>Daw Suu meets 88 generation leaders

>

၂၂နှစ်အတွင်း ၈၈ မျိုးဆက် ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ်ပြန်လည်တွေ့ဆုံ
Yangon Press International
ဇန်န၀ါရီ ၂၄၊ ၂၀၁၂


၂၂ နှစ်တာကာလအတွင်း ၈၈ ကျောင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ညနေက တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင်
ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြသည်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များထဲမှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုဋ္ဌေးကြွယ်၊ ကိုအောင်သူ၊ ကိုပဏ္ဍိတ်၊ ကိုအံ့ဘွယ်ကျော်တို့ တက်ရောက်ခဲ့ကြသည်။

ယနေ့တွေ့ဆုံမှုတွင် အလုပ်သဘော ဆွေးနွေးမှုမပါရှိပဲ၊ ညနေစာ ထမင်းစားရင်း ရှေးဟောင်းနှောင်းဖြစ်များကိုသာ ပြောဆိုခဲ့ကြသည်ဟု တွေ့ဆုံရာတွင်ပါဝင်ခဲ့သူ ကိုပြုံးချိုက ပြောသည်။

၁၉၈၉ ခုနှစ်မှ ယခုအချိန်ထိ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆုံတွေ့ဖို့အခွင့်အရေးမရခဲ့ကြပေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts