ရန်လင်းအောင်

ရန်လင်းအောင် – ပတ္ထနာ

ပတ္ထနာ
ရန်လင်းအောင်
နိုဝင်ဘာ ၂၃၊ ၂၀၁၃


ကိုယ့်သမိုင်း၊ သူ့သမိုင်း
ဘယ်သမိုင်းပဲ ဖြစ်ဖြစ်
ဝဋ်မိုင်းများမှ
ရှောင်ကွင်းသွားနိုင်ကြစေသော် ။
ကံကြမ္မာ၏ မာယာတော၌
သဘောတရားများ
တရားသဘောအားဖြင့်
ရှုမြင်နိုင်ရပါစေသော် ။
ဆိုးရိပ်တစ်ခုက
မြစ်တစ်စင်းစာ ခြားစေခဲ့ရင်
ကောင်းရိပ်တစ်ခုက
တံတားအစင်းတစ်ရာမက
ခင်းကျင်းထားခဲ့နိုင်စေသော် ။
အားလုံးကို ဆပ်ရမဲ့အကြွေး
သစ္စာတရားထံတော်ပါး၌
ဉာဏ်ရည် ရဲသွေး လက်မနှေးပဲ

ထိုးကျွေး နိုင်ရပါစေသော် ……. ။      ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts