ဖြစ်ရပ်များ၊ အမှတ်တရများ

ဝမ်းနည်းဖွယ်ရာ အာအိုင်တီ


ဝတ်မှုန်
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၂
မြန်မာတပြည်လုံး ပညာရေးချုံးချုံးကျလာတာ အာအိုင်တီတခုတည်းအတွက် ၀မ်းနည်းနေရမလား ..ပြောလာရင်လဲ၊ ခံရမှာပါ။ ဘာကြောင့် များ အစိတ်စိတ်အမွှာမွှာကွဲသွားရသလဲဆိုတာ စဉ်းစားမိပြီး၊ အာအိုင်တီကျောင်းဆင်းများ ဆရာပဲထိုင်ပြီးကန်တော့နေမဲ့ပွဲများကနေ တခုခု လုပ်ဖို့ လိုလာပြီထင်ပါတယ်။

အင်တာနက်ဝက်ဆိုဒ် http://www.most.gov.mm/techuni/ ကိုကြည့်လိုက်တော့ အာအိုင်တီ (ရန်ကုန်စက်မှုတက္ကသိုလ်) RIT-Rangoon Institute of Technology ကို ရန်ကုန်နည်းပညာတက္ကသိုလ် YTU Yangon Technology University လို့ အမည်ပြောင်းလိုက်ပါတယ်။ ယခင်က ၆နှစ်တက်မှ ရတဲ့ B.E အင်ဂျင်နီယာဘွဲ့ကို အခုခေတ် အစိတ်စိတ်၊ အပိုင်းပိုင်း တက်နေရပါတယ်။ အရင်က ၃ နှစ်တက်ရတဲ့ ဒီပ လိုမာ ဂျီတီအိုင်ကို ၂ နှစ်ပဲတက်ရတယ်။ နောက်ထပ် ၂ နှစ် Technology University ကိုတက်ရင်၊ ဘီတက် B.Tech ဘွဲ့ရပြီး၊ နောက်ဆက် တက်မှာ ဘီအီး B.E အင်ဂျင်နီယာဘွဲ့ရတဲ့စနစ်ကို ရောက်နေပါတယ်။

အရင်က ရန်ကုန်စက်မှုတက္ကသိုလ်တခုတည်းရှိတဲ့ အင်ဂျင်နီယာတက္ကသိုလ်ကို ပြည်နယ်တိုင်း ၁၄ ခုမှာ အင်ဂျင်နီယာတက္ကသိုလ် Technology University ၃၀ခု တောင်မှ တည်ထောင်ထားပါတယ်။ ကျွန်တော်တို့ငယ်စဉ် ၁၉၈၈ မတိုင်မီကတောင် ပစ္စည်းကရိယာ၊ ဓါတ်ခွဲခန်း မလောက်ငှတဲ့ အင်ဂျင်နီယာတက္ကသိုလ်ကနေ အခု ၃၀ တောင် စာတွေ့ပဲရှိမှာသေချာပါတယ်။ ထားပါတော့။ ဒီပလိုမာပေးတဲ့၊ ဂျီတီအိုင် အရေအတွက်တော့ အရင်အတိုင်းပဲ ၁၁ ခုရှိပေမဲ့၊ ဒီဂရီပေးတဲ့ အင်ဂျင်နီယာတက္ကသိုလ်ကတော့ ၁ ခုကနေ ၃၀ အထိ တိုးချဲ့လိုက်တာ အရမ်းအားပေးထားရှာတယ်။

ဘာပဲဖြစ်စေ ဆေးပညာဘွဲ့ရလာတဲ့ ဆရာဝန်များဘ၀နဲ့၊ အင်ဂျင်နီယာဘွဲ့ရများရဲ့ အခြေအနေများကိုလူတိုင်းသိပါတယ်။

ယခင် စက်မှုတက္ကသိုလ် တစ်ခုတည်းကနေ၊ အခု နည်းပညာတက္ကသိုလ် ၃၀ ခုထိအောင် အစိတ်စိတ်ဖြစ်ရတာ ရှစ်လေးလုံးအရေးအခင်းကို အာအိုင်တီက စခဲ့တဲ့အတွက် အပြစ်ဒဏ်ပေးတယ်လို့ အားလုံးက ယူဆပါတယ်။ အာအိုင်တီ ကျောင်းသားများကို လူထပ်စုတာ မဖြစ်အောင်၊ နယ်နှင်လိုက်တယ်လို့ပဲ ပြောကြတယ်။ အလားတူ၊ ရန်ကုန်တက္ကသိုလ်ကြီးလဲမရှိတော့ပဲ ..ဟိုး အဝေးကြီး ဒဂုံမြို့သစ်မှာရောက်သွားတယ်။ မြို့တိုင်းမှာ တက္ကသိုလ်တွေနဲ့ အမြင်တော့ကောင်းပေမဲ့၊ လူတော်များစုစည်းမနေအောင် စနစ်တကျလုပ်ခဲ့တာပါ။

အခု ခေတ်ပြောင်းပြီလို့ဆိုရမယ်ဆိုရင် …ထပ်ရေးချင်ပါတယ်။

အာအိုင်တီကျောင်းဆင်းများ ဆရာပဲထိုင်ပြီးကန်တော့နေမဲ့ပွဲများကနေ တခုခုလုပ်ဖို့ လိုလာပြီထင်ပါတယ်။ ဘာလုပ်ကြမလဲဆိုတော့ .. ထိပ်တန်းစာတော်သူ လူ ၇၃၀ ကို ရန်ကုန်မှာပဲ၊ ပညာသင်စေတဲ့ စက်မှုတက္ကသိုလ်တခုအဖြစ်၊ မျိုးဆက်သစ်များကို စုစည်းနေသူများကို အားပေးဖို့ပါပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

15 thoughts on “၀မ်းနည်းဖွယ်ရာ အာအိုင်တီ
  1. There should be only one or two Technological University/Institute of Technology with proper guiding staff, laboratory materials/access and learning aids to produce the young self-confident engineers for the region as well as for the whole world

  2. အရိုရို ၇၈။၇၉ မှာ ဒေသ ကော လိပ် ဆိုပြီး ပေါ်လာ လို့  အာအိုင်တီဆို တာ ရောက် လာ တာ လေ… ၆၀% ထိပ် က လူ တွေ တ ဘို င် အို နဲ့ ဆရာ ဝန် ရူး ကြ လို့ ကျန် တဲ့ ၄၀% ရဲ့  ကံ ကောင်း တဲ့ ၂၅% ဆို တာ ငြင်း ကြ ပါ အုန်း…. ဟုန်း ..

    1. တို့ကတော့ အစာတည်းက Math နဲ့ RIT ကိုရောက်တာ.
      အမျိုးသမီးအင်ဂျင်နီယာဖြစ်ချင်လို့ဘဲ.
ု့ပြည်ပ ရောက် RITကျောင်းသူဟောင်းတဦး။

      As for international high Education level, we should try to get back up Our country’s Education level.
      We whose are in or out of Myanmar.
      Let’s do it.Let’s support it.

  3. RIT had even been with its Image & Reputation in Myanmar’s National Politics & Educational life…
    I’ve ever heard this message “Once RIT Always RIT” as a Motto of ExRIT Reunion somewhere in sinagpore…
    I strongly believe that the existence of RIT would be very important to the furture foundation of democratic country of Myanmar…
    I wish “Once RIT” to become “Forever RIT”…
    So, All RIT Alumnis! let’s start again!!!

  4. Before RIT it was BIT and before that we attended Engineering courses at Geodesic Dome Prome Road, Old BOC college. RIT was build with Russian assistance and we have a few Russian lecturers (awful). Unfortunately, RIT students were politically aware and participated in the forefront. It is a bad idea to punish the students especially those who are going to contribute to the progress of the country. This is a very narrow view point which leads to the present state of the country. We should promote all professional institutes not only RIT and it will take another decade at least to see the fruits. We will lag further and further behind if we follow the present course.

  5. This is very important question. Not simply 730 people or single centre as in nostalgia but to get good education as par with any other country rather than giving away cartoon qualification after pretend higher education.

    Khin Nyunt era started all these watered down lolly scrambles. Giving away PhD’s to people without real research, calling just about everybody professors, naming just about all the huts as universities and even giving away weird sounding honorary titles to people as well as monks including monks from Sri Lanka. You can also see just about all the monks nowadays with PhD’s as well for god knows why. People are happy. Monks are delighted and the letter PhD’s have lost any meaning.

    It does fit in with time expect totally useless.

    Education of the the whole young generation to arm them to be able to work along with their counterparts in the rest of the world. That is important. But to be fair, Burmese seem to be more fixated by titles rather than education.

  6. ကိုကျော်ကျော်က ဘာကိုပြောချင်တာလဲ ?
    ဒေသကောလိပ်က လာတာက အစိုးရလုပ်လို့ ဒီလိုဖြတ်သန်းရတာဗျ။ အရည်အချင်း ရှိတဲ့လူတော်တွေ အများကြီး။ ခင်ဗျားကြားဖူးသလား။ အဲဒီဒေသကောလိပ် မျိုးဆက်ထဲက (ကို)နေလင်းဆိုရင် ဘွဲ့တွေ ဘယ်လောက်ရပြီး ဘယ်နေရာမှာ အလုပ်လုပ်နေသလဲ စုံစမ်းကြည့်။ သူ့လိုပဲ နောက်ထပ် နိုင်ငံခြားမှာ Master တွေ၊ Ph.D တွေရပြီး လုပ်နေတဲ့သူတွေ မေးမြန်းစုံစမ်းကြည့်ပါအုန်းဗျာ။ စနစ်ကို မြင်အောင်ကြည့်ပါဗျာ။ ပြီးတော့ အားလုံးကို ၀ါးလုံးရှည်နဲ့ မရမ်းပါနဲ့။
    ဒီလိုပြောပြန်တော့ မျိုးချစ်စိတ်မရှိဘူးး၊ ဘာဘူး ပြောအုန်းမလား။ ကျနော်တို့တိုင်းပြည် တကယ်ယုံကြည်နိုင်လောက်အောင် ပြောင်းကြည့်။ အကုန်ပြန်လာကြလိမ့်မယ်။ သဘောပေါက် . . .

  7. ၀တ်မှုန် ရဲ့တင်ပြတာတွေကို အပြည့်အ၀ထောက်ခံပါတယ်။ သို့ သော်ပြုပြင်ပြောင်းလဲရမှာတွေကိုတော့ အဆင့်ဆင့် စံနစ်တကျဆောင်ရွက်ရမှာဖြစ်တယ် (စံနစ်တကြဖြက်စီးထားတာကြောင့်ပါ)။ စစ်သင်တန်းတွေမှာ သင်ကြားထားတဲ့အတိုင်း၊ နောက်ဆုံးဖြုတ်ထာကို အရင်ဆုံးပြန်တပ်ပါ ဆိုတဲ့အတိုင်း၊ စက်မှုတက္ကသိုလ်ကြီးမှ နောက်ဆုံးဖြုတ်ယူသွားတဲ့ မေမြို့အင်ဂျင်နီယာတက္ကသိုလ်အတွက် စက်ပစ္စည်းများ ကိုအရင်ဆုံးပြန်တပ်ပေးပါ။ စစ်အင်ဂျင်နီယာကောင်းစားရေးအတွက် ရန်ကုန်စက်မှုတက္ကသိုလ်ဖြက်စီး ခံရတာလည်း အကြောင်းတစ်ခုဖြစ်ထာကြောင့်၊ ယခု စက်မှုတက္ကသိုလ်ပြန်လည်ပြင်ဆင်ရေးမှာ စစ်ဘက်မှလည်းကူညီသင့်တယ်။ ပြည်ပရောက်ကျောင်းသူကျောင်းသားဟောင်းများက ကူညီနေတာကြား ရတာကြောင့်လည်း သာဓု သာဓု သာဓု ပါဘဲ၊ ဆက်လက်၍ကြပါဦး – – – –

  8. YIT, Yangon University, Hlaing University all those were built with International standard and even more better than in Asia Region. Huge compound, facilities, atmosphere, surrounding, till now We can compare with other countries around the Asia. We should not accept downgrade. We all should try to get back all of Our Myanmar value .

  9. ၀မ်းနည်းသင့်ပါတယ်။ဝမ်းနည်းကြပါတယ်။ခုတော့ဝမ်းသာစရာအနေအထားတွေစတင်လာနေပါပြီလို့ သတင်းပေးချင်ပါတယ်။RIT ALUMNI group ကိုဝင်ကြည့်ရင် ကျောင်းသားဟောင်းကြီးတွေအပါတ်တကုတ်ကြိုးစားနေတာတွေတွေ့ ရမှာပါ။

  10. ပြည်သူတွေထဲကလူတော်တွေမပေါ်ထွန်းအောင်
    စစ်အစိုးရကသတ်ထားတာလေ။
    တကယ့်အထင်ကရကျောင်းတော်တွေကိုပြည်သူအတွက်
    ပြန်လည်အသက်သွင်းဖို့ကြိုးစားကြပါ။

  11. The revamp of Main (YU), Hlaing Campus (RC2) & YIT is a dream for many B.E. graduates/students since they were taken away by junta. They are all waiting for the day when those historic campuses come back to the right hands who will raise the colourful flags again in the honour of our country and our people.

  12. ဒါနဲ့၊ အခုပြင်ဦးလွင်နားလေးမှာလဲ နည်းပညာတက္ကသိုလ်တစ်ခု ဖွင့်ထားတယ်နော်။ အဲဒီဟာလည်း အထက်ကပြောတဲ့ TU ၃၀ထက် ပိုလူကြိုက်များတယ်လို့ ပြောသံကြားတယ်။ ဘာတွေများကွာလို့လဲ။ သိတဲ့လူများရှိရင် ဝေမျှပေးပါအုံး။ ကျေးဇူးပါ..

  13. I agree with U. So I share your link on RIT Alumni wall.All RIT Alumni,more or less will also agree with u.As we have so many changes in our country, hopefully, our RIT will also have changes.RITကျောင်းသားဟောင်းတွေ ဆရာ ပူဇော်တာတွေကိုတော့ သင် ပီတိပွားပါ လေ…( အခု ကလေးတွေက အသပြာဆရာတွေမို့မကန်တော့ဘူးလို့ပြောတာ နားနဲ့ဆတ်ဆတ်ကြားထားတာမို့ နောင်ဆို ဆရာကန်တော့ပွဲပျောက်မှာတောင်ပူနေရတဲ့ အချိန်မှာ ) ကျွန်တော်တို့ သာ မလုပ်ကြ ရင် နောင်ကြားတောင် ကြားဘူးကြပါ့မလား

  14. မြန်မာပြည်မှာ RIT ကျောင်းဆင်း၊ ကျိကျိတက်ချမ်းသာနေသူများစွာ၊ မချမ်းသာပေမဲ့ ထိပ်တန်းပညာရှင် များစွာရှိပါတယ်။ ဒီလူတွေပဲ ဆရာပူဇော်ပွဲတွေ စပွန်စာဦးဆောင်လုပ်ကြပါတယ်။ RIT အင်းစိန်ကျောင်းကြီးကို နိုင်ငံတကာအဆင့်မီအောင် ၁၀တန်းအောင်ကျောင်းသားတွေနဲ့ မျိုးဆက်သစ်တခုကို အကောင်ထည်ဖေါ်ဖို့လုပ်နေကြတာ ထောက်ခံပါတယ်။ တခြားတက္ကသိုလ်တွေလည်း မကြောက်မရွံ့ ၁၀တန်းအောင် ကျောင်းသားသစ်များနဲ့ ပြန်လည်တည်ဆောက်ရပါတော့မယ်။

    ဒါကြောင့် လက်ရှိ၂၀၁၂ မှာ အကောင်ထည်ဖေါ်နိုင်ဖို့၊ လက်ရှိ RIT ပါချုပ်၊ ပါမောက္ခတွေ .. ဆွေးနွေးနေကြတာ၊ အချိန်သိပ်မဆွဲပါနဲ့။ တတ်နိုင်ရင် လွှတ်တော်ထဲရောက်နေတဲ့ RIT ကျောင်းဆင်းတွေ အဆိုတင်ဖို့လည်း အချိန်မဆွဲပါနဲ့။

    မိတ်ဆွေတယောက် 86 Mechanical ၊ YIT မှာကျောင်းဆရာ။ အလွန်အေးဆေးစွာ ဆရာလုပ်နေခဲ့တယ်။ သူကပထမဆုံး အထုတ်ခံ၊ စတေးခံရတာ။ တခြား အင်ဂျင်နီယာကျောင်းဆရာများကလည်း နောက်ပိုင်းအကုန်ထုတ် စစ်အင်ဂျင်နီယာကျောင်းဆင်း ဆရာများနဲ့အစားထိုးတယ်။ စစ်အင်ဂျင်နီယာများကို ရုရှားပညာသင်ပို့၊ မြန်မာပြည်အရေးကြီး အင်ဂျင်နီယာဌာနအားလုံး စစ်အင်ဂျင်နီယာလက်အောက်.ပေါ့။ ဗိုလ်ခင်ညွန့်ထောက်လှမ်းရေးများရဲ့ ဦးနှောက်ပါ။ နောက်ပိုင်း အလုပ်လက်မဲ့၊ အဲဒီဆရာ စင်ကာပူ NUS National University of Singapore က Ph.D ရရှိသွားပါတယ်။ စင်ကာပူက Ph.D ရသွားတဲ့ G-to-G ပညာတတ်တွေအများကြီးရှိပေမဲ့၊ ကိုယ့်ဖာသာကျောင်းတက် Ph.D ရသူများက ရှားပါတယ်။ ၀မ်းရေးအတွက်လုံးပမ်းရတော့ မာစတာလောက်နဲ့ပဲ ရပ်သွားကြတယ်။

    ဆိုလိုတာက မြန်မာပြည်တွင်းက RIT အကောင်တည်ဖေါ်တာနဲ့၊ လာပြီးသင်ပေး၊ ကူပေးကြမဲ့ ပညာတတ် တကယ့်ဒေါက်တာဘွဲ့ရ ပြည်ပက RIT အင်ဂျင်နီယာတွေ အများကြီးရှိပါတယ်။

    ထပ်ရေးချင်ပါသေးတယ်။
    မျိုးဆက်သစ် RIT အမြန်ဆုံး အကောင်ထည်ဖေါ်နိုင်ဖို့၊ လက်ရှိ RIT ပါချုပ်၊ ပါမောက္ခတွေ .. ဆွေးနွေးနေကြတာ၊ အချိန်သိပ်မဆွဲပါနဲ့။ တတ်နိုင်ရင် လွှတ်တော်ထဲရောက်နေတဲ့ RIT ကျောင်းဆင်းတွေ အဆိုတင်ဖို့လည်း အချိန်မဆွဲပါနဲ့။ ၁၀နှစ်အတွင်း မြန်မာပြည် RIT ကျောင်းဂုဏ် ပြန်လည်မြှင့်တင်ဖို့ပါ။

Comments are closed.