ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,


သွားလမ်းသာ၍ လာလမ်းဖြောင့်ပါစေ
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဧပြီ ၁၂၊ ၂၀၁၃
  
ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသား မိဘပြည်သူအပေါင်းတို့ ခရီးသွားကြသည့်အခါ ကားလမ်းဘေး၊ ရထားလမ်းဘေး စသည့်နေရာတို့တွင် လမ်းဘေးအလှူခံမဏ္ဍပ်ငယ်လေးများကို မိဘပြည်သူများ တွေ့မြင်ဖူး ကြမည်ထင်ပါသည်။ ကျွန်တော်တို့ ငယ်စဉ်အခါက ထိုအလှူခံမဏ္ဍပ်ရှိ ငွေဖလားလေးထဲသို့ ငွေအကြွေစေ့ ကလေးများ ရထားပေါ်၊ ကားပေါ်မှနေ၍ လှူဒါန်းခဲ့ကြသလို ယခုအခါတွင် ခေတ်အလိုက် အကြွေစေ့အစား ငွေစက္ကူများက နေရာယူနေကြပြီဖြစ်သည်။ အလှူငွေထည့်ဝင် လှူဒါန်းကြသည့်အခါတွင် အလှူခံပုဂ္ဂိုလ်များမှ အသံချဲ့စက်ဖြင့် “ကျန်းမာ ချမ်းသာကြပါစေ … စီးပွားလာဘ်လာဘများ တိုးတက်ကြပါစေ … လမ်းခရီး တစ်လျှောက် သွားလမ်းသာလို့၊ လာလမ်းဖြောင့်ကြပါစေ … ”ဟူ၍ ဆုတောင်းပေးလေ့ရှိသည်ကို ကျွန်တော်တို့ အနေဖြင့် ရွှင်လန်းကြည်နူးဖွယ်ရာ တွေ့မြင်ကြားသိခဲ့ရပေသည်။

 
၂ဝ၁၃ ခုနှစ်၊ဧပြီလ (၉) ရက်နေ့တွင်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း သို့ လာရောက်ဆေးကုမှုခံယူကြသော လူနာများနှင့် အရေးပေါ်ကူညီကယ်ဆယ်မှု လုပ်ငန်းများတွင် လှူဒါန်း ကူညီနိုင်ရန်အတွက် မြောက်ဥက္ကလာပမြို့နယ် PPP ဖိနပ်စက်ရုံမိသားစုမှ ဖိနပ်ဒါဇင် (၅ဝဝ) ကျော်အား လာ ရောက်၍ လှူဒါန်းခဲ့သည်။ အလှူရှင် PPP ဖိနပ်စက်ရုံမိသားစုများနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/သားများမှ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ဆေးကုသမှုခံယူကြသော လူနာများ၊ တိုကင် ယူရန် စောင့်ဆိုင်းနေကြသော လူနာများ၊ ရဟန်းသံဃာ၊ သီလရှင်များအား ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းခဲ့ကြ သည်။ ထိုသို့ အလှူရှင်မိသားစုမှ လှူဒါန်းသော ကျန်ရှိနေသေးသည့် ဖိနပ်များလည်း နာရေးကူညီမှုအသင်း (ရန်ကုန်)အနေဖြင့် နယ်မြို့များရှိ ပရဟိတဂေဟာများ၊ သဘာဝဘေးကျရောက်သည့် ဒေသများတွင် လှူဒါန်း သွားမည်ဖြစ်သည်။

 
ထိုကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်းရှိ ဆေးကုသခံယူကြမည့် လူနာ များတို့အား ဖိနပ်များကို ကိုယ်တိုင်ကိုယ်ကျလာရောက်လှူဒါန်းကြသော အလှူရှင်များဖြစ်ကြသည့် PPP ဖိနပ် စက်ရုံမိသားစု၏ စေတနာသဒ္ဒါတရားကြောင့် လူနာများ၊ ရဟန်းသံဃာ၊ သီလရှင်များသည် ခလုတ်မထိစူးမငြိဘဲ လိုရာခရီးအား စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် စီးနင်းသွားလာနိုင်ကြမည်ဖြစ်သည်။ ထို့ကြောင့် နာရေးကူညီမှု အသင်းသူ/သားများတို့သည်လည်း များမကြာမီ ရောက်ရှိလာတော့မည့် နှစ်သစ်အား ခရီးဦးကြိုဆိုလျှက် ကမ္ဘာ တစ်လွှား နိုင်ငံပြည်ရွာများရှိ သတ္တဝါများအား မြန်မာပြည်တွင်းရှိ ရဟန်းရှင်လူ၊ မိဘပြည်သူများအား၎င်း၊ အလှူရှင် PPP ဖိနပ်စက်ရုံ မိသားစုတို့အား၎င်း၊ ပြည်တွင်းပြည်ပမှ အလှူရှင်များအား၎င်း နှစ်သစ်ဦးအခါသမယ ၌ ယခုကဲ့သို့ ဖိနပ်များအား လှူဒါန်းရသည့် ကောင်းမှုအားအကြောင်းပြု၍ လိုရာခရီးအား အန္တရာယ်ကင်းဘေး ရှင်းစွာဖြင့် “သွားလမ်းသာ၍ လာလမ်းဖြောင့်ဖြူးကြကာ” အဝေရာရန် မရှိကြပါကုန်လင့်ဟု ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ သွားလမ်းသာ၍ လာလမ်းဖြောင့်ပါစေ

ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသား မိဘပြည်သူအပေါင်းတို့ ခရီးသွားကြသည့်အခါ ကားလမ်းဘေး၊ ရထားလမ်းဘေး စသည့်နေရာတို့တွင် လမ်းဘေးအလှူခံမဏ္ဍပ်ငယ်လေးများကို မိဘပြည်သူများ တွေ့မြင်ဖူး ကြမည်ထင်ပါသည်။ ကျွန်တော်တို့ ငယ်စဉ်အခါက ထိုအလှူခံမဏ္ဍပ်ရှိ ငွေဖလားလေးထဲသို့ ငွေအကြွေစေ့ ကလေးများ ရထားပေါ်၊ ကားပေါ်မှနေ၍ လှူဒါန်းခဲ့ကြသလို ယခုအခါတွင် ခေတ်အလိုက် အကြွေစေ့အစား ငွေစက္ကူများက နေရာယူနေကြပြီဖြစ်သည်။ အလှူငွေထည့်ဝင် လှူဒါန်းကြသည့်အခါတွင် အလှူခံပုဂ္ဂိုလ်များမှ အသံချဲ့စက်ဖြင့် “ကျန်းမာ ချမ်းသာကြပါစေ … စီးပွားလာဘ်လာဘများ တိုးတက်ကြပါစေ … လမ်းခရီး တစ်လျှောက် သွားလမ်းသာလို့၊ လာလမ်းဖြောင့်ကြပါစေ … ”ဟူ၍ ဆုတောင်းပေးလေ့ရှိသည်ကို ကျွန်တော်တို့ အနေဖြင့် ရွှင်လန်းကြည်နူးဖွယ်ရာ တွေ့မြင်ကြားသိခဲ့ရပေသည်။

၂ဝ၁၃ ခုနှစ်၊ဧပြီလ (၉) ရက်နေ့တွင်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း သို့ လာရောက်ဆေးကုမှုခံယူကြသော လူနာများနှင့် အရေးပေါ်ကူညီကယ်ဆယ်မှု လုပ်ငန်းများတွင် လှူဒါန်း ကူညီနိုင်ရန်အတွက် မြောက်ဥက္ကလာပမြို့နယ် PPP ဖိနပ်စက်ရုံမိသားစုမှ ဖိနပ်ဒါဇင် (၅ဝဝ) ကျော်အား လာ ရောက်၍ လှူဒါန်းခဲ့သည်။ အလှူရှင် PPP ဖိနပ်စက်ရုံမိသားစုများနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/သားများမှ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ဆေးကုသမှုခံယူကြသော လူနာများ၊ တိုကင် ယူရန် စောင့်ဆိုင်းနေကြသော လူနာများ၊ ရဟန်းသံဃာ၊ သီလရှင်များအား ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းခဲ့ကြ သည်။ ထိုသို့ အလှူရှင်မိသားစုမှ လှူဒါန်းသော ကျန်ရှိနေသေးသည့် ဖိနပ်များလည်း နာရေးကူညီမှုအသင်း (ရန်ကုန်)အနေဖြင့် နယ်မြို့များရှိ ပရဟိတဂေဟာများ၊ သဘာဝဘေးကျရောက်သည့် ဒေသများတွင် လှူဒါန်း သွားမည်ဖြစ်သည်။

ထိုကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်းရှိ ဆေးကုသခံယူကြမည့် လူနာ များတို့အား ဖိနပ်များကို ကိုယ်တိုင်ကိုယ်ကျလာရောက်လှူဒါန်းကြသော အလှူရှင်များဖြစ်ကြသည့် PPP ဖိနပ် စက်ရုံမိသားစု၏ စေတနာသဒ္ဒါတရားကြောင့် လူနာများ၊ ရဟန်းသံဃာ၊ သီလရှင်များသည် ခလုတ်မထိစူးမငြိဘဲ လိုရာခရီးအား စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် စီးနင်းသွားလာနိုင်ကြမည်ဖြစ်သည်။ ထို့ကြောင့် နာရေးကူညီမှု အသင်းသူ/သားများတို့သည်လည်း များမကြာမီ ရောက်ရှိလာတော့မည့် နှစ်သစ်အား ခရီးဦးကြိုဆိုလျှက် ကမ္ဘာ တစ်လွှား နိုင်ငံပြည်ရွာများရှိ သတ္တဝါများအား မြန်မာပြည်တွင်းရှိ ရဟန်းရှင်လူ၊ မိဘပြည်သူများအား၎င်း၊ အလှူရှင် PPP ဖိနပ်စက်ရုံ မိသားစုတို့အား၎င်း၊ ပြည်တွင်းပြည်ပမှ အလှူရှင်များအား၎င်း နှစ်သစ်ဦးအခါသမယ ၌ ယခုကဲ့သို့ ဖိနပ်များအား လှူဒါန်းရသည့် ကောင်းမှုအားအကြောင်းပြု၍ လိုရာခရီးအား အန္တရာယ်ကင်းဘေး ရှင်းစွာဖြင့် “သွားလမ်းသာ၍ လာလမ်းဖြောင့်ဖြူးကြကာ” အဝေရာရန် မရှိကြပါကုန်လင့်ဟု ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts