ဆောင်းလူ

Saung Luu – Poem

စိ တ် ကူး
ဆောင်းလူ
ဧပြီ ၁၊ ၂၀၁၃

ပိတ်ချင်သလို ပိတ် …
ဖွင့်ချင်သလို ဖွင့် …
ကိုယ့်ဘာသာ
မရည်ရွယ်သလောက် ..
မြူ ထူထူအရပ်
လူ ထူထူအရပ်
အသက်ရှု ကြပ်တပ်တပ် …။
အလျားလည်း မရှိ
အနံလည်း မရှိ …
ဘာဆို ဘာမှ မရှိ ..
ဘာဆို ဘာမှ မသိ …။
ကိုယ်လိုရာ ကိုယ်ဆွဲတွေးမယ်ဆို
ဘိုင်ကျနေတဲ့ မနက်ခင်း
နေသာသလို
မိုးရွာ
နှင်းတို့လည်း ကျစေပါ..။
တကယ်ပါပဲ
ကိုယ့်ဘာသာ
မရွည်ရွယ်သလောက်
မြူ ထူတဲ့အရပ်
လူ ထူတဲ့အရပ်
ခိုတွေနဲ့ ကျီး
အ၀ါရောင် ချောင်းပေါ်မှာ
မြောင်းပေါက်လုမတတ် အာ
စိတ်တွေကို မျှားလို့ …။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts