မျက်မှောက်ရေးရာ သူတို့အာဘော်

စိန့်မာတင်၊ ရှင်မဖြူ နဲ့ အင်္ဂလိပ်-မြန်မာ ပထမစစ် – article by Nyein Chan Aye

 

ငြိမ်းချမ်းအေး
မတ် ၁၇၊ ၂၀၁၂

စိန့်မာတင်ကျွန်း

ခု ဘင်္ဂလားဒေ့ရှ်ကို ပေးလိုက်ရတယ်လို့ ပြောနေကြတဲ့ စိန့်မာတင်ကျွန်း အကြောင်း နည်းနည်းပြောချင်ပါတယ်။

St. Martin’s Island (စိန့်မာတင်ကျွန်း)က ဒေသခံ အခေါ် ဘင်္ဂလီလို “Nirical Gingira”၊ မြန်မာလို “အုန်းကျွန်း” လို့ အဓိပ္ပာယ် ရတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကို ခြားထားတဲ့ နယ်ခြားမြစ် နတ်မြစ်ဝ (Naf River)ပေါ်မှာရှိပြီး မြန်မာနိုင်ငံ အနောက်မြောက်ကမ်းရိုးတန်းမှ အနောက်ဘက် (၈) ကီလိုမီတာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇာ-တက်ခ်နတ် ကျွန်းဆွယ်မှ (Cox’s Bazar-Teknaf Peninsular) တောင်ဘက် (၉) ကီလိုမီတာ အကွာအဝေးမှာ ရှိတယ်။ အရင် ဗြိတိသျှ-အန္ဒိယ၊ အန္ဒိယ၊ အရှေ့ပါကစ္စတန်၊ ခု ဘင်္ဂလားဒေ့ရှ် အဆက်ဆက် မြန်မာမပိုင်ခဲ့ပါ။ ဗြိတိသျှ-အန္ဒိယ ခေတ်မတိုင်မီ၊ မြန်မာက ရခိုင်ကို မသိမ်းခင် ရခိုင်ဘုရင်တွေ ပိုင်ခဲ့တဲ့ အချိန်တွေ ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ အဓိကထား ဆိုလိုချင်တာက ခုလတ်တလော ကုလခုံရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် စိန့်မာတင်ကျွန်းကို ဘင်္ဂလားဒေ့ရှ် ကို ပေးလိုက်ရတာ မဟုတ်ဘူး ဆိုတာကိုပါ။

မိတ်ဆွေများ ပြောနေတဲ့ စိန့်မာတင်ကျွန်း နဲ့ ရှင်မဖြူကျွန်း အတူတူပဲ ဆိုတာ (ကျနော့်တစ်ဦးတည်း သဘောထားအမြင်အရ) လက်မခံပါ။

ရှင်မဖြူကျွန်း

ရှင်မဖြူကျွန်းက အင်္ဂလိပ်လို Shapuree (ရှပူရီ) လို့ခေါ်တယ်။ နတ်မြစ်ဝပေါ်မှာပဲ ရှိတယ်။ (ကျနော့်တစ်ဦးတည်း အယူအဆအရ) စိန့်မာတင်ကျွန်းထက် သေးရမယ်၊ မြန်မာပြည်နဲ့ ပိုနီးပြီး ခုအချိန်မှာ မြန်မာပိုင်တယ်။

ဒါက ကျနော့်ကိုယ်ပိုင် ဗဟုသုတအပေါ် အခြေခံတဲ့ တစ်ဦးတည်း အမြင်နဲ့ ကောက်ချက်ဆွဲတာပါ။

ကောင်းပြီ..။ အဲ့ဒီကောက်ချက် မှားရင်ကော..။ ကောက်ချက်မှားလို့ ရှင်မဖြူကျွန်းနဲ့ စိန့်မာတင်ကျွန်း အတူတူပဲ ဆိုလည်း ပြောစရာ ရှိပါတယ်။

ဘာလို့လဲဆိုတော့ ရှင်မဖြူကျွန်းက (ဗြိတိသျှ-အန္ဒိယ/ ဗြိတိသျှ-ဘားမားခေတ်မတိုင်မီ ခေတ်တွေမပါ) မြန်မာပိုင်ခဲ့တယ်လို့ ယူဆလို့ မရပါ။ ဒီအကြောင်း ရှင်းရာမှာ အင်္ဂလိပ်-မြန်မာ (အင်ဂလို-ဘားမား ) ပထမစစ် ဖြစ်ရတဲ့ နောက်ခံကို ရှင်းရပါ့မယ်။

အင်္ဂလိပ်-မြန်မာ ပထမစစ် (၁၈၂၄-၁၈၂၆)

(စစ်အစိုးရ အဆက်ဆက်) ကျောင်းသင်ရိုးညွှန်တမ်းတွေမှာ ရှင်မဖြူကျွန်းနဲ့ ပတ်သက်ပြီး အငြင်းပွားရာမှ စစ်စတင်ဖြစ်တယ်လို့ ဆိုလေ့ရှိပေမဲ့ အဲ့ဒီအကြောင်းက စစ်ကိုဖြစ်စေတဲ့ မီးစတစ်စ လို့ပဲ ပြောနိုင်ပြီး နောက်ကွယ်မှာ စစ်ဖြစ်စေတဲ့ အကြောင်းအချက်တွေ အများကြီးရှိတယ်။

အင်္ဂလိပ်က အန္ဒိယကို (၁၇)ရာစုကတည်းက အရှေ့အိန္ဒိယကုမ္မဏီ အနေနဲ့ ဝင်တယ်။ (၁၈)ရာစု အလယ်လောက်ရောက်တော့ အိန္ဒိယတစ်တိုက်လုံးနီးပါး ကုမ္မဏီက တဆင့် အုပ်ချုပ်နေပြီလို့ ဆိုလို့ရတယ်။ တကယ် ဗြိတိသျှ-အန္ဒိယ နာမည်နဲ့ အုပ်ချုပ်တာကတော့ (၁၉)ရာစုအလယ်လောက်မှာ ဖြစ်တယ်။

အဲ့သလိုနောက်ခံအခြေအနေမှာ ကုန်းဘောင်မင်းဆက်ရဲ့ သတ္တမမြောက် မင်းဆက် ဘကြီးတော်(စစ်ကိုင်းမင်း) လက်ထက် (၁၈၁၉-၁၈၃၇) ၁၈၂၂ မှာ မြန်မာက အာသံနဲ့ မဏိပူရ (Assam & Manipur) ကို သိမ်းလိုက်တယ်။ သိမ်းရတဲ့အကြောင်းကတော့ ဘကြီးတော်ရဲ့ ဘိသိက်မင်္ဂလာပွဲကို မဏိပူစော်ဘွား မတက်တာကို အကြောင်းပြုပြီး မထီမဲ့မြင်ပြုတယ်လို့ ယူဆကာ နောင်မှာ နောင်ကျင်သွားစေဖို့အတွက် ရည်ရွယ်တယ်။ အဲ့သလို သိမ်းလိုက်တဲ့ အတွက် (အင်အားကြီးတဲ့) အင်္ဂလိပ်အုပ်ချုပ်နေတဲ့ ဗြိတိသျှ-အိန္ဒိယနဲ့ နယ်နိမိတ် ထိစပ်မှုက ပိုများလာတယ်။ အင်္ဂလိပ်ကလည်း သူတို့ရဲ့ အကျိုးစီးပွားဖြစ်နေတဲ့ ဗြိတိသျှ-အိန္ဒိယ နယ်ပယ်တွေကိုပါ ခြိမ်းခြောက်လာနိုင်တယ်လို့ ယူဆပြီး မြန်မာတပ်တွေကို ပြန်လည် တော်လှန်နေတဲ့ အာသံနဲ့ မဏိပူရ၊ ရခိုင် (ရခိုင် (Arakan) က ၁၇၈၄ ကတည်းက ကုန်းဘောင် မင်းဆက်အောက် ရောက်ပြီးဖြစ်) တော်လှန်ရေးတပ်သား (မြန်မာတွေ အခေါ် သူပုန်) တွေကို လက်နက်၊ ရိက္ခာ ထောက်ပံပေးတယ်။

မဏိပူကို မြန်မာဝင်လာတော့ နယ်ချင်းဆက်နေတဲ့ ကချာစော်ဘွားကပါ သူ့နယ်ကိုဆက်သိမ်းမှာ ကြောက်ပြီး အင်္ဂလိပ်အုပ်ချုပ်နေတဲ့ ဗြိတိသျှ-အိန္ဒိယဘက်ကို ဝင်ပြီးခိုလှုံတယ်။ အင်္ဂလိပ်ကလည်း ကချာနယ် (Cachar) အပြင် အခြားနယ်ချင်းဆက်နေတဲ့ ဂျိန်းတိယ (Jaintia) နယ်တွေကို သူ့ရဲ့ ကိုလိုနီအဖြစ် ကြေညာပြီး ဗြိတိသျှ-အိန္ဒိယထဲကို ထည့်တယ်။ အဲ့နယ်တွေ ကာကွယ်ဖို့အတွက်ဆိုပြီး စစ်တပ်လွှတ်တယ်။

အင်းဝနေပြည်တော် (ဘကြီးတော်က အမရပူရ ကနေ အင်းဝကို ၁၈၂၃ မှာ ပြန်ပြောင်းပြီး နန်းစိုက်ပြီ) ဘက်က အဓိကကျတဲ့ (သြဇာရှိတဲ့) ပုဂ္ဂိုလ်များ ဖြစ်တဲ့ ဘကြီးတော်၊ မဟာဗန္ဒုလ၊ နန်းမတော်မယ်နု နဲ့ သူ့မောင် စလင်းမြို့စား မောင်အို စသူတို့ရဲ့ (အထူးသဖြင့် စစ်သူကြီး ဖြစ်တဲ့ မဟာဗန္ဒုလ) မျှော်မှန်းယူဆချက်ကလည်း အင်းဝအာဏာစက်ကို အာသံနဲ့ မဏိပူရတင်မက အင်္ဂလိပ်အုပ်ချုပ်နေတဲ့ အရှေ့ဘင်ဂေါ ထိပါ သက်ရောက်စေနိုင်တဲ့ အင်အား မိမိတို့မှာ ရှိတယ်လို့ ယူဆတယ်။

နယ်စပ်မှ ပြဿနာများ

အထက်ကတင်ပြသလို ရခိုင်၊ အာသံနဲ့ မဏိပူရ တို့က မြန်မာအုပ်ချုပ်မှုအောက်ရောက်နေတော့ အင်္ဂလိပ်အုပ်ချုပ်နေတဲ့ ဗြိတိသျှ-အန္ဒိယ နဲ့ နယ်စပ်ထိစပ်နေပြီ ဖြစ်တဲ့အတွက် မဖြစ်မနေ ရင်ဆိုင်လာရတာက နယ်မြေချင်းထိစပ်တဲ့ နေရာတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ နယ်ခြားမျဉ်းကိစ္စ၊ ဟိုဘက်ဒီဘက် ကျူးကျော်ဝင်ရောက်မှု စတဲ့ ပြဿနာတွေဖြစ်တယ်။ အဲ့သလို ဖြစ်စဉ်တစ်ခုမှာ အရှေ့အန္ဒိယကုမ္မဏီက ဆင်ဖမ်းသမားတွေ မြန်မာ့ပိုင်နက်ထဲ ဝင်လာလို့ မြန်မာဘက်က ဖမ်းထားလိုက်တယ်။ အဲ့ဒါကို အကြောင်းပြုပြီး နှစ်ဘက်တင်းမာ နေတဲ့ အချိန် ၁၈၂၃ စက်တင်ဘာ မှာ မြန်မာက အင်္ဂလိပ်စစ်တပ်ငယ်တစ်ခု တပ်စွဲထားတဲ့ ရှင်မဖြူကျွန်းကို တက်သိမ်းတယ်။ အဲ့သလို တက်သိမ်းတော့ အင်္ဂလိပ်က ရှင်မဖြူကျွန်းကနေ မြန်မာတပ်တွေ ဆုတ်ခွာပေးဖို့ တောင်းဆိုတယ်။ ပြီးတော့ နောင် နယ်စပ်ပဋိပက္ခ မဖြစ်အောင် နယ်စပ်မျဉ်း အတိအကျ ဆွဲဖို့ဆိုပြီး ကိုယ်စားလှယ်နှစ်ယောက် လွှတ်လိုက်တယ်။ လွှတ်လိုက်တဲ့ ကိုယ်စားလှယ် နှစ်ယောက်ကိုပါ မြန်မာဘက်က ဖမ်းထားလိုက်တယ်။ အဲသလိုနဲ့ နှစ်ဘက် နယ်စပ်ပဋိပက္ခတွေက ပိုကြီးထွားလာတယ်။

