မျက်မှောက်ရေးရာ သတင်းပဒေသာ

ဒီပဲယင်းတွင် ဒေါ်စုကို ကယ်ခဲ့သည်ဟု ဦးခင်ညွန့် ပြောကြားခဲ့ခြင်းမရှိဟု ဦးဝင်းမောင်မောင် ငြင်း – Depayin massacre related news

သူရမျိုး(YPI)/ Yangon Press International
ရန်ကုန် ဧပြီ၊ ၁၁ ၊ ၂၀၁၂


Envoy News သတင်းဂျာနယ် CEO ဗိုလ်မှူးဟောင်း ဦးဝင်းမောင်မောင်


ဧပြီလ ၈ ရက်နေ့ထုတ် ဘန်ကောက်ပိုစ်သတင်းစာပါ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့် နှင့် တွေ့ဆုံမေးမြန်းရာတွင် ဒီပဲယင်းကိစ္စ ထုတ်ဖေါ်ပြောကြားခဲ့ခြင်းမရှိကြောင်း ဗိုလ်မှုးဟောင်း ဦးဝင်းမောင်မောင်က ယနေ့ နေ့လည် ရန်ကုန်ပြည်ထဲရေးဝန်ကြီးဌာနရုံးဟောင်း တွင် ကျင်းပပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ငြင်းဆိုလိုက်သည်။

” ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီပဲယင်းကိစ္စမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဒီတွေ့ဆုံပွဲမှာ ပြောဆိုခြင်းလုံးဝမရှိခဲ့ဘူးဆိုတာငြင်းချက်ထုတ်ကြောင်း စာနယ်ဇင်းဆရာများကို အသိပေးတင်ပြလိုပါတယ်” ဟု ဦးဝင်းမောင်မောင်က ပြောသည်။

ထောက်လှမ်းရေး တပ်မှုးဟောင်းတစ်ဦးဖြစ်ကာ Envoy News သတင်းဂျာနယ် ၏ CEO တစ်ဦးလည်း ဖြစ်သူ ဗိုလ်မှုးဟောင်း ဦးဝင်းမောင်မောင်မှာ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက်ပိုင်း ဦးခင်ညွန့်၏ မီဒီယာကိစ္စများကို အဓိက တာဝန်ယူ ဖြေရှင်းပေးနေသူဖြစ်သည်။

ယခုလ ၈ ရက်နေ့ထုတ် ဘန်ကောက်သတင်းစာ တွင်ပါရှိသော ၀န်ကြီးချုပ်ဟောင်းဦးခင်ညွန့် နှင့် အင်တာဗျူးတစ်ခုတွင် ၂၀၀၃ မေလ ၃၀ က ဒီပဲယင်းအရေးအခင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား ကယ်တင်ရန်အတွက် ထောက်လှမ်း ရေးတပ်ဖွဲ့ဝင်တစ်ချို့အား စေလွတ်ခဲ့ပြီး နီးစပ်ရာတပ်စခန်း ကိုရွှေ့ပြောင်းပေးခဲ့ကြောင်း အသားပေး ဖေါ်ပြထားသည်။

“လုံးဝမှားတဲ့အချက်တစ်ချက်ကို မှန်ကန်နေတဲ့ဟာလေးနဲ့ ရောထည့်လိုက်တဲ့ အခါ ဒီသတင်းဟာမှန်ကန်သယောင်ဖြစ်သွားပါတယ် ” ဟု ဦးဝင်းမောင်မောင်က ဆက်လက်ပြောကြားခဲ့သည်။

ဘန်ကောက်ပို့ သတင်းစာပါ အင်တာဗျူး ရေးသားသူ ဦးမြင့်ရွှေ နှင့် မတ်လ ၁၀ ရက်နေ့က အလွတ်သဘော ၁ နာရီ ၅၅ မိနစ်ကြာတွေ့ဆုံခဲ့ခြင်းသာ ဖြစ်ကြောင်း ဦးဝင်းမောင်မောင်က ပြောဆိုခဲ့ပြီး ပြည်တွင်းသတင်းထောက်တစ်ဦးက အဆိုပါ တွေ့ဆုံမှု အသံဖိုင်အား ပေးနိုင် မပေးနိုင် တောင်းဆိုရာတွင်မှု လတ်တလော အဆင်သင့် မဖြစ်သေးကြောင်း ဦးဝင်းမောင်မောင်က ငြင်းဆန်သည်။

ဒီပဲယင်းအဖြစ်အပျက်မှာ ၂၀၀၃ ခုနှစ်မေလ ၃၀ ရက်နေ့ ညဦးပိုင်းက ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးတင်ဦးနှင့် အန်အယ်လ်ဒီပါတီထောက်ခံသူ အများအပြားပါသည့် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များကို ဒီပဲယင်းမြို့နယ် ကျည်ရွာ အနီး စစ်အစိုးရက စေလွှတ်ထားသည်ဟု ယူဆရသည့် ဓါးတုတ်၊ လက်နက်ကိုင် လူအုပ်က ၀ိုင်းဝန်း တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။

ယင်းအဖြစ်အပျက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးမှာ အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ကာ အန်အယ်လ်ဒီထောက်ခံသူ ၅၀ ထက်မနည်း သေဆုံးခဲ့သည်ဟု သီးခြား အတည်မပြုနိုင်သည့် သတင်းများက ဆိုသည်။ နအဖ အစိုးရကမူ ၄ ဦးသာသေဆုံးခဲ့သည်ဟု ထိုစဉ်က သတင်းထုတ်ပြန်ခဲ့သည်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

13 thoughts on “ဒီပဲယင်းတွင် ဒေါ်စုကို ကယ်ခဲ့သည်ဟု ဦးခင်ညွန့် ပြောကြားခဲ့ခြင်းမရှိဟု ဦးဝင်းမောင်မောင် ငြင်း – Depayin massacre related news
  1. U Khin Nyunt’ll totally close his mouth in future media. He got too shock and worried by previous experience of house arrest.
    Interviewer U Myint Shwe (Canada) said the final copy (in Bangkok News paper) is a bit different from my original, for better or for worse. Anyway, they have the editorial license. What can you do?
    I will share the original audio file in Burmese sometimes later.

  2. Dear Mr Police
    One question,

    Who did this attack. ?
    As your position, Do you know ? Did you know ?

  3. if u are not spokes person, you’d better shut up . don’t say anything.
    anything you say is hard to believe.

  4. ကွယ်လွန်သွားတဲ့ဒီပဲရင်းရဲဘော်များကိုချီးကူးပါတယ်၊ယနေ့ရပ်တည်အုပ်ချုပ်နေသောလူကြီးမင်းများအဖြစ်အပျက်များကိုအမှန်အတိုင်းဖေါ်ထုက်သင့်ပါတယ်၊ဖုန်းကွယ်နေရင် နောင်တချိန်အကြိုးရလဒ်မကောင်းပါဘူးဗျာ၊

  5. The military regime has already admitted that they had committed the crime at Depayin. The regime said only 4 killed in the massacre, whereas nearly hundred were systematically beat to death, according to reliable sources. Researchers, please compile all the information about the massacre and get ready to feed back to a new commission soon to be formed. The commission will then submit this case to the International Court of Justice in the near future. All the crime committed by anybody else regardless of ranks and files must be ready to turn themselves over to the law body in order to cooperate in building the new country.

  6. Why Win Mg Mg refused to issue the voice file publicly if they are sincere?
    Why he, on behalf of U Khin Nyunt (That ‘U’ is just for acknowledgement of his age, not for respect), did not sue Bangkok Post for defamation if what they said at the press conference is true?

    Tin Aung

  7. ဦးခင်ညွန့်တို့ကတော့ နိုင်ငံရေးမလုပ်တော့ဘူး ပြောပြီးမှ…သူများတွေ ပေါင်းစည်း ညီညွတ်ရေးကို
    ပျက်ပြားစေမဲ့…တိုင်းပြည်အတွက် အနှောင့်အယှက်ဖြစ်စေမဲ့ နိုင်ငံရေး စကားတွေ ပြောလာပြန်ပြီ…..
    ဒီကိစ္စမှာ ဦးခင်ညွန့်မှန်သလား…အင်တာဗျူးရေးသားသူ ဦးမြင့်ရွှေ မှန်သလား ဆိုတာတော့…ကာယကံ
    ရှင်တွေက အသိဆုံးဖြစ်မှာဘဲ…သူများကိုယ်သာ လိမ်လို့ရမယ်…မိမိ ကိုယ် မိမိတော့ လိမ်မရပါ…..
    ဒီကိစ္စမှာ မှားတဲ့သူက တိုင်းပြည် တိုးတက်ရေးကို အမှန်တကယ် နှောင့်ယှက်တဲ့ လူယုတ်မာ ဖြစ်ပါသည်။

  8. No need to explain anything . Just a political stunt!

    Because , with explanation or without , people and world already regard/record gravely all evil matters were/are/would be done by military junta and associates, including this event.
    (Than Shwe and Khin Nyunt are like Pakistan and Al Quida-Osma Bin Laden
    relationship —same feather with same appetite for power—more wicked Than Shwe knocked out Ne Win’s man early)

    If they did , people think they did ; if they not , people still think they did .

    Their reputation is truly beyond saved and well below that of beggar.

    Unfortunately , 99% of people think is true .

    NLD is busy with future ; past will be solved in another appropriate future time .

    Don’t mix things………

    Seem to be watching junta comedy…

  9. “ဘန်ကောက်ပို့ သတင်းစာပါ အင်တာဗျူး ရေးသားသူ ဦးမြင့်ရွှေ နှင့် မတ်လ ၁၀ ရက်နေ့က အလွတ်သဘော ၁ နာရီ ၅၅ မိနစ်ကြာတွေ့ဆုံခဲ့ခြင်းသာ ဖြစ်ကြောင်း ဦးဝင်းမောင်မောင်က ပြောဆိုခဲ့ပြီး ပြည်တွင်းသတင်းထောက်တစ်ဦးက အဆိုပါ တွေ့ဆုံမှု အသံဖိုင်အား ပေးနိုင် မပေးနိုင် တောင်းဆိုရာတွင်မှု လတ်တလော အဆင်သင့် မဖြစ်သေးကြောင်း ဦးဝင်းမောင်မောင်က ငြင်းဆန်သည်။”
    ဘာလို့အဆင်သင့်မဖြစ်သေးတာလဲ? ပြင်ဆင်ဖြတ်တောက်ရဦးမှာလား? ဆင်ဆာဝင်တော့မယ်ထင်တယ်။

  10. နောက်ဆို အဆင်သင့် ပြင်ဆင်ဖြတ်တောက်ပြီးမှ သတင်းစာရှင်းကြလေ။ မင်းတို့ကိုသင်ပေးရတာ ငါမောတယ်ကွာ။ ငါ့တပည့်တွေထဲမှာ မင်းတို့ အညံ့ဆုံးပဲ။

  11. ခင်ညွန့်ကို အသက်ပြန်သွင်းနေတာ ဗိုလ်ချုပ်ဟောင်းကြီးများနဲ့ ပါတီဖွဲ့ရန်လား၊ အချိန်ယူပြီး လုပ်နေမှန်းသိပါတယ်။ မြန်မာနိုင်ငံမှာ နောင် ဒီမိုကရေစီ အင်အားစု ပါတီတွေ၊ စစ်တပ်နောက်ခံပြုပါတီနဲ့ ထောက်လှန်ရေး ဟောင်းများပါတီ ဖြစ်လာအောင်လုပ်တော့မှာလား

  12. Copy from journalist U Myint Shwe’s claim via his facebook (see detail in FB)

    အစကတော့ ကျနော့်ပါတနာ Songpol တောင်းဆိုထားတဲ့အတိုင်းဆက်စောင့်ပေးဦးမလို့ ပါဘဲ။
    ဒါပေမဲ့ဒီလိုဆက်စောင့်ပေးနေယင်ကျနော့်ကိုထိခိုက်တာထက် ဒုလ္လဘ၀တ်နေတဲ့ ဦးခင်ညွန့် တရားအားထုတ်ရာမှာစိတ်အနှောက်အယှက်ဖြစ်နေယင် ကိုယ့်မှာအပြစ်ဖြစ်နေမှာကို
    တွေးမိလို့  – သင်္ကြန်ပြီးတဲ့အထိ – ဆိုင်းမနေတော့ဘဲ ပြောပါတော့မယ်။ ဦးခင်ညွန့် နဲ့ တွေ့ ဆုံ ခဏ်းဟာအင်္ဂလိပ်လို ရေးတာမို့ နိုင်ငံခြားပရိဿတ်ပါနားလည်အောင်အင်္ဂလိပ်လိုဘဲဆက်ရေးပါမယ်။
    ……………………………………………………………………………………………………………..
    In summary, he means that “U KN saved Daw Su” is his own research and some descriptions are edited by Bkok post .
    In the end he concludes as “Again, notice it! These are MY WORDS, NOT HIS.”
    Myint Shwe
    http://www.facebook.com/myint.shwe

Comments are closed.