ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

ထမင်းစားလက်မှတ် သင်တန်းဆင်းပွဲ

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
မတ်လ ၂၉၊ ၂၀၁၂

၂၀၁၂ ခုနှစ်၊ မတ်လ (၂၇) ရက် (တပ်မတော်) နေ့ နံနက် (၉း ၃၀) အချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဒုတိယအကြိမ်မြောက် ၁/၂၀၁၂ ဟိုတယ်သင်တန်းဆင်းအောင်လက်မှတ် ချီးမြှင့်ခြင်းအခမ်းအနားအား နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် ပညာရေးကဏ္ဍနှင့် အလုပ်အကိုင်ရရှိရေးအတွက်ရည်ရွယ်ကာ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါသည်။

ယင်းသင်တန်းအား ၇၊ ၁၊ ၂၀၁၂ ရက်နေ့မှစတင်၍ဖွင့်လှစ်ခဲ့ပြီး သင်တန်းအားတက်ရောက်ခဲ့သူမှာ (၃၂) ယောက်ဖြစ်သည်။ စာမေးပွဲဖြေဆိုသူ အယောက်(၃၀) တွင် (၂၇) ဦး အောင်မြင်ခဲ့ပြီး (၃) ဦးမှာ ကျရှုံးခဲ့သည်။ ထူးချွန်သူအနေဖြင့် Distincition (၅) ဦး ၊ Credit (၂) ဦး၊ Pass (၂၀) ဦး ရရှိခဲ့ပါသည်။ သင်တန်းနည်းပြ များအနေဖြင့် ဆရာဦးအောင်ထွန်း၊ ဆရာဦးရွှေဇင်အောင်၊ ဆရာ ဦးထွန်းထွန်းဦးတို့မှ ပညာဒါနအဖြစ် သင်ကြားပို့ချပေးခဲ့ပြီး မတ်လ ၁၇ ရက် နှင့် ၁၈ ရက်များတွင် အရည်အချင်းစစ်စာမေးပွဲအား ဖြေဆိုခဲ့ပါသည်။

၂၀၁၂ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့တွင် သင်တန်းပြီးဆုံးသွားပြီးသည့်နောက်ပိုင်း ယနေ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ သင်တန်းဆင်းအောင်လက်မှတ်ရသူများအနေဖြင့် အတ္တနှင့်ပရကို ဒွန်တွဲ၍ လုပ်ဆောင်စေလို ကြောင်း၊ နောင်တချိန်တွင် ယခုသင်ကြားပေးခဲ့သော ဆရာကြီးများနည်းတူ ကိုယ်ကျိုးမဖက်ဘဲ အများအကျိုးကိုထမ်းဆောင်မည်ဟူသော ခံယူချက်ဖြင့် မိမိတို့၏လုပ်ငန်းခွင်အသီးသီးကို ၀င်ရောက်စေလိုကြောင်းတို့ကို ပြောကြားပြီးသည့်နောက် သင်တန်းဆင်း အောင်လက်မှတ် များ ပေးအပ်ခြင်းနှင့် ဆုရကျောင်းသား/သူများအား ဆုချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားအားပြုလုပ်ခဲ့ပါသည်။ ထို့နောက် သင်တန်းနည်းပြ ဆရာ ဆရာကြီး ဦးအောင်ထွန်းမှ သင်တန်းသား/သူများအား ဆုံးမသြ၀ါဒစကားပြောကြားခဲ့ရာတွင် ယခင် ပထမအကြိမ် ဟိုတယ်သင် တန်းအားတက်ရောက်ခဲ့သူ သင်တန်းသား/သူ (၂၇) ဦးသည် သက်ဆိုင်ရာဟိုတယ်များတွင် အသီးသီးအလုပ်အကိုင်များ ရရှိနေကြပြီဖြစ် သည်။ အင်တာဗျူးဝင်ရောက်ဖြေဆိုရာတွင်လည်း အားလုံးအောင်မြင်စွာဖြေဆိုနိုင်ခဲ့ခြင်းအား သင်တန်းဆရာဦးရွှေဇင်အောင်မှ ၀မ်းသာ စကား ပြောကြားခဲ့ပါသည်။

သင်တန်းသား/သူများကိုယ်စား ကျေးဇူးတင်စကားကို ဒုတိယအကြိမ် သင်တန်းဆင်းပွဲအပြီးတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) သည် လူ ငယ်လူရွယ်များအား တစ်သက်တာ ထမင်းစားလက်မှတ်အား ထုတ်ဝေပေးခဲ့ပြီဖြစ်ကြောင်း၊ ဆက်လက်၍ မိမိတို့၏ ကျေးဇူးရှင်နာရေးကူညီမှုအသင်းကြီးအား အစဉ်အမြဲတည်မြဲပါစေကြောင်း သင်တန်းသူ မဖြူဖြူခိုင်မှ သင်တန်းသား/သူများကိုယ်စား ကျေးဇူးတင် စကားပြော ကြားသွားခဲ့ပါသည်။ ယင်းနောက် သင်တန်းသား/သူများမှ နာရေးကူညီမှုအသင်း (ရန်ကုန်) အား ပြန်လည်၍ အလှူငွေကျပ် (၁၅၆၅၀၀ိ/-) အားလှူဒါန်းမှုပြုခဲ့သည်။ ဆက်လက်ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ ဂုဏ်ပြုကဒ်အား ပြန်လည်၍ပေးအပ်ခဲ့ကာ သင်ကြားပြသပေးသော ဆရာကြီးများအား သင်တန်းသူ/သားများမှ ဂါရ၀တရားဦးထိပ်ထား၍ ရှိခိုးကန်တော့ခဲ့ကာ ဆရာကြီးများမှ မိမိ အကျိုးမှတဆင့် မိမိတတ်မြောက်ထားသောပညာရပ်ဖြင့် အများအကျိုးကိုထမ်းဆောင်နိုင်သောသူများဖြစ်ပါစေဟု ဆုတောင်းမေတ္တာ ပို့သ ပေးခဲ့ပါသည်။

သင်တန်းကာလမှာ စုစုပေါင်း (၂၁) ရက်သာဖြစ်ပြီး စနေနှင့်တနင်္ဂနွေရက်များတွင် နံနက် (၉း၀၀) နာရီ မှ ညနေ (၅း၀၀) အထိ သင်ကြား ပေးခဲ့ပါသည်။ သင်ခန်းစာများအနေဖြင့် (Front Office Basic Course, Housekeeping Basic Course) အားပို့ချသူ ဦးထွန်းထွန်းဦး၊ (F&B Realtion, Professional Sale, Total Quality Control) အားပို့ချသူ ဦးရွှေဇင်အောင်၊ (Public Realtion, Professional Sale, Total Quality Control) ဦးအောင်ထွန်းတို့မှ အသီးသီးသင်ကြားပို့ချပေးခဲ့ပါသည်။

ဒုတိယအကြိမ် သင်တန်းဆင်းပွဲအပြီးတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) သည် လူငယ်လူရွယ်များအား တသက်တာ ထမင်းစားလက် မှတ်အား ထုတ်ဝေပေးခဲ့ပြီဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် လွန်စွာဝမ်းသာ၍ ကျေးဇူးတင်မိကြောင်း သင်တန်းသူမဖြူဖြူခိုင်မှ သင်တန်းသား/သူများကိုယ်စား ကျေးဇူးတင်စကားပြောကြားသွားခဲ့ပါသည်။ ဆက်လက်၍ မိမိတို့၏ ကျေးဇူးရှင်နာရေးကူညီမှုအသင်းကြီးအား အစဉ်အမြဲ တည်မြဲပါစေကြောင်း ပြောကြားသွားခဲ့ပါသည်။ ထို့နောက် ဟိုတယ်သင်တန်းဆင်းများနှင့် ဆရာများမှ သုခအာဟာရ စားသောက်ဆိုင်တွင် အလှူရှင်များ၊ ၀န်ထမ်းများ၊ အသင်းသား/သူများ၊ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် လာရောက်ပြသကြသော လူနာများအား မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးဒါနပြုသွားခဲ့ပါသည်။

ထို့ကြောင့် ယခု ဟိုတယ်သင်တန်းဆင်း အောင်လက်မှတ်များချီးမြှင့်သောအခမ်းအနားအား အလုပ်အကိုင်ရှာဖွေရေး၊ လူ့ကျင့်ဝတ်တို့ဖြင့် နေထိုင်နိုင်ရေး၊ ကျန်းမာရေးအတွက် အနေအထိုင်အစားအသောက်တို့ကို အထောက်အကူပြုရေး၊ နိုင်ငံတကာနှင့်ဆက်ဆံရေး၊ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တွင် လိုက်နာကျင့်သုံးရမည့် လူ့ကျင့်ဝတ်နှင့် အပြောအဆိုနေထိုင်ဆက်ဆံရေး စသည့် ပညာရပ် များကိုပါ ရရှိသွားပြီဖြစ်ပါ၍ သင်တန်းသူတဦးပြောကြားသွားခဲ့သလို ထမင်းစားလက်မှတ်ရရှိခဲ့သည့်အပြင် အများအကျိုးအတွက် လူသားပီ သစွာနေထိုင်နိုင်သော ပရဟိတအောင်လက်မှတ်ကိုပါရရှိသွားသည့် အခမ်းအနားတရပ်ဟုဆိုလျင်လည်း မမှားတော့ချေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts

3 thoughts on “ထမင်းစားလက်မှတ် သင်တန်းဆင်းပွဲ
  1. ကိုကြီးကျော်၏ သာေ၇း နာေ၇း လုပ်ငန်းအပြင် လူမှုအထောက်ကူပြူသင်တန်း =ထမင်းစားလက်မှတ်သင်တန်း တွေကိုပါ လုပ်ဆောင်ပေးတာကိုက အလွန်ချီးကျူးစ၇ာပါ ကျုပ်တို.ကနယ်ဝေးကဆိုတော့ မကူညီနိုင်သေးပါ ရန်ကုန် ရောက်၇င်တော့ တတပ်တအားကူညီနိုင်မှာပါ။ ယခုမြန်မာပြည်မှာ နှစ် ၂၀ အတွင်းဘယ်ကဘယ်လိုနည်းနဲ.၇ပြီး ချမ်းသာနေတဲ့ လူတစုကတော့ ပ၇ဟိတလုပ်ငန်း တွေမှာ လုပ်ပေးဖို.၀န်လေးယုံ မက အနှောက်အယှက်ပေးနေတာကိုက ရွံစ၇ာပါ။ ကိုကြီးကျော်လို လူမျိုး များများပေါ်ပေါက်ပါစေ။

  2. Ko Nai Kyaw Sein, you are right I agree with your comments.
    Thank U Kyaw Thu, we will donate and help your walfare near future.

Comments are closed.