သူတို့အာဘော်

NLD ရဲ့ ထိပ်တန်းကိစ္စသုံးရပ်နဲ့ ကာကွယ်ဦးစီးချုပ်ရဲ့အဓိကတာဝန်

တူမောင်ညို
မတ်လ ၂၈၊ ၂၀၁၂
“(၆၇) နှစ်မြောက် တပ်မတော်နေ့” မှာပြောတဲ့ ဗိုလ်မင်းအောင်အောင်လှိုင်ရဲ့မိန့်ခွန်းထဲက အောက်ပါအချက် ၂ ချက်ကို သတိပြုမိပါတယ်။

တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ကို တပ်မတော်ကို ခေတ်ကာလနဲ့အညီ တည်ဆောက် ပေးခဲ့လို့ကျေးဇူးတင်ထိုက်သူများအဖြစ် တတန်းတည်းထားပြီး ရည်ညွန်းပြောကြားတဲ့အချက်နဲ့ လွှတ်တော်ထဲမှာ စစ်သားအမတ် ၂၅% ဘာကြောင့်ပါဝင်နေရသလဲဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။

တပ်မတော်ဖခင်လို့ ဗိုလ်ချုပ်အောင်ဆန်းကိုရည်ညွန်းသော်လည်း ယခင်က “အောင်ဆန်းစစ်ကြောင်း” ဆိုတာရှိခဲ့ပြီး (နဝတ-နအဖ) ခေတ် မှာ ဖြုတ်ပယ်ခဲ့ပါတယ်။ အခုလည်းဖြုတ်ပယ်ထားဆဲပါ။ ထားပါတော့။

နောက်တချက်က ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေးလုပ်တော့ စစ်တပ်ကနေပြတ်ပြတ်သားသားထွက်ပြီး နိုင်ငံရေးကို ခြေစုံပစ်ပြီးလုပ်ခဲ့သူဖြစ် တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ “ကိုအောင်ဆန်း- သခင်အောင်ဆန်း- ဗိုလ်အောင်ဆန်း- ဦးအောင်ဆန်း” စသဖြင့် ကျောင်းသား၊ နိုင်ငံရေး သမားဘဝကနေ တော်လှန်ရေးတပ်မတော်သား၊ တော်လှန်ရေးတပ်မတော်သားဘဝကနေ နိုင်ငံရေးသမားဘဝကို အဆင့်ဆင့်ပြောင်းလဲ ခဲ့တာပါ။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ဗိုလ်နေဝင်းကို တတန်းထဲထားဖေါ်ပြစရာဆိုလို့ “ရဲဘော်သုံးကျိပ်” စာရင်းကိုရေးသားဖေါ်ပြရာမှာပဲဖြစ်တယ်။ ဒါ တောင် ဒို့ဗမာအစည်းအရုံးဆိုတဲ့ ရှုဒေါင့်ကနေကြည့်ရင် “သခင်ကိုယ်တော်မှိုင်း ” အုပ်စုဝင် သခင်အောင်ဆန်းနဲ့ “သခင်ထွန်းအုပ် – သခင်ဗ စိန် ”အုပ်စုဝင် သခင်ရှုမောင်အဖြစ် ကွဲပြားနေသေးတယ်။

ဗိုလ်နေဝင်းဟာ စစ်တပ်ကို တလက်ကိုင်တပ်အဖြစ် အုပ်စီးခဲ့ပြီး စစ်အာဏာရှင်စနစ်ကိုစတင်အခြေချခဲ့သူ အကောင်အထည် ဖော်ခဲ့သူဖြစ် တယ်။ ဒါကြောင့် ဗိုလ်နေဝင်းဟာ လက်ရှိစစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ရဲ့ ဂေါ့ဖားသားဖြစ်တယ်။

ဗိုလ်နေဝင်းဟာ “တော်လှန်ရေးကောင်စီ” ဆိုပြီး ၁၂ နှစ်အုပ်စိုးခဲ့ပြီး စစ်အာဏာရှင်စနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄) စိတ်ကြိုက်ရေး ဆွဲကာ (မဆလ) တစ်ပါတီအာဏာရှင်စနစ်နဲ့ (၁၄) နှစ် (၁၉၇၄- ၁၉၈၈) ကြာဖိနှိပ်ခဲ့တယ်။

ဗိုလ်သန်းရွှေကတော့ (နဝတ-နအဖ) စစ်ကောင်စီက ၂၁ နှစ် (၁၉၈၈ -၂၀၁၀) ဖိနှိပ်အုပ်စိုးခဲ့ပြီး၊ စစ်အာဏာရှင်စနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) စိတ်ကြိုက်ရေးဆွဲပြီး “စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ” ဆိုတဲ့ မျက်နှာဖုံးစွပ်ပေးခဲ့တယ်။

စစ်အုပ်စုဖွဲ့ပြီး စစ်တပ်ကို တလက်ကိုင်လုပ်တဲ့အစဉ်အလာဟာ ဗိုလ်နေဝင်းလုပ်နည်းဖြစ်တယ်။ ဒီနည်းကို ဗိုလ်သန်းရွှေက ဆက်ခံခဲ့တာဖြစ် တယ်။

ဒါကြောင့် ဗိုလ်မင်းအောင်လှိုင်တို့ လက်ရှိစစ်အုပ်စုဟာ ဗိုလ်နေဝင်း- ဗိုလ်သန်းရွှေတို့ရဲ့ စစ်အာဏာရှင်နစ်အမွေခံတွေသာ ဖြစ်တယ်။

လက်ရှိစစ်အုပ်စုဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့နိုင်ငံရေးအစဉ်အလာကို ဆက်ခံသူတွေမဟုတ်ဘူး။

ဗိုလ်ချုပ်အောင်ဆန်းက တပ်ကိုအသုံးချပြီး နိုင်ငံရေးမလုပ်ခဲ့ဘူး။ ကိုယ်ကျိုးစီးပွား မစုဆောင်းခဲ့ဘူး။ ဗိုလ်နေဝင်းတို့ ဗိုလ်သန်းရွှေတို့က စစ် တပ်ကို ခါးပိုက်ဆောင်တပ်အဖြစ် တလက်ကိုင်ပြုကာ စစ်အာဏာရှင်နစ်ဖန်တီးပြီး ကိုယ်ကျိုးစီးပွားစု ဆောင်းခဲ့ကြတာဖြစ်တယ်။ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်နေဝင်း- ဗိုလ်သန်းရွှေတို့ အရင်းခံခြားနားချက်ဖြစ်ပါတယ်။ ထပ်တူနှိုင်းယှဉ်လို့မရတဲ့ မတူညီတဲ့အစဉ်အလာ ဖြစ်တယ်။

ဒီနေ့စစ်အုပ်စုဟာ စစ်တပ်နဲ့ရှင်းရှင်းပြတ်ပြတ်ခွဲခြားပြီး နိုင်ငံရေးလုပ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းအစဉ်အလာနဲ့ ပြဒါးတလမ်း သံတလမ်း ဆန့် ကျင်ပြီး ဗိုလ်နေဝင်း- ဗိုလ်သန်းရွှေတို့ရဲ့ စစ်တပ်ကိုခါးပိုက်ဆောင်တပ်အဖြစ်ထားပြီး နိုင်ငံရေးလုပ်ကာ ကိုယ်ကျိုးစီးပွားရှာတဲ့ လုပ်ဟန်ကို အမွေဆက်ခံထားသူတွေဖြစ်ပါတယ်။ “အမျိုးသားနိုင်ငံရေး” ဆိုတာကို ဗန်းပြအရေခြုံထားတယ်။

ဗိုလ်မင်းအောင်လှိုင်က “လွှတ်တော်အသီးသီးမှာ စစ်သားအမတ်တွေပါဝင်နေတယ်ဆိုတာ သမိုင်းကြောင်းအရပါဝင်နေတာဖြစ်ပြီး၊ အမျိုး သားနိုင်ငံရေးတာဝန်တစ်ရပ်ကိုထမ်းဆောင်နေတာဖြစ်တယ်” လို့ သူ့မိန့်ခွန်းထဲမှာထည့်ပြောထားတယ်။ စစ်မှုထမ်းဥပဒေနဲ့ စစ်သားလုပ်နေ သူတွေ မဟုတ်ဘူး၊ ခံယူချက်နဲ့ စစ်ထဲဝင်ခဲ့ကြသူတွေဖြစ်တယ်လို့လည်း ဆိုတယ်။

(လပခ) တိုင်းမှူးဟောင်း (နဝတ) ဗိုလ်ထွန်းကြည်ရဲ့ကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိမှာပါတဲ့ (ဝင်းဦးကိုအားကျတဲ့) ခံယူချက်မျိုးလားမသိပါ။

ဒါအပြင် “ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈” ထဲက ပုဒ်မ ၂၀၊ ပုဒ်မခွဲ (စ) ကိုကိုးကားပြီး “စစ်တပ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကတာဝန် တရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်သွားမယ်” လို့ အခိုင်အမာထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီပြောကြားချက်ဟာ ရေဒီယိုနဲ့ရုပ်မြင်သံကြားကနေ မတ်လ ၁၄ ရက်နေ့ကပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောကြားချက်ကို တုန့်ပြန်တာလို့ ယူဆနိုင်ပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိကရည်ရွယ်ချက်တွေအနက် ထိပ်တန်းတင်ထားတဲ့ကိစ္စသုံးရပ်ကတော့ တရားဥပဒေစိုးမိုးရေး၊ ပြည် တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တို့ဖြစ်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်က သူ့ဟောပြောချက်ထဲမှာ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ထဲက ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတာတွေ ထဲက ထင်ရှားတဲ့ဥပမာတခုအဖြစ် “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရွေးကောက်ခံမဟုတ်တဲ့ (စစ်တပ်) လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာ ခိုင်နှုန်းပါဝင်နေတာကို ပြည်သူတွေအသိဖြစ်ပါတယ်” ဆိုပြီး ထည့်သွင်းပြောကြားခဲ့ပါတယ်။

“အခြေခံဥပဒေကို အဓိကတာဝန်တရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်သွားမယ်”လို့ဆိုရာမှာ အခြေခံဥပဒေနဲ့အညီ အာဏာသိမ်းနိုင်တဲ့ တာဝန်နဲ့ လွှတ်တော်အသီးသီးအတွင်းမှာရှိတဲ့ စစ်သားအမတ်တွေရဲ့တာဝန်လို့ ပေါင်းပြီးပြောတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီတာဝန်တွေကို ကာကွယ်ရေးဦးစီးချုပ်ကသာ အမိန့်ပေးညွန်ကြားဆောင်ရွက်မှာဖြစ်ပါတယ်။

လွှတ်တော် အသီးသီးမှာရှိတဲ့ ၂၅% စစ်သားအမတ်တွေကို ကာကွယ်ရေးဦးစီးချုပ်က စိတ်ကြိုက်ခန့်နိုင်/ဖြုတ်နိုင်/ လဲလှယ်နိုင်ပါတယ်။

စစ်သားအမတ်ဆိုတာမှာလည်း အမြင့်ဆုံးအဆင့်က “ဗိုလ်မှူးကြီး” အထိပဲပါတာပါ။ ဒါကလည်း အနည်းစုပါ။ ကျန်တဲ့အများစုက ဗိုလ်မှူးအ ဆင့်နဲ့ ဗိုလ်ကြီးအဆင့် ဂျူနီယာလေးတွေဖြစ်ပါတယ်။ သူတို့ခမျာလည်း “စစ်စည်းကမ်း” ဆိုတာနဲ့ အသေချည်တုတ်ခံထားရသူတွေဖြစ်ပါ တယ်။ ဒါကြောင့် ကာကွယ်ရေးဦးစီးချုပ်ကို ဆန့်ကျင်တဲ့မဲ စစ်သားအမတ်တွေမပေးဝံ့ပါဘူး။

ဒါကြောင့် “ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကတာဝန်တစ်ရပ်အနေနဲ့ကာကွယ်စောင့်ရှောက်သွားမယ့်” ဗိုလ်မင်းအောင်လှိုင်နဲ့ NLD က ထိပ် တန်းတင်ထားတဲ့ ကိစ္စသုံးရပ် (တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ) ကတော့ ရှောင်လွှဲလို့မရ အောင် ထိပ်တိုက်တွေ့နေပါပြီ။

“၁ ဧပြီ၊ ကြားဖြတ်ရွေးကောက်ပွဲ” မှာ အနိုင်ရရုံနဲ့ “NLDရဲ့ထိပ်တန်းကိစ္စသုံးရပ်” ဖြစ်မြောက်မလာနိုင်ဘူးဆိုတာ NLD ကလည်း နားလည် သလို၊ လက်ရှိ ဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရကလည်း သိပါတယ်။

NLD ရဲ့ ထိပ်တန်းတင်ထားတဲ့ကိစ္စသုံးရပ်ဆိုတာဟာ စစ်တပ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြုပြင်ပြောင်းလဲ၊ ပြင်ဆင်နိုင်မှသာ ဖြစ်မြောက်ပါ လိမ့်မယ်။

ဒီလိုပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် NLD အနေနဲ့ လွှတ်တော်အဆင့်ဆင့် (ပြည်သူ့လွှတ်တော်+ အမျိုးသားလွှတ်တော်) ထဲမှာ ၇၅%ကျော်မယ့်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ဆန္ဒမဲတွေလိုပါတယ်။ ပြည်သူ့ဆန္ဒခံယူပွဲမှာလည်းထက်ဝက်ကျော်မဲဆန္ဒရဖို့လိုပါတယ်။

လောလောဆယ်မှာတော့ ရွေးကောက်ပွဲကော်မရှင်နဲ့ အဆင့်ဆင့်သောအာဏာပိုင်တွေရဲ့ ညစ်ပတ်ကောက်ကျစ်မှုတွေကို NLD ရင်ဆိုင် နေရ ပါတယ်။

ညွန်း
၁။ မတ်လ ၁၄ ရက်နေ့၊ ရေဒီယို/ရုပ်မြင်သံကြားတို့မှ ဒေါ်အောင်ဆန်းစုကြည်၏ဟောပြောတင်ပြချက် (ဒီလှိုင်း စာစောင် အတွဲ ၁ အမှတ် ၁၀၊ စာမျက်နှာ ၆)
၂။ ၂၀၁၂ ခုနှစ်၊ မတ်လ ၂၇ ရက်၊ ကာကွယ်ရေးဦးစီးချုပ်မိန့်ခွန်း (မြန်မာ့အလင်းသတင်းစာ ၂၈ မတ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

6 thoughts on “NLD ရဲ့ ထိပ်တန်းကိစ္စသုံးရပ်နဲ့ ကာကွယ်ဦးစီးချုပ်ရဲ့အဓိကတာဝန်
  1. ကျုပ်သူငယ်ချင်းတွေ စစ်တပ်ထဲမှာ အများအပြားဘဲ အားလုံးက စစ်ဗိုလ်တွေပါ ယခုလက်ရှိမှာတော့ နေပြည်တော် ရန်ကုန် မော်လမြိုင် ထားဝယ် ဘက်တွေမှာ တာဝန်ကျတယ် ။မကြာသေးတဲ့အချိန်တုံးက သူငယ်ချင်းတွေနဲ. စကားဖောင်ဖွဲ.မိတယ် ။သူတို.စကားတွေမှာတော့ အထက်အမိန်. အထက်အမိန်. တွေကြီးကြားနေရတယ်။ ဒီတခါ ဆုံဖြစ်ရင် သူတို.တွေကို မေးရမယ် အထက်အမိန်. ဆိုတာ ဘယ်သူ.ကိုပြောတာလဲ ဦးသိန်းစိန်လား ဦးသူ၇ရွေမန်းလား ဒါမှမဟုတ် မင်းအောင်လှိုင်လား သူတို.အမိန်.ပေးတာ ဘာအတွက်လည်း ဘာလုပ်ဖို.လည်း ဆန်းစစ်ရမယ် မှန်တဲ.အမိန်.ဆိုရင် လက်ခံ ပြည်သူအတွက် အကျိုးမရှိတဲ့ အမိန်.ဆို၇င်ငြင်းရမယ် ဒါဟာ နိုင်ငံတော်ကို ပုန်ကန်တာမဟုတ်ဘူး အချို.သော စစ်ဗိုလ်ချုပ်တွေဟာ မိမိ၏ အသက် စည်းစိမ် ရာထူး တွေအတွက် အောက်လက်ငယ်သား စစ်ဗိုလ်တွေကို အထက်အမိန်.ဆိုပြီး အမိန်.ပေးစေခိုင်းနေကြတယ် လွန်သွားတဲ့အနှစ် ၅၀ -ကိုမျှော်ကြည့်ပါ နေ၀င်း သန်းရွေ ခင်ညွန်.ဆိုတဲ့စစ်ဗိုလ်ချုပ်တွေ ရဲ. အထက်အမိန်.ဆိုပြီး တပ်မတော်ကို လက်ကိုင်ဒုတ်တဖွယ် မိမိ၏ ရာထူး စီးစိမ်အတွက် အသုံးချခဲ့လို. ပြည်သူတွေ ဒုက်ခ ဆင်းရဲ ပင်လယ်ဝေခဲ့ရတယ် မဟုတ်လား။ ကဘာ့ အချမ်းသာဆုံး နိုင်ငံတွေကိုကြည့်ပါ အနည်ဆုံး အရှေ.တောင်အာရှနိုင်ငံတွေဖြစ်တဲ့ စင်ကာပူ မလေးရှား ဖိလစ်ပိုင်နိုင်ငံမှာတောင် စစ်တပ်က သမတ လွှတ်တော် ကိုကျော်ပြီး လုပ်ပိုင်ခွင့်မရှိဘူးဆိုတာတွေ.ရမယ်။ ဒါကြောင့် မြန်မာပြည်မှာ အထက်အမိန်.ဆိုပြီး အောက်ကစစ်ဗိုလ်တွေအနေနဲ. တိုင်းပြည်ကို လက်လွတ်စပယ် မလုပ်သင့်ဘူးဆိုတာ ဒီတခေါက် ကျုပ်သူငယ်ချင်း စစ်ဗိုလ်တွေနဲ. တွေ.တဲ့အခါ ပြောဖြစ်အောင် ပြောရမယ်။ သူငယ်ချင်းစစ်ဗိုလ်များနဲ. စစ်တပ်တခုလုံးရွင်လန်းချမ်းမြေ.ပါစေ။

  2. ဗိုလ်နေ၀င်းတို့ဗိုလ်သန်းရွှေတို့တွေ တိုင်းပြည်ကိုအရင်းပြုပြီးဘာတွေလုပ်သွားကြတယ်ဆိုတာကိုမင်းအောင်လှိုင်သိသင့်ပါတယ်…
    စစ်မှန်သောမျိုးချစ်စိတ်ဓါတ်တို့၊ဒို့တာဝန်အရေးသုံးပါးတို့၊ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုကာကွယ် စောင့်ရှောက်မယ်တို့ဆိုတဲ့..ဗိုလ်သန်းရွှေစကားတွေမပြောပဲနဲ့……တိုင်းချစ်ပြည်ချစ်၊မျိုးချစ်စိတ်ရှိတဲ့
    ပြည်သူ့ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်အဖြစ်မရပ်တည်ရဲတာလဲ..ကိုမင်းအောင်လှိုင်ရေ..၀မ်းနဲစရာပါ..ကိုမင်းအောင်လှိုင်မှာအရည်အချင်းတွေအများကြီးရှိတာသိပြီးသားပါ…အခုအချိန်ထိဗိုလ်သန်းရွှေနောက်မြီးစွဲဖြစ်နေတာတော့..စိတ်မကောင်းစရာ….ဗိုလ်ချုပ်ကြီးကျန်းမာပါစေ..။

  3. တပ်ချုပ်ကြီး မင်းအောင်လှိုင် အနေနဲ. အနာဂတ် မြန်မာနိုင်ငံတော် ကောင်းစားေ၇းနဲ. တပ်မတော် သမိုင်း ကောင်းေ၇း အတွက် သော.ချက် အကျဆုံးသူ ပါ ။ တပ်မတော်ကို လမ်းမှန်ေ၇ာက်အောင် ထိမ်းကြောင်း ပေးပီး မြန်မာနိုင်ငံသား အားလုံး မျှော်လင်.နေတဲ. အနာဂတ်ကောင်းတွေ ကို ဖန်တီးပေးခဲ.တယ် ဆိုတဲ. သမိုင်းကောင်းကို မော်ကွန်းထိုးပါ စေလို. အားလုံးက ဆုတောင်း၇င်းစောင်.နေ ပါတယ်။

  4. မြန်မာ့သမိုင်းမှာလူဆိုးစာရင်းဝင်တဲ့ဗိုလ်နေ၀င်း။ဗိုလ်သန်းရွေတိုကိုမြန်မာပြည်သူတွေကဘယ်တော့မှ
    မေ့မှာမဟုတ်ပါ။ဗိုလ်မင်းအောင်လိုင်ရယ်။ဗိုလ်ခင်ညွန်ကိုလည်းကျေးဇူးရှိကြောင်းပြောပါအုံး။အကောင်း
    လုပ်တာကနည်းနည်း။မကောင်းတာကများများ။သမိုင်းကဆုံးဖြတ်ပါလိမ့်မေ

Comments are closed.