မျက်မှောက်ရေးရာ သတင်းပဒေသာ
ကော့မှူးကို စိတ်ချမ်းသာအောင်ထားဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြိုင်ဘက်ဟောင်း တိုက်တွန်း – USDA’s words
မိုးမခအထောက်တော် အမှတ် ဝဝ၇
ဧပြီ ၃၊ ၂ဝ၁၂
ကော့မှူးမြို့ မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်ခဲ့ကြသော ဒေါ်အောင်ဆန်းစုကြည်၊ ဒုဗိုလ်မှူးကြီးဟောင်း ဒေါက်တာစိုးမင်း
ကော့မှူးမြို့ဒေသခံများ စိတ်ချမ်းသာရေး လုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်အား ပြိုင်ဘက်အမတ်လောင်း ဒုဗိုလ်မှူးကြီးဟောင်း ဒေါက်တာစိုးမင်းက ယနေ့နံနက်ပိုင်း ထုတ်လွှင့်သွားသည့် ဘီဘီစီသတင်းဌာနနှင့် မေးမြန်းခန်းတွင် တိုက်တွန်းလိုက်သည်။
ဒေါက်တာစိုးမင်းက ကော့မှူးမြို့အား သူ၏ သမီးအဖြစ် တင်စား ပြောဆိုလိုက်သည်။
“ဆရာ့မှာ ကော့မှူး ဆိုတဲ့ သမီးပျိုလေးတစ်ယောက် ရှိတယ်၊ ဒီသမီးပျိုလေးဟာ သူ အိမ်ထောင်ပြုချင်တဲ့ဆန္ဒနဲ့ အိမ်ထောင်ပြုသွားတယ်၊ သူ ပိုယုံလို့ အိမ်ထောင်ပြုသွားတာလေ။ ဆရာ့ရဲ့ သမီးပျိုလေးကို စိတ်ချမ်းသာအောင်ထားပါလို့ ပြောချင်ပါတယ်”
ဒုဗိုလ်မှူးကြီးဟောင်း ဒေါက်တာစိုးမင်းသည် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ၏ ကိုယ်စားလှယ်အဖြစ် ဧပြီ ၁ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။
မဲဆွယ်သည့် ကာလအတွင်း ဒေါက်တာစိုးမင်းသည် ဒေသခံအများအပြားကို အခမဲ့ ဆေးကုသပေးခဲ့ကြောင်း သိရှိရသည်။
သို့သော်လည်း ရွေးကောက်ပွဲ ကာလတွင် ကော့မှူးမြို့သူ မြို့သား တို့၏ မဲအပြားအများကို ဒေါ်အောင်ဆန်းစုကြည်က ရရှိခဲ့သည်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts
34 thoughts on “ကော့မှူးကို စိတ်ချမ်းသာအောင်ထားဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြိုင်ဘက်ဟောင်း တိုက်တွန်း – USDA’s words
  1.ီDr.Soe Winသို့
    ၇ှုံးနိမ့်သွားပြီးနောက်ပိုင်းလည်းအလကားဆက်ပြီးဆေးကုပေးနိုင်ပါစေလို့ဆန္စပြုလိုက်ပါတယ်။ဖြစ်နိုင်ရင်
    ကော့မှူးကိုတစ်ကယ်ချစ်ရင်တသက်လုံးအလကားဆေးကုပေးပါလို့ပြောချင်ပါတယ်။ဒေါ်စုကတော့ကော့
    မှူးတင်မကဘဲတစ်နိုင်ငံလုံးအတွက်စေတနာနဲ့ကိုယ်ကျိုးစွန့်သွားမှာပါ။
  2. ရွေးကောက်ပွဲမစခင်တုံးက ဒေါက်တာဗိုလ်မှူးကြီးက သူရာခိုင်နှုံးပြည့် နိုင်မယ်လို့  ဘီဘီစီကိုပြောသွားပါ တယ်၊ အခုတော့ဝေ့လယ်ကြောင်ပတ် ရှောက်ပြောနေပါတယ်။ ဒါလားဟဲ့ စစ်ဗိုလ်တွေရဲ့သတ္တိ၊ ဟုတ်တယ်ကျုပ်တို့ ရှုံးတယ်ဆိုပြီး ပြောရဲပါ၊ ဘာအခုမှ သမီးလင်နောက်လိုက်တယ်ဆိုပြီး ဝေ့လယ်ကြောင် ပတ်စကားတွေရှောက်ပြောနေတာလည်း။ ကော့မှုးမဲဆန္ဒရှင်တွေက ပေးသင့်တယ် လုပ်သင့်တယ်ထင်လို့  မဲငါးသောင်းကျော်နဲ့  ခွန်နှစ်ထောင်ကိုဖြတ်ပေးလိုက်တယ်။ နားလယ်ပါ ဒါဟာဒီမိုကရေစီပါဘဲ။ လေ့ကျင့် ထားပါ နောက်ရှုံးလို့ ရှိရင်နိုင်တဲ့လူကို မင်္ဂလာစကားပြောပါ။ နောက်တစ်ခါရှုံးရင် အိမ်ကမိန်းမ လင်ငယ် နောက်ထဲ့လိုက်ထာကြောင့် ကောင်းကောင်းစောင့်ရှောက်ထားပါလို့  မမှာလိုက်ပါနဲ့ ။
    1. ဟားဟား..(နောက်တစ်ခါရှုံးရင် အိမ်ကမိန်းမ လင်ငယ် နောက်ထဲ့လိုက်ထာကြောင့် ကောင်းကောင်းစောင့်ရှောက်ထားပါလို့  မမှာလိုက်ပါနဲ့ ။)ဆိုတဲ့စကားကို ကြိုက်တယ်ဗျာ၊ သူ့ကိုလှမ်းပို့ပေးလိုက်ပါလား၊ နောက်တစ်ခါရှုံးရင်ဖြေဖို့အတွက် တော်ကီအသစ်လေးလို့ဆိုပြီး…
  3. အမေစုကိုတိုက်တွန်း၇အောင်
    အမေစုကညံ့နေတဲ့သူလား။
    ကြံ့ဖွတ်ပါတီလက်ထဲမှာပဲ
    ဘ၀ကဆုံးဆုံးမြုပ်နေတာကို
    ဆရာစိုးမင်းနောက်တခါဆေးအခမဲ့ကု
    ကြိုးစားလိုက်ပါ။
    အမေစုလိုစိတ်၇င်းစေတနာမျိုးထားပေးပါ။
    နောက်ထပ်အနှစ်၂၀စောင့်ပေးပါ။
    ကြံ့ဖွတ်ပါတီဝင်ဆိုရင်စစ်အာဏာရှင်တွေရဲ့
    အမိန့်အောက်မှာပဲပြားပြားဝပ်၇မယ်ဆိုတာသိနေလို့
    ကော့မှူးပြည်သူတွေကအမှန်ကိုရွေးချယ်လိုက်တာပဲ။
    ကော့မှူးပြည်သူတွေမာပါစေ..စိတ်ချမ်းသာပါစေ..
  4. ဟုတ်ပါပြီဖွတ်ဆရာဝန်ဖခင်ကြီးရယ် သမီးလေးလဲသူတော်ကောင်းလက်ထဲရောက်နေပါပြီ ဖွတ်ဖခင်ကြီးလက်ထက်မှာဘယ်လောက်ကောင်းခဲ့တယ်ဆိုတာလဲအများသိပါတယ်။ လူသေတွေတောင်ဖွတ်ဆရာဝန်ဖခင်ကြီးရဲ့ဆေးအစွမ်းနဲ့မဲပေးနိုင်တဲ့စာရင်းထဲမှာတွေ့ရလို့အခြေအနေမှန်ကိုသိနေပါတယ်။လူဘယ်လောက်တော်တော်၊စွမ်းစွမ်း လက်ရှိတိုင်းပြည်ရဲ့အခြေအနေမှန် ပြည်သူရဲ့ဒုက္ခအမှန်ကိုမသိခြင်ရောင်ဆောင်ပြီးလမ်းမှားရောက်နေသေးသရွေ့တော့ သမီးလေးရဲ့ဆန်ဒအမှန်ကိုမျက်ဝါးထင်ထင်တွေ့မြင်ပြီးပြီဘဲ ဝေးဝေးကသာနေပေးခြင်းအားဖြင့်ကူညီပါတော့လို့
    မှတ်ချက်၊။(ကော့မှူးကလူနာတွေသူ့ဆေးခန်းသွားရင်သတိထားတော့နော်၊ဖြစ်နိုင်ရင်ကွမ်းယာဆိုင်ဆေးဘဲ ခဏအားကိုးထား တော်ကြာသူ့မဲမပေးလို့ဆိုပြီး အရူးဆေးထိုးလိုက်မှဖြင့်—)
    သမီးလေးကော့မှူး
  5. ဒေါက်တာစိုးမင်း၇ယ် ခင်များ၇ဲ.သမီး မဟုတ်ပါဘူး ကော.မုး ဆို တာ ဒေါက်တာစိုးမင်း လက်ထပ်ခွင်.တာကို ပြတ်ပြတ်သားသား ငြင်းလိုက်တဲ. သတို.သမီးပါ။
  6. ဦးစိုးမင်း…..ခင်ဗျားက စစ်တပ်ကထွက်တဲ့ဘောင်းဘီလဲ ဆရာဝန်ဆိုတော့ဆေးအလကားထိုးပေးတာမဲရရေးအတွက်မဟုတ်လား?..အခုလိုရွေးကောက်ပွဲနဲ့မဆိုင်တဲ့ရက်တွေမှာကောပြည်သူတွေကိုဘယ်လိုဆက်ဆံမှာလဲ.? စကားပြောရင်လဲ အသံကရဲဘော်ကိုအမိန့်နဲ့တာဝန်ပေးတဲ့လေသံထွက်နေတယ်လို့လဲပြောသံကြားတယ်.အခုလိုမဲရှုံးသွားတော့ရှေ့ဘာတွေဆက်ပြီးကြံဖွတ်ကလူကြီးတစ်ယောက်အနေနဲ့ဘာတွေကြံဦးမှာလဲ.?
  7. ဆရာ ရယ် ဒုတိယ ဝိဒူရ ဇာတ်တော့ မခင်းလိုက်ပါနဲ့ လူရယ်စရာ ဖြစ်နေပါ့မယ် ကမ္ဘာက သိနေတဲ့သူ နဲ့ ဘယ်လိုယှဉ်မှာလဲ လို့ ဆရာတို့ က ကောမှူးလောက်ကို သာသမီး လို့ မှတ်တာ လေ လူထုခေါင်းဆောင် ကြတော့ တနိုင်ငံလုံးက ပြည်သူကို သူသားသမီး သူမိဘ လို သူရဲ့ မြေးမြစ်များလို့ လူမျိုးမခွဲ လူတန်းမခွဲ ဘဲ ရင်ဝယ် ပိုက်ထွေး အကြင်နာမေတ္တာ တွေနဲ့ သူရဲ့လှပတဲ့ဘဝ တွေအချိန်တွေ အာလုံး ကိုပေးခဲ့တာလေ ဆရာရယ် သူလို ၁၈နှစ်မပြောနဲ့ ဆရာကို ၂နှစ်လောက် ချုပ်ထားပြီး စိတ်ဓာတ် စစ်ဆင်လိုက်တာနဲ့ နောက် မလုပ်တော့ ပါဘူးဆို ဖြစ်သွားမှာ ကိုယ်ကို့ကို ပြန်ဆန်းစစ် စေချင်ပါတယ် စစ်သားတိုင်းဟာ လည်းယောက်ကျားစိတ် မရှိကြပါဘူး အထူးသဖြင့် ဗိုလ်ချုပ်နေဝင်းဆို တဲ့ မျက်နှာရူး နှာဘူး နောက်က ပေါက်ဖွားတဲ့ သူတွေဟာ စိတ်ဓာတ်တွေခြစား ခံခဲ့ရတဲ့သူတွေ ဘာဘဲ မခံချင်တဲ့သူတွေဟာ ထောင်နန်းစံခဲ့ရတာ မလား
  8. NOW u can sleep or not? every body very happy u try youself happy I see u different face ,so suffer?
  9. LOOK!!! Kwalt Hmu was not his daught in the first place. He can’t use this metaphor or symbolization as he isn’t a representative of its people. He is also insulting Daw Su, NLD and Kwalt Hmu’s people that Kwalt Hmu was in a bad hand.
  10. ဆရာရယ်….
    ဆရာခံလိုက်ရတာ…ဒေ၀ဒတ်နဲ့ ပေါင်းမိလို့ ပါ။
    အခုမှတော့….သမီးလုပ်မနေပါနဲ့ …
    ကိုယ်ဘာသာ…တစ်ဖက်သတ်ကြိုက်နေတဲ့…မိန်းမပျိုလေး
    ရှေးကုသိုလ်ကောင်းခဲ့လို့ …ဂုဏ်သရေရှိအမျိုသားနဲ့ ထိမ်မြှားခွင့်ရသွားတယ်လို့ …
    မှန်မှန်ကန်ကန်…မုဒိတာပွါးလိုက်ပါတော့။
    အမျှ…အမျှ..အမျှ…
    1. တစ်ဖက်သတ်ကြိုက်နေတဲ့…ဆိုတဲ့စကားမှားသွားတယ်
      တစ်ကယ်ရွေးရမှာက…….
      ” မတရားအကြမ်းဖက်…နသားပါရ..လုပ်ဖို့ ကြံနေတဲ့ ” ဆိုရင်ပိုသင့်လျှော်မလားဘဲ
  11. our family very pain in the heart from 1970 to until now. who want to stay under the military government ? do you know ? so many people like this .
  12. စစ်တပ်ဆိုတာနိုင်ငံတော်ကိုကာကွယ်ဖို့ပါ နိုင်ငံတော်ဆိုတာလူတဦးယောက်အတွက်မဟုတ်ပါ။မင်းတို့ပြောတိုင်းမယုံဘူး။ခုခောတ်ကဘာပြောပြောသတင်းစာကြည့်ကြည့်ရေဒီယိုနားထေါင်ထေါင်…ကျွန်တော်ထင်တယ်…တဲ့ဒီအတိုင်းပဲပြောကြတယ်။ ခုလည်းဆရာစိုးမင်းကိုလည်း ။…ကျွန်တော်ထင်တယ်…လို့ပြောရင်မလွန်လောက်ဘူးလို့… ကျွန်တော်ထင်တယ်… ။
  13. ကိုစိုးမင်းရဲ့စကားသံကလည်းအချိန်နဲ့အမျှပြောင်းနေတော့တာဘဲ။အစတုံးကတော့အထက်ကတာဝန်ပေးလို့တို့။အထက်အမိန့်ရမှလို့တို့။နောက်နဲနဲပျော့။အခုများများပျော့နဲ့ယောင်္ကျားတယောက်ရဲ့စကားသံနဲကိုမတူဘူး။ဟိုကောင်မ
    တွေစကားပြောနေသလိုဘဲ။စိတ်ငြိမ်ဆေးလေးသောက်ထားအုံးနော်………
  14. Please don’t compare with any NLD member and Dr. Soe Min. Very difference.
    Dr. Soe Min (USDP) take people’s money and gives people by using their name.
    They have nothing loving, they want power, they don’t know about duty, and democracy.
    (They don’t know yet people and army, police, worker, etc…’s living happy in democracy
    system, only they know one gun control system…..crazy idea,should more read,
    try hard to get more knowledge, don’t stay stay in bamboo moon)
  15. April 3 2012
    —- Pity on Profession as it hurt Profession —- (Ywar-Nar-Dae)
    —- AmaySuu is not only National Icon but also Global Icon —-
    —- AmaySuu is Democracy MagicBall/DemocracyDhat-Lone —-
    —- Something like Magic Ball of Shin-Iza-Gaw-Na at the time of Pagan —-
    —- TAT ——————————————————————————— !!!!
  16. အော် သူခိုးက နွားပိုင်ရှင်ထက် ပိုသမျှောနေပါလားး
    ကြည့်နေပါအုံးမယ် အဖေလုပ်တဲ့သူ နောက်ထပ် ဘယ်နှစ်ကြိမ်လောက် ဆေးအလကား ကုပေးအုံးမလဲဆိုတာ
    သိချင်ပါသေးတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှ တခါ ဆေးပြန်ကုသေးမယ်ဆိုရင်တော့ အဖေလား ပထွေးလားဆိုတာ
    စောင့်ကြည့်ပါရစေအုံးးးးး
  17. Seem to be still psychopath.
    His words and behaviors showed his personality and his IQ.
    Still comatose in delusion.
    Shameful son of medical field adopted by Hitler’s group.
    Advise to treat self by medicines first (psychological metastasis) before treating others.
    Vivid example of pitiful brain washed ……
  18. HAY! all of the above are over right. Dr Soe Min now , u r look like a zombie . when arrive 2015 u will become a stepfather of ( koe mue) . u r using some metaphor insulting to our MOM SU .stupid military zombie doctor ,go away. u will never become a leader because u r face is no sense of kind and love on people. you are fire and our MOM SU is water .
  19. If the man who is speaking good things all the time with impure mind, the listener, people say ok.. yes.., agree with you.. in front of him but so sorry behind. Finally, Dr. Soe Min act as a follower of Ngar Min Swe according to his unmatured words.
  20. “ဆရာ့မှာ ကော့မှူး ဆိုတဲ့ သမီးပျိုလေးတစ်ယောက် ရှိတယ်၊ ဒီသမီးပျိုလေးဟာ သူ အိမ်ထောင်ပြုချင်တဲ့ဆန္ဒနဲ့ အိမ်ထောင်ပြုသွားတယ်၊ သူ ပိုယုံလို့ အိမ်ထောင်ပြုသွားတာလေ။ ဆရာ့ရဲ့ သမီးပျိုလေးကို စိတ်ချမ်းသာအောင်ထားပါလို့ ပြောချင်ပါတယ်”တဲ့ ….ကိုယ့်စကားကိုယ်ပြန်နားထောင်ကြည့်စေချင်ပါတယ်ဒေါက်တာစိုးမင်း။
    ခင်ဗျားရဲ့လေသံထဲမှာ ဘယ်လောက်အတ္တတွေအားကြီးပြီး အမြင်ကျဉ်းမြောင်းနေသလဲဆိုတာတွေရပါလိမ့်မယ်။ နိုင်ရေးကို အဲဒီလိုအတ္တကျဉ်းမြောင်းတဲ့အမြင်နဲ့ လုပ်လို့ မရဘူးဆိုတာသိစေချင်ပါတယ်၊ ခင်ဗျားရဲ့ပြိုင်ဘက်ဟာဘယ်လို စိတ်ထားပြည့်ဝတဲ့ သူ၊ ဘယ်လောက်နိုင်ငံရေးကိုလေ့လာထားသူ၊ ဘယ်လောက်တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သူ၊ ဆိုတာ နဲ နဲလောက်မျက်စိဖွင့်နားစွင့်ကြည့်စေချင်ပါတယ်။ သူ့ ကိုအတုယူပါ၊ သူ့ လိုကိုယ်ကျိုးစွန့် တတ်အောင်လေ့ကျင့်ပါ၊ အမြင်ကျယ်ကျယ်ထားပါ။ မုဒိတာပွားတတ်အောင်လေ့ကျင့်ပါ။ ဒေါက်တာလုပ်ရမှာက..
    ၁။ အထက်ကခိုင်းလို့ ဆိုတဲ့ ညံ့ဖြင်းတဲ့ စိတ်ကိုပြင်ပါ။
    ၂။ ဒေါ်အောင်ဆန်းစုကြည်ကိုအောင်သပြေပန်းနဲ့ ထိုင်ကန်တော့ပြီး၊ သူ့ ဆီကနိုင်ငံရေးပညာသင်ပါ နည်းယူပါ။
    ၃။ နိုင်ငံရေးကို ကျယ်ကျယ်ပြန့် ပြန့် လေ့လာပါ။
    (နိုင်ငံရေးသမားကောင်းဖြစ်ချင်တယ်ဆိုရင်ပေါ့ဗျာ၊)
  21. အဟီး…ရှက်ရှက်နဲ့ ကျွန်တော်လဲဘာတွေပြောမိမှန်းမသိတော့ ပါဘူး..(ဒေါက်တာစိုးမင်းအစားပြောပေးတာ)
  22. ရော်…. တခုလောက်မေးပရစေ။ ဟိုအမတ်လောင်းအိုကြီး မတင်ရီကော အခြေအနေကောင်းရဲ့လား။ အဆိပ်သောက်နေမှာစို့ပါ၊ တကယ်သောက်နေရင်တော့ သွားမတားကြပါနဲ့ နောင်ကိုနှောက်ယှက်နေမှာ စီုးလို့ပါ။
  23. မောင်စိုးမင်ရယ် မိုက်ပါ့ မိုက်ပါ့၊ မောင်ရင် တိုက်နေတဲ့နရံက အုတ်နရံထက်မာတယ်ဆိုတာ မင်းရော မတင်ရီရောသိ ကြရဲ့လား ကော့မှူးမှာ မင်းတို့မှမဟုတ်ဘူး မင်းတို့ဖအေကြီးဝင်ပြိုင်တောင်မနိုင်နိုင်ဘူး ဆိုတာ သိထား
  24. အော်…ဘာတွေပြောနေတာလည်း မသိဘူး…..စိတ်ရောကောင်းသေးရဲ့လား…..စိတ်ချမ်းသာအောင်ထား..ဟုတ်လား..နင်တို့က စိတ်ဆင်းရဲအောင်လုပ်လို့ ဝမှ…သူများကို စိတ်ချမ်းသာအောင်ထားတဲ့…..ရှက်တက်ရင်သေသင့်တယ်…
  25. ကော့မှုးကိုပဲသူပိုင်ပစ္စည်းလို့သဘောထားနေသေးတယ်။
    စစ်တပ်ကလူတွေကလည်းဗမာပြည်ကိုခွဲခြမ်းစိတ်ဖြာပြီး
    ဝေနေတယ်ထင်နေလား။စိတ်ပျက်စရာတွေပြောနေတယ်။
    အမေစုကိုဟာသတွေတိုက်ကြွေးသွားတာ
    ရယ်လိုက်ပြီ..အဟိ…
  26.်ုဟိုတုန်းကပြောသံကြားဖူးတဲ့ ပုဆိန်ရိုး ဆိုတာမင်းတို့ကောင်တွေကိုကွ ။လူမိုက်တို့ရဲ့သွားရာလမ်းသိပ်တော့မကောင်းဘူးတဲ့။ဒါပေမယ့်တခုပြောသံကြားဖူးတယ်။လူဆိုးတယောက်သေရင်လူကောင်းတသောင်းချမ်းသါတယ်တဲ့။ လူလေး….စိုးမင်းရယ်….။
  27. Myanmar military officers or ex-officers are always thought they are most smart guys in the country.
    They also impress themself. They always forgot what really happen the country after they took power over 50 years ago back.
    They never realized that their politic was dead.
    They always thought that they are the most smart people for Myanmar.
    But in reality, they are selfish, no knowledge, and corrupted.
  28. ဆင်နဲ့ပု၇ွတ်ဆိတ်ကွာသလောက်ပါဦးစိုးမင်း.သွားမတုနဲ့ဘာမှမဆိုင်ဘူးအ၇င်ကထဲကအေးအေးဆေးဆေး နေလို့၇သားနဲခင်ဗျားနောက်ကဘွဲ့ကြံ့ဖွတ်ကိုဖြုတ်လိုက်ဒါဆို၇င်မဲနဲနဲပါးပါး၇မယ် ကို့ကိုကိုလဲသိပ်အထင်မကြီးနဲ့တခြားသူတယောက်ယောက်နဲ့ယှဉ်လို့၇၇င်၇မယ်ဒေါင်္်စုနဲ့ဆိုစိတ်တောင်မကူးနဲ့
Comments are closed.