ ပထမက ဦးခင်ညိုရဲ့ မကျန်းမာစဉ်က ဓာတ်ပုံကို ယူကျုကနေ ယူသုံးမိတယ်။ ဒါက လူနာပုံ။ စာတန်းမထိုးလိုက်မိဘူး။ နောက်တော့ ရန်ကုန်က ဓာတ်ပုံတွေဝင်လာတော့ ပြန်ပြင်လိုက်တယ်။ လူသေပုံမတင်သင့်ဘူးလို့ ရေးထားတာ တွေ့လိုက်သော်လည်း ဓာတ်ပုံအသစ်တွေ ပြန်တင်ထားတော့ ဖြေရှင်းချက် မပေးလိုက်မိဘူးပေါ့ဗျာ။ အခု အားလုံးကို တောင်းပန်ပါတယ်။ စာဖတ်ပရိသတ်တွေရဲ့ ဝေဖန်အကြံပေးတာတွေ သဘောထားပြောဆိုတာတွေကို လေးစားပါတယ်။

Comments are closed.