ဓာတ်ပုံသတင်း
Burmese Revolution – ၀ါရင့်နိုင်ငံရေးသမားကြီးများမှ ၆၇ နှစ်မြောက် တော်လှန်ရေးနေ့အခမ်းအနားကျင်းပ
တာရာဝေယံ၊ ရန်ကုန်၊ မတ် ၂၈၊ ၂၀၁၂
ယမန်နေ့က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသမိုင်းခေတ်အဆက်ဆက်မှာ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးများမှ ၆၇ နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနားကို ပါရမီလမ်းရှိ သခင်သိန်းဖေရဲ့ နေအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကို နံနက် ၈ နာရီမှ ၉  နာရီ ခွဲအထိ ဆောင်ရွက်ခဲ့ရာမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီး၊ မီးမီး အပါအ၀င် ခေတ်အဆက်ဆက်မှ နိုင်ငံရေးသမားကြီးများ၊ လူငယ်နိုင်ငံရေးအင်အားစုများ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။
 အခမ်းအနားမှာ ၈၈ မျိုးဆက်ကျောင်းသားများမှ ပေးပို့သော သ၀ဏ်လွှာကို မမီးမီးမှ ဖတ်ကြားခဲ့ပြီး ကိုကိုကြီးမှ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ စိတ်ဓာတ်တော်လှန်ရေးအကြောင်းကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဝါရင့်နိုင်ငံရေးသမားကြီးများရဲ့ ကိုယ်စား သခင်ချန်ထွန်းမှ အမှတ်တရ စကားပြောကြားခဲ့ပြီး အခမ်းအနားမှူးဖြစ်တဲ့ ရွှေတောင်ဦးအုန်းမောင်က နိဂုံးချုပ်စကား ပြောကြားက အခမ်းအနားကို အောင်မြင်စွာ အဆုံးသပ်နိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts