ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

ဝိပဿနာတရားတော်နှင့်အညီ

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
မတ်လ ၂၇၊ ၂၀၁၂

၂၅. ၃. ၂၀၁၂ (တနင်္ဂနွေ) နေ့ နံနက် (၈း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ဓမ္မစေတီဆရာတော် ဦးကောသလ္လနှင့် သံဃာတော်များ၊ တပည့်၊ ဒါယကာ/မများဖြင့် ကြွရောက်ကာ ဆရာတော်ကြီး၏မယ်တော်ကြီး …… အားရည်စူး၍ လူနာကုတင်၊ လက်တွန်း လှည်း၊ လေးချောင်းထောက်အကူပစ္စည်းနှင့် တနေ့တာ လူနာများအတွက် ဆေးဝါးကုသစားရိတ် အလှူငွေ (၇) သိန်းကျပ်တိတိအား လာ ရောက်လှူဒါန်းခဲ့သည်။

ဆရာတော် ဦးကောသလ္လနှင့်အဖွဲ့သည် နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ သုခအလင်း စာကြည့်တိုက်နှင့် ဆေးဝါးလာရောက်ကုသကြသော လူနာများအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားခဲ့သည်။ ဆရာတော်သည် လူနာများအား ဝေဒနာသည်ခြင်းအတူတူ တစ်ဦးနှင့် တစ်ဦး ညှာတာထောက်ထားသောစိတ်ဓါတ်၊ လူသားချင်းစာနာသောစိတ်ဓါတ်နှင့်ဆေးဝါးကုသရန် တိုကင်တန်းစီရာတွင် ဖြစ်ပေါ် တတ် သော နေရာရောင်းစားခြင်း အဓမ္မနည်းလမ်းဖြင့် စီးပွားရှာနေသောသူများအား ဝိုင်းဝန်းဖော်ထုတ်ကြရန် အရေးကြီးကြောင်း သြဝါဒစကားများ ပြောကြားခဲ့သည်။ ထို့ပြင် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူအားလည်း ဝိပဿနာတရားတော်နှင့်အညီ လူမှုရေးလုပ်ငန်း အား တွဲဖက်၍ စဉ်ဆက်မပြတ် လုပ်ကိုင်သွားစေလိုကြောင်း သြဝါဒမိန့်ခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဝိပဿနာတရားတော်နှင့်အညီ
  1. ဆရာတော်ကြီးသက်တော်၇ာကျော်ရှည်ပါစေ။

Comments are closed.