ဓာတ်ပုံသတင်း

Hla Than – ကဗျာဆရာ လှသန်း ကွယ်လွန်ခြင်း ၆လပြည့် အမှတ်တရပွဲကျင်းပ

ကဗျာဆရာ လှသန်း ကွယ်လွန်ခြင်း ၆လပြည့် အမှတ်တရပွဲကျင်းပ

မိုးမခဓာတ်ပုံသတင်း၊ ဧပြီ ၂၉၊ ၂၀၁၂

            ( ၂၇ ဧပြီ၊ ၂၀၁၂ ) ၊ ညနေ ၆ နာရီက ကဗျာဆရာလှသန်း ကွယ်လွန်ခြင်း ၆ လ ပြည့် အခန်းအနားကို စမ်းချောင်းအိုးဘိုလမ်း လက်ဖက်ရည်ဆိုင်မှာ ကျင်းပရာ မိတ်ဆွေ ရေးဖေါ်ရေးဖက် ကဗျာဆရာများတက်ရောက်ကြသည်။

ကဗျာဆရာလှသန်းသည်

၁၉၉၄ ခုနှစ်နိုဝင်ဘာလထုတ် ဟန်သစ်မဂ္ဂဇင်းတွင် ဖြောင့်ချက်  ကဗျာ၊

၁၉၉၈ သြဂုတ်လ ထုတ် ရနံ့သစ် မဂ္ဂဇင်းတွင်  လက်   ကဗျာ၊

၁၉၉၉ ဇူလိုင်လ ရနံ့သစ် မဂ္ဂဇင်းတွင်    အနေအထိုင်မတတ်သူများ ကဗျာ

၂၀၀၅ ဒီဇင်ဘာ ရနံ့သစ်မဂ္ဂဇင်းတွင် တောင်အမေရိက ကိုသွားချင်တယ် ကဗျာ

၂၀၀၅ အောက်တိုဘာ နှလုံးအိမ် မဂ္ဂဇင်းတွင် အာရှတိုက်ရဲ့ တစ်နေရာ ကဗျာ

၂၀၀၆ အောက်တိုဘာ မဟေသီ မဂ္ဂဇင်းတွင် ငါလည်းတစ်နေ့ ကဗျာ

၂၀၀၇ ကဗျာတစ်ရာနှင့် ကဗျာဆရာကွယ်လွန်ခြင်း ကဗျာစာအုပ် (တော်ဘုရားလေးဆုရ)

၂၀၀၈ ဇွန်လ    ချယ်ရီ မဂ္ဂဇင်းတွ၊င် ဒီပရင်္ဂ ကဗျာများမှာ

အထူးထင်ရှား ပြီး ၂၀၁၀-၁၁ တွင် မန္တလေး ခေတ်ပေါ်ကဗျာဆုနှင့်  စင်္ကပူ အခြေစိုက် ရသအလင်း ဖေါင်ဒေးရှင်း ကဗျာချစ်သူများ ၏ ဂုဏ်ပြုခြင်း ခံခဲ့ရသည်။

 ဆရာ၏ ကလောင်ခွဲများမှာ စံသိုက်၊ နိမိတ်ထွန်းသန်း၊ လိပ်ပြာသန့်သန့်၊ ကြည်မောင်သန်း၊ ရန်မခ၊ မောင်သီးသန့် စ သည်တို့ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts