ရေခြားမြေခြား မြန်မာများ

Dhamma Aye Yake – သံဃိကဒါနမဟာဒုဂ် စာရေးတံမဲအလှူရှင်များ ဖိတ်ကြားလွှာ

ဥက္ကလံမြို့၊ ဓမ္မအေးရိပ်ကျောင်း သံဃိကဒါနမဟာဒုဂ် စာရေးတံမဲအလှူရှင်များ ဖိတ်ကြားလွှာ

အရှင်အရိယာစာရ၊ မတ် ၇၊ ၂၀၁၂

(မိုးမခရွာဆော်ကြီးက ထပ်ဆင့်တင်ဆက်ပါတယ်)

• တိသရဏ ငါးသီလ မဲချစာရေးတံ။

• ဆယ့်ငါးရက်ဆွမ်း ၀ါသင်္ကန်း လှူဒါန်းသောက်ရေကန်။

• ကျောင်းလှူတစ်ဝ နိဗဒ္ဒ ပုညရှိသူအမှန် ။

• သောတာလိုပဲ ဂတိမြဲ သူလည်းအပါယ်မပြန်။

အကျိုးများလှ၍ အပါယ်မကျ ဂတိမြဲလှ စူဠသောတာပန် အဆင့်ရှိသော ဒါနစာရင်းတွင် သလာကဘတ္တ ခေါ်စာရေးတံမဲအလှူဒါနသည်အပါအ၀င်ဖြစ်သောကြောင့် သာသနာ အဆက်ဆက် ခေတ်အဆက်ဆက်ကျင်းပလာခဲ့ကြပါ သည်။

ထိုအစဉ်လာအတိုင်းပင် ဥက္ကလံမြို့၊ ဓမ္မအေးရိပ်ဘုန်းတော်ကြီးကျောင်း တပည့်ဒါယိကာ၊ဒါယိကာမများ ဦးဆောင်၍ ပထမအကြိမ် မဟာဒုဂ် စာရေးတံမဲပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ကယ်လီဖိုးနီးယားပြည်နယ် ဗေးဧရိယာအတွင်း မှီတင်း နေထိုင်ကြပါကုန်သော သဒ္ဓါကြည်လင် သူတော်စင်များအနေဖြင့် ထိုအမြတ်ဆုံးကုသိုလ်ပွဲ မနွှဲလိုက်ရ မရှိရလေအောင် ကျွန်တော် ကျွန်မတို့နှင့်အတူ လက်တွဲညီညာ ပါဝင်၍ ကုသိုလ်ပြုကြပါရန် အကျိုးမျှော်ကာ နှိုးဆော်လိုက်ရပါသည်။

သံဃိကဒါနမဟာဒုဂ်စာရေးတံမဲပွဲ အစီအစဉ်

သံဃာတော်များပင့်ဆောင်ခြင်း

(က)ဗေးဧရိယာရှိထေရ၀ါဒသံဃာအားလုံး။

(ခ) လမ်းစရိတ်အလှူရှင်ရှိပါက အဝေးသံဃာများ။

(ဂ) အဝေးရောက်သံဃာများကို လမ်းစရိတ်ကုသိုလ်ရှင် အိမ်မှာသီတင်းသုံးစေလိုက သီတင်းသုံးနိုင်။

၂။ အလှူရှင်များကိုဖိတ်ခ်ါခြင်း

(က) စာရေးတံမဲပွဲနေ့ ဗုဒ္ဓါဘိသေကအနေကဇာတင်ပြီး သံဃာတော်များ မဲချလှူဒါန်းရန် ပဒေသာပင်အတွက် န၀ကမ္မ၀တ္ထုငွေဖြစ်စေ၊ မိမိတို့နှစ်သက်ရာရာပစ္စည်းများဖြစ်စေ လှူဒါန်းနိုင်ပါသည်။

(ခ) စာရေးတံမဲပွဲနေ့၌ မိမိတို့အိမ်သို့ သံဃာတစ်ပါးအတွက် ဆွမ်းကပ်ရန် စာရင်းပေးသွင်းဖို့ ဖိတ်ခေါ်အပ်ပါသည်။ (မဟာဒုဂ်စာရေးတံမဲပွဲဖြစ်မြောက်ရေးအတွက် တစ်မဲလျင် ၂၀ နှုန်းဖြင့် လှူဒါန်းနိုင်ပါသည်။) စာရေးတံဆွမ်းအလှူရှင်များအား စာရေးတံပွဲနေ့တွင် ကံစမ်းမဲများလည်း ဖောက်ပေးမည်။

(ဂ) အဝေးသံဃာကိုပင့်ဆောင်လိုက ပင့်ဆောင်နိုင်ရန်အတွက် လမ်းစရိတ်အလှူရှင်ကိုလည်း ဖိတ်ခေါ်အပ်ပါသည်။ လမ်းစရိတ်အလှူရှင်များအတွက် ဆွမ်းကပ်လိုပါက သံဃာ ရ၊ မရ မဲနှိုက်စရာမလိုပဲ တစ်ပါးပင့်ဆောင်ခွင့်ရှိမည်။

၃။ သံဃာမဲနှိုက်ခြင်း

(က)။ စာရင်းပေးသွင်းထားသောစာရေးတံမဲ အလှူရှင်များသည်ကြွရောက်မည့် သံဃာအရေအတွက်ထက် များနေလျင်-နှစ်ပတ်ကြိုတင်ပြီး( 04/21/2012 ) ရက်၊ စနေနေ့၊ နံနက်-ကြွရောက်ကြသော သံဃာတော်များ ဆွမ်းအနုမောဒနာအပြိး တွင်-သံဃာရ၊ မရမဲနှိုက်မည်။ ထိုနေ့၌ ဥက္ကလံမြို့၊ ဓမ္မအေးရိပ်ကျောင်းသို့ ကြွရောက်ပါရန်လည်းမေတ္တာရပ်ခံပါသည်။ ။ ထိုနေ့တွင်ကြွရောက်လာကြသော သဒ္ဓါကြည်လင် ကုသိုလ်ရှင်တို့အား ဥက္ကလံမြို့၊ ဓမ္မအေးရိပ်ကျောင်း ဓမ္မမိသားစုများမှ မြန်မာအစားစာဖြင့်ဧည့်ခံကျွေးမွေးမည်။

( ခ )။ မိမိအိမ် ပင့်ဆောင်ရမည့်သံဃာကို စာရေးတံမဲပွဲနေ့ ဗုဒ္ဓဘိသေကအနေကဇာတင်ပြီးချိန်တွင် သံဃာမဲနှိုက်မည်။

(ဂ)။ မဟာဒုဂ်ဘုရားကို ဗုဒ္ဓနေ့ သံဃာမဲဖေါက်မည့်နေ့တွင် မဲနှိုက်ရမည်။ မဟာဒုဂ်ဘုရားမဲကို သံဃာမဲ ပေါက်သည်ဖြစ်စေ မပေါက်သည်ဖြစ်စေ လာရောက်မဲနိုက်ခွင့်ရှိ။ (မဟာဒုဂ်ဘုရားမဲပေါက်သူသည် ဓမ္မပူဇာ ညတရားပွဲ တရားချီးမြင့်မည့် ဓမ္မကထိကဆရာတော်အား အိမ်မှာဆွမ်းကပ်ရန်။

(ဃ)ဓမ္မကထိကဆရာတော်အား အဖွဲ့အစည်းမှပင့်လိုသော ဓမ္မကထိကများစွာထဲမှ မဲချပင့်ဆောင်မည်။

စာရင်းပေးသွင်းလိုသူများ အောက်ပါအတိုင်းဖြည့်စွက်ပြိး အီးမေးမှဖြစ်စေ၊ စာတိုက်မှဖြစ်စေ၊ ပေးပို့နိုင်ပါသည်။ ။

နာမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလိပ်စာ၊

မဟာဒုဂ်စာရေးတံမဲပွဲကျင်းပမည့်နေ့။ ။၁၃၇၄ ခုနှစ်၊ကဆုန်လပြည့်(၁၅)ရက်။ (05/05/2012)စနေနေ့။

ကျင်းပမည့်နေရာ။ ။ 2523, 23rd ave, Oakland, CA, 94606

ဆက်သွယ်ရန်။ ။ အရှင်အရိယာစာရ။ ဖုန်း။ ကျောင်း-510-533-5962။ cell- 510-502-6508 ။

Email= venariyacara@gmail.com

ကိုကျော်ထွဋ်ခိုင်- 925-207-5696။

ကိုစိုင်း- 510-904-2286။

ကိုရန်အောင်။ 510-610-9758။

ကိုငြိမ်းချမ်း-510-334-1149။

စာရေးတံမဲပွဲနေ့အစီစဉ်အများ

၁။ မိမိတို့အိမ်အသီးသီးမှာ တည်ထားကိုးကွယ်ထားကြသော ဥဒ္ဒိဿစေတီရုပ်ပွားဆင်းတုတော်များကို စာရေးတံမဲ မကျင်းပမှီ အရင်ရက်ကတည်းက အနေကဇာတင်ဖို့ ကျောင်းသို့ပင့်ဆောင်ထားကြရန်။

၂။ ပဒေသာပင်မဲများကိုလည်း သံဃာတော်များအား မဲချလှူဒါန်းဖို့နံပါတ်စီထားခြင်းများ ပြုလုပ်ထားရန်။

၃။ ဓမ္မပူဇာ

(က) သောကြာနေ့ နံနက် (၉ )နာရီ ပဋ္ဌာန်းအဖွင့်ပွဲစတင်ပြီး ကြိုတင် ကြွရောက်လာကြသော သံဃာတော်များက အလှည့်ကျပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရန်။

(ခ) နံနက်ပိုင်း(၇)၌ ဓမ္မရောင်ခြည်ဝတ်အသင်းမှတရားဦး ဓမ္မစကြာဖြင်ရွတ်ဖတ်ပူဇော်ခြင်း နှင့် ဓမ္မအေးရိပ် ယဉ်ကျေးလိမ္မာ ဓမ္မကဗျာ ကလေးများဝတ်ရွတ်အသင်းမှ ဗုဒ္ဓ၀င်ကဗျာများကို ရွတ်ဖတ်ပူဇော် ပ့ါမယ်။

၎။ နံနက် (၈) နာရီ သံဃာတော်များက ဗုဒ္ဓဆင်းတုတော်များကို အနေကဇာတင်ရန် ။

၅။ သီလခံယူရန်။

၆။ ၂၈ ကျိပ်ရှစ်ဆူ ဘုရားဆွမ်းတော်ကပ်ရန်။

၇။ မဟာဒုဂ်စာရေးတံမဲပွဲအကြောင်းကို သံဃာတစ်ပါးမှ ဖတ်ကြားရန်။

၉။ လှူဖွယ်ဝတ္ထု အစုစုကို ရေစက်သွန်းချ အမျှတမ်းပေးဝေရန်

၁၀။ ပဒေသာပင်အလှူရှင်များလှူဒါန်းထားသော ပဒေသာပင်များကို ကြွရောက်လာကြသော သံဃာတော်များအား မဲချလှူဒါန်းရန်။

၁၁။ မိမိအိမ်သို့ ပင့်ဆောင်ပြီး ဆွမ်းကပ်ရမည့်သံဃာကို စာရေးတံဆွမ်းအလှူရှင်များတစ်ဦးချင်းခေါ်ပြီး

မဲနှိုက်ရန်။

၁၂။ ကျန်လူများ မဟာဒုဂ်ဘုရားကိုမဲနှိက်ရန်။

မဟာဒုဂ်ဘုရားပူဇော်မှုအစီစဉ်

မဟာဒုဂ်ဘုရားသပိတ်မဲပေါက်သောအလှူရှင်ကမဟာဒုဂ်ဘုရားအတွက်ဓမ္မပူဇာအဖြစ် ညတရားပွဲပြုလုပ်ရန် (ညတရားပွဲကို မိမိအိမ်မှာဖြစ်စေ ကျောင်းမှာဖြစ်စေပြုလုပ်နိုင်)

ဓမ္မအေးရိပ်တပည့် ဒကာ ဒကာမများအတွက်အစီစဉ်

(က)ဓမ္မအေးရိပ် တပည့်ဒကာ ဒကာမများက နံနက်ပိုင်း ကြွရောက်လာကြသော အလှူရှင်ဧည့်သည်များ နှင့် ညတရားပွ္ပဲ္ပကြွရောက်လာကြသော ဧည့်ပရိတ်သတ်တို့အား မြန်မာအစားစာဖြင့်ဧည့်ခံကျွေးမွေးရန်။

စာရေးပေးသွင်းနိုင်သောနေရာများ

၁။ ဥက္ကလံမြို့။ဓမ္မအေးရိပ်ဘုန်းတော်ကြီးကျောင်း

2523,rd,ave.oakland,49606

အီးမေးမှလည်းစာရင်းပေးသွင်းနိုင်ပါသည်။

Email : venariyacara@gmail.com

စာရေးတံမဲကျင်းပရခြင်းရည်ရွယ်ချက်

သလာကဘတ္တခေါ် မဟာဒုဂ်စာရေးတံမဲသည် ပုဂ္ဂိုလ်အစွဲ ဂိုဏ်းဂဏအစွဲ ကျောင်းအစွဲ စသည့်

ဥပါဒါန်အစွဲမရှိသောကောင်းမှုဖြစ်၍ သံဃိကဒါနမြောက်သော ကောင်းမှုဖြစ်ပါသည်။

သံဃိကဒါနသည် အင်မတန်အကျိုးများသောဒါနဖြစ်သည်။

သံဃေ တေ ဒိန္နေ မဟပ္ဖလံ

သံဃေ တေ ဒိန္နေ မဟပ္ဖလံ သံဃေ ဂေါတမီ ဒေဟိ သံဃေ တေ ဒိန္နေ အဟဉ္စေ၀ ပူဇိတော

ဘ၀ိဿာမိ။

မြတ်ဗုဒ္ဓက မိထွေးတော်ဂေါတမီကို မိထွေးတော်ဂေါတမီ သံဃာအားလှူဒါန်းပါ

သံဃာအားလှူလျင်ကြီးကျယ်သောအကျိုးကိုပေးစွမ်းနိုင်၏။

သံဃာကို လှူဒါန်းလျင် ငါဘုရားအားလှူဒါန်းရာရောက်၏။

ထိုကဲ့သို့ အကျိုးများသောကုသိုလ်ပြုလုပ်နည်း အစဉ်လာကောင်းများကို ပြည်ပရောက် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ နောင်လာနောက်သားများအမှတ်တရ သိရှိစေရန်အလို့ငှါ၎င်း၊ မမေ့မပျောက်စေရန်အလို့ငှါ၎င်း ဒီလိုနေရာမျိုးမှာ ထူးခြားသောကုသိုလ်ပြုလုပ်မှုကို ပြုလုပ်သောအားဖြင့် ဗုဒ္ဓဘာသာကို

ကမ္ဘာက စိတ်ဝင်တစားရှိစေလိုသောကြောင့်၎င်း၊ ကျင်းပဖို့ရည်န်သန်ပါသည်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts