မျက်မှောက်ရေးရာ

Burmese can use VoIP – အွန်လိုင်းမှတစ်ဆင့် နိုင်ငံခြားသို့ တရားဝင် ဖုန်းခေါ်ဆိုနိုင်ပြီ

အွန်လိုင်းမှတစ်ဆင့် နိုင်ငံခြားသို့ တရားဝင် ဖုန်းခေါ်ဆိုနိုင်ပြီ ဟု ဂျာနယ်တွင် ဖော်ပြ

Internet Journal ကောက်နုတ်ချက်။ ဖေဖော်ဝါရီ ၆၊ ၂၀၁၂
ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ပြီး အွန်လိုင်းအသုံးပြု၍ နိုင်ငံခြားသို့ တရားဝင် ဖုန်းခေါ်နိုင်တော့မည်ဟု အစီအစဉ်ကို အကောင်အထည် ဖော်ဆောင်ခဲ့သည့် ရတနာပုံဝက်ဘ်ပေါ်တယ်မှ စီမံကိန်းမန်နေဂျာ ဦးအောင်စံမြတ်က ပြောသည်။ Y-talk အမည်ရှိ အဆိုပါ အင်တာနက်ဖုန်း ဝန်ဆောင်မှုကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ကုမ္ပဏီတို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း၌ အသုံးပြုနေသည့် တရားမဝင် အင်တာနက်ဖုန်းလိုင်းခေါ်ဆိုမှုများ ဖြစ်သည့် Skype, Pfingo နှင့် အခြားသော အင်တာနက်ဖုန်း ဝန်ဆောင်မှုများကို ပပျောက်စေရန် ရည်ရွယ်ထားရှိကြောင်း သိရသည်။
“ဈေးက အရမ်းသက်သာတယ်။ တစ်မိနစ်ကို ၁၅၀ ကျပ်၊ ဒါမှမဟုတ် အများဆုံး ၃၅၀ ကျပ်ပဲ ကျမှာပါ။ နိုင်ငံအလိုက်တော့ ခွဲထားတယ်။ တစ်ကမ္ဘာလုံးက နိုင်ငံတွေကို ဖုန်းခေါ်လို့ရတယ်” ဟု ဦးအောင်စံမြတ်က ဆိုသည်။ အင်တာနက်အသုံးပြု၍ နိုင်ငံခြားသို့ တရားဝင် ဖုန်းခေါ်ဆိုလိုပါက ကိုယ်ပိုင် ID နံပါတ်တစ်ခုရှိရန် လိုအပ်ကြောင်း၊ အဆိုပါ ID နံပါတ်ကို ငွေကျပ်တစ်သောင်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး အင်တာနက် ဖုန်းခေါ်ဆိုမှုအတွက် ကျသင့်ငွေများကိုမူ ကြိုတင်ငွေဖြည့်ကတ်များမှတစ်ဆင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
http://voip.yatanarpon. com.mm မှတစ်ဆင့် နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုနိုင်မည့် အစီအစဉ်ကို လက်ရှိကာလတွင် ID နံပါတ်ထည့်သွင်းထားသော အများပြည်သူသုံး အင်တာနက်ဆိုင်များတွင်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး ကိုယ်ပိုင်အနေဖြင့် အသုံးပြုခြင်းကိုမူ ခွင့်ပြုပေးသွားမည်မဟုတ်သေးကြောင်း၊ အင်တာနက်လိုင်း နှေးကွေးနေ သော်လည်း Y-talk ၏ အင်တာနက်ဖုန်း ခေါ်ဆိုမှုမှာ ကြည်လင်ပြတ်သားစွာ ကောင်းမွန်နေမည်ဖြစ်ကြောင်း ရတနာပုံ ဝက်ဘ်ပေါ်တယ်မှ ပရောဂျက်မန်နေဂျာ ဦးအောင်သန်းစိုးက ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
(ပြည်ပမှ ခေါ်ဆိုမည့် ဖုန်းများကို အဆိုပါအကောင့်မှ လက်ခံဖြေဆိုနိုင်မည်ကို အတိအကျ ဖော်ပြထားခြင်း မရှိပေ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

8 thoughts on “Burmese can use VoIP – အွန်လိုင်းမှတစ်ဆင့် နိုင်ငံခြားသို့ တရားဝင် ဖုန်းခေါ်ဆိုနိုင်ပြီ
  1. အဲဒါ လက်ဝါးကြီးအုပ်စိးပွားရေးစနစ်ကို လုပ်ချင်နေတုံးပဲ။ ဆက်သွယ်ရေးနယ်မြေရဲ့ပြင်ပရောက်နေတတ်တဲ့ တယ်လီဖုန်းကိုလက်ဝါးကြီးအုပ်ထားတယ်။ အခု Skype, Pfingo, Gtalk တွေက ကွန်ပြူတာအချင်ချင်း တကမ္ဘာလုံးက အခမဲ့ခေါ်နေတာကို သူတို့က တမိနစ်ကျပ်၁၅၀ (US$20cent) တောင်းမလို့ လုပ်နေပြန်ပြီ။ ကမ္ဘာ့ဈေးအကြီးဆုံး ဆက်သွယ်ရေးနဲ့အင်တာနက်လိုင်းဖြစ်နေတဲ့နိုင်ငံ ဘယ်လိုလုပ်ပြီး ပြုပြင်ပြောင်းလဲမှာလဲ။ ငါးထောင်တန် ဆင်မ်ကဒ်ကိုလဲ နှိပ်ကွပ်လိုက်တယ်။ နိုင်ငံတကာမှာ တလကို US$12-20 ပေးရင် ရတဲ့ 2Mpbs Memory Stick wireless internet ကိုလည်း မြန်မာပြည်က လက်ဝါးအုပ်ခရိုနီကုမဏ္ဍီက တလ US$80-150 လောက်တောင်းတဲ့အပြင်၊ Onetime Payment လဲတောင်းလိုက်သေးတယ်…

    Y-talk ကိုဘယ်သူယှဉ်မလဲ..။

  2. အင်တာနက်လိုင်းတွေ မြန်အောင်ဘဲ လုပ်ပေးပါ။ yahoo တို့ hotmail တို့လည်းဖွင့်လို့ ရအောင်လုပ်ပေးပါ.။ ဒီytalk ကလည်း ဈေးကြီးတယ်။ pfingo နဲ့ စလုံးကိုခေါ် ရင် ၃၀ကျပ်၊ ၅၀ကျပ် လောက်ဘဲပေးရတာ။ ytalk က အနည်းဆုံး ၁၅၀ကျပ် ဆိုတော့ များတယ်။

  3. သူများတွေက အင်တာနက်ပေါ်မှာ အလကား ပေးသုံးပြီး အဆင်ပြေအောင်လုပ်ထားတာကို သူတို့က ပေးမသုံးပိတ်ထားပြီး သူတို့ကပဲ နည်းပညာ အသစ် တီထွင်ဖန်တီးလိုက်ပြီး တစ်မိနစ် ၁၅၀ သာ ကျတယ်လေး ဘာလေး နဲ့ အခုထိ ဆက်သွယ်ရေး ကလူတွေနဲ့ အစိုးရ ပုဂ္ဂိုလ် တွေ အရှက် မရှိ လုပ်နေ ပြည်သူတွေကို ငွေညှစ်နေတုံးပါလား .. .. အ ဟပ် ဟား ဟား .. .. လဲသေလိုက်ကြဘို့ ကောင်းတယ် .. ..

  4. တော်တော်သက်သာတယ်နော်…ထင်မှာပါ အရူးတွေက…အကောင်းတွေကတော့အဲ့လိုတွေးမှာမဟုတ်ဘူး….တော်တော်ဈေးကြီးကြောင်းကို
    စာဖတ်တဲ့လူတိုင်းသိတယ်..စားရေးတဲ့လူနဲ့.ဦးအောင်စံမြတ် သာမသိတာလား..အရှက်မရှိတာလား
    တော်တော်ကိုမျက်နှာပြောင်တိုက်ပြီးရေးထားလိုက်တာ….Skype, Pfingo, Gtalk တွေကနေ ဒီလောက်
    ဈေးသက်သက်သာသာခေါ်လို့ရနေတာကို ပပြောက်ချင်တယ်တဲ့…ရူးချက်ကကန်းကုန်တယ်…

  5. လုပ်ကျလုပ်ကျငသေမာ၇င်းပြီးေ၇ာ်။y-talkပြီး၇င်းဘာလာအုံးမလဲဆရာကြီးကိုစီးပွာ
    သိခွင့်ရှိရင်ပြော်ပြပါ။တို့ကတို့ကတုးံဒါကို

  6. ပြည်သူလူထုကို ဆောက်ချဉ်မှတ်နေလားလို့တော့ မေးလိုက်ပါရစေ။
    ခင်ဗျားတို့ စီးပွားရှာနေတာကို ဒုတ်နဲ့တော့ မထိုးချင်ပါဘူး။။
    တမိနစ် 150 ဆိုတာ များနေပါသေးတယ်။
    ဖရီးတွေတပုံတပင်ကို အင်ထုနေသေးတယ်။

Comments are closed.