>Letter to MoeMaKa

>

ထိုင်း – မြန်မာနယ်စပ်က ပေးစာ
ဇန်န၀ါရီ ၂၉၊ ၂၀၁၂


သို့/
သမတကြီး
ပြည်ထောင်စု မြန်မာနိုင်ငံ

အကြောင်းအရာ ။ ။ ထိုင်း – မြန်မာနယ်စပ် မြ၀တီမြို့မှ လူမှောင်ခိုများကိစ္စ။

ကျနော်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ လွန်ခဲ့သောရှစ်လခန့်က အလုပ်သွားရောက်လုပ်ကိုင်ခဲ့ပါသည်။ ၁၈၊ ၁၊ ၂၀၁၂ နေ့တွင် ထိုင်းရဲ့မှ အလုပ်သမားလက်မှတ်မရှိ၍ ဖမ်းဆီးပြီး မဲဆောက်သို့ ပြန်လည်ပို့ဆောင်ခံခဲ့ရပါသည်။ ထို့နောက် ချစ်ကြည်ရေးတံတားမှ ပြန်မလွှတ်ပဲ ၁၀ ခွဲဂိတ် (ယခင် DKBS၊ ယခု BFG) ဂိတ်သို့ ပို့ဆောင်ခဲ့ပါသည်။ မြန်မာဘက်ကမ်းရောက်တော့ ဂိတ်တာဝန်ခံနှင့် လူပွဲစား ကျော်ဦးဆိုသူမှာ ဘတ်ငွေ ၁၅၀၀ မပေးနိုင်လျှင် လွှတ်မပေးနိုင်ဟု ပြောပါသည်။ ကျနော်တို့မှာ ပိုက်ဆံမပါပါဘူး။ အဖမ်းခံထိပြီးပြန်လာတာပါဟု တောင်းပန်သော်လည်း မရပါ။ ထို့နောက် ကျနော့်မိဘများထံ ဖုန်းဆက်ခိုင်းပြီး ပိုက်ဆံ ၁၅၀၀ ဘတ်ပေးပြီးမှ ပြန်လွတ်ခဲ့ပါတယ်။ အခု မြန်မာပြည်မှာ ဒီမိုကရေစီလဲရပြီး လွတ်လပ်ပွင့်လင်းလာပြီ ဆိုသော်လည်း ယခုကဲ့သို့ ငွေမတရားတောင်းခံမှုမျိုးကို နိုင်ငံတော်အစိုးရအနေဖြင့် လက်ပိုက်ကြည့်နေလျှင် မရှိဆင်းရဲသားများဘ၀ ပိုမိုဒုက္ခရောက်မည်ဖြစ်ပါ၍ နိုင်ငံတော်သမတကြီးမှ ကူညီဖြေရှင်းပေးပါ ကျနော် ခိုင်ထွန်းလေးမှ လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

မှတ်ချက်။ ။ ၎င်းလူပွဲစား ကျော်ဦးနှင့် ဇနီးမှာ လူကုန်ကူးမှုဖြင့် ၀ရမ်းထုတ်ခံထားရတာကြာနေပြီဖြစ်သော်လည်း နယ်မြေခံ အာဏာပိုင်များကို ငွေနှင့်ပေါက်၍ လွတ်မြောက်နေကြောင်း သိရပါသည်။ ကျနော်တို့ကဲ့သို့ အလားတူခံခဲ့ရသော ဘ၀တူအလုပ်သမားများ နေ့စဉ်နှင့်အမျှ များ စွာရှိပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts