သတင်းပဒေသာ

ဧရာဝတီမြစ်ဆုံစီမံကိန်း ပြန်စဖို့ပြင်နေပြီလား …

မိုးမခအထောက်တော် ၀၀၇
ဧပြီ ၄၊ ၂၀၁၂

တရုတ် CPI ကုမ္ပဏီက မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်နိုင်ဖို့အတွက် လူနှင့်စက်ပစ္စည်းများ ပြန်လည်ဝင်ရောက် တင်ပို့နိုင်ရန်အတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးပို့အကြောင်းကြားထားတဲ့ စာအမှတ် – ၂၀၁၂/ ထခ/ ၀၀၈၊ ရက်စွဲ – ၂၀၁၂၊ မတ်လ (၂၈) ရက်နေ့ရက်စွဲပါ စာတစောင်ဟာ အွန်လိုင်း ဖေ့ဘွတ်ခ်စာမျက်နှာပေါ်မှာ ပြန့်နှံ့နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် စက်တင်ဘာ (၃၀) ရက်နေ့က အများပြည်သူရဲ့ဆန္ဒသဘောထားကို အသိအမှတ်ပြုတဲ့အနေနဲ့ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်ပါပြီဆိုပြီး ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ သို့သော်လည်း မတ်လဆန်းမှစတင်ပြီး တရုတ်အင်ဂျင်နီယာများ ပြန်လည်ရောက် ရှိနေတဲ့သတင်းကိုလည်း သဲ့သဲ့ကြားနေရပြန်ပါတယ်။

မြန်မာပြည်သူလူထုအတွက်လည်း အကျိုးအမြတ်ရလဒ်မရှိ၊ ဒေသတွင်းနေထိုင်သူ ပြည်သူများခမျာလည်း အိုးမဲ့အိမ်မဲ့ဘ၀ဖြစ်၊ သဘာဝ ပတ်ဝန်းကျင်လည်း ပျက်ဆီးဆုံးရှုံးစေနိုင်တဲ့ ဒီမြစ်ဆုံစီမံကိန်းကို လက်ရှိအစိုးရသက်တမ်းမှာ ပြည်သူ့ဆန္ဒနဲ့အညီရပ်ဆိုင်းထားပြီဟုဆို သော်လည်း ထာဝစဉ်ရပ်ဆိုင်းထားခြင်းမဟုတ်သည့်အတွက် ဧရာဝတီအရေးအတွက် တဖန်သွေးနီးဖို့ လိုအပ်လာပီဟုပင် ဆိုရမည်။

photo sourec : http://www.demowaiyan.org/2012/04/cpi.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

10 thoughts on “ဧရာဝတီမြစ်ဆုံစီမံကိန်း ပြန်စဖို့ပြင်နေပြီလား …
  1. ကိုဇော်မင်းပြောသွားခဲ့တဲ့စကားများကိုကျနော်တို့မမေ့သင့်ပါ။
    သမ္မတဦးသိန်းစိန်ကမည်သို့ပင်ပြောနေစေကာမူ ၄င်းတို့အုပ်စုကလည်း
    သူတို့အာဏာရှိနေတုန်းလုပ်ချင်ရာကိုလုပ်နေမည်ဖြစ်ပါသည်။
    တရုပ်ကလည်းဘယ်သူသေသေငတေမာဖို့သာလုပ်မည့်သူဖြစ်ပါသည်။
    မီဒီယာများကိုအားကိုးပါသည်။မျက်ခြေမပြတ်စောင့်ကြည့်ပေးစေချင်ပါသည်။
    ကျနော်တို့ပြည်သူများအနေဖြင့်လည်းအစဉ်နိုးကြားမှုရှိနေကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။

  2. ကျွန်တော်တို့ ဗမာပြီပြီ အဖျားရှူးမသွားသင့်ပါ။
    ၁။ မြစ်ဆုံ စီမံကိန်း ကိုပြန်လည်စတင်နေသည့် အထောက်အထား တိတိကျကျ ခိုင်ခိုင်လုံလုံ စုဆောင်းသင့်ပါသည်။
    ၂။ ဤစီမံကိန်း အမှန် ပြန်စဘို့ လုံးပန်းနေသည်ဆိုပါက ဤလုပ်ရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာအပ်နှင်းထားသော သမ္မတ၏ အမိန့်ကို လွန်ဆန်၍ ဖောက်ဖျက်ကျူးလွန်သော လုပ်ရပ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြခံဥပဒေ နှင့်ဆန့်ကျင်သောလုပ်ရပ်ဖြစ်သဖြင့် သက်ဆိုင်ရာ တရားရုံးတွင်အမှု ဖွင့်တားဆီးရန်…
    ၃။ဤကိစ္စ လှုပ်ရှုားဆောင်ရွက်ရာတွင် ပါတီပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ၊ အရပ်ဖက် နှင့် ဝန်ထမ်းပေါင်းစုံ (တပ်မတော် နှင့် ပြည်သူ့ရဲများ အပါအဝင်) ပါဝင်သော အမျိုးသားရေးလှုပ်ရှားမှု အသွင်သဏ္ဍန်ဖြစ်ပေါ်စေရန် လှုံ့ဆော်သငိ့ပါသည်။

  3. ဤသတင်း အမှန်ဖြစ်လိမ့်မည်ဟု လုံးဝ တွေးထင်ကြည့်၍ မရပါ ၊ မဖြစ်နိုင်သော သတင်းဟုသာ ယခုအချိန်ထိ ခံစားနေမိသည် ၊ ဦးသိန်းစိန်ကို ယုံကြည်၍ ၊ ဦးရွှေမန်းကို အားကိုးချင်သေး၍ ၊ လွတ်တော်နှင့် တကွ သူတို့ ပြောပြော နေကြသည့် ဒီမိုကရေစီ ပုံစံ အစိုးရ ခေတ် ရောက်နေပြီ အုပ်ချုပ်နေပြီ ဟု ဆိုထားကြ၍ ဖြစ်ပါသည် ။ အကယ်၍ ပြန်လုပ်မည်ဆိုလျှင် မလွဲမရှောင်သာ တိုင်းပြည်ကို တရားဝင် အသိပေး လိမ့်မည်ထင်ပါသည် ။ ရပ်တုန်းက ကမ္ဘာသိ နာမည်ကောင်းယူ ကြေညာခဲ့ပြီးပြီ ။ ပြန်လုပ်လျှင်လည်း ကြေညာ လိမ့်မည်ဟုယုံကြည်ပါသည် ။ ဒီ သမ္မတ သက်တမ်း အတွင်းလည်း ပြန်မလုပ် နိုင်ဟု မျှော်လင့် ပါသည် ။
    အကယ်၍ ပြည်သူကို အသိမပေးပဲ ခိုးကြောင်ခိုးဝှက်နှင့် အခုရက်ပိုင်း ၊ နှစ်ပိုင်း အတွင်း တရုတ် နှင့် ကြိတ်ကြိတ် ပြီး ပြန်လည် လုပ်ကိုင်ကြတော့မည် အမှန် ဖြစ်ခဲ့ပါသော် ဤဖြစ်စဉ် သည် နိုင်ငံတော် လုပ်ကြံမူ ကြီး ၊ နိုင်ငံတော်ကြီးအား ဖြိုခွဲ ဖျက်ဆီး ဘို့ အဆင်ခြင်ကင်းစွာ တရုတ်နှင့် ပူးပေါင်း လုပ်ဆောင်ကြတော့မည့် ထင်ရှားသည့် နိမိတ် ဆိုး သတင်းဆိုး ကြီးသာ ဖြစ်ပေတော့သည် ။ ကျန်တာတွေလည်း ဘာမဆို လုပ်လာကြတော့မည် ။ ဆက်သာလုပ်တော့မည်ဆိုလျှင် ဦးသိန်းစိန် မသိစရာ မရှိပါ ၊ သူပါလက်ခံ မှ ရပါမည် ။ ( အသိပေးပြီးမှ ပြန်လုပ်လျှင် ပုံစံ တစ်မျိုးဖြစ်ပါသည် )
    သို့ဆိုလျှင် ပြည်သူ တစ်ရပ်လုံး စည်းလုံးခြင်း သတိဖြင့် မနှေး အမြန် ယခုကိစ္စ ကို ရှင်းမှ ဖြစ်ပေတော့မည် ။ ဤသတင်းနှင့် လုပ်ရပ်သာ အမှန်ဖြစ်တော့မည်ဆိုလျှင် လက်ရှိ အစိုးရ သည် ပြည်ထောင်စု မြန်မာ နိုင်ငံ တော်ကြီး ကို ပျောက်ကွယ်ကြေမွသွားအောင် တရုတ်နှင့် ပူးပေါင်း ဘာမဆို ဖန်တီးလုပ်ဆောင်တော့မည့် အစိုးရ အဖြစ် သတ်မှတ် ၍ မနှေးအမြန် တွန်းလှန် မှ ဖြစ်တော့မည် ။
    ( မှတ်ချက် ။ ။ မယုံသေးပါ ၊ မဟုတ်ပါစေနှင့် ၊ ဟုတ်မဟုတ် လေ့လာ ကြပါ ၊ သတင်း မခိုင် ပဲ မရေး ကြပါနှင့် အုံး )

  4. အရမ်းလိုအပ်လာရင်တော့ ဒီဓါတ်အားစက်ရုံကို လုပ်ငန်းတွေလုံးဝပြန်မစနိုင်တော့ အောင် ဗုံးခွဲတိုက်ခိုက်လိုက်ရင် ပိုကောင်းမယ် အစွရေးက အီရန်နူကလီးယားဓါတ်ပေါင်းဖိုကို ဗုံးကြဲသလိုမျိုး လုပ်အပ်ရင် လုပ်ရတော့မှာပဲ

    1. @ ရဲရင့် …. စဉ်းစားထားရမယ့် လမ်းကြောင်းတခုအဖြစ် သဘောတူပါတယ် ။ တနိုင်ငံလုံး တိုင်းရင်းသားအားလုံး နဲ့သက်ဆိုင်တဲ့ ဒီဧရာဝတီမြစ်ဟာ တဦးတယောက် တဖွဲ့တစုရဲ့သဘောဆန္ဒနဲ့ သူတို့အမေ့နောက်လင်တွေ (ခပ်ကြမ်းကြမ်းပြောမိတာ ခွင့်လွှတ်…)ရဲ့လက်ထဲကို မျက်နှာချိုသွေးပြီး လက်ဆောင်ပေးလို့မရဘူးဆိုတာကို လူလိုပြောလို့ လူစကားနားမလည်ရင်တော့ ============

  5. မြစ်ဆုံ စီမံကိန်း ကိုပြန်လည်စတင်နေသည့် အထောက်အထား တိတိကျကျ ခိုင်ခိုင်လုံလုံ စုဆောင်းသင့်ပါသည်။ NLD ၇ဲ့ ပထမဆုံး အမျိုးသားရေးလှုပ်ရှားမှု အသွင်သဏ္ဍန်ဖြစ်ပေါ်စေရန် လှုံ့ဆော်သငိ့ပါသည်။ ရပ် မ၇ပ် ကို လွတ်တော် မှာ သေ ချာ တင် ပြရန် နှင့်အထောက်အထား တိတိကျကျ ခိုင်ခိုင်လုံလုံ နှင့် ပြည်သူ ကို စိတ်ချမ်းသာစေ ရန် မေတ္တာရပ်ခံအပ်ပါသည်။

  6. Do not worry, Daw Su will raise this question at the Hluttaw soon. Let’s see what response will give by Baldhead Than Shwe.

  7. These Chinese cannot understand really what Myanmar citizen want.

    That means they really doesn’t care all of Myanmar people.

    They will regret in one day what they did to Myanmar.

    They cannot change the history.

Comments are closed.