အင်တာဗျူး

YPI – ဒေါ်အောင်ဆန်းစုကြည် ကို ဒေါ်အင်ဖန်ဂျာရာ ပြောခဲ့တဲ့စကားတွေ

ဒေါ်အောင်ဆန်းစုကြည် ကို ဒေါ်အင်ဖန်ဂျာရာ ပြောခဲ့တဲ့စကားတွေ

by Yangon Press International on Saturday, 25 February 2012 at 08:25 ·

မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၅၊ ၂၀၁၂ (YPI) (ဆိုင်းဆွတ်)

 ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ ည ၈နာရီ မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမမှာ ကချင်ပြည်နယ်သို့ စည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့  ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်သား ခေါင်းဆောင်းများ၊  ဘာသာရေး ခေါင်းဆောင်များနဲ့ ညစာအတူစားခဲ့ကြပါတယ်။ ထိုစဉ်က ကချင်အတိုင်ပင်ခံအဖွဲ့  နာယက

ဒေါ်အင်ဖန်ဂျာရာ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြောဆိုကြတဲ့အကြောင်းကို YPI သတင်းထောက်က ဒေါ်အင်ဖန်ဂျာရာကို မေးမြန်းထားပါတယ်။

ဒေါ်အင်ဖန်ဂျာရာ။               ။ ည ၈နာရီ ကနေ စပြီး ၁၀ နာရီ လောက်အထိ စကားပြောဖြစ်ခဲ့ပါတယ် သူက အဖွားကို မေးခွန်း နှစ်ခုပဲမေးပါတယ်။

အဲဒါတွေက

၁- KIA က ဘာလို့ဖြစ်လာတာလဲ

၂ – ဒီနေ့အထိ ဘာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးလို့ မရသေးတာလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က မေးခဲ့ပါတယ်။ အရမ်းအရေးကြီးတဲ့ မေးခွန်တွေကို သူမေးခဲ့ပါတယ်။

 ကျွန်မ ပြန်ပြောပြလိုက်ပါတယ်၊ အရင်ကတည်းက ကချင်နိုင်ငံဆိုပြီးရှိခဲ့တာပါ ဘယ်ဘုရင်ကမှ ဒီနေရာက ကချင်တွေအတွက်ဆိုပြီး ပေးထားတာမဟုတ်ပါဘူး၊  ကချင်တွေက ကိုယ်နေရာ ကိုယ့်နိုင်ငံ ကိုယ့်ဒေသနဲ့ ကိုယ် နေထိုင်ခဲ့ကြတဲ့သူတွေဖြစ်တယ်၊ ကိုယ့်နိုင်ငံ ကိုယ့်နေရာနဲ့ကိုယ်အုပ်ချုပ်ပြီး  ငြိမ်ငြိမ်းချမ်းချမ်း နေထိုင်ခဲ့ ကြတာဖြစ်တယ်၊ ကျွန်မတို့ ကချင်လူမျိုးတွေဟ မြန်မာပြည်ဘက်ကိုလည်း မသွားဘူး မြန်မာလူမျိုးတွေကလည်း ကချင်လူမျိုးတွေကို တောသား လူရိုင်းတွေဆို ပြီး အရမ်းကြောက်ခဲ့တာ။

ဗြိတိသျှ အုပ်ချူပ်တုန်းက ကျွန်မတို့ ကချင်လူမျိုးတွေဟာ စစ်ရေးစစ်ရာ တိုက်ခိုက်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ လူမျိုးတွေဖြစ်တယ်၊ ပထမ ကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ် ဂျပန်ခေတ် တွေမှာ ကချင်လူမျိုးတွေ တော်တော်များများ ပါဝင် တိုက်ခိုက်ပါဝင်ခဲ့ကြတယ်၊

ဒီလိုနဲ့ ၁၉၄၇ ခုနှစ်မှာ ဗိုလ်ချူပ်အောင်ဆန်း ကချင်ပြည်နယ်ကိုတက်လာတာဖြစ်တယ်၊ ကျွန်မ က အဲဒီအချိန် ၁၅ ၊ ၁၆ နှစ်ဘဲရှိသေးတယ်၊ အဲဒီတုန်းက ကျွန်မ ကြိုဆိုဧည့်ခံရေး အဖွဲ့မှာပါဝင်ခဲ့တယ်၊ အခုကျွန်မ အသက် ၈၀ ကျော်ပြီလေ၊ ဗိုလ်ချူပ်အောင်ဆန်းက ဗြိတိသျှ တွေဆီက လွတ်လပ်ရေးရအောင်ဆိုပြီး တခြားလူမျိုးတွေဆီ မသွားပဲ ကချင်ပြည်နယ်ကို အရင်လာတာဖြစ်တယ်။

ကချင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်၊ အစကတော့ လွတ်လပ်ရေးမှာ

မပါဝင်ချင်ဘူး၊ ဒါပေမဲ့ အောင်ဆန်းက ကချင်တစ်ကျပ် ဆို မြန်မာတစ်ကျပ်ဆိုတဲ့ အခွင့်အရေးပေးမယ်ဆိုပြီး ပြည်ထောင်စုမူ အရ ကျွန်တော်တို့ယူကြမှပါ ခင်ဗျားတို့ မကြိုက်ရင်လည်း နောက် ၁၀နှစ်လောက်ဆို ပြန်ခွဲထွက်လို့ ရတယ်ဆိုလို့ ကချင်တွေ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

            ကချင်တွေ ပင်လုံစာချုပ်ချုပ်ဖို့ သဘောတူလို့ ရှမ်းပြည်ကိုရောက်တယ် ရှမ်းတွေလည်း လွတ်လပ်ရေးကို မလိုချင်ကြဘူး ဒါပေမဲ့ ကချင်နောင်တော်ကြီးတွေတောင် သဘောတူတယ်ဆိုတော့ ဆိုပြီး ရှမ်းတွေလည်းသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတယ်။ ပြီးတော့ ချင်းတွေ ပြန်ရောက်လာတယ် ချင်းတွေရော ဒီအတိုင်းဘဲ သဘောမတူဘူး လွတ်လပ်ရေးကို မလိုချင်ကြဘူး၊  ဒါပေမဲ့ ကချင်နဲ့ ရှမ်းတောင် လက်မှတ်ရေးထိုးတယ်ဆိုပြီးသူလည်း သဘောတူခဲ့တယ်၊

ပင်လုံမှာလက်မှတ်ရေးထိုးတာက ဗမာ ကိုယ်စား အောင်ဆန်း (ဖဆပလ) ခေါင်းဆောင် လက်မှတ်ထိုးတယ် ကချင်၊ ရှမ်း၊ ချင်း လေးဦး သဘောတူပြီး ပင်လုံမှာ စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်၊ ၁၉၄၈ ဇန်န၀ါရီ ၄ မှာ လွတ်လပ်ရေး ရတာဖြစ်တယ်၊ ဒါပေမဲ့ ရှင့်အဖေ ပေးထားတဲ့ ကတိစကားကို ကျွန်မတို့ အရမ်းအားကိုးနားထောင်ပြီး လက်ခံထားတာကို အောင်ဆန်းမရှိတော့လို့ ကျွန်မတို့ အရမ်းဝမ်းနည်းပြီး စိတ်ပျက်သွားတယ်၊

အဲဒီအချိန်က စပြီး ကျွန်မတို့ ကချင်တွေက ဘာ အခွင့်အရေးမှ မရတော့တာပါ၊ ဦးနုက ဖဆပလ (ဥက္ကဋ္ဌ) တက်လာတော့ ကချင်တွေကို ဘာမှ မဟုတ်သလို ဆက်ဆံခဲ့တာပါ၊ ဒီလိုနဲ့ ကျွန်မတို့ ကချင်ပြည်နယ် တရုတ်ပြည်နယ်စပ်က ဖီမော်၊ လံကိုင် နယ်မြေကို ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲ  တရုတ်တွေကို ရောင်းစားလိုက်တာဟုတ်တယ်။ ဒါကြောင့် အရမ်းဝမ်းနည်းတယ် အခုထိလည်း ၀မ်းနည်းနေတုန်းပါဘဲ။

၁၉၆၂ မှာ ကျွန်မတို့ ကချင်တွေ သူပုန်ထလာတာဖြစ်တယ်၊ ဒါဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်ဘာသာ ဆိုတာကို ဘယ်သူ့ကိုမှ တိုင်ပင်တာမရှိပဲ ဦးနု သူ့ဟာသူ စီစဉ်လုပ်ခဲ့တယ် နိုင်ငံတော်ဘာသာမှာ ဆိုရင်  (တစ်နိုင်ငံလုံး ဗုဒ္ဓဘာသာ ဖြစ်ရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့သွားရမယ်) ကျန်တဲ့ ခရစ်ယာန် ၊နတ်စား ၊ စတဲ့ ဘာသာတွေကို နှိမ်သလိုဖြစ်လာပြီး ဒါကြောင့် KIO တော်လှန်ရေးစလာတာပါ၊ ကချင်တော်လှန်ရေးကိုစခဲ့တာ နော်ဆိုင်းဟုတ်ပါတယ် နော်ဆိုင်းက ရှမ်းပြည်ကနေ ကချင်ဖက်ကိုတက်လာတော့ သူ့ကို ဘယ်သူမှ ကြိုဆိုထောက်ခံမဲ့သူ မရှိလို့ နော်ဆိုင်းက တရုတ်ကွန်မြူနစ်တွေနဲ့ ပေါင်းသွားတာဖြစ်တယ်။

ကျွန်မတို့ ကချင်တွေက မြန်မာတွေကို သတ်မယ်ဖြတ်မယ်ဆိုတဲ့ စိတ်ဓာတ်လုံးဝ မရှိပါဘူး ဗမာကို မုန်းရအောင်နော်ဆိုတဲ့ စိတ်လည်းမရှိပါဘူး၊  ဒါပေမယ့် ကိုယ့်နိုင်ငံကိုယ့်ပြည်ကို ကိုယ်ပိုင်ဆိုင်ခွင့် အရင်က ပိုင်ဆိုင်သလို ပိုင်ဆိုင်ခွင့် ကိုယ့်နိုင်ငံကြီးပွားတိုးတက်ဖို့ ကိုယ့်ခြေထောက်ကိုယ် ရပ်တည်သွားမယ် ဆိုပြီး ပြောကြည့်ရင်လည်း မဖြစ်လို့ တော်လှန်ရေး KIO ဆိုတာ ဖြစ်လာတာဟုတ်တယ်၊

ဒီနေ့ အထိလည်း ဒါပါပဲ တခြားတော့ ဘာမှမဟုတ်ဘူး အပစ်ခေတ်ရပ်စဲရေးကို ၁၇  နှစ်ကြာအောင် ပြန်လုပ်ခဲ့ပြီးပြီး ကျွန်မတို့ အရမ်းပျော်ရွင်ခဲ့ပါတယ်၊ ဒီအပစ်ခတ်ရပ်စဲရေး လုပ်ပြီး တော့ နောက်တစ်ဆင့်အနေနဲ့ ငြိမ်းချမ်းရေး လုပ်ဖို့ လိုအပ်လာတယ်၊

အပစ်အခတ်ရပ်စဲရေးက ငြိမ်းချမ်းရေးမဟုတ်ဘူး..ငြိမ်းချမ်းရေး ဆိုတာ နိုင်ငံရေးအရ စားပွဲပေါ်မှာ ပြုလုပ်ဖို့ဖြစ်တာ ဒါကို လုပ်ခွင့်မပေးဘူး KIO အနေနဲ့ ခဏခဏတောင်းဆိုတယ် မလုပ်ပေးခဲ့ဘူး “ပြည်သူ့အစိုးရပေါ်လာတော့မယ် မင်းတို့ သိပ်မလောကြနဲ့ ဆိုပြီးပြန်ပြောတယ်” ပြည်သူ့အစိုးရ ပေါ်လာပြီး အစည်းအဝေးတောင် မလုပ်သေးဘူး သူတို့ အရင်ပစ်တယ် ၂၀၁၂ ဇွန် ၉ မှာ စစ်စဖြစ်တယ်။

အခု ကချင်ပြည်နယ်မှ  မြန်မာစစ်သား ၁သိန်းကျော်ပြီး သိလား.. ဒုံးကျည် ၂သောင်း ရောက်နေတယ်.. အမြောက်တွေလည်း အများကြီးရောက်နေတယ် ကချင်နဲ့ခရစ်ယာန်တွေကို  အမြစ်ပြတ်သွားအောင် လုပ်သွားမှာဖြစ်တယ်။

ဘာဖြစ်လို့လဲဆိုတော့  အပြင်က လောဘ စိတ်ကြောင့်ဟုတ်တယ် ကျွန်မတို့ကချင်ပြည်နယ်မှာ သံယဇာတပေါများတယ် ဒါကြောင့်နယ်မြေကို လုယူပိုင်ဆိုင်ချင်လို့ဖြစ်တယ် လို့ ကျွန်မတို့ ကတော့ ဒီလိုပဲ  ထင်ကြပါတယ်။

 ကချင်လွတ်လပ်ရေးအဖွဲ့ ကတောင်းဆိုထားတာကက (၁) ပင်လုံစာချုပ် ပင်လုံစိတ်ဓာတ် နိုင်ငံရေးကို နိုင်ငံရေးလို စားပွဲပေါ်မှာ ပင်လုံ အခြေခံပြီး ဆွေးနွေးမယ် (၂ ) ကချင်ပြည်နယ် ရောက်နေတဲ့ တပ်မတော်သားတွေ ကို ကိုယ့်နေရာကိုယ်ပြန်ဆုတ်ခိုင်း ဒါဆိုရင် အပစ်အခတ်ရပ်မယ် စာချုပ်ချုပ်မယ်ဆိုရင်နိုင်ငံတကာက လူတွေကိုခေါ်ပြီး စာချုပ်ချုပ်မယ်ဆိုပြီးတောင်းဆိုထားတာ အခုထိတော့ဘာမှ အကြောင်းပြန်လာတာ မရှိသေးဘူး၊

ဒေါ်စုက အံသြစွာနဲ့ လည်ပင်းတောင် စောင်းတယ် ကျွန်မပြောတာကို နားထောင်နေတာ သူက ဘာမှမသိတဲ့ပုံပဲ မင်းကအဲဒီတုန်းက ငယ်သေးတယ်လေ ပြီးတော့ မင်းအမေနောက်လိုက်သွားရတော့ ငါတို့ဒီက သမိုင်းကြောင်းကို ဘာမှ မသိလိုက်ဘူးပေါ့ လို့ကျွန်မပြောခဲ့တယ်။

အထက်က ပြောဆိုခဲ့သည်များမှာ ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်အင်ဖန်ဂျာရာက ပြောဆိုခဲ့သည့် စကားများကို ၎င်းကိုယ်တိုင် ပြန်လည်ပြောပြတာ ဖြစ်ပါတယ်။

ထိုနေ့ညက ရှင်းပြအပြီး ဒေါ်အောင်ဆန်းစုကြည်အား သူပြောချင်တဲ့ စကားတစ်ခွန်းဖြစ်သည့် “မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ် အခုလည်း မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ မလုပ်ရင်ကောင်းတယ်” ဆိုတာကို မီးပျက်သွားတာကြောင့် မပြောလိုက်ရဘူးလို့ ဒေါ်အင်ဖန်ဂျာရာ က YPI ကိုပြန်ပြောပြပါတယ်။

အဲဒီ့နောက် YPI သတင်းထောက်က ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ကချင်ပြည်နယ်သို့ လာသည်ထင်သလဲ ဟုမေးရာ

“ ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေး ထွက်လာတယ် ထင်တာပဲ”  လို့ဖြေဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် လာတဲ့အပေါ် ဘာမျှော်လင့်ထားလဲ ဆိုတဲ့ မေးခွန်းကိုတော့

“ ဘာမှ ထူးထူးခြားခြား မမျှော်လင့်ပါဘူး၊ ပါတီစည်းရုံးရေး သက်သက်ပဲ ထွက်လာတယ်၊ တကယ်လို့ သူရွေးကောက်ပွဲမှာ နိုင်လို့ လွှတ်တော်မှာ ၀င်ထိုင်ဖြစ်ရင်တော့ ကချင်ပြည်နယ်အတွက် မျှော်လင့်ချက် အတော်များများ ရှိတယ် ” လို့ဖြေသွားပါတယ်။

YPI


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

18 thoughts on “YPI – ဒေါ်အောင်ဆန်းစုကြည် ကို ဒေါ်အင်ဖန်ဂျာရာ ပြောခဲ့တဲ့စကားတွေ
  1. February 26 2012
    —- We really need Second Panlong —-
    —- We really need 21st.Centuary Panlong —-
    —- We really need Second Independence in reality —-
    —- First Panlong Leader Father — Bogyoke Aung San —-
    —- Second Panlong Leader Daughter — DSSK/Amay Suu —-
    —- TAT —————————————————————

  2. အင်မတန်မှ တန်ဖိုးရှိတဲ့ သတင်းဖြစ်ပါသည်၊ အခုလို တင်ပြပေးတဲ့အတွက် မိုးမခ ကို အထူးကျေးဇူးတင်ပါသည်၊ အခြားသော ပြည်ထောင်စုဘွားအားလုံးလည်း လက်နက်အားကိုး အနိုင်ကျင့်မှုကို မည်သူမျ ကြိုက်မည် မဟုတ်ပါ၊ နိုင်ငံရေးအရလွမ်းမိုးရာတွင် မလိမ်မညာဘဲ ရိုးသားကြပါရန် ပြည်ထောင်စုကို ထူထောင်လိုသူ နိုင်ငံရေးသမားများအားလုံးသို့ သတိပေးပါသည်၊

  3. အဲ့ဒါက တကယ်သမိုင်းအစစ်ဖြစ်ပါတယ်။ စစ်တပ်က သူတို့ပေးတဲ့ ကတိမတည် သိစွာဖေါက်လို့ တိုင်းရင်းသားတွေက ပြန်တိုက်တာသူတို့အဖြစ်လား။ သူတို့လိုချင်တဲ့အခွင့်အရေးက တိုင်းပြည်တစ်ခုလုံးကိုချုပ်ဖို့ မဟုတ်ဘူး ကိုယ့်နေရာဒေသ လွတ်လွတ်လပ်လပ် ၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေချင်တာ သူတို့စိတ်ရင်းပဲဖြစ်ပါတယ်။

  4. ဟုတ်ပါတယ်KNUဖြစ်လာရခြင်းအကြောင်းနဲ့။ဟိုးတုံးက ကရင်၊ဗမာပဋိပက္ခဖြစ်ရခြင်းအကြောင်းရင်းကလည်းဒါ
    ပါဘဲ။globalizationဖြစ်လာတဲ့ခေတ်ကြီးမှာတော့တိုင်းရင်းသားတွေကလည်းနည်းနည်းပါးပါးလျှော့သင့်
    ဒါတွေလျှော့ပေးနေရက်သားနဲ့(ပြည်ထောင်စုကနေခွဲမထွက်ပါဘူး)။စစ်အစိုးရကတစ်ပြားမလျှော့အသာစီးလိုချင်တဲ့ဆွေးနွေးပွဲမျိုးဆိုရင်တော့
    ဘဲတော့မှငြိမ်းချမ်းရေးရမှာမဟုတ်ပါ။

  5. သမိုင်းဆိုဒါလိမ်မရပါဘူး။ သမိုင်းကိုသေသောသူကြာရင်မေ့ဆိုတဲ့ပုံနဲလုပ်ရင်ပြန်ခံရတတ်တယ်။ သမိုင်းကိုအချိန်ဆွဲတဲ့နည်းနဲ့ဖျောက်ဖျက်ဖို့ကြဘယ်သူတွေလုပ်နေတယ်ဆိုဒါအားလုံးအသိပါ

  6. Stop MAHAR BAMAR , and respect other nationalities by granting equality and stop cheating of over 60 years! then there will be peace!

  7. စစ်အစိုးရကို မုန်းတီး တဲ့  မြန်မာပြည် သူ ပြည်သားအားလုံး သတိ ရှိကြ ပါ၊ငြိမ်းချမ်းရေး ရ ရုံ နဲ့ တိုင်းပြည် ဒီမိုဂရေစီရမှာမဟုတ်ဘူး၊တိုင်းသူပြည်သား တွေစိတ်ချမ်းသာမှာမဟုတ်ပါဘူး၊အာဏာရှင်တွေ ပျောက်ကုန် မှ၊ တိုင် ပြည် ငြိမ်းချမ်းမှာ အ မှန် ပါ၊လှပတဲ့  ပန်ချီကား တစ်ချပ် ကို လို ချင် တယ် ဆို ရင်၊ ဖြူစင်တဲ့  စာ ရွက် များ စွာ ကို အစွန်း ထင်းခံ နှစ်နာ ခံ ရ မယ်တဲ့ 

  8. There are some inaccuracies in ဒ်ါအင်ဖန်ဂျာရာ’s statement.
    ကျွန်မ ပြန်ပြောပြလိုက်ပါတယ်၊ အရင်ကတည်းက ကချင်နိုင်ငံဆိုပြီးရှိခဲ့တာပါ ဘယ်ဘုရင်ကမှ ဒီနေရာက ကချင်တွေအတွက်ဆိုပြီး ပေးထားတာမဟုတ်ပါဘူး၊
    Kachin State was part of the Konbaung Dynasty. Sino-Bumese War (1765-1769) was fought mainly in Kachin State and Shan State. Granted that Kachin Sawbwas enjoyed considerable autonomy under the Konbaung Kings. BUT KACHIN STATE WAS NOT AN INDEPENDENT KINGDOM UNDER KONBAUNG DYNASTY. The problem came when they enjoyed “near independence” status under British administration. Remember divide and rule maneuver?

    1. you must have read the history written by Burmese Nationalist, don’t look at the history from only your point of view, it will make you look stupid. Look at the history from objective point of view, don’t be subjective…

  9. Daw An Phan Gyar’s conversation is very plain very short to the point. Although it is not a high flown, it represents all the ethnic people’s intention.Facts of Alamak remarks may be true, but it cannot dimmed the Daw An Phan Gyar’s candid remarks and intention.
    can I make some sarcastic comments. British divide and rule but I never heard of intentional rape, demolishing villages and burn the churches. There is no internal displaced people during British rule. During British Rule we are poor, uneducated, being exploited but we are ……”Divide and rule” is favorite policy practiced in British colony, every body knows. Nowadays government does not allow the ethnic people as a one united group in peace negotiation.

    Alamak. may I ask one question “divide and rule” 60 years ago and D & R now? Which is more important. Daw An Phan Gyar is ? 80 years old, may be not resourceful as you are and but I am sure that there is “one Independate kachin State” in her heart. You might not be able to find in any map or in Weki, but I am sure that every ethic people has their own “Ethic state’ in their heart recognized by Aunh San at Pin Long.

    Dear Almak please forgive my tone if it is very strong, but I am carried away by Daw An Phan Gyar’s talk and your remarks.

  10. Beautiful Article, If I’m Kachin I must say that.This is true, No doubt this is time to change to be built “The Union of Burma”. The People who live in Burma must live with “Fair and Equal” and Free dome. I understand of Amay An-Phan-Jara’s feeling like My mother.I can understand about “How all of Kachin people are suffering under Burmese Gorvenment because a lot of Kachin had been escaping from Burma to other country, for example U.S,Canada and Europe.
    But one thing I don’t understand that Burmese Generals had been killing own Burmese even,not only our Ethnic group. I think that mean they don’t care Burmese or other Ethnic people or other creatures, only they know for them and their families. Because I saw that “The Army had killed very young student,like 5,6,7,8 to 13,14 of age on the street at 88 movement. Unbelievable, They had killed many young students without arm and begging to them”Please don’t shot”, but…..!.How can I understand “What kind of Creature of Burmese dirty Generals”

  11. အခုထိ ကျနော်တို့ သမိုင်းအကြောင်းကို ဖုံးဖြည့်ပြီး အယောင်ဆောင်ကြားမှာ ကြီးပြင်းလာကြတဲ့ ကျနော်တို့ အတွက် အရမ်းတန်ဖိုးကြီးလွန်းတဲ့ သမိုင်းအမှန်ကြောင်းတွေကို ရဲရဲတောက်တောက် သိခွင့်ရတဲ့အတွက် ပိုပြီးကျနော်တို့ မှာ တာဝန်ပိုကြီးကြောင်း နားလည်ကြရအောင်

    ဆလိုင်း

  12. ကချင်ပြည်နယ် ရောက်နေတဲ့ တပ်မတော်သားတွေ ကို ကိုယ့်နေရာကိုယ်ပြန်ဆုတ်ခိုင်း ဒါဆိုရင် အပစ်အခတ်ရပ်မယ် စာချုပ်ချုပ်မယ်ဆိုရင်နိုင်ငံတကာက လူတွေကိုခေါ်ပြီး စာချုပ်ချုပ်မယ်ဆိုပြီးတောင်းဆိုထားတာ အခုထိတော့ဘာမှ အကြောင်းပြန်လာတာ မရှိသေးဘူး၊ ဆိုထားတော့ ခင်ဗျား သေသွားတဲ့အထိတာင် မဖြစ်နိုင်သေးဘူးဆိုတာ သိထာလိုက်ပါ။

    1. That’s why you don’t have any peace!! They are right at claiming these things, otherwise how can they trust your Burmese Army??? Don’t be bias!!! Be fair!!! BTW, I am not Kachin.

  13. According to Burma Encyclopedia , U Nu government was not selling territories to communist china ; it is exchange of 2 with 2 approximate areas due to that time prime minister Chu In Line ‘s request for living ethnicity status (Chinese blooded VS other blooded) and geographical convenience for both sides.

    Long time ago , there may be localized ruling areas (before consolidation ) ; but never heard Ka Chin Country before in books-English and Burmese.

    Respectable historians have to decide.

    1. I am not an historians.Let me create a scenario.If Myanmar has federal constitution soon after independence. The exchange of Phimaw,Gan Lan .. 3 villages, sorry I forgot the name, should certainly be debated amongst Upper and Lower house. The majority of the Kachin people should agree to make exchange.It cannot be done without the agreement of respective state . This is federalism. check balance , cooperation and compromising is the character of Democracy, respect for the weaker states and ethnic people is the jewel of federalism.
      U Nu Government can do this , because the role of federal government and state government was merged in hands of Bamar politicians. There is no , effective check and balance legal constitutional mechanism. Don’t make the same mistakes again. Of course there are some disadvantages in Federal System. We can sit and talk as a civilized citizens with broad mind and willing to sacrifice one’s right for other.

      1. I agree what you said . U Nu government’s weak points might be :

        1.Too trust to military wolves (Generals)

        2.Too emphasize to solo-religious (not General)

        Consequence is today Burma.Reverse may be other facet of Burma !

        True politician should be honest , brave,clever and intelligent , not just only honest.

        May God bless the beautiful country between India and China..

        (not include wicked junta and followers)

Comments are closed.