News

house moving business in Rangoon


ရန်ကုန်အခြေစိုက် အိမ်ပြောင်း၊  အိမ်ရွှေ့ ဝန်ဆောင်မှု လုပ်ငန်းများ
မိုးမခအထောက်တော် အမှတ် ဝဝ၆
နိုဝင်ဘာ ၂၄၊ ၂ဝ၁၃

(အထပ်မြင့်တိုက်ခန်းတွင် နေထိုင်သူတို့၏ အပြောင်းအရွှေ့မှာ ပိုမို ခက်ခဲဖွယ်ရှိသည်)
ရန်ကုန်မြို့တွင် နေထိုင်သူများ တခါတရံ မဖြစ်မနေ ဆောင်ရွက်ရသည့် အိမ်များ၊  ရုံးခန်းများ အပြောင်းအရွှေ့ပြုလုပ်ရန်အတွက်  လူအင်အားလိုအပ်သည်၊  မော်တော်ယာဉ် ငှားရမ်းရမည်ဖြစ်သည်။ 
လိုအပ်သော အထက်ပါ အချက် နှစ်ခုစလုံးအတွက် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းငယ်တို့ကို မြို့တော်ရန်ကုန်တွင် အများအပြား ရှိနေသည်ကို တွေ့ရသည်။

မိုးမခ၏ စာဖတ်ပရိသတ်များထဲမှ ရန်ကုန်မြို့အတွင်း ပြောင်းရွှေ့ရန် အစီအစဉ် ရှိပြီး ဝိုင်းဝန်း ကူညီသူ နည်းပါးနေပါက အောက်ပါ လုပ်ငန်းတခုခုက သယ်ယူပို့ဆောင်ရေးလုပ်ငန်းအဝဝကို အကျိုးဆောင်ပေးမည် ဖြစ်လေသောကြောင့် ဆက်သွယ်ပြီး ဈေးနှုန်း မေးမြန်း ညှိနှိုင်းနိုင်ရန် ဖုန်းနံပတ်များကို ဖော်ပြလိုက်ပါသည်။

ထိုလုပ်ငန်းရှင်တို့က အလုပ်သမား ၇ ဦး ၈ ဦး အင်အားဖြင့်  ပစ္စည်းပစ္စယတို့ကို သယ်ချ/တင်ပို့ပေးမည်ဖြစ်ကြောင်း၊  ၁၄ ပေ အရှည်ရှိ အလုံပိတ် ကုန်တင်ယာဉ်ငယ်တို့ဖြင့် သယ်ဆောင်ပေးနေကြောင်း ကြော်ငြာထားသည်ကိုလည်း တွေ့ရသည်။

ရန်ကုန်မြို့တွင်း များစွာ ဝေးကွာခြင်း မရှိသော ခရီးစဉ်တခေါက်အတွက် ကျပ် ငါးသောင်းဝန်းကျင် ကျသင့်မည်ဖြစ်ကြောင်း သိရှိရသည်။
ပြောင်းရွှေ့ရာတွင် မြေညီထပ်များထက် အထပ်မြင့်တိုက်ခန်းတို့က ဈေးနှုန်း အနည်းငယ် ပိုမိုကုန်ကျမည်ဖြစ်သည်။

တချို့သော လုပ်ငန်းရှင်တို့သည် ရန်ကုန်မြို့ပြင်ဒေသများ၊  နယ်မြို့များသို့လည်း အငှားလိုက်ရန် အသင့်ဖြစ်နေကြသည်။
အကျိုးဆောင်လုပ်ငန်း အများအပြား ရှိသည့်အနက်မှ တစ်ခု၏ အမည်မှာ မိုးမခ ဖြစ်သည်၊ သို့သော်လည်း ထိုလုပ်ငန်းသည် မိုးမခ မီဒီယာနှင့် ပတ်သက်ခြင်းမရှိကြောင်း၊ ရုံးခန်း/အိမ်ပြောင်းရွှေ့လုပ်ငန်းကို မိုးမခဟု အမည်ပေးခြင်းမှာ ဗေဒင်တွက်ချက်မှုများအရ ဖြစ်ကြောင်း သိရှိရသည်။

မိုးမခ – ဝ၉ ၄၂ဝ ၂၃၃ ၅၆၄၊  ဝ၉ ၃၁၁ဝ ၁၇၄၅
မကြွေသောပန်း – ဝ၉ ၇၃၂ဝ ၉၉၉၂၊  ဝ၉ ၇၃၁၆ ၆၆၁၄

တာဝတိံတာ – ဝ၉ ၄၂၁ ဝ၂၄ ၂၂၂၊  ဝ၉ ၃၁၄၈ ၃၂၁၈
အောင်ဇမ္ဗူ – ဝ၉ ၄၂၁ ၁၃၄ ၉ဝဝ၊  ဝ၉ ၄၂ဝ ၁၄၅ ၆၁၈

အလင်းအိမ် – ဝ၉ ၄၂ဝ ၁၈၇ ၇၉၈၊  ဝ၉ ၄၂ဝ ဝ၄၁ ၈၄၃
သီဟလင်း – ဝ၁ ၅၇ဝ ၃ဝ၇၊  ဝ၉ ၅၁၁၂ ၇၂၉

အောင်ချမ်းသာ – ဝ၉ ၇၃၁၄ ဝဝ၉၁၊  ဝ၉ ၅ဝ၃၇ ၈၄၇
ရောင်ခြည်သစ် – ဝ၉ ၇၃၁၂ ၃၄၅ဝ၊  ဝ၉ ၇၃၁၂ ၃၄၅၅

GW – ဝ၉ ၇၃၂၂ ၆ဝဝ၆၊  ဝ၉ ၇၃၁၃ ၃၅၂၈
ပွင့်သစ်ခိုင် – ဝ၁ ၆၅၄ ၇၅၁၊  ဝ၉ ၈၃ဝ၂ ၅၆၆

မုံရွာမောင် – ဝ၉ ၅ဝ၂ ၄၄၇၄၊  ဝ၉ ၇၃၁ ၇၂၂၈
ပြည်သူချစ် – ဝ၉ ၈၃ဝ ၂၅၆၆၊  ဝ၉ ၄၂၅ ၂၇၇ ၃၆၅

ရွှေစည် – ဝ၉ ၇၃၁၂ ၂ဝ၂၉၊  ဝ၉ ၈၆၁ ၅၄၂ဝ
စကြာဝဠာ – ဝ၉ ၄၂၁ ဝ၇၁ ၂၆၃၊  ဝ၉ ၅၃၉ ၄၅၄၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts