ကဗျာ

ကျနော် ယူရိုပီယမ်

နိုင်ဦးညို (ဖိုးဇီးရိုး)
မတ်လ ၂၄၊ ၂၀၁၂

ရောမရောက်ရင်ဘဲ
ရောမသားဖြစ်နိုင်မလား …။

နေ့နေ့ ညည
ပေါင်မုန့်ရှည်ညိုညိုတစ်ချောင်းကို
ဟန်ဆောင်ပြီးကိုက်နေပေမယ့်

ဘူးသီးကျော် ဘယာကြော်
မန္တလေးပဲကြော်
အကျော်စုံ ပူပူနွေးနွေး

ကုက္ကိုလ်ပင်အိုအောက်က
အကျော်ဆိုင်မှာ သွားစားမလား
ဟောဒီက အကြော်အော်သံ
နားစွင့်စောင့်ဝယ်မလား
လမ်းထိပ်သွားမဲ့လူကြုံနဲ့
အမှာပါးလိုက်မလား …။

မနက်စော
အာရုဏ်အလာမှာလား
နေ့လည်ခင်း
နေပူပူပြင်းပြင်းမှာလား
နေအစောင်း
ဘုံဆိုင်အသွားမှာလား …။

ရောမရောက်ရင်ဘဲ
ရောမသားဖြစ်နိုင်မလား …။

နေ့နေ့ ညည
ပေါင်မုန့်ရှည်ညိုညိုတစ်ချောင်းကို
ဟန်ဆောင်ပြီးကိုက်နေပေမယ့်

မြင်းလှည်းသမားတွေက
ပြုံးစိစိနဲ့ကြည့်ကြတယ်
သီချင်းတစ်ပုဒ်ရှိခဲ့တယ်
မန္တလေးရောက် ရှမ်းတစ်ယောက်
အဖြစ်က
တကယ်ကိုမလွယ်ခဲ့တာလား

ကျနော်သေချာမသိနိုင်
ကျနော်သေချာမသိနိုင်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “ကျနော် ယူရိုပီယမ်
  1. ကျေးဇူးးပြုပြီး …. အကျော် … အကြော် ပြင်ဖတ်ပေးပါရန် …….

  2. It’s really true…..we miss a lot our traditional life style which is much much more dilicious and tasty than any others…..

  3.ိဈေးထဲကဟင်းထုပ်
    အဲဒါဒို့ ၇ှမ်းသေ၇စာ
    အသေချာလွေးမယ်ဆို၇င်
    ထိုဖူးနွေး၇ှိတယ်
    ဒါပေမယ့်လဲကိုယ်မပျော်ပါ
    ကိုယ်ေ၇ာက်နေတဲ့နေ၇ာ
    တော်၇ာမှာနေပြီး
    ပျော်၇ာနေ၇ာမဟုတ်လေတော့
    သေ၇စာတွေလည်းဝေးပြီး
    အမေ၇ိကေ၇ာက်၇ှမ်းတယောက်
    စိတ်ကူးတွေလမ်းလျောက်ပြီး
    အိမ်ပြန်လမ်းပျောက်နေတာ
    ကိုယ်ဟာလေအတောင်မပါတဲ့
    ငေါင်တကက်ငှက်တကောင်ဖစ်နေဘီ။

Comments are closed.