ပင်တိုင်ကဏ္ဍ မာမာအေး

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၁၆) – Mar Mar Aye

မာမာအေး
ဧပြီ ၊ ၂၀၁၂


“—မာအေးတို့တတွေ ခုရောက်နေတဲ့ အခြေကလဲ ဆရာတင်တို့ခေတ်က အခြေနဲ့ ပင်ပမ်းချက်တွေ သိတ်ကွာနေမယ် မထင်ပါဘူး။ ဒီတော့ ပျော်ခြေဆိုက်စရာတွေ စ နေတုန်း ဆရာတင့်အပြုံး ဆက်သုံးကြတာပေါ့—”


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ …
တလောက ညီမတော် ခင်ရွှေကျေးကတဆင့် ရေးလိုက်တဲ့ ‘သာဒင်လေး’ရဲ့ စာထဲမှာ – ကိုယ်ရောစိတ်ပါ ချမ်းသာရသတဲ့ သောတရှင်တို့ရဲ့။ ဒီလို ကြားရတာ ၀မ်းမသာဘဲ ရှိပါ့မလားနော်။ ကျေးဇူးတင်ရဘို့လဲ ကြားလိုက်ပါသေးတယ်။ သူ့စာကို ဖတ်တော့မှ မာအေးရဲ့ အသံတွေ ကိုယ့်နိုင်ငံမြေမှာ ဘယ်လိုတွေကြောင့် တိတ်သွားခဲ့တာလဲ – အတိအကျ သတင်းပြောပြတာလိုဖြစ်တော့တာကိုး၊ မာအေးကသာ ဒီအကြောင်းကို တည့်တည့်ပြောရရင် – တဖက်ကိုပဲ တွေးကြည့် ဖိထောင်းခဲ့သူတွေက သောတရှင်တွေကို တိုင်တန်း အသိပေးတာလို့ ထင်သွားနိုင်တယ်မို့လား။ မာအေးဆီမှာ FM လိုင်းတွေ ဖမ်းကြည့် နားထောင်နိုင်တဲ့ ကိရိယာတွေ မရှိတော့ ကိုယ့်သီချင်းတွေ ပြန်ပြီး အသံလွှင့်နေတာ မသိဘူးရှင်။ ခေတ်မီစက်တွေကိုလဲ မကျွမ်းပါဘူး လို့ ပြောထားသားဘဲလေ။

အော – သာဒင်လေးက – ခွင့်စေ့ရင် ‘ကချင်’ကို ပြန်သွားရမယ် ဆိုပါလား။ အား … မင်းပြန်သွားတဲ့အချိန်မှာ ငြိမ်းချမ်းရေး ရနှင့်ပါစေလို့ ဆုတောင်းပါတယ်နော်။ ပုသိမ်က ကိုစိန်ဖေ့စာကို ကြားနာရတာနဲ့ သူသီချင်းကြိုက်တယ်လို့ ခံစားရပါတယ်။ မာအေးကလဲ သီချင်းလေးတပုဒ်ကို သဘောကျလို့ ပြောပြချင်နေတာနဲ့တော့ ကိုက်နေရောဘဲ။

မာအေးက ကိုယ့်အမိမြေဆီကို “ငှက်သွင်ပျံကြွ မတတ်သော်ဝ်” ဆိုတာလို ပြန်မရောက်လာနိုင်သေးပေမယ့် စိတ်ကတော့ အမြဲ ရောက်နေတာကိုးရှင့်။ ကိုယ့်ပရိဒ်တွေခံစားရသလို ကိုယ့်စိတ်ထဲမှာ ခံစားရမြဲဖြစ်ပါတယ်။ အခြေအနေကြီးက အားလုံးကို မျှော်လင့်တကြီး – ပျော်စရာကြီး ဖြစ်လာတော့မလိုလိုနဲ့ ခဏခဏ အောက်အောက်သွားခဲ့တာများ – အလားလား အတော် ဆိုးရွား အခံရခက်တဲ့ ရောဂါ ရှင့်။ စိတ်ဖိစီးတဲ့ဒဏ် – အဝေးကတောင် အတော်ခံရတာ ဆိုတော့ ချစ်ဆွေတို့ ဘယ်လိုရှိပါ့မလဲ .. သိနေတယ်လေ .. ဒီလိုဘဲ ပြောရမှာပေါ့။ ဒါနဲ့ အခုနှစ်သစ်မှာ အဆွေတော်တို့ ပျော်ရာပျော်ကြောင်း – ဘာလုပ်ပေးရကေါင်းမလဲလို့ – ဟိုးခေတ်ကအကြောင်းတွေအထိ ပြန်တွေးကြည့်တဲ့အခါမှာ – ပြည်သူတို့ခမျာ နစ်လဲနစ်၊ ညစ်လဲညစ် ဖြစ်ခဲ့တာဘဲကိုး။ ဒါကို ဂီတပညာရှင်တို့ဖက်က တဖက်လှည့်နဲ့ စိတ်အားပေး -ရေးကြ ဆိုကြ ရှိတဲ့ အကြောင်း တွေ့လာရပါတယ်။

ဒါကြောင့်လဲ အတိတ်နိမိတ်ကေါင်းလဲဝင်စေ၊ သောတရှင်တွေလဲ ရွှင်စေဘို့ ရှေးကလူကြီးတွေ အယူရှိခဲ့ပုံတွေပါ ပြောခဲ့မိတာပါရှင်။ ဒီကနေ့တော့ ရှင်တို့တွေအားလုံး မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေး အရောင်က လှပ တင့်ထွန်း ၀င့်ရွှန်းလာပြီမို့ အတိတ်နိမိတ်ကေါင်းဆောင်ခဲ့တဲ့ သီချင်းလေး၊ နန်းတော်ရှေ့ဆရာတင့် ပျော်နည်းပေးတာကို နားထောင်ရင်း ပျော်ခန်းဆက်ဖွင့်ကြရအောင်ပါနော်။

 

(သူဋ္ဌေးဝါဒမှ) ရယ်ပြီးတော့နေမယ်၊ ပြုံးပြီးတော့နေမယ်၊ ပျော်ပြီးတော့နေမယ်၊ ကျက်သရေရှိအောင်နေမယ်၊ ရွှင်ရွှင်ပြပြနေမယ် …၊ ဘာမဆို လူကဖြစ်တယ် … ဘုရားတောင် လူကဖြစ်တယ် မူလအစစ်ကွယ်၊ လူဟာ အညွန့်နဲ့ – အညွန့်နဲ့နောက်မတွန့်ပါတယ် ဘယ်သူထက် ဘယ်သူသာသလဲကွယ်၊ မူလကတည်းက လူထဲကလူဖြစ်ကြပါတယ် xxx


ဒါကတော့ နန်းတော်ရှေ့ဆရာတင် ရေးသွားတဲ့ ‘သူဋ္ဌေးဝါဒ’ သီချင်း တပုဒ်ထဲက ခြေဆင်းပိုဒ်ဖြစ်ပါတယ်ရှင်။ ‘ပျော်ပျော်နေသေခဲ’ ဆိုတဲ့စကါး ကြားဖူးမှာပါနော်၊ နေကြည့်သေးလားဟင်၊ မာအေးတော့ နေကြည့်ပါတယ်၊ ဒါလောက် စိတ်ရှုပ်စရာကေါင်းတဲ့ ဘ၀ကို သိသိကြီးနဲ့ လူမြင်ရင် ဖြီးကနဲ ပြုံးပြနိုင်အောင် ကျိုးစားထားကြည့်တာမမျိုးလေါက်ပါ လူတွေက ကိုယ့်ကိုမြင်ရင် စိတ်ချမ်းသာတယ်လို့ဘဲ မြင်စေချင်လို့ပါ၊ ကိုယ့်မြင်တုန်းမှာ ညှိုးခြုံးသွားတာမျိုး မဖြစ်စေချင်ပါဘူး၊ မကေါင်းလဲကေါင်း၊ ကေါင်းလဲကေါင်း၊ ကံကိုဘဲ အကြောင်းခံရတာပါ၊ စိတ်ညစ်နေတာထက်စာရင် ခံသာတယ်လို့ ထင်ရပါတယ်။

မာအေးတို့ ဂီတဆရာကြီး နန်းတော်ရှေ့တင်ရဲ့ ဒီသီချင်းကို ကြားရပြန်တော့လဲ – ပျော်ပျော်ကြီးနေတတ်သူဘဲ လို့ ပုံဖေါ်ချင်မိပါတယ်၊ လူကိုယ်တိုင် မမြင်လိုက်ရတော့ စာနဲ့ကြည့်သိဖြစ်တာပေါ့နော၊ ကြားလိုက်ရဲ့မို့လား၊ ရယ်ပြီးတော့နေမယ်၊ ပြုံးပြီးတော့နေမယ်၊ ပျော်ပြီးတော့နေမယ် တဲ့။ ရယ်တာရယ်၊ ပြုံးတာရယ်၊ ပျော်တာရယ်တို့ဟာ မတူကြဘူး။ ပျော်တာခြင်း ခွဲခြားသိစေအောင် ရေးတဲ့ဆရာ ရှင့်။

ပြီးတော့ ဘာတဲ့ ‘ကျက်သရေရှိအောင်နေမယ်၊ ရွှင်ရွှင်ပြပြနေမယ်’ အဲဒီလို ထပ်ပေါင်းတော့ ပျော်စရာအကြောင်း ငါးမျိုးပေါ့လေ၊ ရယ်ပြုံးပျော်ရွှင် ဆိုတာတွေက လူတိုင်းသိတွေပါ၊
‘ကျက်သရေရှိအောင်နေမယ်’ ဆိုတာကျတော့ သူတပါးဖက်က အမြင်မှာပါ မင်္ဂလာဖြစ်စေချင်ရှာဟန်တူတယ်။ ကျန်းကျန်းမာမာ သန့်သန့်စင်စင် ရွှင်ရွှင်ပြပြ ၀တ်ကေါင်းစားလှနဲ့ တွေ့ရင် ‘ကျက်သရေရှိလိုက်တာဟယ်’ ဆိုတာမျိုး ချီးမွမ်းခံရရင်လဲ လူဆိုတာ ပျော်မျိုးဘဲ ဆိုတော့ ပျော်ကြောင်း တခု အနေနဲ့ ရေးဖွဲ့ခဲ့တယ် ထင်ပါတယ်ရှင်။

အဲဒီလို ပျော်အောင် နေပြပြီးတဲ့အခါ ခေတ်အလျှောက်ကလဲ လွတ်မြောက်သေးတာမဟုတ်၊ သူတပါးလက်အောက်မှာ ငုပ်နေရတဲ့ကါလ၊ ဖွတ်ကျောပြာကျချိန် ဆိုတော့ မရွှင်မလန်း နေထိပန်းလို တွေ့လို့ထင်ရဲ့၊ လူဆိုတာ အညွန့်နဲ့ပါ၊ လူထဲကလူတွေပါ၊ ကျိုးစားရင် ဘုရားတောင်ဖြစ်နိုင်တာဘဲ လို့ တွန်းအားပေး၊ ပျော်စရာတွေသာ ရေးသွားဆိုပြသွားတာ တွေ့ရပါတယ်။ မာအေးတို့တတွေ ခုရောက်နေတဲ့ အခြေကလဲ ဆရာတင်တို့ခေတ်က အခြေနဲ့ ပင်ပမ်းချက်တွေ သိတ်ကွာနေမယ် မထင်ပါဘူး။ ဒီတော့ ပျော်ခြေဆိုက်စရာတွေ စ နေတုန်း ဆရာတင့်အပြုံး ဆက်သုံးကြတာပေါ့။ တို့တိုင်းပြည် မဖေါက်ပြန်ရင် ကျောက်သံတွေ ပေါလာမှာလို့ စာဆိုခဲ့လို့ပါရှင်။

 

(သူဋ္ဌေးဝါဒမှ) လာဘ်လာဘတော့ ဧကန်ဝင်မယ်၊ အဲဒီစိတ်ကို ကြေကြေနပ်နပ်ထားပါ၊ များစွာ ချမ်းသာကြတော့မယ်၊ စန်းဇာတာထတော့မယ်၊ ကျန်းမာကြတော့မယ်၊ စည်းစိမ်ဥစ္စာ မုချ တက်တော့မယ်၊ သီချင်းလေး ထူးထူးခြားခြား မေးလာကြအချိန်တိုင်း နိစ္စာဝယ်၊ မဆင်းရဲဘူးကျမ၊ သူဋ္ဌေးဝါဒ အိမ်တိုင်းရှိကြပါပြီတကယ် xxx

ကျမတို့မြန်မာပြည်ဝယ်၊ ဘုရားဂုဏ်တော်ရယ်၊ တရားဂုဏ်တော်ရယ်၊ သံဃဂုဏ်တော် အနန္တရာယ်၊ တို့တိုင်းပြည် မဖေါက်ပြန်၊ နောက်အမှန်၊ ကျောက်သံ၊ စိန်တွေရွှေတွေ အလွန်ပေါမယ် xxx



ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

စာစီစာရိုက် – မျိုးဇော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts