>Kamar Pale – Poem

>

အတ္ထုပ္ပတ္တိ … အစိမ်း
ကမာပုလဲ
ဇန်န၀ါရီ ၃၁၊ ၂၀၁၂



လမ်း

ဆုံချက်ရောက်မှ
ခွဲခွာသွားတဲ့ အမှတ်တရများ …။

နေကွယ်ကုန်းက
အမုန်း တစ္ဆေ …။

ရာဇ၀င် တောခြောက်သံတွေနဲ့
လရောင်ပျောက်တဲ့ ည …။

အစိမ်းလိုက် မီးတင်ရှို့ကြ
အရှင်လတ်လတ် ကားစင်တင်ကြ

သင်တို့ဟာ
ခေတ်ပျက် ရထားတစင်းရဲ့
မနိုင်ဝန် ဇလီဖါးတုံးတွေ …။

ခွင့်မလွှတ်ပါနဲ့ဗျာ
တကယ်လို့များ
ဒီကဗျာ
ဒေါသအဆိပ်တွေ သင့်ခဲ့ရင် …။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts