ဓာတ်ပုံသတင်း မျက်မှောက်ရေးရာ

ရေးမြို့တွင်လည်း NLD ဆိုင်းဘုတ်တင်ပွဲ ပြုလုပ် – NLD branch in Yay Tsp


ဓာတ်ပုံသတင်း
ဇန်န၀ါရီ ၇၊ ၂၀၁၂

မွန်ပြည်နယ် ရေးမြို့နယ် NLD ရုံး ဆိုင်းဘုတ်​တင်ပွဲ၊ ရုံးခန်းဖွ​င့်ပွဲတို့ကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ရာ ဒေသခံ နိုင်ငံရေးသမား အများအပြား တက်ရောက်ခဲ့ကြသည်။ (ဓာတ်ပုံများ – NLD)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရေးမြို့နယ် ဆိုင်းဘုတ်တင်၊ ရုံးခန်းနှင့် အရောင်းဆိုင် ဖွင့်လှစ်ပွဲကို ဖေဖေါ်ဝါရီလ (၅)ရက် တနင်္ဂနွေနေ့ နံနက် (၉)နာရီတွင် ရေးမြို့နယ် ရန်ကြီးအောင်ရပ်ကွက် ဒူးယားလမ်း အမှတ်(၇)၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားမှုးအဖြစ် မွန်ပြည်နယ် အောင်နိုင်ရေးအဖွဲ့ဝင် ဦးအောင်ကျော်ဦးက တာဝန်ယူဆောင်ရွက်ခဲ့သည်။

ဗဟိုအောင်နိုင်ရေးအဖွဲ့ဝင် ဒေါ်ခင်ဌေးကြွယ်၊ မွန်ပြည်နယ် အောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် နိုင်သောင်းညွန့်၊ ၉၀ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ် ဒေါတ်တာကျင်သိန်းနှင့် မြို့နယ်စည်းရုံးရေးအဖွဲ့ခေါင်းဆောင် ဦးမြ၀င်းတို့မှ နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားခဲ့ကြပါသည်။

မြို့ပေါ်ရပ်ကွက်များဖြစ်သော ရန်ကြီးအောင်၊ ရန်မျိုးအောင်၊ အောင်မင်္ဂလာ၊ အောင်မေတာ၊ အောင်သုခ၊ သီရိမာလာ၊ အဏ၀ါ ချောင်းတောင် စသောရပ်ကွက်များသာမက အစင်၊ ဇီးဖြူသောင်၊ ဓမင်းဆိပ်၊ ကံလှ၊ ဘားကြီး၊ ကျောက်မိကျောင်း၊ ကျုံလောင်း၊ ကွင်းရှည်၊ ကျောင်းရွာ စသော ကျေးရွာများမှ ကိုယ်စားလှယ်များ စုစုပေါင်း အင်အား ၃၀၀၀ ခန့် အတီးအမှုတ် အက အခုန်များဖြင့် သီဆိုတီးမှုတ် တက်ရောက်ခဲ့ကြပါသည်။

ဧည့်သည်တော်များဖြစ်ကြသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်များ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကိုယ်စားလှယ်များ ကိုလည်း နံနက်စာ ကောက်ညှင်းပေါင်း နှမ်းမနဲတို့ဖြင့် ဧည့်ခံကျွေးမွေးပြီး ရင်းရင်းနှီးနှီး မိတ်ဆက်စကားများ ပြောကြားခဲ့ကြပါသည်။








သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts