သတင်းဆောင်းပါး

စင်ကာပူရောက် မြန်မာအိမ်ဖော်များဘဝ

ခင်ကလျာစိုး
ဧပြီ ၂၄၊ ၂၀၁၂
မြန်မာနိုင်ငံကနေ စကာင်္ပူမှာ အိမ်ဖော်လာလုပ်ကြရတဲ့ မိန်းကလေးတွေရဲ့ဘ၀ကို ကိုယ်ချင်းစာနိုင်အောင် ဒီစာကိုရေးလိုက်တာပါ။ အိမ်ဖော်အဖြစ် သွားရောက်လုပ်ကိုင်လိုသူများ ဒီစာကို အရင်ဖတ်စေချင်ပါတယ်။

………………………………………………………
စကာင်္ပူမှာ အိမ်ဖော်လာလုပ်ကြရတဲ့ မိန်းကလေးတွေအနေနဲ့ နိုင်ငံပေါင်းစုံ လူမျိုးပေါင်းစုံ ရှိပါတယ်။ အများအားဖြင့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ယိုးဒယားနဲ့ မြန်မာပြည်ကမိန်းကလေးတွေပါ။ အဲ့ဒီလိုလူမျိုးစုံထဲကမှ မြန်မာပြည်က အိမ်ဖော်တွေရတဲ့အခွင့်အရေးနဲ့ တခြားနိုင်ငံက အိမ် ဖော်တွေရတဲ့အခွင့်အရေး အများကြီးကွာခြားပါတယ်။ ကျမနဲ့အိမ်မှာ တခန်းတည်းအတူနေခဲ့တဲ့ ညီမလေးတယောက်က Maid Agency မှာ ရုံးဝန်ထမ်းလုပ်ပါတယ်။ ဒါကြောင့် သူပြောပြသမျှကို ကျမသိခဲ့ရတယ်။

မြန်မာအိမ်ဖော်တွေ အဓိကအနှိမ်ခံရတဲ့အချက်တွေက ဘာသာစကားအားနည်းမှု၊ မိမိအလုပ်ရှင်ကို ရိုသေလေးစားအားနာမှု၊ သည်းခံတတ်မှု တွေကြောင့် အလုပ်ရှင် အိမ်ရှင်တွေက အတင့်ရဲစွာနဲ့ အနိုင်ကျင့် နှိမ်ချရဲတာပါ။ အိမ်ဖော်ချင်း အတူတူ ဖိလစ်ပိုင်နဲ့ မြန်မာ ရတဲ့အခွင့်အရေး ကွာခြားတာကို ကျမရှင်းပြပါ့မယ်။

ဖိလစ်ပိုင်ကလာတဲ့ အိမ်ဖော်တွေက သူများနိုင်ငံမှာ အိမ်ဖော်သွားလုပ်တော့မယ်ဆိုရင် မသွားခင်မှာ အရင်ဆုံးသင်တန်းတက်ရတယ်။ ကိုယ်လုပ်မယ့်လူမျိုးတွေရဲ့ စရိုက်၊ နေထိုင်မှု၊ သန့်ရှင်းရေး၊ စားပုံသောက်ပုံ၊ ချက်ပြုတ်တာတွေကအစ သင်ခဲ့ကြတယ်။ မြန်မာပြည်က လာ တဲ့ အိမ်ဖော်မိန်းကလေးတွေက အများအားဖြင့် နယ်က ကလေးတွေဖြစ်ကြတယ်။ ကိုယ့်တိုင်းပြည်မှာ လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေလို့ ရှိသမျှလေး ပေါင်နှံပြီး Agent တွေကို မတန်တစပေးပြီး ရောက်လာခဲ့ကြတယ်။ တချို့ဆိုရင် သူတို့ ဘာလုပ်လို့ လုပ်ရမှန်းမသိပဲ စင်္ကာပူမှာ အလုပ်ရမယ်ဆိုလို့ လိုက်လာတာမျိုးတွေ တပုံကြီးပါ။ လေဆိပ်ရောက်တော့မှ Agent က သူတို့ လက်ထဲကို In-Principle Approvals (IPA Letter) ထည့်ပေးလိုက်မှ သူတို့ရဲ့ အလုပ်အကိုင်နေရာကိုမြင်မှ သိလိုက်ရတဲ့သူတွေလည်း ဒုနဲ့ဒေးပါ။ အဲ့ဒီအချိန်မှာ နောက်ဆုတ်လို့လည်း မရတော့ဘူး။ ဒီတော့ မျက်စိမှိတ်ပြီး ရောက်ခဲ့ကြရပြန်ရော။ တချို့ဆိုရင် အဲ့ဒီ In-Principle Approvals (IPA Letter) ကိုတောင် နားမ လည်ပါဘူး။ ဘာမှန်းညာမှန်းမသိပဲ အလုပ်ရချင်တဲ့စိတ်လေးတခုတည်းနဲ့ ရောက်ခဲ့ကြတာ။

ဒီတော့ ဘယ်မှာလဲ သင်တန်းတွေ၊ ဘာသာစကား လေ့လာမှုတွေ၊ လုပ်ငန်းတဲ့ပတ်သက်တဲ့ ဗဟုသုတတွေ… တကယ့်ကို ဘာမှမရှိပဲ ရောက်လာကြရတာပါ။ ဒီတော့ သူများနဲ့ယှဉ်ပြီးလည်းရွေးရော မြန်မာလူမျိုးက ဘာမှမတတ်ဘူးဆိုပြီး Agent ကစလို့ လစာကိုနှိမ်ပြီး သတ် မှတ်တော့တာပဲ။ အလုပ်ရှင်တွေဆီပို့ပြန်တော့လည်း တခြားနိုင်ငံသားတွေကို စကာင်္ပူလူမျိုးမဟုတ်တဲ့ နိုင်ငံခြားသား (အနောက်နိုင်ငံသား) အိမ်တွေကို ပို့တာများတယ်။ မြန်မာတွေက ဘာသာစကားအားနည်းလို့ဆိုပြီး စလုံးတရုတ်အိမ်တွေကို ပို့တယ်။ တခြားနိုင်ငံသားတွေ တလ ကို စကာင်္ပူဒေါ်လာ (၆၀၀) ရတဲ့အချိန်မှာ မြန်မာလူမျိုးကို တလ စကာင်္ပူဒေါ်လာ (၃၅၀) ပဲပေးတယ်။ အလုပ်နားရက်ပေးပြန်တော့လည်း တခြားလူမျိုးတွေက တပတ်ကို (၁) ရက် ခံစားခွင့်ရတယ်။ မြန်မာလူမျိုးကို တလမှ (၁) ရက်ပဲ ခံစားခွင့်ပေးတယ်။ ဟန်းဖုန်းသုံးလို့မရတဲ့ အိမ်ရှင်တောင် ရှိပါတယ်။ ကိုယ်ပိုင်အပြင်ထွက်လို့ရတဲ့နေမှာပဲ ဆက်သွယ်လို့ရပါတယ်။

အခုပြောပြတာတွေက ကျမတို့သိထားတဲ့ အပြင်ပန်းခွဲခြားဆက်ဆံမှုပဲ ရှိပါသေးတယ်။ တကယ်အလုပ်လုပ်ရတဲ့ ကာယကံရှင် အိမ်ဖော်တွေ က သူတို့ရဲ့ နေ့စဉ်ဖြတ်သန်းနေရတဲ့ဘ၀မှာ ကျမတို့ မသိနိုင် မမြင်နိုင်တဲ့ နာကျင်မှုတွေ၊ ခံစားမှုတွေ ရှိနေနိုင်ပါတယ်။ တချို့ဆိုရင် အိမ်ရှင် က ကိုယ်ထိလက်ရောက် နာကျဉ်အောင် ရိုက်နှက်တာမျိုးလည်း ရှိပါတယ်။ အဲ့လိုဖြစ်လို့ Agent ကို အကြောင်းကြားရင် Agent က အလုပ် ရှင်ဘက်ကနေပဲ ရပ်တည်ပါတယ်။ ကိုယ့်တိုင်းပြည်မှာ တခါမှ ဘာအလုပ်မှ မလုပ်ခဲ့ဘူးပဲနဲ့ စင်္ကာပူရောက်မှ အခုလို အိမ်ဖော်ဘ၀လုပ်ရတဲ့ သူတွေလည်း အများကြီးဆုံခဲ့ဖူးပါတယ်။ ကျမတို့က ဗုဒ္ဓဘာသာ မြန်မာလူမျိုးပီပီ တခုဆိုလျှင် ကံကံ၏အကျိုးဆိုပြီး သည်းခံ ခွင့်လွှတ် တတ်ကြတဲ့ လူမျိုးတွေပါ။ တချို့တွေ ဒီလိုဒုက္ခတွေကိုမခံနိုင်တော့လို့ ရခဲ့လှတဲ့လူ့ဘ၀ကိုတောင် စွန့်ခွာတဲ့အထိဖြစ်ကြပါတယ်။

ကျမအနေနဲ့ ဘယ်နေရာမှာ မြန်မာလူမျိုးတွေ့တွေ့ နှုတ်ဆက်တယ် အဆင်ပြေလားဆိုတဲ့စကားကို မေးမိတယ်။ ကိုယ်ချင်းစာတယ်၊ မြန်မာ လူမျိုးအချင်းချင်း၊ အမျိုးကောင်းသမီးတွေကို တန်ဖိုးထားစေချင်တယ်။ လူတိုင်လူတိုင်း ပြည့်စုံတဲ့ဘ၀နဲ့သာ ရှင်သန်ချင်ကြပါတယ်။ အ ကြောင်းမလှလို့ ဒီလိုဘ၀မျိုးရောက်တဲ့သူတွေကို ညှာတာပါ၊ သနားပါ၊ စာနာပါ။ ကိုယ်ချင်းစာတရားနဲ့ ကူညီပေးကြပါ။ မြန်မာနိုင်ငံမှ နိုင် ငံခြားတွင် အိမ်ဖော်အလုပ်ဖြင့် သွားရောက်လုပ်ကိုင်လိုသော မြန်မာမိန်းကလေးများ သတိပြုနိုင်ပါစေ။ စကာင်္ပူနိုင်ငံလို ဥပဒေပြင်းထန်သော နိုင်ငံတွင် ဒီလောက်ဖြစ်သည်ဆိုလျှင် အခြားသောတိုင်းပြည်များတွင် ဒီထက်သာဆိုးပါလိမ့်မည်။

အခုလို အိမ်ဖော်တွေအနေနဲ့လည်း လစာ တလကို ဒေါ်လာ (၂၀၀) ပဲ ရရ (၃၀၀) ပဲရရ Work Permit ကိုင်ဆောင်ထားတဲ့အတွက် မြန် မာသံရုံးကို ၀င်ငွေခွန် တလ ဒေါ်လာ (၄၀) နှုန်းနဲ့ ဆောင်ရပါတယ်။ မြန်မာသံရုံးအနေဖြင့် အခွန်ကိုသာ ပုံမှန်တောင်းခံပြီး ကိုယ့်နိုင်ငံသား အပေါ်တွင် မည်သည့်အကူအညီ၊ ကာကွယ်ခြင်းမျိုး မပေးနိုင်ပါ။ တွေးလို့သာ ကြည့်ကြပါတော့။

မြန်မာသံရုံးကိုထမ်းဆောင်ရတဲ့ အခွန်နှုန်းထားတွေဟာ ကိုင်ဆောင်ထားတဲ့ပါမစ်နဲ့သာ ထမ်းဆောင်ရပါတယ်။
(၁) Work Permit – $40/ month
(၂) S-Pass – $80/month
(၃) E-Pass/ PR – $120/month
(၄) Passport စာအုပ်သက်တမ်းတိုးခြင်း – $150

http://www.facebook.com/#!/photo.php?fbid=236663743107713&set=p.236663743107713&type=1 မှ ကူးယူဖော်ပြပါ သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

6 thoughts on “စင်ကာပူရောက် မြန်မာအိမ်ဖော်များဘဝ
  1. သိန်းစိန်မင်းဒါတွေကိုသိလား…အဲဒါမလေးရှားမဟုတ်သေးဘူးနော်…။

  2. ကြားဘူးတယ်…လူကုန်ကူးတာတဲ့…ပိုက်ဆံကိုယူ မုသား လေလုံးမိုးလုံးပြည့်သုံးတတ်တဲ့ အေးဂျင့်ဆိုတဲ့သူတွေနဲ့မတတ်သာလို့ဆက်ဆံကြရတော့မယ်ဆိုရင် …အခကြေးငွေပေးပြီး လုပ်ရတာမို့ မှန်ရင်သူစား မမှန်ရင်တော့ လိမ်ညာမှူ့နဲ့ တရားပြန်စွဲနိုင်အောင် သူတို့လိမ်သမျှ မခံရအောင် ဥပဒေအကျိုးဆောင်နဲ့အတူ နှစ်ဦးသဘောတူ စာချုပ်နဲ့ အလုပ်အပ်ကြဘို့ လုပ်ကိုလုပ်မှဖြစ်မှာ…စာချုပ် ချုပ်မယ်ပြောကြည့်ပါ…မှန်ရင်ရဲရဲကြီး သဘောတူရဲရမှာပေါ့…ဘယ်နှစ်ယောက်ရှိမယ်ထင်လဲ…ဒါ နိုင်ငံခြားအလုပ်သွား လုပ်မယ့်သူတိုင်း လုပ်သင့်တာ ကြာပြီ…လုပ်သင့်တာမလုပ်ခဲ့မိလို့လူလိမ်ပွဲစားတွေက ခေတ်သစ်တရားဝင် လူကုန်ကူးခွင့် လိုင်စင်ရနေတာ ကြာလှပြီကော….

  3. The Philippines Government protect the rights and the welfare of their domestic workers overseas. The remittance from the overseas workers is the largest national income for the Philippines. So, Labour importing countries such as Saudi, Singapore, Malaysia etc have to sign MoU with the Philippines with details on the rights of the workers including salary, number of days off, medical benefit. If any abuse occurred in those countries (you will have read the Philippines maids physically abused in Saudi), they would suspend the maids/workers going to that particular country and take tough actions against “agencies” supplying the work force despite Government’s sanctions.

    I will give you another example- Indonesia. Indonesia because of the corruption in government agencies and their cronyism economy, Indonesian maids have no protection from their government. There are millions of Indonesian maids working in middle east, in Malaysia and in Singapore. Compared to the Philippines maids, Indonesian maids are getting much less and the exploitation or the abuse cases are seldom considered seriously. The result is – Indonesian maids suffering at the hands of their abusers in silence. With shock, I once read the news about a Singaporean woman, cutting the breast of an Indonesian maid with a blade!!!

    I am not saying that our country should turn into “maid exporting” country. But only sharing what I know. Now the Government is planning export 200,000 workers to abusive country, Thailand. If they must get the money out of sweat and blood of those workers, at least, do it right on humanitarian ground, using Philippines’ example.

  4. ဒါတောင်စောက်သုံးမကျတဲ့နိုင်ငံခေါင်းဆောင်ကြီးက မလေးရှားကို
    အိမ်ဖော်တွေပို့ဦးမယ်ဆိုပဲ။။ ရောင်းစားစရာကုန်တော့လူတွေပါထုတ်ရောင်း
    စားတော့မို့လား။။ မြန်မာမိန်းကလေးများကိုယ့်နိုင်ငံကဘွဲ့တစ်ခုယူထားတာ
    သူများနိုင်ငံမှာအိမ်ဖော်သွားလုပ်ဖို့အတွက်လား ????

Comments are closed.