၁၈၂၄ နှစ်ဆန်းမှာပဲ အင်းဝနေပြည်တော်က စစ်သူကြီး သတိုးသီရိ မဟာဥဇန (နာမည်အမှတ်မှားနိုင်တယ်) ကို အင်္ဂလိပ် အုပ်ချုပ်နေပြီဖြစ်တဲ့ ကချာနယ်၊ ဂျိန်းတိယနယ်ထဲ အထိလိုက်ပြီး ရခိုင်၊ အာသံနဲ့ မဏိပူ တော်လှန်ရေးတပ် (သူပုန်တပ်) တွေကို နှိမ်နင်းဖို့ လွှတ်လိုက်တယ်။ အင်္ဂလိပ်ကလည်း သူတို့ရဲ့ တပ်တွေကို မြန်မာတပ်နဲ့ ရင်ဆိုင်ဖို့ လွှတ်တော့ ကချာနယ်မှာ ရင်ဆိုင်တိုက်ပွဲတွေ စဖြစ်တယ်။ အဲ့သလိုနဲ့ နယ်စပ် ပြဿနာကို အကြောင်းပြုပြီး အင်္ဂလိပ်-မြန်မာ ပထမစစ်ကို ၁၈၂၄ မတ်လ၊ ၅ ရက်နေ့မှာ တရားဝင် စဖြစ်တယ်။

အင်္ဂလိပ်ဘက်က စစ်တိုက်ချင်တဲ့ အကြောင်းများ

(ဒီနေရာမှာ သတိပြုစေချင်တာက မြန်မာဘုရင်က အထက်မှာ တင်ပြသလို အင်္ဂလိပ်အုပ်ချုပ်တဲ့ ဒေသတွေနဲ့ နယ်စပ်ချင်းထိတဲ့ အထိ နယ်မချဲ့ဘဲနေလည်း အင်အားကြီးမားနေပြီဖြစ်တဲ့ အင်္ဂလိပ်က (အဲ့အချိန်မှာ အင်္ဂလိပ်က ကမ္ဘာမှာ နပိုလီယံရဲ့ ပြင်သစ်အင်ပါယာကိုလည်း နိုင်ပြီးဖြစ်) တဖြည်းဖြည်းနဲ့ နယ်စပ်က နိုင်ငံငယ်လေးတွေကို သိမ်းပြီး တစ်ချိန်ချိန်မှာ မြန်မာပြည်ကိုလည်း သိမ်းမှာဖြစ်တယ်။)

အင်္ဂလိပ်ဘက် က စစ်တိုက်ချင်တဲ့ အဓိက အကြောင်းတွေကတော့

၁) ကုန်ကြမ်းရှာလို့ရတဲ့၊ ကုန်ချောပြန်ရောင်းလို့ရတဲ့ ဈေးကွက် လိုချင်မှု၊
၂) ပထဝီနိုင်ငံရေး၊
၃) မိမိရဲ့ အကျိုးစီးပွား နဲ့ အကျိုးစီးပွားဖြစ်နေတဲ့ နယ်ပယ်ကို ကာကွယ်လိုမှု၊
၎) အင်ဂလို-ဖရန်းစစ် အားပြိုင်မှု၊
(အဲ့အချိန်မှာ ပြင်သစ်ကလည်း မြန်မာမင်းတွေနဲ့ အဆက်အဆံရှိနေပြီ ဖြစ်တယ်။ အထူသဖြင့် ပြင်သစ်သင်္ဘောတွေ မြန်မာ့ပင်လယ်ဆိပ်ကမ်းတွေမှာ အသုံးချခွင့်ရသွားမှာ စိုးရိမ်တယ်။)
၅) လတ်တလောဖြစ်နေတဲ့ နယ်စပ် ပဋိပက္ခများ

မြန်မာဘုရင်ဘက်မှ စစ်တိုက်ဖြစ်စေတဲ့ အကြောင်းများ

၁) အင်းဝနေပြည်တော် အင်ပါယာကို အနောက်ဘက်မှာ ဆက်လက်ချဲ့ထွင်လိုမှု၊
၂) နိုင်ငံငယ်လေးတွေကို အစဉ်အဆက် နိုင်နေကျ ဖြစ်တဲ့အတွက် အခြားမည့်သည့် နိုင်ငံနှင့်မဆို မိမိအလိုကျ ဆက်ဆံနိုင်ဟု ယူဆမှု၊
၃) ဘကြီးတော် လက်ထက် အာဏာထက်နေတဲ့ ပုဂ္ဂိုလ်များရဲ့ မိမိအင်အားကို အထင်ကြီးမှု၊
၎) နိုင်ငံတကာမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို မသိတော့ အင်္ဂလိပ်ရဲ့ အင်အားကို မှန်မှန်ကန်ကန် မသုံးသပ်တတ်မှု၊
၅) ပထီဝီနိုင်ငံရေးကို မသိမှု၊
၆) လတ်တလောဖြစ်နေတဲ့ နယ်စပ် ပဋိပက္ခများ၊

စစ်ပွဲစတင်ဖြစ်စ နှစ်ဘက် အနိုင်၊ အရှုံး အခြေအနေ

ရခိုင်၊ အာသံနဲ့ မဏိပူနယ်စပ်တွေမှာ စစ်စတင်ဖြစ်တော့ မြန်မာက အဲ့ဒီဒေသတွေမှာ စစ်တိုက်နေတာ ဆယ်စုနှစ်တွေနဲ့ချီ ကြာနေပြီဆိုတော့ (လက်နက် မယှဉ်နိုင်ပေမဲ့) ရေမြေကျွမ်းကျင်မှုကြောင့် တပန်းသာတယ်။ မဟာဗန္ဒုလက အင်္ဂလိပ်ကို တိုက်ရာမှာ စစ်မျက်နှာနှစ်ခု ဖွင့်ပြီးတော့ တိုက်ဖို့ ဆုံးဖြတ်တယ်။ ရခိုင်မှ တဆင့် ဘင်္ဂလားရဲ့ အရှေ့တောင်ပိုင်းဖြစ်တဲ့ စစ်တကောင်းကို သိမ်းမဲ့ ထိုးစစ်ရယ်၊ ကချာ၊ ဂျိန်းတိယနယ်တွေမှ တဆင့် ဘင်္ဂလားရဲ့ မြောက်ပိုင်းဖြစ်တဲ့ Sylhet ကို သိမ်းမဲ့ ထိုးစစ်ရယ် ဖြစ်တယ်။ မဟာဗန္ဒုလက ရခိုင်စစ်မျက်နှာကို သူကိုယ်တိုင် ဦးစီးပြီးတော့ ကချာ၊ ဂျိန်းတိယ စစ်မျက်နှာကိုတော့ သတိုးသီရိ မဟာဥဇန (နာမည်အမှတ်မှားနိုင်တယ်) ကို ဦးစီးစေတယ်။ သတိုးသီရိ မဟာဥဇနရဲ့ တပ်က စစ်တရားဝင် မဖြစ်ခင်ကတည်းက ကချာ၊ ဂျိန်းတိယနယ်မှာ အင်္ဂလိပ်တပ်ကို နိုင်ပြီး ဖြစ်တယ်။ အဲ့တော့ သူ့ကို Sylhet ထိ ဆက်သိမ်းစေတယ်။

မဟာဗန္ဒုလဦးစီးတဲ့ ရခိုင်စစ်မျက်နှာမှာ မြဝတီမင်းကြီး ဦးစက စစ်တရားဝင်စဖြစ်ပြီး လပိုင်းအတွင်းမှာပဲ သူ့တပ်ကို ကော့ဘဇား (Cox’s Bazzar) အရှေ့ဘက် (၁၀) မိုင်အကွာအထိ သိမ်းနိုင်တယ်။ နောက်ပိုင်း မဟာဗန္ဒုလ တပ်ကိုစောင့်ပြီး တပ်နှစ်တပ်ပေါင်းကာ ကော့ဘဇားကို ဆက်သိမ်းတယ်။ စစ်တကောင်း (Chittagong) နဲ့ ကုမ္မဏီ ဌာနချုပ် ရှိတဲ့ ကာလကတ္တား (Calcutta) မှာ အင်္ဂလိပ်တွေက ကော့ဘဇားကျ သွားတဲ့ သတင်းကြောင့် တော်တော် ထိန်လန့် တုန်လှုပ်ကုန်ကြတယ်။ တကယ်လည်း အဲ့အချိန်မှာ ဗန္ဒုလ တပ်က ဆက်ချီတက်မယ်ဆိုရင် စစ်တကောင်းတင်မက ကာလကတ္တားကိုပါ သိမ်းနိုင်တဲ့ စစ်ရေး အသာရမှုမျိုး မြန်မာဘက်မှာ ရှိတယ်။ ဒါပေမဲ့ ဗန္ဒုလက ရန်သူ့နယ်ထဲ တအားဝင်သွားမှာကို မလိုလားတော့ မြဝတီမင်းကြီး တပ်ကို စစ်တကောင်းထိ ဆက်မချီတော့ဖို့ အမိန့်ပေးလိုက်တယ်။

စစ်ပွဲ အလယ်နှင့် အဆုံးသတ်

ဗန္ဒုလရဲ့ စစ်တကောင်းထိ တက်မသိမ်းဖို့ ဆုံးဖြတ်ချက်ဟာ တစ်ဘက်က အင်္ဂလိပ်တပ် ပြည်မကို ဝင်တော့ ကိုယ့်တပ်ကို အမြန် ပြန်ဆုတ်နိုင်ခဲ့တဲ့ အကျိုးရလဒ်ရခဲ့ပေမဲ့ အခြားတစ်ဘက်အနေနဲ့ နောက်ဆုံး စစ်ရှုံးလို့ အင်္ဂလိပ်နဲ့ စစ်ပြေငြိမ်းရေး စာချုပ် ချုပ်ဖို့ ဆွေးနွေးတော့ အရင်က စစ်တကောင်းကိုပါ သိမ်းပြီး ကာလကတ္တားကိုပါ ထိထိရောက်ရောက် တကယ် ခြိမ်းခြောက်နိုင်ခဲ့ရင် စာချုပ်အရ (စစ်ရှုံးလို့) အင်္ဂလိပ်ကို ပေးရမဲ့ ဒေသ စကားပြောရာမှာ မြန်မာဘက်က အသာစီးရနိုင်မယ်လို့လည်း တချို့ သမိုင်းပညာရှင်တွေက သုံးသပ်ခဲ့ကြတယ်။

စစ်ပွဲအစ ရခိုင် စစ်မျက်နှာမှာ အင်္ဂလိပ်က မြန်မာကို (လက်နက်သာပေမဲ့လည်း) ဒေသ မကျွမ်းကျင်မှု၊ ရာသီဥတု အခက်အခဲ စတဲ့ သဘာဝအတားအဆီးတွေကြောင့် ဘယ်လိုမှ မယှဉ်နိုင်ခဲ့တော့ အင်္ဂလိပ်က ဗျူဟာပြောင်းပြီး ရေလမ်းမှတဆင့် မြန်မာ ပြည်မကို ဝင်ခဲ့တယ်။ မြန်မာမှာ ခေတ်မှီတဲ့ စစ်ရေးအမြင် မရှိတော့ အင်္ဂလိပ်တွေ ရေလမ်းကနေ ဝင်လာနိုင်တယ်ဆိုတာကို ကြိုမတွက်မိခဲ့ဘူး။ နောက်ဆုံး အင်္ဂလိပ်ရေတပ်က စစ်သင်္ဘောတွေ ရန်ကုန်ဆိပ်ကမ်းကို ဝင်လာတော့မှ အံ့သြတကြီးနဲ့ ပြန်ခုခံခဲ့ရတယ်။ ဘကြီးတော်က ဗန္ဒုလကို ရခိုင်စစ်မျက်နှာက ပြန်ခေါ်ပြီး ရန်ကုန်ကို ခုခံစေတယ်။ ရခိုင်မှာ ဦးစ ကျန်ခဲ့ပြီး ရခိုင်စစ်မျက်နှာကို ထိန်းထားတယ်။

ရန်ကုန်တိုက်ပွဲ ၁၈၂၄ မေမှာ စဖြစ်ပြီး နှစ်ကုန်မှာ မြန်မာ ရှုံးလို့ ရန်ကုန်ကနေ ဆုတ်ပေးလိုက်ရတယ်။ ၁၈၂၅ နှစ်ဆန်းမှာပဲ နာမည်ကျော် ဓနုဖြူ တိုက်ပွဲဖြစ်တယ်။ မြန်မာဘက်က ဦးစီးတိုက်တဲ့ ဗန္ဒုလကျတယ်။ ဗန္ဒုလက သတ္တိပြောင်မြောက်တဲ့ စစ်ဗိုလ်ချုပ်ဖြစ်တော့ စစ်ပွဲရဲ့ အရှိန်အမြင့်ဆုံးဖြစ်နေတဲ့ အချိန်မှာ သူ့ရဲဘော်တွေ အားမငယ်အောင် သူကိုယ်တိုင် စစ်မြေပြင်တလျောက် လမ်းလျှေက်ပြီး အားပေးတယ်။ ဒါပေမဲ့ ထုံးတမ်းစဉ်လာ အဆောင်အယောင်ဖြစ်တဲ့ သွားလေရာ ရွှေထီးမိုးတာကို စစ်မြေပြင်မှာပါ ဆက်ကျင့်သုံးတော့ အင်္ဂလိပ်ဘက်က အလွက်တကူပဲ ဗန္ဒုလရှိတဲ့နေရာကို ခန့်မှန်းနိုင်ပြီး စက်အမြှောက်နဲ့ ပစ်တော့ ကျခဲ့ရရှာတယ်။

အင်္ဂလိပ်က ရန်ကုန်ကို ရပြီးတဲ့နောက် ရခိုင်စစ်မျက်နှာကို ပြန်ဖွင့်တယ်။ ဓနုဖြူမှာ ဗန္ဒုလကျတဲ့ ရက်တစ်ရက်တည်းမှာပဲ ရခိုင်မြို့တော် မြောက်ဦးကနေ မြဝတီမင်းကြီး ဦးစ ဦးစီးတဲ့ မြန်မာတပ် ဆုတ်ပေးလိုက်ရတယ်။ ပြည်မမှာ ဓနုဖြူတိုက်ပွဲပြီးတဲ့နောက် မြန်မာဘက်က ပြည်မှာ အပြင်းအထန် (၁၈၂၅ နှစ်ကုန်ပိုင်း) ခုခံခဲ့တယ်။ ပြည်က ဆုတ်ပေးလိုက်ရပြီးတဲ့နောက်တော့ ၁၈၂၆ နှစ်စမှာ ဘကြီးတော်က အင်္ဂလိပ်တပ် နေပြည်တော် အနီးကို ရောက်လာပြီ ဖြစ်တဲ့ အတွက် စစ်ပြေငြိမ်းဖို့ သဘောတူလိုက်ရတယ်။ ၁၈၂၆ ဖေဖော်ဝါရီ ၂၄ အင်းဝနေပြည်တော်နဲ့ (၄၅)မိုင်အကွာ ရန္တပိုမှာ ရခိုင်၊ တနင်္သာရီ၊ အာသံနှင့် မဏိပူရ အင်္ဂလိပ်ကို ပေးမယ်၊ ကချာနဲ့ဂျိန်းတိယကိုလည်း နောင်မှာ မနှောင့်ယှက်တော့ဘူး၊ စစ်လျော်ကြေးငွေ စတာလင်ပေါင် တစ်သန်းလည်းပေးမယ်၊ သံအဖွဲ့ အပြန်အလှန် ထားရှိမယ်၊ အင်္ဂလိပ်နဲ့ စီးပွားရေးစာချုပ်တွေလည်း ချုပ်မယ် စတဲ့ သဘောတူညီချက်တွေ ပါရှိတဲ့ ရန္တပိုစာချုပ်နဲ့ အင်္ဂလိပ် မြန်မာ ပထမစစ် အဆုံးသတ်ခဲ့တယ်။

နိဂုံး

အင်္ဂလိပ် မြန်မာ ပထမစစ် သမိုင်းနောက်ခံကို အတိုချုပ် တင်ပြပြီးသွားတော့ ကျနော် အဓိက ပြောချင်တဲ့ စိန့်မာတင်ကျွန်းကို မြန်မာနိုင်ငံက ခုမှ ပေးရတာ မဟုတ်ဘူးဆိုတဲ့ အကြောင်းကို နိဂုံးချုပ်အနေနဲ့ ဆက်လက် ဆွေးနွေးပါမယ်။

ကျနော် ပထမဦးဆုံး တင်ပြတဲ့ စိန့်မာတင် နဲ့ ရှင်မဖြူက သပ်သပ်တစ်ကျွန်းစီ ဆိုတဲ့ အယူအဆ အရဆို စိန့်မာတင်ဟာ အစကတည်းက မြန်မာ မပိုင်ခဲ့ဘူး၊ တလျှောက်လုံးလည်း မြန်မာ ပိုင်မလာခဲ့ဘူး၊ ခုလည်း မပိုင်ဘူးဆိုတာ ထင်ရှားစေတယ်။ ရခိုင်ဘုရင်လက်ထက်က ပိုင်ခဲ့တာဆိုတာကို ကျနော့်အနေနဲ့ မငြင်းပါ။ ပဒေသရာဇ်ခေတ် တစ်လျှောက်လုံး နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အင်အားကြီးတဲ့ အချိန်တွေ မှာ အပြန်အလှန် သိမ်းပိုက်ခဲ့ဖူး၊ သြဇာခံခိုင်းခဲ့ဖူးကြတာ အစဉ်အလာပါ။

မိတ်ဆွေတွေ ခုပြောနေတဲ့ စိန့်မာတင် နဲ့ ရှင်မဖြူ အတူတူပဲ ဆိုတာ မှန်တယ် ဆိုရင်လည်း အဲ့ဒီ ရှင်မဖြူဟာ အစက မြန်မာပိုင်ခဲ့တာ မဟုတ်ဘူး၊ ကုန်းဘောင်မင်းဆက် အင်ပါယာ ချဲ့ထွင်ရင်းနဲ့ သိမ်းခဲ့တဲ့ နေရာများမှ တစ်ခုသောနေရာသာ ဖြစ်တယ်။ အဲ့သလို ပဒေသရာဇ်လက်နက်နိုင်ငံတော် ဘဝက သိမ်းပိုက်ခဲ့တဲ့ နေရာတွေတိုင်းသာ ခုမပိုင်တော့လို့ အငြင်းပွား ကန့်ကွက်နေရမယ်ဆိုရင် ကော့ဘဇာ၊ အာသံ၊ မဏိပူ၊ ဇင်းမယ်၊ အယုဒယ စတဲ့ အဆက်ဆက် နယ်ချဲ့ သိမ်းပိုက်ခဲ့ဖူးတဲ့ နေရာတွေ အားလုံး အတွက်ပါ ကန့်ကွက်ရမလို၊ မပိုင်တော့လို ဒေါသ ဖြစ်ရတော့မလို ဖြစ်နေတယ်။ တရုတ်က ပုဂံကို သူတို့ လက်လွှတ်လိုက်ရပါတယ် ပြောရင် အဓိပ္ပာယ်မဲ့သလို ခု စိန့်မာတင်ကျွန်းကို ဘင်္ဂလားကို ပေးလိုက်ရလေခြင်းလို့ ကြိတ်မနိုင်၊ ခဲမရဖြစ်နေရတာ အဓိပ္ပာယ်ရှိရဲ့လား ဆိုတာ ဝေဖန်၊ သုံးသပ်၊ စဉ်းစား စေချင်တယ်။

တိုင်းပြည်ကို မှန်မှန်ကန်ကန် ချစ်တတ်ကြပါစေ။

ငြိမ်းချမ်းအေး
၁၇၊ မတ်၊ ၂၀၁၂

မှတ်ချက်။ ။ ကျနော်ရဲ့ ပထမဆောင်းပါး “မြန်မာ၊ ဘင်္ဂလားဒေ့ရှ့်  အကြား အငြင်းပွားခဲ့တဲ့ ပင်လယ်ပြင်နယ်နိမိတ် ပိုင်ဆိုင်မှု တရားရုံး ဆုံးဖြတ်ချက်အပေါ် ရှင်းလင်းချက်” အပေါ် ပေးတဲ့ မှတ်ချက်များကို ပြန်လည်ရှင်းလင်းစေလိုတဲ့ ရည်ရွယ်ချက်နဲ့ (ခရီးတို တစ်ခုထွက်ရင်းနဲ့ တမ်းလန်း) လက်တမ်း အမြန်ရေးလိုက်ရလို့ အကိုးအကား စာအုပ်နာမည်တွေ ရေးမပေးနိုင်ပါ။ Online Link တွေ ရှာပေးရလောက်အောင်လည်း အင်တာနက်သုံးဖို့ အချိန် မရတဲ့ အတွက် အညွှန်းမပေးနိုင်တော့ပါ။ စိန့်မာတင်ကျွန်း အချက်အလက်ကို ဘင်္ဂလား စွယ်စုံကျမ်းမှ ယူတယ်။ ရှင်မဖြူကျွန်းနဲ့ ပတ်သက်လို့တော့ wikipedia က ယူတယ်။

အဓိကတော့ ဖတ်ခဲ့ဖူးတဲ့ အင်္ဂလိပ် မြန်မာ ပထမစစ် သမိုင်း စာအုပ်တွေကို အခြေခံပါတယ်။ မှားတဲ့ အချက်အလက် (အထူးသဖြင့် ခုနှစ်၊ ရက်စွဲ) တွေ့လို့ ပြင်ပေးရင် ကျေးဇူးကြီးပါတယ်။ ဆက်လက် လေ့လာချင်လို့ သမိုင်းစာအုပ်တွေ ဖတ်ချင်တယ် ဆိုရင်တော့ ကိုယ့်လူမျိုးရေး၊ နိုင်ငံခြားသားရေး နှစ်ခုစလုံးကို ဖတ်ဖို့ အကြံပေးချင်ပါတယ်။ “There’s always two sides to every story.” ဆိုတာကို မမေ့စေချင်ပါ။

ဝေဖန်၊ အကြံပြု၊ အမှားပြင် အားလုံးကို ကြိုဆိုပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

51 thoughts on “စိန့်မာတင်၊ ရှင်မဖြူ နဲ့ အင်္ဂလိပ်-မြန်မာ ပထမစစ် – article by Nyein Chan Aye
  1. နာမည်ကြီး အက်ဒမန် ကျွန်း /ထိုင်းနဲ. ပြသနာတက်နေတဲ. တနင်္သာ၇ီေ၇ပြင် ပိုင်နက် ကျွန်း တွေအကြောင်းပါေ၇း ပေးဖို. လေးစားစွာ တောင်းဆိုပါတယ် ။

    1. ကိုငြိမ်းချမ်းအေး အချိန်၇လို.ေ၇းမယ်.နေ.ကို စောင်.နေမယ်ဗျာ။ ခင်များ ၇ဲ.သုံးသတ်ချက်တွေ သဘောကျတယ်။

  2. ၇ှင်းပြတာ အ၇မ်း ကျေးဇူးတင်ပါတယ်။

  3. ဆရာ ငြိမ်းချမ်းအေး ရဲ့ စိန့်မာတင်၊ ရှင်မဖြူ နဲ့ အင်္ဂလိပ်-မြန်မာ ပထမစစ် ရှင်းလင်းစာဟာ ကျနော့တစ်ယောက်အနေနဲ့  အင်မတန် တရားမျှတ ပါပေတယ်။ ဒါပေမဲ့ ကျနော်တို့  လှည်းတန်းဈေးရှေ့ လက်ဘက်ရည်ဆိုင်မှာတော့ အမျိုးမျိုး ငြင်းခုံနေကြပါတယ်။ ကြံဖွတ် ကတော့သူ့ ပထွေးအဘကြီးရှိနေရင် ချက်ခြင်းပြန်တိုက်ယူမှာဘဲတဲ့၊ ဒါကို စစ်ပြန်စစ်မှုထမ်းဟောင်းကြီးကထောက်ခံတယ်။ ကျုပ်တို့ သာ တပ်ထဲမှာရှိနေရင်ပြန်တိုက်တပ်တဲ့ ပညာတွေရှိ့ နေတာကြောင့်အရှုံးမပေးဘူးတဲ့၊ အခုတပ်ကကောင်တွေကဘာတပ်မှာလည်း၊ ခလေးစစ်သားတွေ ရှေ့ တန်းမှာတင်ပြီး နောက်တန်းက မဟုတ်တာအကုန်လုပ်နေတာတဲ့။ ပညာယှိ ဘဘကြီးကတော့ ဒီလိုမဟုတ်ဖူး၊ မကြာခင်ကသမိုင်းကိုပြန်ကြည့်ပါတဲ့။ အင်မတန်သူများနယ်မြေကိုလိုခြင်တဲ့ ပီကင်းက ထောင်ကဲကြီးတောင်၊ စစ်အေးကာလတုံးက မွန်ဂိုးလီးယားကို လက်လွှတ်လိုက်ရတာ နောက်ကွယ်က အနုမြူဗုံးပိုင်ရှင် ရူးရှားကြီးကြောင့်မဟုတ်လားတဲ့ (အဲဒီ့အချိန်က ပီကင်းမှာ အနုမြူမရှိသေးလို့ )။ နောက်ကွယ်မှာ ဘာမှမရှိတဲ့ တီးဘက်တော့ ဘာ့ကြောင့်ဝင်သိမ်းသလည်းတဲ့။ ဟေ့ကောင်တွေ မင်းတို့  အဘကြီး နောက်ကွယ်မှာ ဘယ်သူရှိသလည်း၊ ဘယ်သူကူမလည်း။ မကူတဲ့အပြင် နောက်ဆို ရန်ကုန်နဲ့  မန္တလေး ဗီဇာယူသွားရလိမ့်မယ်၊ အေး-ဒါပေမဲ့ မန္တလေးကနေ ပီကင်းအထိတော့ ဘာမှယူစရာမလိုဘဲသွားရတော့မယ်တဲ့။ ကျနော်လို စပယ်ရာ ဒီစကားတွေဘယ်လို နားလယ်မှာလည်း။ မံမံတူတူ ပုန်းသွားမှာကြောက်လို့ ကားနောက်ကို အပြေးလိုက်လိုက်အုန်းမယ် —–

  4. ငြိမ်းချမ်းအေး၇ဲ.စာကိုဖတ်၇တာကောင်းပါ၇ဲ. သို.သော် ပြောဆိုေ၇းသားမှုများဟာ တိုင်းတပါးသားတို.ဘက်ကခုခံပြောဆိုနေတလိုမျိုး ခံစားမိ၇ကြောင်းပါခင်ဗျား

    1. >> Ko Nai Kyaw Sein

      Thanks for the comment and your views on my piece of writing. I have no reasons or intention to defend British or anyone else but it is true that my perception on history (Burmese or British or World or whatever it is) has been dictated by the concept that talking history should be based on the true facts rather than some emotional attachments.

      Thanks again!

  5. Field marshal General Bundoola (Good son of country)was as good as old style warrior , but lost to modern style warrior –English.

    He was a good admirable General ; comparing present stray dog Junta generals is disgusting.

    No fair in war and love.. ( Hope , next time , Burma does not use “golden umbrella in inappropriate situations “).

    May God bless Ma Har Bundoo La’s soul..

  6. စိနိမာတင်ကျွှန်း၊အ၀ကျွှန်း၊အုန်းကျွှန်း၊၇ှင်မဖြူကျွှန်းအတူတူဘဲဖြစ်တယ်။၇ခိုင်ကိုသိမ်းထားတဲ.အတွက်မြန်မာတို.၇ဲ.ပိုင်နက်ဟာ
    အခုဘင်္ဂလားက၊စစ်တကောင်းထိအဲဒီတုန်းကပိုင်တယ်။ဒါပေမဲ.ဝေးလွန်းတာကြောင်.အာဏာသက်ေ၇ာက်မှုနည်းတယ်။အဲဒီ
    တုန်းကဘင်္ဂလားေ၇ာ၊အရှေ့ပါကစ္စတန်ဆိုတာေ၇ာမ၇ှိဘူး။၇ခိုင်ကိုစစ်၇ှံးလို.ပေးလိုက်၇တာကြောင်.အင်္ဂလိပ်ကအန္ဒိယထဲသွင်း
    အုပ်ချုပ်လိုက်တယ်။မြန်မာတနိုင်ငံလုံးကိုသိမ်းတော.လည်းအန္ဒိယထဲသွင်းလိုက်တာဘဲ၊မြန်မာပိုင်၇ှင်မဖြူကျွန်းကိုအင်္ဂလိပ်က
    ပိုင်တယ်ဆိုပြီးတက်နေလို.မြန်မာကတက်သိမ်းတာ၊၇ခိုင်ကပထမဖြစ်တဲ.စစ်မှာအသိမ်းခံ၇တာ၊၇န်ကုန်ကဒုတိယဖြစ်တဲ.စစ်မှာ
    အသိမ်းခံ၇တာ။ဒါကြောင်.အဲဒီကျွန်းဟာမြန်မာပိုင်ဘဲဖြစ်တယ်။အင်္ဂလိပ်စီက အန္ဒိယနဲ.အတူတူမယူဘဲသီးခြားနိုင်ငံအနေနဲ.လွပ်
    လွတ်ေ၇းယူတော.၊စစ်တကောင်းဒေသတွေဟာ အန္ဒိယထဲပါသွားပြီးတော.မှပါကစ္စတန်၊အရှေ့ပါကစ္စတန်(ဘင်္ဂလားဒေ.၇ှ်)ဆို
ုပြီးနိုင်ငံတွေပေါ်လာတာ။၁၉၇၄ ခုနှစ်ထိမြန်မာနဲ.ဘင်္ဂလာဟာသူပိုင်၊ကိုယ်ပိုင်အငြင်းပွါးဆဲဘဲ။၁၉၇၄ မှာမဆလအစိုး၇နဲ.
    ဘင်္ဂလားတို.နယ်စပ်ဆွေးနွေးပွဲမှာမဆလ၀န်ကြီးဦးချစ်လှိုင်ကလက်မှတ်ထိုးပေးထားခဲ.တာ။အဲဒီတုန်းကေ၇မိုင်၂၀၀ ပေးလိုက်
    ၇မယ်ဆိုတာ၊ဖြစ်လာမယ်ဆိုတာအမျော်အမြင်မ၇ှိခဲ.ကြဘူး၊ဒါပေမဲ.ဒါဟာအကြမ်းဖျင်းသဘောတူချက်ဘဲဖြစ်တယ်။အမှန်တ
    ကယ်တ၇ားဝင်တိတိကျကျမဟုတ်ဘူး၊အဲဒီတုန်းကဦးချစ်လှိုင်က၊ကာကွယ်ေ၇းဦးစီးချူပ်(ေ၇)ဘဲဖြစ်လို.၊အဲတာအပိုင်ကိုင်ပြီး၊
    နိုင်ငံတကာဥပဒေအ၇ဘင်္ဂလာကအချူပ်အခြာပိုင်ဆိုင်မှုအနေနဲ.အဲဒီကျွှန်းကနေေ၇မိုင်၂၀၀ ပိုင်ဆိုင်သွားတာဘဲဖြစ်တယ်
    အပေါ်ကဆောင်းပါး၇ှင်ကြီး…..စစ်အစိုး၇ကသူတို.သုံးမ၇တာကို၊တ၇ားမျှတတယ်ဆိုပြီးမြန်မာသတင်းစာမှာအချပ်ပိုထည်.ပြီး
    ချွှေးသိပ်သလို၊ခင်ဗျားချွှေးသိပ်တာလား၊စစ်အစိုး၇ကသူတို.စားကွက်၊ဂတ်(စ်)အကုန်လုံးမပါသွားလို.ပျော်နေတာလူတွေအကုန်
    သိတယ်။ခင်ဗျားတော.ဘယ်လိုလဲမသိဘူး။ကျူပ်တို.သိတာကခင်ဗျားေ၇းတဲ.သမိုင်းကြောင်းလွဲနေတယ်။ဘင်္ဂလားဟာဘယ်
    တုန်းကမှဒီကျွှန်းကိုမပိုင်ခဲ.ဘူး၊အခုမှအပိုဆုနဲ.ပေါင်းပြီးပိုင်သွားတာ၊မြန်မာကတောက်လျှောက်သမိုင်းအ၇ေ၇ာ၊ပထ၀ီအ၇ပါ
    ပိုင်နေခဲ.တာ။မြန်မာနဲ.ဘဲနီးတဲ.ကျွှန်းကနေေ၇မိုင် ၂၀၀(ေ၇မိုင်၁မိုင် ၆၀၈၀ ပေ၊ကုန်းမိုင် က ၅၂၈၀ ပေဘဲ၇ှိတယ်)ဆိုယင်
    ကျူပ်တို.နိုင်ငံကဘယ်လောက်ဆုံး၇ှံးသွားလည်းတွေးကြည်.ပေါ.။နောက်ပြီးတော.၇ခိုင်မြို.တော်မြောက်ဦးဆိုတာ၊အခုနေ၇ာ
    နဲ.တော်တော်ကြီးကိုဝေးတာ၊ ဗန္ဒုလကစစ်တကောင်းကိုထိတိုက်တာနဲ.၊မြောက်ဦးမြို.တော်ယှဉ်ကြည်.မယ်ဆိုယင်၊၇န်ကုန်က
    လူကဗန်ကောက်ကလူတွေလှမ်းပြီးတော.သေနတ်နဲ.ပစ်သလိုဖြစ်နေပြီ။နောက်ပြီးမြန်မာသမိုင်းမှာအင်္ဂလိပ်မြန်မာပထမစစ်၊
    ပြီးမှ၊အင်္ဂလိပ်မြန်မာဒုတိယစစ်ဖြစ်တာ၊အခုတော.၇န်ကုန်ကိုအင်္ဂလိပ်သီမ်းပြီးမှ၇ခိုင်ကိုသိမ်းတာလို.ခင်ဗျားေ၇းထားတော.
    အင်္ဂလိပ်မြန်မာဒုတိယစစ်ပြီးမှပထမစစ်ဖြစ်သလိုဖြစ်နေပြီ၊အင်္ဂလိပ်လက်အောက်၇ခိုင်ဘယ်နှစ်၊နှစ်ကျခဲ.လည်းလေ.လာကြည်.
    ပါ။အကောင်းဆုံးကတော.ဘာမှမေ၇းတာအကောင်းဆုံးလို.အကြံပေးပါ၇စေ။ တိုင်းပြည်နဲ.လူမျိုးကိုချစ်တတ်ကြပါ။

    1. >> (မ) နွေးနွေးအောင်

      ကျေးဇူးပြုပြီး စာကို သေချာဖတ်စေချင်ပါတယ်။ ကျနော်ရေးထားတဲ့ ထဲမှာ (ကျနော့်ကောက်ချက်တချို့က လွဲလို့) သမိုင်းအချက် အမှန်တွေပါ။ ဖြစ်နိုင်ရင်တော့ သမိုင်းစာအုပ်တွေ ရှာဖတ်စေချင်တယ်။ နိုင်ငံခြားသား ရေးတာဖတ်ရင် ဘက်လိုက်တယ် လို့ ပြောမှာစိုးလို့ (ခင်ဗျား တစ်ယောက်ကိုတော့) မြန်မာရေးတဲ့ စာအုပ်ပဲ ဖတ်ဖို့ အကြံပြုလိုတယ်။

      ဆောင်းပါးရေးထားသလိုပဲ အင်္ဂလိပ်-မြန်မာ ပထမစစ်မှာ မြန်မာက ကော့ဘဇားထိ သိမ်းခဲ့သလို အင်္ဂလိပ်က ရန်ကုန် အပါအဝင် အထက်ဘက်တလျောက် ရန္တပိုထိ သိမ်းတယ်။ စစ်ပွဲတွင်း (စစ်နိုင်လို့) သိမ်းတဲ့ နယ်မြေနဲ့ နောက်ပိုင်း စစ်ပြီးလို့ စစ်ပြေငြိမ်းရေး စာချုပ်အရ တရားဝင် ပေးလိုက်ရတဲ့ နယ်မြေ ကွာခြားတာကို သိစေချင်တယ်။

      မှတ်ချက်အတွက် ကျေးဇူးပါ။

    2. ဗန္ဒုလရဲ့ရခိုင်စစ်မျက်နှာကိုတိုက်ရိုက်အင်္ဂလိပ်ကမတိုက်ပဲရန်ကုန်ကိုရေကြောင်းကနေ၀င်တိုက်တော့
      ဓနုဖြူကျတဲ့အချိန်နဲ့မြောက်ဦးကိုသိမ်းတဲ့သွားတူရတာပါ။ဒီအကြောင်းကိုရခိုင်ရာဇ၀င်သစ်ကျမ်းမှကြည့်
      ရင်လည်းတွေ့နှိုင်ပါတယ်။ရန္တပိုရွာမှာစာချုပ်ချုပ်ပြီးမှအင်္ဂလိပ်စစ်တပ်ကဗမာပြည်အထက်ပိုင်းကနေဆု
      ပ်လာတာပါ။ဒုတိယစစ်ပွဲခါမှရန်ကုန်ကိုသိမ်းပိုက်တာမဟုတ်ဘူး။ပထမစစ်ပွဲကတည်းကတခါသိမ်းထား
      ပါပြီဆိုတာသိထာသင့်ပါတယ်။နောက်ပြန်ဆုပ်ပြီးမှရန်ကုန်မှာအင်္ဂလိပ်ကဗမာပြည်ဆိုင်ရာရန်ကုန်ဝန်
      ထားပေးတာပါ။ထိုဝန်တွေကြောင့်ဘဲဒုတိယစစ်ပွဲဖြစ်ခဲ့ရတာပါ။ဒါတွေလူတိုင်သိထားသင့်ပါတယ်။

  7. Thank You again Ko Nyein Chan Aye !
    Most Myanmar media from abroad are bias and cited to Bangladesh minister’s claim without fully research works, just translation. For example, RFA U Sein Kyaw Hlaing accused Myanmar delegate did not include international lawyers and experts (too shallow and not properly learn ITLOS documents).
    Responsible persons in delimitation affair tried very hard and accept this judgement as fairness.
    What I see in most of sites is peoples are heated without convince the whole story and basically unsatisfactory on Myanmar government.
    People surely surprise if they know who had finally given the green light of project cost among internal debates. A most noticeable thing is unity and widen knowledge to preserve homeland.

  8. >> Ko NYEIN CHAN AYE, I think, Shin Ma Phyu Island will be Shahpuri Island, now is located in Bangladesh territory.
    I had extracted below paragraph from ” Arakan and the first Anglo-Burmese War,1824-24 by B.R. Pearn” page 28. It can be find from Google.
    “On the 24th September1823 a guard of sepoys stationed on the island of Shahpuri, at the mouth of the Naf River which then as now formed the boundary between Arakan and Chittagong, had been attacked and several of them killed. The island was soon re-occupied, without resistance, but shortly afterwards conflicts oc-curred in Assam also. Early in 1824 the Burmese general Maha Bandula assembled a large force in Arakan; and Shahpuri, which had again been abandoned, this time on the score of its unhealthiness, was once more seized by the Burmese, while the commander and another officer of an East India Company’s ship who had been invited ashore at Maungdaw were imprisoned.
    In this book, the map (page 32) show the Location “Shahpuri Island” which located mouth of Naaf River.
    Here, author mentiond Bandula is reseized the Island but name is Shahpuri Isalnd. It is not St. Martin Land.
    And then we can see more detail on the US army map “txu-oclc-6924198-nf46-14” can find in Google.
    In term of Bandula’s military route to Chittagond, Shahpuri Island most likely be Shin Ma Phyu Island.
    It is better to explain by historical professional which island is belong to who. I was just sharing my opinion on St. Martin Island is not Shin Ma Phyu island.

    1. >> Ko Alin

      Thanks for the comment. I have discussed the matter from two different points. Whether or not it is the same, it doesn’t affect to my conclusion. More importantly, the message I wish to bring in the article is, St. Martin or Shahpuri was never belong to Myanmar (or Burmese Kingdom’s reign) except for some particular time as a colonial territory. Pre Myanmar or British Invasion, Arakan Dynasties had been occupied the island or their rule could reach to the island (even more beyond, I suppose).

      Here I also wish to clarify the fact, Shahpuri is now in Burma’s territory, is merely my assumption without concrete evidence. Shahpuri might also be excluded from Burma since the early years of Independence Years. I stick to my theory Shahpuri and St. Martin are two different islands though. I might have a chance to do more research later when I have a spare time.

      Thank you!

      1. ခင်ဗျားကို ဘင်္ဂလားဒေခ်ျ့ က ဒေါ်လာပေးထားတာ နှုင့်တူတယ်

      2. Yes, Ko Nyein Chan Aye, I agree with you, Shahpuri Island will be Shin Ma Phyu Island. It will not be St. Martin Island.My opinion, as per my referred US map, Shahpuri Island is today located in bangladesh territory. My interesting is just find out where is Shin Ma Phyu Island. Now,where this island and under which territory. If I have time, I will more explore it, who is really belong to this island? But difficult to find myanmar reference books for outside people. Sorry my annoy to you. I credit to your polite discussion.

  9.ုငြိမ်ချမ်းအေးဆိုတဲ.ကိုအ၇ာကြီး၇ယ်ကြုံကြိုက်၇င်ဒီဆောင်းပါးလေးလဲဖတ်ကြည်.လိုက်ပါအုန်း၊ဗဟုသုတလေးပွါးသွားတာပေါ.

    http://arrluelay.blogspot.jp/2012/03/blog-post_17.html

    1. >> (မ) နွေးနွေအောင် (ယူကေ)

      ကျနော့် ဆောင်းပါးထဲမှာ ခုပေးတဲ့ Link မှ အယူအဆနဲ့ ပတ်သက်လို့လည်း ရှင်းပြီးပါပြီ။

      ကျေးဇူးပြုပြီး မှတ်ချက်ပြန်ပေးရင်း ယဉ်ကျေးမှုနဲ့ ပေးစေချင်ပါတယ်။

      မှတ်ချက်များအတွက် ကျေးဇူးပါ။

    2. So, finally , due to loss of Wars to English , Burma(Rakhine)’s St Martin was given to English , then English gave to India and , then subsequently Bangladesh had got lottery ticket , then , due to unwise Junta’s fashions and lazy actions(Ne Win and Than Shwe) , Bangladesh get lottery winning number and then, now ,become lottery jackpot winner by the international recognition ( UN court decision) – it means they get forever for St Martin and associated sea area created by St Martin territory , as their own mother land without a drop of sweat(not blood) or evidence of history of their owning (they are very happy due to this fact , not for sea area- this is real Ah Lar’s bless to them ) and stupid Myanmar gave up forever for its ancestral heritage ; pitiful Rakhine is real looser ( Double losses ) .

      May God bless Rakhine..

  10. မမကြီး နွေးနွေးအောင်ရဲ့ မှတ်ချက်ကြောင့်၊ ကျနော်တို့ အလုပ်ရှုပ်သွားတယ်။ ရေးထားတဲ့စာအရတော့ nway2aung (UK) ဆိုတော့၊ ဆရာငြိမ်ချမ်းအေးရဲ့ ဖြေရှင်းစာအရ နွေးနွေးအောင်ဆိုတာသိရပေမဲ့ (ယူကေ) ဆိုတာတော့ဘာလဲလို့  ပညာ,ယှိဘဘကြီးကိုမေးကြည့် တယ်။ ငပျာလောင် ရဲ့ဒါတောင်မသိဘူးလားတဲ့ ယူနိုက်တက်ကင်းဒမ်း (United Kingdom) လို့ ခေါ်တယ်တဲ့။ ဒါပေမဲ့ မင်း အစ်မကြီး တကယ် ယူကေမှာနေရင် အဲဒီ့မှာရှိတဲ့စာကြည့်တိုက်ကြီးတွေမှာ ဒီစာအုပ်ကိုသွားရှာတဲ့။ A HISTORY OF RANGOON, by B. R. Pearn 1939; The War of 1824, page 111; The War of 1852, page 163 ပထမကော၊ ဒုတိယ အင်္ဂလိပ်မြန်မာစစ်နှစ်ခုစလုံး ရန်ကုန်မှာဖြစ်သွားတယ်၊ နှစ်ပွဲစလုံးမြန်မာဘက်ကရှုံးပြီးပေးလိုက်ရတယ်။ သမိုင်းဆိုတာ အထောက်အထားမရှိဘဲ အိမ်သာထဲ တခါးပိတ်ပြီးအော်နေရင် မင်းတော်တော်ငတ်တဲ့ စပယ်ရာလို့ အပြင်ကလူတွေကပြောမှာပေါ့တဲ့။ ကျနော်လည်း မခံနိုင်တာကြောင့် ကျနော်သိတဲ့ ယူကေ က (Upper Kanaung-To) ကျနော်တို့ နေတဲ့ အရပ်က အောက်ခနောင်တို (Lower Kanaung-To) ၊ မမကြီးတို့ နေတဲ့ အပ်ပါးခနောင်တိုက ပညာတပ်တွေပေါတယ်ဗျလို့ ပြန်ပြောလိုက်တော့။ အဲဒီ့လိုဆိုရင် သတင်းစာဆရာဦးသိန်း မောင်ရေးတဲ့ -ရန်ကုန်ရာဇ၀င်သမိုင်း- ကိုဖတ်ကြည့်တဲ့။ မောင်ပျာလောင် တစ်ခွန်းဘဲပြန်အော်လိုက်တယ်၊ ဂိန် – လို့ 

  11. Also I’d like to clarify that there was no Chinese Invasion in Pagan Dynasty (849-1287). It, actually, was repeated Mongol invasions (277, 1283 and 1287) but I just used “China” that is the name to be well-known. Beside the Chinese dynasties in those days, is reigned by the Mongols.

    1. ko nyein chan aye n ma nwey nwey aung,i m not happy.i feel sadness.i feel we lost.i dont know why.i m in Dubai.i ve so many bingalardash friends.all of them,they talk me (bingalardash win,myanmar lost).why?why?why?i want to kill someone.i want to kill all of them.may i request u,dont fight each other……..

      1. >> Ko Arkar

        So you can explain your friends what it was really happened based on ITLOS Final Judgment Report, @ itlos.org. Also some facts from my article might help you to to clarify their misinformation and misunderstand.

        Thanks!

  12. ဘင်္ဂလားနယ်က ရခိုင်ဘုရင်တွေလက်ထက်ကတည်းက မဂိုလ်တွေကိုစစ်ရှုံးလို.လက်လွတ်ခဲ.ရပြီးဖြစ်ပါတယ်။ဘိုးတော်ဘုရားလက်ထက် အိမ်ေ၇ှ.မင်း၇ခိုင်ကို သိမ်းတော.ဘင်္ဂလားနယ်မပါပါ။ အဂ်င်္လိပ်မြန်မာပထမစစ်ပွဲ ရဲ.စစ်မြေပြင်ဟာလက်ရှိရခိုင်ဒေသမှာဖြစ်တာမဟုတ်ပဲ ဘင်္ဂလားနယ်ထဲမှာဖြစ်ခဲ့တာပါ။east india company စစ်တပ်တွေက ဘင်္ဂလားမှာ အင်အားနည်းပါးတဲ့ အတွက် ဆုတ်ပေးခဲ့ရတာပါ။ စစ်တကောင်းနီးလာလေ company တပ်တွေရဲ. ခုခံမှုပြင်းထန်လာလေ။ နောက်ပိုင်းမှာရခိုင်တိုင်းရင်းသားတွေရဲ.ပုန်ကန်မှုတွေပါ ရှိလာတဲ့အတွက် မြန်မာတပ်တွေက ရှေ.ဆက်မချီတက်တော.တာပါ။ အဲဒီမှာeast india company က အိန္ဒိယဘုရင်ခံချုပ်ဆီ စစ်ကူတောင်းပြီး ရေကြောင်းကနေ ရန်ကုန်ကိုဝင်တိုက်ခဲ.တာပါ။ကျန်ျတဲ.အပိုင်းတွေကnyein chan aye ပြောတဲ.အတိုင်းပါပဲ။nway nway ag ခင်ဗျား 1st anglo burmese စစ်ပွဲအပြီး ရခိုင်နဲ.တင်္နသာရိ အင်္ဂလိပ်လက်အောက်ရောက်ရတာဟာ စစ်ပွဲမှာလက်ရသိမ်းပ်ုက်လို.မဟုတ်ဘဲ စစ်လျော်ကြေး အရပေးရတာပါ။ဘာဖြစ်လို.ပေးရတာလဲဆိုရင်တော.အင်္ဂလိပ်တပ်ဟာ အမရပူရနဲ.နီးကပ်နေပြီ ဖြစ်လို.ပါ။

  13. To Alin


    On the 24th September1823 a guard of sepoys stationed on the island of Shahpuri, at the mouth of the Naf River which then as now formed the boundary between Arakan and Chittagong, had been attacked and several of them killed”

    All i know is Chittagong is far away form burma( arakan) and Bangladesh border.It can’t be 100% correct from the book
    they (english people) wrote, some might be wrong.who’s know

    1. Bro Lubu Lay, I try to find the facts where is shin ma phyu Island. I also would like to refer to myanmar books. But I still can’t find propoer myanmar historical map books.(I had one mynamr historical map (total 60 maps) book download from Sagawarmyay but map 54 show first Anglo-Burmese war but No scale on Shin Ma Phyu Island. That is why I refer to this english book. Yes, I agree with you, nobody don’t know ‘Right” or “Wrong”.
      I really appreciate you, if you can share any myanmar reference books.

  14. Wiki မှာရှာဖတ်ကြည့်ခဲ့ကြရင် စိန့်မာတင်ကျွန်းသည် မူလကတည်းကဘင်္ဂလားဒေ့ရှ်ပိုင်ဆိုင်ကြောင်း အလွယ်တကူသိရှိကြမှာဖြစ်ပါတယ်။ အကယ်၍ နတ်မြစ်နှင့်သာ ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်သတ်မှတ်မည်ဆိုပါက ဆင်မဖြူကျွန်းဟုမြန်မာလိုခေါ်ဆိုကြသော Shahpuri Island ကျွန်းသည် နတ်မြစ်ဖြင့်တိကျစွာပိုင်းခြားပြီးသော နယ်စပ်ဖြစ်သည့်အတွက် ဘင်္ဂလားဒေ့ရှ်အပိုင်ကျွန်းသာဖြစ်ပါသည်။ ( မှတ်ချက်… နတ်မြစ်၏ အလယ်တဲ့တဲ့လိုင်းဖြင့် ဘင်္ဂလားနှင့်မြန်မာတို့ နယ်ခြားမျဉ်းသတ်မှတ်ထားပါသည်။ ) .. ဘကြီးတော်လက်ထက်၌ မြန်မာတို့အနေဖြင့် ထိုကျွန်းသည် အမြင်အားဖြင့်နီးစပ်နေသောကြောင့် နယ်စပ်မျဉ်းကို တိကျစွာမသတ်မှတ်ရသေးသောကြောင့်ဒေသခံတို့အစွဲအရ မြန်မာပိုင်ဟု Claim လုပ်ခဲ့ကြသည်ဟု ထင်မြင်မိပါတယ်။
    ကိုးကား။ ။ The history of British India, Volumes 9-10
    By James Mill, Horace Hayman Wilson စာမျက်နှာ ၂၃၊၂၄ http://books.google.com/books?id=MYxKAAAAYAAJ&pg=PA23&lpg=PA23&dq=history+of+Shahpuri+Island&source=bl&ots=iYxATT7PgC&sig=NFKgftw7EJo5YXWgqy1J_upU8bE&hl=en&sa=X&ei=-JJlT_3TJ_P2sQKR9dW2Dw&ved=0CCIQ6AEwAQ#v=onepage&q&f=false

  15. အဲဗျာ ။ သိချင်တာက ။ (ရခိုင် စစ်မျက်နှာမှာ —- ဘယ်လိုမှ မယှဉ်နိုင်ခဲ့တော့ အင်္ဂလိပ်က ဗျူဟာပြောင်းပြီး ရေလမ်းမှတဆင့် မြန်မာ ပြည်မကို ဝင်ခဲ့တယ်—–ဆိုတာပါ) အင်္ဂလိပ်က ရန်ကုန်ကို တိုက်ခြင်တာကြောင့် မဟာဗန္တုလ တပ်ကို ရခိုင်ဘက် မျှားပြီး ခေါ်ထုတ်တယ် ၊ ရခိုင်ဘက်မြန်မာတပ်ကြီး ရောက်မှ ရန်ကုန်ကို ၀င်တိုက်တယ် – လို့ ရေးကြတာလဲရှိပါတယ် ။ အင်္ဂလိပ် ရဲ့ (ဗျူဟာ) အစစ်အမှန်က ဘယ်လိုပါလဲ ။ ဘယ်လိုမှ မယှဉ်နိုင်ခဲ့တော့ အင်္ဂလိပ်က ဗျူဟာပြောင်းပြီး ရေလမ်းမှတဆင့် မြန်မာ ပြည်မကို ဝင်တာလား ၊ ရန်ကုန်ကို တိုက်ခြင်တာကြောင့် မဟာဗန္တုလ တပ်ကို ရခိုင်ဘက် မျှားပြီး ခေါ်ထုတ် တာလား ။ အင်္ဂလိပ်ဗဟို ရဲ့မှတ်တမ်းတွေမှာ ရှိမယ်ထင်တယ် ။ ဒီဆောင်းပါးရည်ရွယ်ချက်နဲ့လွဲမယ်ထင်ပေမဲ့ သိခြင်လွန်းလို့ပါဗျာ ။

    1. >> ကိုကျော်

      ပထမဆုံးအနေနဲ့ သမိုင်းနဲ့ပတ်သက်ပြီး ကျနော်အမြင်ကို ပြောပါရစေ။ နိုင်ငံနှစ်နိုင်ငံ စစ်ဖြစ်တဲ့ သမိုင်းကို ရေးကြရာမှာ အချက်အလက် (အနိုင်၊ အရှုံး၊ နေ့စွဲ) တွေကတော့ များသောအားဖြင့် တူညီကြပြီး ဘာကြောင့်ဖြစ်ရတယ်၊ နောက်ကွယ်မှာ ဘာရှိတယ်ဆိုတာတွေကတော့ ကိုယ့်ရဲ့ အမျိုးသားအမြင်တွေအပေါ်မူတည်ပြီး ကွဲပြားကြတယ်။ အမျိုးသားရေး အမြင်မရှိဘဲ၊ တနည်းအားဖြင့် ဘာအနှောင့်အဖွဲ့ မှ မရှိဘဲ တတိယပုဂ္ဂိုလ်အနေနဲ့ ရေးနိုင်ကြတဲ့ သမိုင်းပညာရှင်တွေလည်း ရှိတယ်။

      ကျနော် ဆောင်ပါးထဲမှာ ရေးထားသလို မြန်မာဘက်က အင်္ဂလိပ်အုပ်ချုပ်မှုအောက်ရောက်နေပြီဖြစ်တဲ့ ဒေသတွေအထိ သွားပြီး မသိမ်းလည်း အင်္ဂလိပ်က ဗြိတိသျှအင်ပါယာရဲ့ ဈေးကွက် လိုအပ်ချက်အရ နောင်မှာ တဖြည်းဖြည်းနဲ့ မြန်မာပြည်မဘက်ကို လာပြီး နယ်ချဲ့မှာပဲ ဖြစ်တယ်။ ဆိုတော့ကာ ကိုကျော်ပြောသလို အင်္ဂလိပ်က မြန်မာဘုရင် (ဗန္တုလတပ်) ရခိုင်ဘက်ကို အာာရုံစိုက်စေလိုတဲ့ အတွက် ရခိုင်တော်လှန်ရေးတပ်တွေကို ထောက်ပံ့တယ်၊ အာသံနဲ့ မဏိပူရ စော်ဘွားတွေကို မြန်မာဘုရင် သြဇာမခံဖို့ မြှောက်ပေးတယ် စသည်ဖြင့် သုံးသပ်ကြမယ်ဆိုရင်လည်း အမျိုးသားရေးအမြင်နဲ့ ကြည့်ရင် မမှားပါဘူ။

      ကျနော် ဆောင်းပါးမှာ တင်ပြထားတဲ့ စစ်ဖြစ်ရတဲ့ အကြောင်းတွေကတော့ တတ်နိုင်သလောက် အမျိုးသားရေးအမြင် မပါတဲ့ အချက်တွေကို တင်ပြထားခြင်းဖြစ်တယ်။ အဲ့အချက်တွေကလည်း ဒေါက်တာ် ထင်အောင်၊ ဒေါက်တာ ကျော်သက် စတဲ့ မြန်မာသမိုင်းပညာရှင်တွေရေးတဲ့အထဲမှာလည်း ပါ ပါတယ်။

      မှတ်ချက်အတွက် ကျေးဇူးပါ။

  16. ကျေးဇူးတင်ပါတယ်။
    နောက်လဲ ရေးပေးပါအုံး သိသလို မသိသလို ကိစ တွေကို သေချာသိအောင်းရေးပြပေးတာ ကောင်းပါတယ်။
    နောင်လဲ ဆက်လက် ပြိးရေးသားပေးပါအုံး။
    တကယ်လို. အခက်ခဲ ရှိမယ် ဆိုရင် လဲ ဖတ်ရမယ့် website (သို.) စာအုပ် ကို ညွှန်းပေးပါလို.။

  17. လွှတ်တော်အမတ်မင်းတွေ၊ အချိန်သိပ်မနှောင်းသေးခင်၊ လွှတ်တော်မှာ တင်ပြဆွေးနွေးသင့်တာက၊ ကိုယ့်ပြည်တွင်းသမိုင်းအမွေအနှစ် မှတ်တမ်းမှတ်ရာ၊ အထောက်အထားတွေကို၊ မှန်မှန်ကန်ကန် ပြန်လည်စီစစ်ပီး နောင်လာနောက်သားတွေအတွက် သမိုင်းမှန်အဖြစ် ဆက်လက်ထိန်းသိမ်းထားရှိဖို့ပါပဲ။ မမှန်ကန်တဲ့အချက်အလက်တွေ၊ အကြောင်းအရာတွေရှိခဲ့ရင်လဲ၊ ဆက်လက်ထိန်းသိမ်းထားရှိခြင်း၊ အခြေခံပညာသင်ရိုးများတွင် ဆက်လက်ပြဠာန်းခြင်း မပြုတော့ဖို့ပါပဲ။

  18. ရှင်းပြထားတာ အတော်ကောင်းပါတယ်။ မကြေမနပ် ဖြစ်နေတဲ့ ကျွန်တော်တောင် နည်းနည်း ပြန်နှစ်သိမ့်သလို ဖြစ်ရပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ရင် မဟာဗန္ဒုလ လက်ထက်ကလိုပဲ ဘင်္ဂလားကို တက်သိမ်းချင်ပါသေးတယ်။

  19. လူပိန်းပြော ပြောရရင် နဂိုကတည်းက မပိုင်တာဆိုရင် နိုင်ငံတကာခုံရုံးကို တက်နေစရာ လိုပါ့မလား ဒါမှမဟုတ် အချောင်နှိုက် ချင်လို့လား။

    1. >> Ko Toe

      ကုလခုံရုံး အဆုံးအဖြတ်ကို ခံရခြင်းက မြန်မာနိုင်ငံက ၂၀၀၈ ခုနှစ်မှာ တစ်နိုင်ငံတည်း (မူပိုင်) စီးပွားလုပ်ကိုင်နိုင်တဲ့ ပိုင်နက် (EEZs) မှာ သဘာဝဓာတ်ငွေ့ရှာတော့ ဘင်္ဂလားဒေ့ရှ်က နှစ်နိုင်ငံ အခြေခံမျဉ်းသတ်မှတ်မှု မတူညီဖြစ်နေတဲ့အပေါ် မူတည်ပြီး ကုလသမဂ္ဂမှာ ကန့်ကွက်ရာမှ စဖြစ်တာပါ။

      အဲ့မတိုင်ခင်က နှစ်နိုင်ငံရေနယ်နိမိတ်ကို နိုင်ငံတကာက အဖွဲ့အစည်းတစ်ခုခုက သတ်မှတ်ပေးခြင်း၊၊ နှစ်နိုင်ငံ (မြန်မာ၊ဘင်္ဂလားဒေ့ရှ်) သဘောတူမှု ရလို့ သတ်မှတ်ပေးခြင်း တစ်ခုမှ မရှိခဲ့ဖူးဘူး။ နှစ်ဘက်အပြန်အလှန် ဆွေးနွေးခဲ့ကြတာပဲ ရှိတယ်။ မဆလခေတ်မှာ နှစ်နိုင်ငံ ဆွေးနွေးခဲ့ပြီး (၂၁) ကြာ နအဖခေတ် ၂၀၀၇ မှာ ဆွေးနွေးပွဲပြန်စခဲ့တယ်။ ဒါပေမဲ့ သဘောမတူညီမှု မရခဲ့ဘူး။ အဲ့သလို ဖြစ်နေတုန်း ကျနော်အပေါ်မှာ ပြောသလိုပဲ ၂၀၀၈ မှာ မြန်မာက စိန့်မာတင်ကျွန်းနဲ့ အနောက်တောင်ဘက် ရေမိုင် (၅၀) မှာ ရေနံ၊ သဘာဝဓာတ်ငွေ့စရှာတော့ ဘင်္ဂလားဒေ့ရှ်က ကန့်ကွက်ပြီး ကုလခုံရုံးကို ရောက်သွားခြင်းဖြစ်တယ်။ လွယ်လွယ်ပြောရရင် စိန့်မာတင်ကျွန်းကြောင့် အငြင်းပွားခဲ့တာမဟုတ်ဘူး။ စီးပွားရေးလုပ်ပိုင်ခွင် ဧရိယာကို နှစ်ဘက် အငြင်းပွားကြတယ်။ စအငြင်းပွားခဲ့တဲ့ နေရာကလည်း ခုနောက်ဆုံး ကုလဆုံးဖြတ်ချက် အရ မြန်မာဘက်က ရလိုက်တယ်။ ခုလို ရေနယ်နိမိတ်အမျိုးမျိုးကို ကုလက တရားဝင်သတ်မှတ်ပေးပြီးပြီ ဆိုတော့ နောင်အငြင်းပွား၊ စစ်ရေးပြင် စတဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ မရှိလာနိုင်တော့ပဲ ကိုယ်ပိုင်တဲ့ဧရိယာမှာ အေးအေးဆေးဆေး စီးပွားရှာလို့ ရပြီဖြစ်တဲ့အတွက် ဒေသတွင်း ငြိမ်းချမ်းရေး၊ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ ပိုပြီး အလားအလာ ပိုကောင်းစေတယ်။

      ပထမဆောင်းပါးနှင့် တွဲဖတ်စေချင်ပါတယ်။

      မှတ်ချက်အတွက် ကျေးဇူးပါ။

  20. ငြိမ်းချမ်းအေးကသူလက်လှမ်းမှီသလောက်သိထားတဲ့အချက်လက်တွေကိုရေးတာကိုလူတချို့ ကဝေဖန်တာ
    လည်းရှိနေတယ်။သိထားတဲ့အချက်လက်တွေအများသိဖို့ အခုလိုရေးတာကောင်းပါတယ်။ဆက်ရေးပါ။

  21. စိန့် မာတင်ကျွန်းဟာမြန်မာ အနောက်ဖက်(၈)ကီလိုမီတာ၊ဘင်္ဂံလားဒေ့ ရှ် တောင်ဖက်(၉)ကီလိုမီတာ အရသော်၎င်း။
    Google Earth အင်တာနက်မြေပုံမှာ အနီးကပ်ကြည့် ယင်သော်၎င်း။ အကွာအဝေးကိုတိုင်းကြည့် ယင် ၊ဘင်္ဂံလားဒေ့ ရှ်နိုင်ငံ နှင့် ဝေးကွာနေပြီး ၊ မြန်မာနိုင်ငံ နှင့် နီးကပ်မှု့  ရှိနေပါတယ်။ ထို့ အတွက်ကြောင့် မြန်မာကသာ ပိုပြီး ပိုင်ဆိုင်သင့် ပါတယ်။ဘင်္ဂံလားဒေ့ ရှ်နိုင်ငံဟာလူဦးရေမြန်မာနိုင်ငံထက်ပိုများတယ်။လူသန်း(၂၀၀)ကျော်ရှိတဲ့ အတွက်ဧရိယာ ဘယ်လောက်အထီ
    တောင်းဆိုပါတယ်ဆိုပြီးနိုင်ငံတကာ တရားရုံးမှာတောင်းဆိုတဲ့ သတင်းကိုဖတ်ရပါတယ်။မူရာမာယာ၊ဥာဏ်နီ၊ဥာဏ်နက်၊ကုလားဥာဏ်နဲ့ နောင်တစ်ချိန်စိန်မာတင်ကျွန်းမှ နောက်ထပ် ကီလိုမီတာ၂၀၀)အကွာအဝေးအထိထပ်ပြီးတောင်းလာယင်ဖြင့် 
    တော်တော်လွန်တဲ့ ကိစ္စ ထပ်ပြီးမဖြစ်လာစေရန် အထူးသတိထားပြီးနေရပါအုံးမယ်။မြန်မာနိုင်ငံရှုံးတယ်လို့ … နိုင်ငံတကာတ
    ရားရုံးက ဆုံးဖြတ်ချက်ဟာ မတရားပါဘူး။ ကမ္ဘာနဲ့ ယှဉ်လို့ မပြောသာပေမယ့်  မြန်မာနိုင်ငံအပေါ် တော်တော်မုန်းတီးနေပုံရ
    တယ်။ မြန်မာနိုင်ငံသားအားလုံး အမိနိုင်ငံကိုချစ်တဲ့ စိတ်နဲ့ အခုအချိန်ကစပြီးစည်းစည်းလုံးလုံး ရှိဖို့  အထူးလိုအပ်နေပါပြီ။ထင်းစည်းဖြေသလိုမျိုး၊တစ်စစီ ကစဉ့် ကလျားနဲ့ အစိပ်စိပ်၊အမွှာမွှာ တိုင်းပြည်ဟာ မညီမညွတ် ဖြစ်နေမယ်ဆိုယင် ပြည်ပနိုင်
    ငံများရဲ့ ပွဲလန့် ဖျာခင်း၊ဆွဲယူ၊ အမြတ်ထုတ်၊ အနိုင်ကျင့် ခံနေရအုံးမှာဘဲ။ ပြည်ပနိုင်ငံတွေစော်ကားမှု့ မခံရအောင် ခေတ်မီတိုး
    တက်သော ၊ပြည်သူချစ်သော ၊ ကျစ်လျစ်ခိုင်မာစည်းလုံးသော တပ်မတော်ဖြစ်အောင် မဖြစ်မနေ တည်ဆောက်ဖို့ လိုအပ်ပါ
    တယ်လို့ ထင်မြင်ယူဆပါတယ်ခင်ဗျာ။

    1. ကျွန်း၏အမည်သည် Saint Martin ဟုအမည်တွင်နေသည်ကိုကြည့်ချင်းအားဖြင့် ထိုကျွန်းကိုအင်္ဂလိပ်လူမျိုး သို့ ပြင်သစ်လူမျိုးတို့မှ စတင်တွ့ရှိပြီး Saint Martin အားဂုဏ်ပြုအမည်ပေးကာ ၎င်းတို့၏ကိုလိုနီနယ်နမိတ်အဖြစ် ရယူထားသည်ကို ကနဦးသဘောပေါက်သင့်ပါသည်။ (အင်္ဂလိပ်တို့၏ကိုလိုနီနယ်မြေဖြစ်ပြီး မူလအစ၌အိန္ဒိယ နှင့်ဆက်စပ် အင်္ဂလိပ်ပိုင်နယ်မြေဖြစ်ပါတယ်။ ) မြန်မာတို့လွတ်လပ်ရေးမရမှီ ၁၉၄၇ သြဂုတ်လ ၁၄ ရက်နေ့အချိန်ကတည်းက စိန့်မာတင်ကျွန်းသည် အင်္ဂလိပ်နယ်နမိတ်ဝင်အဖြစ်လွတ်လပ်ရေးရလာသော ပါကစ္စတန်ပိုင်နက်ဖြစ်ပီး ဘင်္ဂလားဒေ့ရှ်သည်၁၉၇၁ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပါကစ္စတန်မှ ခွဲထွက်လွတ်လပ်ရေးရခဲ့သောနိုင်ငံဖြစ်ပါတယ်။ မြန်မာတို့လွတ်လပ်ရေးရသည့်နှစ်မှာ ၁၉၄၈ ဇန္နဝါရီလ ၄ရက်နေ့ဖြစ်သောကြောင့် စိန့်မာတင်ကျွန်းသည် အင်္ဂလိပ်တို့မှ မြန်မာပိုင်နက်အဖြစ်သတ်မှတ်မထားခဲ့သော ကျွန်းဖြစ်ပါသည်။

  22. From the Burma national view of point, i don’t want to deny anything with this article, because the article says they don’t belong to this area while they invaded Arakan. But, from the view point of Arakan National, we definitely lost our territories. Surely, Burman will have bloody suffering if they lose an inch of their own land. Rise up! Arakanese! you have to fight for your land by yourself.

    1. >> Morn Razagree

      First of all, I’d like you to know that I’m not speaking as Burmese national point of view. I have always tried to view as a neutral if something is publicly discussed, racial related issues, in particular. The article have fully supported and acknowledged the island and its surrounding could be belonged to Arakanese. Nevertheless, if we claim those lands based on Arakanese Dynasties (Dhanyawadi, Waithali. Mrauk U), St. Martin alone is not enough as Arakanese’s power reached the whole eastern part of Bengal.

      Also, my main message of the article “Loss of St. Martin is not because of recent UN tribunal” has not been distorted by the fact it was belong to Arakanese. As a matter of fact, the Arakanese’s territories had been reduced steadily since from the seventeenth century (onwards) after the loss of the Mughal Empire in 1666.

      Thanks for the comment.

  23. To Ko Toe >>> စိန့်မာတင်ကျွန်းကို ပိုင်ဆိုင်လိုမှုအတွက် နိုင်ငံတကာခုံရုံးကိုတက်ခဲ့ရခြင်းမဟုတ်ပါ။ စီးပွားရေးဇုံအတွက် ရေပြင်နယ်နမိတ်အပိုင်းအခြား တိကျစွာသတ်မှတ်နိုင်ရန် နှစ်နိုင်ငံသဘောတူညီမှုမရပဲ အငြင်းပွားနေသဖြင့် ခုံရုံးအဆုံးအဖြတ်ရယူတောင်းခံရခြင်းသာဖြစ်ပါတယ်။

  24. အပနားတွေဘက်ကခုခံပြောနေကြတာ၇ှိတယ်။အမှန်တော့ ငြင်းနေကြတာအပိုပါဘဲ၊တာဝန်၇ှိတဲ့ခေါင်းဆောင်တွေကဘာမှအသံမမြည်ဘဲ တခြားလူတွေဘာဖြစ်လို.အသံမြည်ချင်၇တာလဲဗျာ။မြင်းကမလှုပ်ဘဲ ခုံကလှုပ်၇တယ်လို.

    1. Each and every single citizen must aware the nation’s affairs because it is a moral obligation of a good citizen.

  25. စိန့်မာတင်ကျွန်းမှ ရခိုင်ကမ်းရိုးတမ်းအကြား ဘင်္ဂလားဒေ့ရှ်တောင်းဆိုသည့် အချုပ်အခြာအာဏာပိုင်နက်နယ်မြေ။
    Sr. Latitude Longitude
    1. 20° -42’ -12.3” N, 092° -22’ -18” E
    2. 20° -39’ -57” N, 092° -21’ -16” E
    3. 20° -38’ -50” N, 092° -22’ -50” E
    4. 20° -37’ -20” N, 092° -24’ -08” E
    5. 20° -35’ -50” N, 092° -25’ -15” E
    6. 20° -33’ -37” N, 092° -26’ -00” E
    7. 20° -22’ -53” N, 092° -24’ -35” E

    စိန့်မာတင်ကျွန်းအနီး ခုံရုံးမှဆုံးဖြတ်ပေးလိုက်သည့် ဘင်္ဂလားတို့အချုပ်အခြာအဏာပိုင်သည့်နယ်မြေ
    Sr. Latitude Longitude
    1: 20° 42’ 15.8” N, 92°22’ 07.2” E;
    2: 20° 40’ 45.0” N, 92°20’ 29.0” E;
    3: 20° 39’ 51.0” N, 92° 21’ 11.5” E;
    4: 20° 37’ 13.5” N, 92° 23’ 42.3” E;
    5: 20° 35’ 26.7” N, 92° 24’ 58.5” E;
    6: 20° 33’ 17.8” N, 92° 25’ 46.0” E;
    7: 20° 26’ 11.3” N, 92° 24’ 52.4” E;
    8: 20° 22’ 46.1” N, 92° 24’ 09.1” E.
    (မှတ်ချက်။ ။ http://burma.irrawaddy.org/wp-content/uploads/2012/03/Pic-2.jpg (ပုံကြည့်ရန်) ဘင်္ဂလားတို့တောင်းဆိုထားသည့် အမှတ်၆ နှင့်၇ တိုက်ရိုက်ဆက်သောနယ်နမိတ်မျဉ်းကြားတွင် အရှေ့ဖက်အနဲငယ်တိုးကာ Point တခုတိုးသတ်မှတ်လိုက်သည့်အတွက် ခုံရုံးသတ်မှတ်ပေးသည့် 7 point ကြောင့် ဘင်္ဂလားတို့တောင်းဆိုထားသည်ထက် ခုံရုံးမှ နယ်မြေပိုသတ်မှတ်ပေးလိုက်သည်ဖြစ်ပါတယ်။ အဆိုပါအချက်ကြောင့် ဘင်္ဂလားတို့မှ ၎င်းတို့နိုင်သည့်အပြင် ပိုရသည်ဟု ဟစ်အော်နေကြခြင်းဖြစ်ပါတယ်။ )
    တရားရုံးဆုံးဖြတ်ချက်အပြည့်အစုံနှင့် အကြောင်းပြချက်အပြည့်အစုံကို အောက်ပါ link တွင်ဖတ်ရှုနိုင်ပါသည်ခင်ဗျား ။ http://www.itlos.org/fileadmin/itlos/documents/cases/case_no_16/1-C16_Judgment_14_02_2012.pdf

  26. ကျွန်တော့်တဦးတည်းအမြင်ဖြင့် ပြောဆိုရလျှင် တရားရုံး၏ဆုံးဖြတ်ချက်မှာ မန်မာပြည်အတွက် အလွန်တရားမျှတမှုပေးရာရောက်ပါတယ်။ ကျွန်တော်၏ပြောဆိုချက်မှာ အချက်၃ချက်အပေါ်တွင်တည်မှီပါသည်။ (၁) ဘင်္ဂလားမှစွဲကိုင်ခဲ့သော နှစ်နိုင်ငံနယ်စပ်သတ်မှတ်ရေးအဖွဲ့တို့၏ လက်မှတ်ထိုးခဲ့သည့် မူလသဘောတူညီချက်ကို မြန်မာအစိုးရအဆင့်အနေဖြင့်လက်မခံခဲ့သောကြောင့် ထိုနယ်ခြားမျဉ်းများကိုအတည်မပြုပေးပါရန် ငြင်းဆိုချက်ကို တရားရုံးမှ လက်ခံသဘောတူညီခဲ့ပါသည်။ (၂) စိန့်မာတင်ကျွန်းကို ဘင်္ဂလားအစိုးရနယ်မြေအဖြစ်သတ်မှတ်ထားသော်ငြားလည်း စီးပွားရေးလုပ်ကွက်ဇုန်အတွက် မျဉ်းလိုင်းရေးဆွဲရာတွင် စိန့်မာတင်မှ မျဉ်းလိုင်း ပေးဆွဲပါက ထိုဒေသများအားလုံးသည် ဘင်္ဂလားတို့ စီးပွားရေးလုပ်ကွက်အပိုင်ဖြစ်သွားမည်ဖြစ်ပါတယ်။ ယခုမူ မြန်မာပြည်ကမ်းခြေ နတ်မြစ်ဝမှ မျဉ်းလိုင်းပေးဆွဲခြင်းဖြင့် မြန်မာတို့ဖက်မှ မျှတစွာကြည့်ရှူခြင်းဖြစ်ပါတယ်။ (၃) စိန့်မာတင်အား အင်္ဂလိပ်တို့ပိုင်ဆိုင်မှုမှတဆင့် ဘင်္ဂလားတို့ရရှိနေခြင်းအတွက် ကိုလိုနီစနစ်နှင့် အင်္ဂလိပ်တို့အားသာအပြစ်တင်ရမည်ဖြစ်ပါတယ်။ ထိုဒေသဘင်္ဂလားတို့ရရှိနေခြင်းကြောင့် နတ်မြစ်ကြောင်းအား တဝက်စီခွဲဝေပိုင်ဆိုင်ကြသကဲ့သ့ စိန့်မာတင်နှင့်ရခိုင်ကမ်းရိုးတမ်းအကြား ရေလမ်းကြောင်းအား တဝက်စီခွဲဝေပိုင်ဆိုင်နေခြင်းမှာ မျှတခြင်းဆိုင်ရာ equal distance ဖြင့်ကြည့်လျှင် အလွန်ပင်မျှတပါသည်။
    စိန့်မာတင်ကျွန်းအား ရခိုင်တို့ပိုင်ဆိုင်ခဲ့သည့် ရာဇဝင်မှတ်တမ်းမှတ်ရာများမရှိခဲ့သည်မှာလည်း သေချာသလောက်ရှိပါတယ်။ ယခုတရားရုံးတွင်အဆုံးအဖြတ်ခံရန်ပြင်ဆင်စဉ်ကတည်းက မြန်မာအစိုးရအနေဖြင့် စိန့်မာတင်ကျွန်းအနီးတွင် ထိုကျွန်းအားရခိုင်တို့ပိုင်ဆိုင်ခဲ့သည့်အထောက်အထားများပြသရန် လိုက်လံမေးမြန်းစုံစမ်းခဲ့သည့် သတင်းအားဖတ်ရှုမိခဲ့သေးပါတယ်။ (မိုးမခတွင်ဟု ထင်ပါတယ်။ သတင်း link ကိုတွေ့လျှင်ဖော်ပြပါမည်။ )
    နတ်မြစ်ဝမှ အစပြု၍ စိန့်မာတင်ကျွန်းအထိ ဘင်္ဂလားတို့ပိုင်နက်ဟု တရားရုံးမှသာဆုံးဖြတ်ခဲ့ပါက စိန့်မာတင်ကျွန်း၏အနောက်ဖက်ခြမ်း ပင်လယ်ပြင်အား မြန်မာတို့ဆုံးရှုံးရမည်မှာ အသေအချာပင်ဖြစ်သောကြောင့် ယခုအနေအထားအား (စိန့်မာတင်ကိုမြန်မာတို့မပိုင်နေရခြင်းအတွက် မကျေနပ်သော်လည်း ) ကျေနပ်ပေးရမည်သာဖြစ်သည်ဟု ……. ကျွန်တော်တဦးတည်း လူပြိန်းနားလည်မှုဖြင့် ထင်မြင်မိပါတယ်။

    1. တကယ်တော့ ရှင်မဖြူကျွန်းဆိုတာ ရခိုင်ဘုရင်တွေ အဆက်ဆက်က ပိုင်ခဲ့တဲ့ ရခိုင်ပိုင်နက် ပါ။ (ရခိုင်ရာဇ၀င်သစ်ကျမ်း-ရမ်းဗြဲတောင်ကျောင်းဆရာတော်) စာအုပ်မှာလေ့လာနိုင်ပါတယ်။

      http://arrluelay.blogspot.jp/2012/03/blog-post_17.html

      Saturday, March 17, 2012
      စိန့်မာတင်ကျွန်း ဆိုတာ မြန်မာ့သမိုင်းမှာ မပါရင် မဖြစ်တဲ့ ရှင်မဖြူ ကျွန်းပါပဲ
      by MrMaung KoThet on Thursday, March 15, 2012 at 8:55pm ·

      {{P.S-so, whose story is true ?

      Where are the respectable historians for discussion?

      References should not be Bangladesh Encyclopedia alone (for Author) ;

      Encyclopedia Britannica might be acceptable because all are created by

      winner English –things become to be as they wish.}}

  27. မြန်မာအစိုးရအနေဖြင့် စိန့်မာတင်ကျွန်းအနီးတွင် ထိုကျွန်းအားရခိုင်တို့ပိုင်ဆိုင်ခဲ့သည့်အထောက်အထားများပြသရန် လိုက်လံမေးမြန်းစုံစမ်းခဲ့သည့် သတင်း
    Dated::April 26, 2011, Link : http://democracyforburma.wordpress.com/2011/04/26/burmaverdict-on-maritime-boundary-by-year-end/
    Meanwhile, Burmese authorities have been collecting the background history of the Bangladesh-owned island of St. Martin, called “Coconut Island” by the Burmese, that is located at the mouth of the Naff River.
    A rural teacher from Alaythan Kyaw Village in southern Maungdaw Township said, “A group of Burmese officials came to our village most recently to ask the elder men in our village about the background history of Coconut Island. The officials are now gathering information about the island but I do not know the reason behind this.”
    Many educated men in the area believe the collection of historical information about St. Martin Island is connected to the maritime boundary dispute with Bangladesh.

  28. UN court lays to rest Bangladesh-Myanmar sea row
    Share13
    Volume 31, No. 619
    March 19 – 25, 2012

    BERLIN – A United Nations court on March 14 laid down a new sea border between Myanmar and Bangladesh, ruling on a complex dispute in a resource-rich area that has been a frequent flashpoint for the two nations.

    In a two-hour ruling at the International Tribunal for the Law of the Sea in the northern German city of Hamburg, presiding judge Jose Luis Jesus set out a new maritime line widely seen as a compromise between the two rival cases.

    He ruled that both countries should retain sovereignty over their respective continental shelves and, while ruling in favour of Myanmar’s method of measuring the border, handed more sea area to Bangladesh.

    The 23 judges from all over the world arrived at the decision unanimously although some offered dissenting opinions on some parts of the judgement.

    “Both sides won something and lost something,” said the German judge on the panel, Mr Ruediger Wolfrum, according to German agency DPA.

    Bangladesh’s Foreign Minister Ms Dipu Moni also acknowledged it was a “victory for both sides”, according to DPA, although she said Dhaka could now begin to exploit the area for gas and oil.

    The row, dating back decades, brought the two countries close to military conflict in 2008 when Bangladesh accused Myanmar of exploring for gas in disputed waters.

    Myanmar sent military vessels to support drilling for gas by South Korean company Daewoo some 50 kilometres (30 miles) south of Bangladesh’s Saint Martin Island.

    Bangladesh responded by sending four warships of their own. Troops massed on the border before the tensions calmed.

    Myanmar has discovered huge reserves of natural gas in the Bay of Bengal and has made clear it intended to explore further in an area also claimed by Bangladesh.

    Dhaka hopes to resolve a similar maritime border dispute with India in 2014.

    Both sides have agreed to abide by the ruling and there is no possibility of appeal. – AFP

    link: : http://www.mmtimes.com/2012/news/619/news61909.html

  29. “Both sides won something and lost something,” said the German judge on the panel, Mr Ruediger Wolfrum, according to German agency DPA.

    Bangladesh’s Foreign Minister Ms Dipu Moni also acknowledged it was a “victory for both sides”

Comments are closed.