Uncategorized

Kyaw Home – Poem

မီးမောင်းအောက်က ပုံရိပ်ယောင်
ကျော်ဟုန်း
ဧပြီ ၁၆၊ ၂၀၁၃
 
အသည်းနှလုံးချင်းတေ့ပြီး
ပစ်ထည့်လိုက်ချင်တယ်။

ချစ်ခြင်းအတွက်
တခါတခါ
စိတ်လွတ် ပေါက်မိ။

လောကက
နိုင်ရာညှဉ်း
လွယ်ရာစားတွေ များ
အများရှေ့ ဆိုရင်
သူတော်စင် စစ်စစ်ကြီး ဂိုက်ဖမ်း။

အတုတွေကို မုန်းတယ်ပြောရင်း
အတုတွေ ခုံမင်တဲ့ လောကသား
စိတ်လှည့်စားအတွက်
ဘဝ ဂလဲ့စားမလာမီ
ရုပ်ရှင်ရိုက်လိုက်ကြဦး
သရုပ်ဆောင် အကယ်ဒမီ မှန်း။

လက်ခုပ်လက်ဝါးတီး
အားပေးလိုက်ပါ့မယ်
ဘရာဗိုကြောင့် မဟုတ်
အထာသိုသိုနဲ့ ပဲ။

ဘယ်သူတွေ
ဟန်ဆောင်ကောင်းမလဲ သိချင်စမ်း
သမိုင်းဆိုတာ အကဲဖြတ်
စစ်တမ်းဆိုတာ ပရိဿတ်။

ဖား – ငါး ကွဲဖို့ 
အချိန်သာ ခဏစောင့်
ချိန်ခွင်ဟာ
အလေးသာတဲ့ဘက်
စောင်းပြတတ်မြဲ မှတ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts