မျက်မှောက်ရေးရာ သတင်းပဒေသာ

ဂျပန်အမျိုးသမီး တဦး အမည်မည်းစာရင်းသွင်းခံရ

 

မိုးမခအထောက်တော် အမှတ် ၀၀၇
မတ် ၉၊ ၂၀၁၂


နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာပြည်သို့ သွားရောက်လည်ပတ်စဉ် နိုင်ငံရေးလှုပ်ရှားသူတို့နှင့် တွေ့ဆုံသော ဂျပန်အမျိုးသမီးတဦးအား အမည်မည်းစာရင်း သွင်းလိုက်ကြောင်း အင်တာနက်တွင် တွေ့ရသည့် ဖေဖော်ဝါရီ ၁၇ နေ့စွဲတပ် ဌာနတွင်းပေးစာတစောင်အရ သိရသည်။


ယခင်လဆန်းပိုင်းက Muraki Yuko အမည်ရှိ ခရီးသည် အမျိုးသမီးသည် ဦးဂမ္ဘီရအား သွားရောက် တွေ့ဆုံရန် ကြိုးပမ်းခဲ့သည်၊ မိတ္ထီလာ မဲဆန္ဒနယ် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါ်မြင့်မြင့်အေးနှင့် တွေ့ဆုံခဲ့သည်ဟု ဌာနတွင်း ပေးစာတွင် ဖော်ပြထားသည်။

“ဗီဇာစည်းကမ်း ဖောက်ဖျက်သဖြင့် အမည်မည်းစာရင်း (Black List) ရေးသွင်းပါကြောင်း” ဟု ထိုစာတွင် ရေးထားသည်။

နောင်တွင် မည်သည့် ပြည်ဝင်ဗီဇာမှ ထုတ်ပေးခြင်း လုံးဝ မပြုရန် နိုင်ငံတကာ မြန်မာသံရုံးများသို့ ပေးပို့သော စာတွင် ဖော်ပြထားသည်။

အဆိုပါပေးစာတွင် ခရီးသည် အမျိုးသမီး၏ ဓာတ်ပုံ ဖော်ပြထားခြင်း မရှိသော်လည်း နိုင်ငံကူးလက်မှတ်၊ ထုတ်ပေးခဲ့ဖူးသည့် ဗီဇာ တို့နှင့် ပတ်သက်သည့် အချက်အလက်များ ပါဝင်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

9 thoughts on “ဂျပန်အမျိုးသမီး တဦး အမည်မည်းစာရင်းသွင်းခံရ
  1. ကိုယ့်နိုင်ငံအရေးကို ဘာတခုမှလည်းကောင်းအောင်မလုပ်နိုင် ပြည်သူတွေရဲ့ အကျိုးကိုလည်း ဘာတခုမှ ကောင်းအောင်မဆောင်ရွက် နိုင်တာကို နိုင်ငံတကာက ၀င်ရောက်ပြီး လုပ်ဆောင်နေတာကို ကျေးဇူးမတင်တဲ့ အပြင် စော်ကားလိုက်သေးတယ်၊ အရှက်တရားနဲနဲမှ မရှိတဲ့ အစိုးရ။ လဲသေးဖို့ ကောင်းတယ်။

  2. Come on …stop that.black list……I have a question….if I visit to a Burma…I can not talk with any person from Burma.or what.?.how do I know that person is politician to find out?are they learn from US sanction….?stupid thing stupid does………..

  3. Many Junta’s black-lists change to check-lists to “fame and gain ( support)”.

    More black the Junta, more white the non-Junta.

    Should thank to Deputy Sein Oo for his tireless effort and performance. Once more!

    May God bless well wishers!

  4. မင်း တို့အစိုး၇မှ မဟုတ်တာ ၊မ၇ိုးသားတဲ့ လူအုပ်စု ဆို တာ ကို ဖေါ်ပြနေတုန်းဘဲ မဟုတ်လား။ဒါကြောင့် မင်းတို့လည်းအပိတ်ခံနေ၇တာ၊ အခုထိ မင်းတို့လူရုပ် မပေါ် သေးဘူးလေ။

  5. စပယ်ရာ မောင်ပျာလောင်တို့ ကားပေါ်ကို တိုးရစ်တွေတက်လာတယ် လက်တစ်ချောင်း နှစ်ချောင်းထောင်
    ပြပြီး ပိုက်ဆံတောင်းတယ်၊ သူတို့ ပေးသွားတယ်။ လမ်းပြပုလိပ်ကလည်း ဘိုက်ကိုပုတ်ပြတယ် (ဘိုက်ဆာ နေပြီကိုပြတယ်)၊ ဖင်ကိုပုတ်ပြတယ် (ဖင်ယားနေပြီ မင်းကိုဖန်းတော့မယ်လို့ ပြတယ်)၊ ဦးထုပ်ကို ကိုင်ပြတယ် (ငါ့မှာ အာဏာရှိတယ်လို့ ပြတယ်)။ မောင်ပျာလောင် စက္ကူခေါက်ခလေး ပစ်ပေး လိုက်တယ်၊ အဲဒီ့ပုလိပ် လေးဘက်ထောက်ပြီးကုန်းကောက်တယ်။ Peace ပတ်ဝန်းကျင်တစ်ခုလုံး
    ငြိမ်ကျသွားတယ်၊ ကြည့်နေသူအားလုံး ပါးစပ်အဟောင်းသားဖြစ်သွားတယ်၊ ကဲဘယ်သူ့ ကို ဘလက်ရစ် သွင်းမှာလည်း ? ? ; Ms. Muraki Yuko San တရားရုံးရောက်ရင်၊ ဘိုက်ကိုပုတ်ပြပါ၊ ဖင်ကိုပုတ်ပြပါ၊ နောက်ပြီး နေလုံးကြီးကို လက်ညှိုးထိုးပြပါ၊ အားလုံး Peace ဖြစ်သွားပါလိမ့်မယ်။ မှားပြီး ဘိုက်အောက်ကိုတော့ ပုတ်မပြနဲ့ ခါရာအုတ်ကဲ အခန်းကိုခေါ်သွားလိမ့်မယ်။

Comments are closed.