ရင်ဘတ်ထဲထည့်ဝှက်ထားတဲ့
ခင်ဗျားတို့တွေရဲ့ အသည်းနှလုံးအတုတွေ
ခုအချိန်မှာ ခုံရုံးတင်ကြည့် …။
မြန်မာပြည်က လျှပ်တစ်ပြက်စစ်ခုံရုံးမဟုတ်ဘူး
ဟော်လန်က အင်တာနေရှင်နယ် တရားရုံးမဟုတ်ဘူး
ဟစ်တလာအတွက် စပါယ်ရှယ် နုယင်ဘတ်ခုံရုံးမဟုတ်ဘူး
ကြိုက်တဲ့နေရာက ပြည်သူ့ခုံရုံးတင်ကြည့်
အနှစ် ၆၂ နဲ့ ၁၁၂ ကြားမကျရင်
ကျုပ်ကိုပြောချင်တာ လာပြော …။
အလျော်အစားနဲ့ မလုပ်ဘူး
အလောင်းအစားမလုပ်ဘူး
ကျုပ်မှားရင် ကျုပ်မှားမယ်ဆိုရင်
ကြိမ်းသေပေါက် လျော်လိုက်မယ်
ကျုပ်မှန်နေတယ်ဆိုရင် ခင်ဗျားတို့ဆီက
ဘာမှမလိုချင်ဘူး ခင်ဗျားတို့နေရာ
ခင်ဗျားတို့ပြန်နေဖို့ဘဲလိုတယ် …။
ခင်ဗျားတို့အကြောင်း ခင်ဗျားတို့ပိုသိမယ်
နေရာယူကောင်းဖို့လိုတယ်
ဂိုးသွင်းကောင်းဖို့လိုတယ်
ဒါပေမဲ့ ခု ခင်ဗျားတို့သွင်းချင်နေတာ
ကိုယ့်ဂိုးကိုယ် ပြန်သွင်းနေတာ
အုမ်းဂိုး ပြန်ပြန်သွင်းချင်နေတာ ..။
ခင်ဗျားတို့ရဲ့တစ်ထွာတစ်မိုက်ဉာဏ်နဲ့
ပီအိပ်ခ်ျဒီတွေဘဲ ပိုက်ထားထား
အနောက်တိုင်းက ဘာအရေးကျွမ်းကျင်ကျင်
အထဲက ပုလင်းတူဗူးဆို့တွေနဲ့
အမြတ်ထုတ် ဂုတ်သွေးစုတ်ဖို့အပြင်
ခင်ဗျားတို့လိုချင်နေတာဘာလဲ …။
မြန်မာပြည်က ဆိုက်ကားဆရာဘဲ သွားမေးမေး ….
ခေါင်းရွက်ဗျတ်ထိုးဈေးသည်ဘဲ သွားမေးမေး ….
မြစ်ကမ်းနဖူးမှာ တဲထိုးအိပ်နေတဲ့သူဘဲ သွားမေးမေး ….
မေးချင်တဲ့သူမေး အဖြေကရှိပြီးသား ရှင်းပြီးသား …။
ဒီလို ဒီလို ဒီသူ ဒီလူတွေနဲ့ဘဲ
၁၄ နှစ် ၂၆ နှစ် ၂၄ နှစ် တိုင်ခဲ့ပြီ
တစ်နဲ့ တစ်ပေါင်း အဖြေအမျိုးမျိုး ပြောင်းခဲ့ပြီးပြီလေ
ဘူနဲ့ ဘူပေါင်း အဖြေအမျိုးမျိုး ပြောင်းခဲ့ပြီးပြီလေ။
ဒီအဖြေတွေအတွက်
အာခိမီဒိမလိုဘူး … နယူတန်မလိုဘူး …
ဆိုခရေးတီးအတွေးတွေ မလိုဘူး …
ကားလ်မတ်အယူအဆ မလိုဘူး …
ဟားဗတ်တွေယေးလ်တွေ မလိုဘူး …
နိုလ်ဘယ်ဆုတွေ ငြိမ်းချမ်းဆုတွေမလိုဘူး ….
အဂ္ဂမဟာသေနာပတိတွေ မလိုဘူး …
သရေစည်သူတွေ သီဟသူရတွေ မလိုဘူး …
ရွေးကောက်ပွဲရွေးကောက်ပွဲဆိုပြီး
ကိုယ့်လူကိုယ် ရွေးပြီး ကောက်သွားတာတွေ မလိုဘူး …
ရွေးပြီးကောက်သွားလို့ စီးပွားပျက်ကပ်
ခိုးပြီးကူးသွားလို့ စီးပွားပျက်ကပ်
လက်နက်မှောင်ခိုလို့ စီးပွားပျက်ကပ်
မယောင်ရာဆီလူးများလို့ စီးပွားပျက်ကပ်
နယ်ချဲ့တော်လှန်လို့ ကွန်မြူနစ်
တရုတ်ကြီးအားကိုးလို့ ကွန်မြူနစ်
အမေရိကန်ထောက်ခံလို့ ကွန်မြူနစ်
မဆလဆန့်ကျင်လို့ ကွန်မြူနစ်
နအဖမကြိုက်လို့ ကွန်မြူနစ်
ဒေါ်စုဝေဖန်လို့ ကွန်မြူနစ်
ဖြစ်မှဖြစ်ရလေဗျာ၊
ခင်ဗျားတို့ တံဆိပ်အကပ်ကောင်းလို့
ကျုပ်တို့ပြည်သူတွေလည်း
တောခိုတဲ့သူတွေက ခိုခဲ့ရ
မြို့ခိုတဲ့သူတွေကခိုခဲ့ရ
ပြည်တွင်းမှာတုန်းကလည်း
ကုန်းရုန်းရတဲ့ အလုပ်သမား
ပြည်ပရောက်တော့လည်း
ကိုယ့်ထမင်းကိုယ်ရှာစားရတဲ့ အလုပ်သမား
တစ်နပ်စာဝမ်းတစ်ထွာအတွက်
မဝင်မနေရ ဝင်ခဲ့ရတဲ့
အဖွဲ့တွေအစည်းတွေလည်း
များလွန်းနေပြီဗျာ …။
နေရာ နေရာ နေရာ
ခင်ဗျာတို့အတွက်နေရာ
ကျုပ်တို့ပြည်သူတွေ ကျုပ်တို့ပြည်သူတွေ
ချွေးတွေသွေးတွေ ချွေးတွေသွေးတွေ
စက်ထားရတဲ့နေရာပါဗျာ …။ ။
ဒမြနဲ့သူခိုးပေါင်းပြီး အစိုးရယောင်ဆောင်ထားတဲ့ခေတ်ကြီးမှာ
ပုလိပ်နဲ့မီးသတ်ပေါင်းပြီး ကြံ့ဖွတ်ယောင်ဆောင်တော့ရော…
ဘာဖြစ်လဲ..ဘာဖြစ်လဲ…..
ခုတော့..သူတို့တွေကလူယောင်ဆောင်နေကြပြန်ရောဗျာ…
ခိုင်ခိုင်မာမာ အမြစ်တွယ်ပြီးသား ကျောက်တုံးကြီးကို
သံထက်မာတဲ့ကျူပ်တို့နှလုံးသားတွေချွန်မြနေအောင်သွေးပြီး
ရိုက်ထည့်နိုင်မှ..သူတို့နေရာဖယ်ပေးကြမှာ……
ထင်ရဲ့..ထင်ရဲ့
jp
နယ်ချဲ့တော်လှန်လို့ ကွန်မြူနစ်
တရုတ်ကြီးအားကိုးလို့ ကွန်မြူနစ်
အမေရိကန်မထောက်ခံလို့ ကွန်မြူနစ်
မဆလဆန့်ကျင်လို့ ကွန်မြူနစ်
နအဖမကြိုက်လို့ ကွန်မြူနစ်
ဒေါ်စုဝေဖန်လို့ ကွန်မြူနစ်