သတင်းပဒေသာ

Burmese Internet Shop – အမည်မဖော်သူမြို့နယ်မှလူတဦးကြောင့် လှိုင်မြို့နယ် အင်တာနက်ဆိုင်များ ည ၁၀နာရီ ပိတ်ရမည်

အမည်မဖော်သူမြို့နယ်မှလူတဦးကြောင့် လှိုင်မြို့နယ် အင်တာနက်ဆိုင်များ ည ၁၀နာရီ ပိတ်ရမည်

မိုးမခအထောက်တော်၊ ဖေ့စ်ဘွတ်၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၁၂
အင်တာနက်ပေါ်တွင် လူပြောများနေသော မြန်မာကြံ့ဖွံ့အစိုးရ၏ ရုံးစာတခုအရ လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနက ၎င်းမြို့နယ်အတွင်းရှိ အင်တာနက်ဂိမ်းဆိုင်များကို ည၁၀နာရီ နောက်ပိုင်း မဖွင့်ရန် ညွှန်ကြားလိုက်သည်ကို တွေ့ရသည်။ ကျောင်းချိန်များတွင်လည်း ဆိုင်များတွင် ကစားခွင့်မပြုရေးကိုလည်း ခန်ဝံကတိများထိုးရမည်ဟု ညွှန်ကြားစာတွင် ရေးထားသည်။
အဆိုပါ ရုံးစာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တခုအတွင်း နေထိုင်သူတဦး၏ တိုင်ကြားစာအရ အရေးယူသည့်သဘော ရေးထားရာ အဆိုပါ ပြည်သူတဦး၏ တင်ပြချက်ကို မြို့နယ်အုပ်ချုပ်ရေးမှုးက တိုက်ရိုက် လက်ခံ အရေးယူရာရောက်နေပြီး၊ နိုင်ငံတော်၏ ခွင့်ပြုချက်နှင့် ဖွင့်ထားသော အင်တာနက်ဆိုင်များ၏ အခွင့်အရေးကို မြို့နယ်က တိုက်ရိုက်စွက်ဖက်သည့် သဘောဖြစ်နေသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

9 thoughts on “Burmese Internet Shop – အမည်မဖော်သူမြို့နယ်မှလူတဦးကြောင့် လှိုင်မြို့နယ် အင်တာနက်ဆိုင်များ ည ၁၀နာရီ ပိတ်ရမည်
  1. Internet game ကြောင့်ကျောင်းသားတွေအကြမ်းဖက်သမားတွေဖြစ်ကုန်တာကတော့အမှန်တရားပါ။
    ကိုယ့်သူငယ်ချင်းကိုဘာအကြောင်းပြချက်မှမရှိဘဲဓါးနဲ့မသေမချင်းထိုးသတ်တဲ့အဖြစ်ကိုယ့်အိမ်နီး
    နားချင်းထဲကဖြစ်ခဲ့တာပါ။ဘုရားမလို့မသေပါဘူး။နားမလည်တဲ့သူတွေကတော့မကောင်းဆိုးဝါး
    ပူးလို့ဖြစ်တယ်ပေါ့တစ်ကယ်တော့အဲ့ဒီကလေးဟာနှစ်နဲ့ချီ gameဆိုင်မှာတစ်နေကုန်တစ်နေခမ်း
    အချိန်ကုန်နေပါတယ်။တောင်ကိုရီးယားကကျောင်းသားမှုခင်းတွေကြည့်တော့လည်းနောက်ကွယ်
    မှာအပြစ်ကျူးလွန်တဲ့ကလေးကgame စွဲတဲ့ကလေးဖြစ်နေတာချည်းဘဲတွေ့ရပါတယ်။အဲ့ဒါကြောင့်
    ဒီအမိန့်ကိုမိဘတစ်ယောက်နေနဲ့ေ၇ာပတ်ဝန်းကျင်မှုခင်းကင်းစင်ရေးအနေနဲ့ရောထောက်ခံပါတယ်။
    Internet ဆိုင်ပိုင်ရှင်အနေနဲ့တော့လက်ခံဖို့ခက်ပါလိမ့်မယ်။ဒီကလေးတွေကဘဲအများဆုံးအသုံး
    ပြုသူတွေဖြစ်လို့ပါ။

    1. ဒါဆိုလည်း ဂိန်း မကစားနဲ့ ချက်တင် မလုပ်နဲ့ ဘဲတားပေါ့ကွယ် ၁၁ နာရီ ဆိုင်ပိတ်တာနဲ့ ဘာများဆိုင်လို့ တုန်း သုံးတဲ့သူကလည်း ဂိန်း မှ မကစားနဲ့ဆို အင်တာနက်ဆိုင်ဘာလို့ ထိုင်နေမလည်း ကျန်တာလုပ်လို့ ရနိုင်လောက်အောင် ကွန်နက်ရှင်က တော်တော်ကောင်းနေတာကိုး

  2. ကောင်းတာပေါ့။ မြို့နယ်တခုအုပ်ချုပ်သူလည်း သူ့မြို့နယ်အတွက် သင့်တော်မယ်ထင်တာ၊ လုပ်ခွင့်ရှိတာပဲ။ လွှတ်တော်ဥက္ကဌဦးရွှေမန်း တင်ပြတဲ့ ၀န်ထမ်းလစာတိုးရေးကို ဘဏ္ဍာရေးဝန်ကြီးက ပယ်ချလိုက်တော့။ ဥက္ကကြီးဦးရွှေမန်းခမြာ ပြန်ရုတ်သိမ်းရမလား၊ မရုပ်သိမ်းပဲ၊ မဲခွဲအနိုင်ယူလိုက်ရမလား..စောင့်ကြည့်ရသလို၊ လှိုင်မြို့နယ်ရဲ့ အသေးအမွှား၊ လပ်စားမှုမဟုတ်တဲ့ ဥပဒေပြုမှု စမ်းသတ်ချက်ကို စောင့်ကြည့်ကြတာပေါ့.။

  3. Good movements should be accepted as some of the internet cafe are looked like a cheap hotel room as most people having some actions go there to have fun.

  4. One should consider the neighbours’ interest as well. In many developed countries, running an internet cafe is treated as a business as it is a business, attracting customers like shops do. The business activities are not allowed in the residential areas of many countries. The neighbours should not suffer from noises, traffic, rubbish, privacy issues, etc. associated with any business-related things of the neighbours in residential streets, not just for the Internet Shops. Appropriate nationwide guidelines should be introduced gradually. For the moment, there should be some sort of control on business hours in residential streets, before all shops are moved somewhere else eventually.

  5. အကောင်းရော အဆိုးပါရောပွမ်းနေတယ်လို့မြင်ပါတယ်။အကောင်းကတော့ ကျောင်းချိန်မှာ ကျောင်းသားလူငယ်လေးတွေကို အင်တာနက်၊ ဂိမ်း ကစားခွင့်မပြုတာကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ကျောင်းသားဆိုတာ ကျောင်းချိန်မှာကျောင်းမှာပဲရှိနေရမှာလေ။ ဒါပေမဲ့ ည ၁၀ နာရီနောက်ပိုင်းပိတ်ရမယ်ဆိုတာကတော့ မဖြစ်သင့်ဘူးထင်ပါတယ်။ ဘာလို့လဲဆိုတော့ ရန်ကုန်လိုမြို့မျိုးမှာ ည ၁၀ နာရီဆိုတာ စောလွန်းနေတယ်လို့ယူဆလို့ရတယ်။ ဒါကြောင့် ည ၁၀ နောက်ပိုင်းအင်တာနက်ဆိုင်တွေပိတ်ရမယ်ဆိုတာ ပြင်သင့်ပါတယ်။

  6. အမှန်ကတော့ အင်တာနက်ဆိုင်တွေကို သတ်မှတ်ချက် ဥပဒေ ထုတ်ပေးရမှာပါ.. တစ်ချို့နိုင်ငံတွေမှာ
    အင်တာနက် ဂိမ်းဆိုင်တွေက ကျောင်းချိန်တွင်းဆိုရင် ကျောင်းယူနီဖောင်းနဲ့ အသက် ၁၈နှစ်အောက်ဆိုရင် ဆိုင်ထဲပေးမဝင်ပါဘူး…

  7. တိုင်ကြားသူတစ်ဦးကြောင့် တစ်မြို့နယ်လုံး ကိုပိတ်တာတော့ တစ်မျိုးလေးဖြစ်နေတယ်၊ဒါမျိုးကအတော်စဉ်းစားပြီးမှ လုပ်တာပါ
    မြို့နယ်အုပ်ချုပ်ရေးမှူးမှာ တစ်ခြား ဖြစ်လာနိုင်မည့်အကျိုးဆက်တွေကို တွေးမိလို့စိုးရိမ် သွားတာပါ
    game ,chatting တွေ ကတော့ ခောတ် ကတောင်းဆိုလို့ဖြစ်လာတာ၊တားလို့တော့မရဘူး
    ကိုယ့်သား၊သမီးတွေကို အကောင်းဆုံး နည်းလမ်းရှာပြီး စောင့် ရှောက် ရန်သာရှိပါတယ်

Comments are closed.