ပါရီမောင်

ပါရီမောင် – ပြင်သစ်ဘာသာ လေ့လာစရာ – အပိုင်း (၁၈)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ပြင်သစ်ဘာသာ လေ့လာစရာ – အပိုင်း (၁၈)
ပါရီမောင်
နိုဝင်ဘာ ၂၄၊ ၂၀၁၃


Leçon 18      (Lesson 18)
FUTURE PROCHE 
စကားပြော လေ့ကျင့်ခန်း သင်ခန်းစာ ( ၄ )   ရှင်းလင်းချက်
Chez le poissonnier  ငါးဆိုင်မှာ
( Lilou accompagne sa maman chez le poissonnier )
လီလူး ဟာ သူ့အမေနဲ့ ငါးဆိုင်ကို အတူလိုက်လာပါတယ်။
ဈေးသည် – Il est frais mon poisson, il est frais !
Bonjour ,madame, que désirez-vous aujourd’hui ?
ကျနော့် ငါးတွေလတ်တယ်နော် ၊လတ်တယ်။ 
မင်္ဂလာပါ မဒမ် ၊ ဒီနေ့ ဘာအလိုရှိပါသလဲ ၊
Stéphanie :Je prendrai un kilo de sardines que je vais faire au barbecue et également un kilo de moules pour ce soir. Je vais les faire à la crème.
အကင် ကင်စားဖို့အတွက် အတွက် ငါးသေတ္တာငါး တစ်ကီလိုယူမယ်၊
ပြီးတော့ ခရုလဲ ဒီညနေအတွက် တစ်ကီလို ယူမယ်။ အဲဒါကို ခရင်မ် နဲ့ချက်မယ်။
ဈေးသည် – Très bien. Je vous propose aussi quelques crevettes qui sont en promotion.
ကောင်းတာ ပေါ့ ၊ ပုဇွန် တချို့ ယူဖို့လဲ အကြံပေးချင်တယ် ၊ အဲဒါတွေက လျှော့ဈေးနဲ့လေ။
Stéphanie :Entendu. Mettez-m’en 600 grammes. 
ကောင်းပြီ ၊ အဲဒါကို ၆၀၀ ဂရမ် ထည့်ပါ၊ 
ဈေးသည် – Vous verrez, vous aller vous régaler.
မင်း တွေ့လိမ့်မယ်( သိလိမ့်မယ်) ၊ စားကောင်းလိမ့်ဦးမယ်၊
Lilou :Super,maman. J’adore les crevettes, surtout quand on a le droit de les manger avec les droigts ! dit Lilou.
ကောင်းတယ်မေမေ ၊ ကျနော် ပုဇွန် သိတ်ကြိုက်တယ် ။ အထူးသဖြင့် အဲဒါတွေကို လက်နဲ့ စားရတဲ့အခါတွေ ဆိုရင်ပေါ့။  ( လီလူးကပြောတယ်)
ရှင်းလင်းချက်များ
သင်ခန်းစာ ၁၇ မှာ လီလူး နဲ့ သူ့အမေ ငါးဆိုင်မှာ ဈေးဝယ် ကြတဲ့ အကြောင်းကို  အသံဖိုင်နဲ့ စာသား ပေးခဲ့ပါတယ်။ ဒီတပါတ်မှာတော့ အဲဒါတွေကို ရှင်းလင်းချက်ပေးသွားပြီး ဝေါဟာရနဲ့ အသုံးပြုပုံတွေကို ရှင်းပါမယ်။
ဈေးသည်ကပြောပါတယ်
Il est frais mon poisson  ဆိုတာကို ကြည့်ပါ။  « ငါး  »  ကို အဖိုနာမ်အနေနဲ့ သုံးထားတော့  သူ ၊ သူမ ဆိုတဲ့ တတိယ နာမ်စားထဲက «  သူ » အနေနဲ့ သုံးထားပါတယ်။ များသောအားဖြင့် အင်္ဂလိပ်ဘာသာမှာ ပစ္စည်းတွေကို  « it » ဆိုပြီး နာမ်စားအနေနဲ့ သုံးကြပေမဲ့ ပြင်သစ်ဘာသာမှာကတော့ သက်ရှိ၊ သက်မဲ့ အရာဝထ္တု အားလုံးကို “ သူ ၊ သူမ “ ဆိုပြီး il / elle သက်ရှိနာမ်စားအနေ နဲ့ပဲ သုံးကြပါတယ်။ အဲဒါလေးကို အထူး သတိပြုစေလိုပါတယ်။
Frais  ဆိုတာကတော့  adj နာမဝိသေသန ပေါ့၊ «  s  » အသံ လုံးဝ မထွက်ရပါ၊ ဒီနေရာမှာ အမနာမ်ဖြစ်တဲ့ နာမဝိသေသန ကိုကြည့်ရင်တော့ «  fraîche  » ဆိုပြီးဖြစ်သွားပြီပေါ့။ ဒီနေရာမှာ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှု ကို သတိပြုစေလိုပါတယ်။ l’eau fraîche  ရေ အေးအေး၊ bière fraîche ဘီယာအေးအေး  ဆိုပြီး အရည်တွေကို သုံးနိုင်ပါတယ်။
frais ကိုပုံမှန် အတိုင်း ပြောင်းသလို ပြောင်းလိုက်ရင် fraise ဆိုပြီး ဖြစ်သွားရင်  နာမဝိသေသနမဟုတ် တော့ပဲ (n/f) စတော်ဘယ်ရီ ဖြစ်သွားပါတယ်။ နာမ်ပေါ့၊ 
que désirez-vous aujourd’hui ?   ဆိုတဲ့ စာကြောင်းကို ကြည့်ရအောင်။
အမေးဝါကျဖြစ်တဲ့ Qu’est ce que ….  ဆိုတာရဲ့ အတိုကောက် အနေနဲ့ que  ကို သုံးထားတာပါ။ 
Je  prendrai un kilo …. စာကြောင်းမှာ prendre ဆိုတဲ့ verbe infinitif ရဲ့ အနာဂါတ် ကာလပြတဲ့ futur simple ပုံစံ ဖြစ်ပါတယ်။  ဒီနေရာမှာ ပုံမှန် ပစ္စုပန်အနေနဲ့ présent ကိုသုံးရင်လဲ ရပါတယ်။ 
Je vais faire au barbecue…  ဆိုတဲ့ အသုံး ကတော့  futur proche  လို့ခေါ်တဲ့ သုံးစွဲနည်းပါ။
မူရင်းပြောလိုတဲ့ faire ဆိုတဲ့ ကြိယာ ရဲ့ ရှေ့မှာ aller verbe  ရဲ့ ကတ္တားပုဒ်နဲ့ သက်ဆိုင်တဲ့  ချိန်ညှိပြီး conjugaison ပုံစံကို ထည့်ပေးလိုက်ရုံပါပဲ။ ( ကြိယာ ၂ခုနှင့် အထက် ပိုပြီး သုံးစွဲတဲ့ ပြောဆို ရေးသားမှုတွေမှာ tense တွေကလွဲလို့ présent သုံးစွဲမှု တွေအတွက် အမြဲတမ်း အနောက်က ကြိယာတွေကို မူရင်းအတိုင်း verbe infinitif နဲ့သာ သုံးရပါမယ်။
(ပုံသေမှတ်ရန်အတွက်ကတော့  pour, de , à , တို့ရဲ့ အနောက်မှာ verbe infinitif ပဲလိုက် ရမှာဖြစ်သလို  conjugaison လုပ်ပြီးသား ကြိယာ တခု ရဲ့ အနောက်မှာလဲ ကြိယာ တခု နှင့် အထက် ရှိနေခဲ့ရင်  verbe infinitif အတိုင်းပဲ သုံးရပါမယ်။ ဥပမာများပေးထားပါတယ်။
J’ai acheté une voiture pour aller au travail. ကျနော့်အလုပ်ကိုသွားဖို့ ကားတစီး ဝယ်ခဲ့ပါတယ်။
Il est interdit de fumer. Défense de fumer. ဆေးလိပ်မသောက်ရ။
C’est facile à dire . ပြောဖို့ကတော့လွယ်တာပေါ့ ။
Je peux monter voir votre chambre ?  ကျနော် ခင်ဗျားရဲ့အခန်းကို တက် ကြည့် နိုင် မလား ?
FUTUR  PROCHE 
Sujet     +    Verbe  ALLER     +    Verbe Infinitif
Eg : Je vais faire au barbecue.  ရဗေးဖဲခ် အို ဘာဘီကျူး ။ ကျနော် အကင် လုပ်တော့မယ်။
Elle va partir en voyage. အယ်လ်ဗား ပါ့တီး အောန် ဗွားရာ့ခ်ျ။ သူမ ခရီးထွက်တော့မယ်။
Nous allons  manger. နူဇာလွန်း မော့န်ရေး ။ ကျနော်တို့ စားကြတော့မယ်။
Le spectacle va bientôt commencer.  လယ်စပက်ခ်တားဗါး ဗျန်းတိုး ကောန့်မော်န့်စေး ။  မကြာခင်မှာ ပြပွဲ စတော့မယ်။
futur proche  ရဲ့သုံးစွဲမှု ကိုပြောရရင် မဝေးတဲ့ အနာဂါတ် လို့ ပြောရမယ်ထင်ပါတယ်။ near future ပေါ့။ အချိန်ကာလ အရ ပြုလုပ်ဖို့ ဝေးခြင်း နီးခြင်း ဆိုတာ ထက် သေချာတဲ့ သဘောကို ဆိုလိုခြင်းဖြစ်ပါတယ်။
Mettez-m’en 600 grammes. 
ဒီနေရာမှာ «  en  » ဆိုတာကတော့  စကားစုတခု ကို ကိုယ်စားပြုပါတယ်။ နောက်ပြီး အတိုချုံး ပြောထားပါတယ်။ စာကြောင်း အပြည့်အစုံအတိုင်း ပြောရရင်Vous me mettez 600 grammes de  crevettes.  လို့ ဆိုချင်တာပါ။
ဒီနေရာမှာ «  en  » က de ဆိုတဲ့ အသုံး အနှုံးနဲ့ ပါတ်သက်ပြီး  ကိုယ်စားပြု သုံးထားတဲ့ နာမ်စားပါ။
Vous verrez    ကြိယာ voir ဖြစ်တဲ့   မြင်သည်၊ တွေ့ သည်  ရဲ့ simple future tense ပါ။
ဝေါဟာရများ Vocabulaires

Poisson (n/m)  ငါး
Frais / fraîche (adj) အေးသော ၊ လတ်သော
Un kilo de sardine  ဆာဒင်းငါး တစ်ကီလို၊( eg ..  un kilo de pomme, une bouteille de Whisky ,une tasse de café , un verre de vin )
Barbecue (n/m) အကင်  (e နဲ့အဆုံးသတ်ပေမဲ့ (n/m) ဖြစ်တာသတိပြုပါ)
Egalement (adv) အလားတူစွာ ၊ ညီမျှစွာ ၊ ထို့အတူ
Moule (n/f) ဂုံး၊ ယောက်သွား အသေးစား (ရာသီချိန်အလိုက် စားလို့ကောင်းပြီး crème (ခရမ်)နှင့် ပြုတ်ပါသည်။
အဘိဓါန်မှာကြည့်ရင်အဓိပါယ် ၂မျိုး တွေ့နိုင်ပါတယ်။ ဒီစာလုံးအတိုင်းပဲ Moule (n/m) ဆိုရင်၊ ပုံသွင်းတဲ့ ပုံစံခွက်၊  mould မြန်မာလို တိုက်ရိုက် အသံထွက်နေကြတဲ့ « မို » လို့ ပြောရမှာပါ။
Ce soir ဒီညနေ( ce matin  ဒီမနက်၊ cet après-midi  ဒီနေ့လည် )
Très bien အရမ်းကောင်းတယ် ( very good )
Crevette (n/f) ပုဇွန်
En promotion  အရောင်းမြှင့်တင်ခြင်း
Surtout (adv) အထူးသဖြင့် (especially)
Quand (conjunction) (စကားဆက်) ထိုစဉ်အခါ   (when)
Le droit (n/m) အခွင့်အရေး ( Adjectif အနေနဲ့သုံးရင်တော့ ဒီစာလုံးအတိုင်းပေမဲ့ ရှေ့တည့်တည့် (straight) လို့ ပြောရပါမယ်။
(à droite ညာဘက်မှာ၊  à gauche ဘယ်ဘက်မှာ)
Les droigts (n/m/plu) လက်ချေုာင်းများ
ကြိယာများ verbes ( ထုံးစံအတိုင်း ယခုကြိယာများကို conjugaison  လုပ်ပေးပါ ။စာကြောင်းများတည်ဆောက်ကြည့်ပါ ။)
Désirer (v) ဒေဇီးရေး ၊ ဆန္ဒရှိသည်၊ အလိုရှိသည်
Prendre (v) ပရောန်းဒ်ရ် ၊ ယူသည်
Aller (v) အားလေး၊  သွားသည်
Faire (v) ဖဲးခ် ၊ ပြုလုပ်သည်
Proposer (v)  ပရိုပိုဇေး ၊ ဆန္ဒပြုသည်၊ အဆိုတင်သွင်းသည်
Mettre (v) မက် ထ်ရ် ၊ ထည့်သည်။ ထားသည်
Voir (v) ဗွား ခ် ။ မြင်သည်၊ တွေ့သည်၊
Régaler (v) ရေးဂါးလေး ၊  ကျွေးမွေးသည် ။ပြုစုသည်။ စားကောင်းသည်။
Adorer (v) အာဒိုရေး ၊ အရမ်းကြိုက်သည်၊ နှစ်သက်သည်
Manger (v) မောန်ရေး ၊စားသည်


နောက်တပါတ်ပြန်ဆုံပါမယ်  A bientôt

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts