မတ်လ ၁၇၊ ၂၀၁၂
သို့ရာတွင် ကျွန်တော်တို့၏ မှတ်ပုံတင်မကျသေးသော၊ တရားမဝင်သေးသော နာရေးကူညီမှု အသင်း (ရန်ကုန်) တွင် လာရောက်၍ အသင်း ဝင်လိုသော လူမှုရေးသမား လူငယ်/ရွယ်အချို့သည် မိဘအုပ်ထိန်းသူတို့၏ စိုးရိမ်ကြောင့်ကျမှုဖြင့် ထဲထဲဝင်ဝင် အသင်းသားအဖြစ် ဝင် ရောက်လုပ်အားပေးခြင်းတို့ကို မပြုလုပ်နိုင်ခြင်း၊ နာရေးကူညီမှုအသင်း မိမိတတ်စွမ်းသောပညာရပ်တို့ဖြင့် ကုသိုလ်ယူ လုပ်အား ပေးချင် သော ဆရာ/မများ၊ ကျန်းမာရေးအတွက် ဇီဝိတဒါနကုသိုလ်ဖြစ်လာရောက်၍ ဆေးဝါးကုသပေးလိုသော ဆရာဝန်ကြီးများတို့သည်လည်း တရာဝင်းမှတ်ပုံတင်မကျသေးသည့်အတွက် မိမိတို့၏လုပ်ငန်းအရပ်ရပ်တို့အား ထိခိုက်မည်ကို စိုးရိမ်နေခြင်း၊ တရားဝင်မှတ်ပုံတင်မကျသေး သော နာရေးကူညီမှုအသင်း (ရန်ကုန်) အား ပြည်တွင်း/ပမှ ကုသိုလ်ရှင် စေတနာရှင်များ၏ အထောက်အကူပစ္စည်းများ၊ အလှူငွေများကို ကိုယ်တိုင်လာရောက် လှူဒါန်းလိုသော်လည်း အကြောက်တရားဖြင့်ယှဉ်တွဲကာ လူကြုံဖြင့် လက်ဆင့်ကမ်းလှူဒါန်းနေခြင်းတို့ကို များစွာ ကျွန်တော်တို့ ကြုံတွေ့ခဲ့ရသည်။
ယခု ၁၂၊ ၃၊ ၂၀၁၂ ရက်နေ့တွင် အစိုးရရုံးစိုက်ရာ နေပြည်တော်ရှိ ပြည်ထဲရေးရုံးချုပ်မှ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ လုပ်ကိုင်ခွင့် မှတ်ပုံတင်အား ပြန်လည်ချမှတ်ပေးလိုက်ပြီ ဖြစ်သည်။ သက်တမ်းအားဖြင့် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ ပြည်သူလူထုတို့အား ပေးဆပ်မှုများပြုလုပ်နိုင်တော့မည်ဖြစ်သည်။
ထို့ကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် လုပ်အားပေးလိုသော လူမှုရေးမျိုးဆက်သစ်များ လာရောက်ကုသိုလ်ဖြစ်ပညာသင်ကြား လိုသော ဆရာ/မများ၊ ဆေးဝါးကုသပေးလိုကြသော ဆရာဝန်များနှင့် လာရောက်လှူဒါန်းလိုသော အလှူရှင်များအားလုံးတို့သည် အ ကြောက်တရားအား ပြတ်ပြတ်သားသားဖယ်ရှားကာ ကုသိုလ်ရေးကိစ္စရပ်များအား ရဲရဲဝင့်ဝင့် လုပ်ကိုင်နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
ကျုပ်ဗျာတချိန်ကအကြောက်တ၇ားတွေနဲ.သာကြီးပြင်းခဲ့၇တာ ၇ပ်ကွက်လူကြီးကျေး၇ွာလူကြီးဆိုသူတွေကိုကြောက်၇ အဲ စစ်သားသာ၇ွာထဲဝင်လာလို.ကတော့တချိုးထဲပြေးပေတော့ မပြေးလို.ကတော့(ပေါ်တာ)ဘဲ၊ပေါ်တာဆိုတာေ၇ှ့တန်းသွား ကျည်ထမ်း ဆန်ထမ်း တိုက်ပွဲဖြစ်တော့ေ၇ှ့ကနေသွားမိုင်းနင်းမိတော့လဲဂန်.ပေါ့။အဲသည်လူကြီးတွေကိုနောက်ကွယ်ကဝေဖန်တဖန်းပိုးထိုးလို.သိသွား၇င် ခေါ်ပြီးတော့ ပါးကိုဖျန်းကနဲကျွေးတာများ ကြယ်မြင်လမြင်ပါဘဲ သြော် အကြောက်တ၇ား အခုတော့မကြောက်တော့ပါဘူး အမှန်တ၇ားအတွက် ၇င်ဆိုင်၇မယ် မဟုတ်လားဗျာ