သတင်းပဒေသာ

Mann Nyein Maung – သမ္မတအမိန့်ဖြင့် လွတ်ငြိမ်းခွင့်ပေးဟု ဆို

မန်းငြိမ်းမောင်ကို သမ္မတအမိန့်ဖြင့် လွတ်ငြိမ်းခွင့်ပေးဟု ဆို

မိုးမခအထောက်တော် ၀၀၃၊ မတ် ၁၉ ၊ ၂၀၁၂

ယနေ့နံနက် ၈ နာရီခန့်က ကြားသိရသော သတင်းအရ အစိုးရတရားရုံးများက တသက်တကျွန်းထောင်ဒဏ် ချမှတ်ခံထားသည့် ကေအင်န်ယူအဖွဲ့က (ဦး)မန်းငြိမ်းမောင်ကို သမ္မတကြီး ဦးသိန်းစိန်တိုက်ရိုက်အမိန့်နှင့် လွတ်မြောက်ခွင့်ပေးလိုက်သည်ဟု ဆိုသည်။ အစိုးရ၏ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ ဦးဆောင်သူတဦးဖြစ်သည့် ဦးအောင်မင်းက အင်းစိန်ထောင်မှ မန်းငြိမ်းမောင်ကို  နေပြည်တော်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

ကေအင်န်ယူအဖွဲ့မှ အရေးပါသူတဦးဟုဆိုသည့် (ဦး) မန်းငြိမ်းမောင်ကို ကြံ့ဖွံ့အစိုးရက ၂၀၁၁ နှစ်ကတည်းက မြန်မာပြည်တွင်းသို့ တရားမ၀င်ဖြတ်ကျော်ဝင်ရောက်မှုဖြင့် ဖမ်းဆီးထားခဲ့သည်။ ၂၀၁၂ နှစ်ဆန်းပိုင်းတွင် အစိုးရနှင့် ကေအင်န်ယူအဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အရှိန်ရလာစဉ်အတွင်း ပြစ်ဒဏ်ချ အရေးယူခဲ့သည်။ ၎င်းပြန်လည်လွတ်မြောက်လာမည့်အကြောင်း အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲအဖွဲ့က ပုဂ္ဂိုလ်တချို့က ခန့်မှန်းပြောဆိုခဲ့သည်။ ထိုသို့မှန်းသည့်အတိုင်း ၎င်းကို သမ္မတကြီးအမိန့်ဖြင့် ယခုကဲ့သို့ လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။

ထိုင်နိုင်ငံအခြေစိုက် အေအေပီပီ အကျဉ်းသားစောင့်ရှောက်ရေးအဖွဲ့က ကိုတိတ်နိုင်က မိုးမခသို့ ပြောကြားရာတွင်

            “လက်ရှိအစိုးရကိုယ်တိုင်က သူတို့တရားရုံးတွေက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေ၊ ဥပဒေတွေကို တနေ့တမျိုး၊ တနေရာ တမျိုး၊ ပြင်ချင်တိုင်း ပြင်နိုင်တယ်၊ ပြောင်းချင်တိုင်းပြောင်းနိုင်တယ် ဆိုတာ မြန်မာပြည်နိုင်ငံရေးမှာ အာမခံချက်မရှိဘူးဆိုတာ ပြသရာရောက်တယ်။ တကယ်တန်း နိုင်ငံရေးမှာ ပြန်လည်သင့်မြတ်ရေး၊ ဆွေးနွေးအဖြေရှာရေး လိုလားရင် ဆက်လက်ဖမ်းဆီးထားဆဲ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး တပြေးညီ လွှတ်ပေးရမယ်။”

            ဟု ပြောကြားသွားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

4 thoughts on “Mann Nyein Maung – သမ္မတအမိန့်ဖြင့် လွတ်ငြိမ်းခွင့်ပေးဟု ဆို
  1. ဖထီးမန်းငြိမ်းမောင်ကိုလွှတ်ပေးတာ ၀မ်းသာပေမယ့် ထောင်အသီးသီးမှာရှိနေတဲ့ နိုင်ငံေ၇းအကျဉ်းသား တနည်း ယုံကြည်ချက်ကြောင့်ထောင်ကျနေတဲ့အကျဉ်းသားများကို မလွှတ်ပေးနိုင်တာ ၀မ်းနည်းစ၇ာပါ

  2. လွှတ်ပေးပြန်တော့လည်းတစ်မျိုးပါဘဲလား။
    အပြုသဘောအတွေးလေးများမထားနိုင်ကြပါလား။ဗိုလ်ချုပ်မှုးကြီးသန်းရွှေတို့လက်ထက်တုန်းက..ဘယ်နှစ်
    ယောက်များလွတ်ခဲ့ဘူးလို့လဲ။

Comments are closed.