သတင်းပဒေသာ

Magwe – အောင်မြေရတနာကျောင်း နွေရာသီသင်တန်း အာဏာပိုင်တို့ တားမြစ်

မကွေးမြို့၊ အောင်မြေရတနာကျောင်း နွေရာသီသင်တန်း အာဏာပိုင်တို့ တားမြစ်

မကွေးဘကျော်၊ ဧပြီ ၂၅၊ ၂၀၁၂

ယနေ့မှာ မကွေးမြို့က အောင်မြေရတနာ ကျောင်းတိုက်မှာ  ယဉ်ကျေးလိမ္မာ ၅ ရက် သင်တန်း ဖွင့်ပါလိမ့်မယ်လို့ သတင်းရပါတယ်။ သင်တန်းကို (၂) ပိုင်းခွဲထားတဲ့ အကြောင်း၊   မနက် (၇) နာရီက (၁၁) နာရီထိမှာ (၅/၆/၇/၈) တန်း သက်ငယ်များတတန်း၊  နေလည် (၁) နာရီကနေ (၅) နာရီအထိက (၉/၁၀) နဲ့ တက္ကသိုလ်တန်းတွေအထိ
တပိုင်း ခွဲပြီး သင်ကြားမယ်လို့ ဆိုပါတယ်။

“သင်ကြားပို့ချမှာတွေက ဗုဒ္ဓဘာသာအပြင် ယာဉ်စည်းကမ်းထိမ်းသိမ်းရေး၊ ကျန်းမာရေး၊ အနုပညာအနေနဲ့ ရုပ်သေးကြိုးဆွဲ ဗဟုသုတစုံလို့ပါပဲ။ သင်ကြားပို့ချမယ့်အထဲမှာ ဆရာတော်ဦးဝိစိတ္တသာရ အပြင်၊ စာရေးဆရာထဲက မောင်သာချို၊ ဦးဘုန်း (ဓါတု)၊ ဇော်ခိုင်ဦး၊ ဒေါ်သန်းမြင့်အောင်စသည်တို့နဲ့  ညဖက်တွေမှာပါ စာပေဆွေးနွေးပွဲ ကျင်းပဖို့ ပြင်ဆင်ထားပါတယ်” လို့ စီစဉ်သူတဦးက ပြောပြပါတယ်။

စာတင်ထားတာက ဧပြီ ၁၈ ကတည်းကဖြစ်ပေမယ့် လွန်ခဲ့တဲ့ ၂ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့က ဦးလှရှောင်က ယဉ်ကျေးလိမ္မာစီစဉ်သူတွေကို စာပေဟောပြောပွဲတွေ ဘာတွေ မလုပ်ဖို့ တားမြစ်လိုက်တယ်လို့ ကြားရပါတယ်။ ဆရာတော်ကြီးနဲ့ ဒကာ၊ ဒကာမများကတော့ ဆက်လက်စီစဉ်နေတယ်လို့ ဆိုပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

5 thoughts on “Magwe – အောင်မြေရတနာကျောင်း နွေရာသီသင်တန်း အာဏာပိုင်တို့ တားမြစ်
  1. အမြင်ရှိသလောက် အများအကျိုးလုပ်တာ လူတိုင်းအခွင့် အရေးဘဲ ဖြစ်အောင်လုပ်သင့်ပါတယ်။

  2. များများသာအဲဒီလို…အတွေးအခေါ်မရှိတဲ့အလုပ်သာလုပ်..လှရှောင်ရေ…နောက်နှစ်
    သိပ်မကြာခင်မင့်..သမီးကိုဘာသာခြားလက်ထဲမှာတွေ့ ရမယ်..အထက်က..အမျက်
    မရှရေး..လောက်သာတွေးပြီးနောင်ရေးမမျှော်ပဲလုပ်တတ်တဲ့မင်းလိုကောင်တွေ..
    မင်းတို့ လိုမြို့ နယ်အုပ်ချုပ်ရေးအဖွဲ့ တွေတို့ တိုင်းပြည်မှာဘယ်လောက်တောင်များ
    နေသလဲမသိဘူးကွာ..တိုင်းပြည်ရှေ့ ရေးရင်လေးစရာပါလားကွာ..။

Comments are closed.