ဓာတ်ပုံသတင်း

Multi-Religions Prayers – လူမျိုးဘာသာပေါင်းစုံ၏ ငြိမ်းချမ်းရေးဆုတောင်းပွဲ


 

 လူမျိုးဘာသာပေါင်းစုံ၏ ငြိမ်းချမ်းရေးဆုတောင်းပွဲ

တာရာဝေယံ၊ ရန်ကုန်၊ မတ် ၂၈၊ ၂၀၁၂

လူမျိုးဘာသာပေါင်းစု ငြိမ်းချမ်းရေးဆုတောင်းပွဲကို ယမန်နေ့ ညနေ ၄ နာရီ မှ ၆ နာရီခွဲအထိ ရန်ကုန်တက္ကသိုလ်ဝင်း ယုဒသန်ခန်းမမှာ ကျင်းပခဲ့ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကိုဋ္ဌေးကြွယ်၊ ကိုမြအေး၊ ကိုပြုးံချို၊ အပါအ၀င် အင်န်ဂျီအို၊ တိုင်းရင်းသားအဖွဲ့အစည်း၊ လူငယ်နိုင်ငံရေးအင်အားစု၊ ဘာသာရေးအဖွဲ့အစည်း အသီးသီက ပရိသတ် ၃၀၀ ခန့်တက်ရောက်ခဲ့ကြပါတယ်။

 ဘာသာရေးအသင်းအဖွဲ့များမှ ဆရာတော်များနှင့် တက်ရောက်လာကြသူများက မြန်မာပြည်ငြိမ်းချမ်းရေးအတွက် မေတ္တာပို့ကြပြီး ကချင်တိုင်းရင်းသားအဖွဲ့အစည်းများက ကချင်ပြည်နယ်တွင် လက်ရှိဖြစ်နေသော ပြည်တွင်းစစ်မီးကို ငြိမ်းကြရန်နှင့် ဒေသခံတိုင်းရင်းသားများ ဒုက္ခခံရပုံများကို Projector များဖြင့် ရှင်းလင်းတင်ပြခဲ့ပါတယ်။

 ၈၈ မျိုးဆက်ခေါင်းဆောင် မင်းကိုနိုငိက ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးအကြောင်းကို တင်ပြရင်း အခမ်းအနားကို ညနေ ၆ နာရီခွဲမှာ ဖယောင်းတိုင်မီးများ ထွန်းညှိကာ မြန်မာပြည်အရပ်ရပ်မှာ ငြိမ်းချမ်းရေးထွန်းကားဖို့ ဆုတောင်းခဲ့ကြကြောင်း သတင်းရရှိပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “Multi-Religions Prayers – လူမျိုးဘာသာပေါင်းစုံ၏ ငြိမ်းချမ်းရေးဆုတောင်းပွဲ
  1. အလွန်ကောင်းပေသည်။ မြန်မာပြည်ကြီးအမြန်ငြိမ်းချမ်းးပါစေ။

  2. ငြိမ်းချမ်းရေးနဲ့စစ်ခေါင်းဆောင်တွေကရန်သူတွေလေ
    ခွေးမှီးကောက်ခြေထောက်စွပ်ဆိုသလိုပါပဲ..
    ဒီနေ့လည်းစိတ်ပျက်မိပါတယ်။

Comments are closed.